
ကြိုက်သဖြင့် ကွန်ပြူတာ ဖန်သားပြင်တွင် တပ်ထားလိုက်မိသည်။ (set as desktop background လုပ်ထားခြင်းကို ဆိုလိုသည်။)
နိုင်ငံခြားသားကို ပိုမိုပြုံးပြတတ်ခြင်းမှာ လူသားတို့၏ အပြုအမူ ဖြစ်မည်ဟု ယူဆမိသည်။
အောက်မှ ပုံများကို ကြည့်လျှင်လည်း သိသာပါသည်။

မခို့တရို့အပြုံးလည်း မဟုတ်။
ငါးခူပြုံးလည်း မဟုတ်။
ငါးရံ့ကိုယ်လုံး အဲ မည်သို့သော အပြုံးနည်း။
မည်သို့ပြုံးလျှင် လှပမည်နည်းဟု စဉ်းစားနေခြင်းလော။
တယောက်က ပြုံးရန် အားယူသည်လား၊
လျှာထုတ်ပြီး ပြောင်ပြသည်လား မသိရချေ။
ကောင်းသည်။
ပြုံးခြင်းသည် မဲ့ခြင်းထက် ပိုမို ကြည့်ပျော်သည် မဟုတ်လော။
း)
2 comments:
ခုတလော ကိုဇာနည်တယောက် အပြုံး နဲ့ပတ်သက်ပြီး ရောဂါစွဲကပ်လာပုံရတယ်။ ကိုယ်တိုင်ကလဲ စကားသိတ်မပြောတတ်ဘဲ ပြုံးကာ ပြုံးကာ နေတတ်သူ။ သူ့ desktop ပေါ်က ကောင်မလေးလိုတော့ သူပြုံးလေ့မရှိ။ အလယ်ပုံကလေးလို ငါးခူပြုံး.. ငါးသလောက်ပြုံးမျိုးပေါ့။
လျှာထုတ်ပြီး ပြောင်စပ်စပ် ပြုံးတာမျိုးကိုတော့ ၇င်သွေးလေးတယောက်ရလာရင် မြင်ရလိမ့်မယ်ထင်ပါရဲ့။ သူက မိန်းမရှိတယ်ပြောလို့ မှန်းပြောတာနော်..။
ကြည်ကြည်လင်လင်ပြုံးလိုက်တဲ့အခါ မျက်လုံးလေးများပါ ပြုံးသွားတတ်တဲ့ သားသားလေးသာ ရလာခဲ့မယ်ဆိုရင် တော့... အင်း… desktop ပေါ်က ကောင်မလေးလို အားပါးတရ ပြုံးမှာ သေချာတယ်။
အပြုံးကို ဆောင်ကြပါ...း))))
Post a Comment