စကပ်တိုရခြင်းရဲ့ အကျိုးကျေးဇူးကို ရေကြီးတဲ့အခါမှာ ပိုပြီး သိရပါပြီ။ဒီလ ၇ ရက်နေ့က ဘန်ကောက်မြို့ Lat Phrao လမ်းမှာ မှတ်တမ်းတင်ထားတဲ့ပုံပါ။
အဖြူအမည်းက ထိုင်းရဲ့ တက္ကသိုလ် ကောလိပ် ၀တ်စုံပါ။
အဲဒီလောက်အထိ တိုဖို့တော့ ညွှန်ကြားမထားပါဘူး။
အင်္ကျီဖြူရမယ်၊ စကပ်မည်းရမယ်လို့ပဲ ညွှန်ကြားပါတယ်။
ကျောင်းသူတွေရဲ့ စကပ်က အတို အရှည် မညီပါ။
တချို့လည်း အရမ်းရှည်၊ တချို့လည်း ဒီဓာတ်ပုံထဲကလို အရမ်း တိုတို။
အ၀တ်စ ချွေတာခြင်း ဟုတ်ဟန်မတူ။
ဒီလို တိုတို ၀တ်သူတွေက sexy ပေါင်တံ လို့ ကမ္ဘာသူ ကမ္ဘာသားတွေ သတ်မှတ်ထားတဲ့ ခြေထောက်ပိုင်ရှင်တွေ ဖြစ်နေတတ်တယ်။
ဘော်ဒီအလှအပကို ပေါ်တင် ဖော်ကျူးသူတွေလို့ ဆိုပါစို့။
ကိုယ့်အလှ လူသိအောင်၊
ကိုယ့်ဓန လူသိအောင်၊
ကိုယ့်ဆေးမင်ကြောင် လူသိအောင်၊
ကိုယ့်အရေပြား အရောင် (သို့မဟုတ် စိုပြေမှု) လူသိအောင်
ဒီလိုပဲ ၀တ်ပြကြတာ လူ့သဘာဝပဲ။
အစွမ်းကုန်ပြင်ဆင်ထားတာကို တပါးသူတွေက ငေးမောကြ ကြည့်ကြရင် ပြင်ဆင်ရကျိုး နပ်ပြီပေါ့။
ပြင်လာသူတွေကို ကြည့်ကြပါလေ။ တခါတရံမှာ နှစ်ဦးနှစ်ဘက် စိတ်ချမ်းသာမှု ရနိုင်ပါတယ်။
xxxxxxxxxxxxxxx
အင်္ဂလိပ်စကားပြောသင်တန်းတက်တုန်းက စကားဝိုင်းတခုမှာ မေးခွန်းတွေ ဖန်တီးခဲ့ဖူးတယ်။
မေးခွန်းတွေကို စာရွက်မှာရေး။ မဲလိပ်လို လိပ်။ သင်တန်းသားတယောက်ကို တလိပ်ပေး။ ကိုယ်ရတဲ့မေးခွန်းကို အင်္ဂလိပ်လို ဖြေပေတော့။
စကားပြောသင်တန်းဆိုတော့ များများ ပြောကျင့်မှ ပြောထွက်မှ စကားပြောစွမ်းရည် တိုးတက်မယ်လေ။ လူတိုင်း ပြောဖြစ်အောင် စီစဉ်တဲ့နည်းနာတွေထဲက တခုပေါ့။ ဂိမ်းတမျိုးပါပဲ။
ဖြေတဲ့သူက ဖြေ၊ အဲဒီအဖြေအပေါ် ငြင်းခုံ ဆွေးနွေး ရယ်မောကြ သဘောတူကြ သဘောမတူကြ ဖြစ်ကြပါတယ်။
နောက်ဆုံးတော့ အင်္ဂလိပ်လို ပြောထွက် ပြောဖြစ်ကြပါတယ်။ စကားဝိုင်းမှာ လူတိုင်း အနည်းနဲ့အများ ပြောဖြစ်အောင် ဖန်တီးတဲ့ ဂိမ်းပါ။
ထုတ်ခဲ့တဲ့ မေးခွန်းတွေထဲက မှတ်မိသလောက် ပြန်ပြောရရင်-
၁။ ကိုယ့်မိဘတွေက မူးယစ်ဆေး ကုန်ကူးသူတွေ ဖြစ်နေတာကို ဒီနေ့မှ ရုတ်တရက် သိလိုက်ရတယ်။ ကဲ - ခင်ဗျားမိဘတွေကို ခင်ဗျား ဘာပြောချင်လဲ။
၂။ လူမရှိတဲ့ကျွန်းတခုပေါ်ကို ခင်ဗျား ရောက်သွားတယ်။ ရာသီဥတုကလည်း ပူတယ်။ အဲဒီကျွန်းပေါ်မှာ ခင်ဗျား အ၀တ်အစား ၀တ်မှာလား မ၀တ်ဘူးလား။
အဲဒီလို ရယ်စရာ မေးခွန်းတွေပေါ့။
နံပတ် ၁ မေးခွန်းကို ရသွားတဲ့ သင်တန်းသားက ရယ်ရယ်မောမော မဖြေပါဘူး။ ကျနော့်ကို ဒေါသနဲ့ တုံ့ပြန်ပါတယ်
ငါ့မိဘတွေကို မင်း ဘာကြောင့် ဒီလို ပြောရတာလဲ တဲ့
တိုက်ဆိုင်သွားလား မဆိုနိုင်ဘူး)
နံပတ် ၂ မေးခွန်းရသွားတဲ့ သင်တန်းသားက ခပ်ပြုံးပြုံးပါပဲ။ (သူ တကယ် အဲဒီကျွန်းပေါ်ရောက်ရင်တော့ အဲဒီလို ပြုံးနိုင်မယ် မထင်ဘူး)
သူ ဘာပြောခဲ့လဲ မမှတ်မိပါ။
တခြားသင်တန်းသားတွေ ၀ိုင်းပြောတဲ့ထဲမှာတော့ ၀တ်စရာ မလိုဘူး ဆိုတာ အများဆုံးပါပဲ။
တကယ်တော့ - အ၀တ် ၀တ်တယ် ဆိုတာ
အရှက်လုံဖို့ သို့မဟုတ် ရာသီဥတုဒဏ်ကို ကာကွယ်ဖို့ ရည်ရွယ်ချက်က အဓိက မဟုတ်လား။
ဘာရယ်လို့ မဟုတ်ပါဘူး၊ ကိုယ့်ဘလော့မှာ ဘာမှ မရေးတာ ကြာပြီ ဆိုပြီး ပရိသတ်တယောက်တိတိက တောင်းဆိုနေတဲ့အတွက် ရေးလိုက်တာပါ။ တောင်းဆိုသူ ဖတ်ရှုသူများကို ကျေးဇူးကမ္ဘာပါပဲ။
စကပ်တိုတိုဝတ်တဲ့ အမျိုးသမီးနဲ့ ဓာတ်ပုံဆရာကိုတွေ့ရင်လည်း ကျေးဇူးတင်ကြောင်း လက်တို့လိုက်ပါအုံး။
သူတို့ကြောင့် ဒီပို့စ် ဖြစ်လာတာ မဟုတ်လား။
2 comments:
ဒီမှာ လာဖတ်တာ ပရိတ်သတ် တစ်ယောက် မကပါဘူးရှင့် ကိုဇာနည်..
အသက် ရှည်ဆေးလေးတွေ ခဏခဏ ရေးပါ ..း)
အခုဘဲ ရန်ကုန်ပြန်ရောက်.. အိုက်စပ်စပ် နဲ့ဘာဆောင်းတွင်းမှန်းကိုမသိဘူး.. ဒီကြားထဲ မီးကပျက်နေသေး..။ စိတ်ညစ်ညစ်နဲ့ ကိုဇာနည့် ဆောင်းပါးလေးဖတ်မိတာ.. ကိုယ်ပါ အကျီင်္ချွတ်ချင်စိတ်ပေါက်သွားပါပေါ့လား..။ အင်း.. ဘေးဘီတော့ ကြည့်ဦးမှပါဘဲလေ..။ ဒီအရွယ်ကြီးနဲ့ အရှက်နည်းလေတယ်လို့ ပြောခံရတော့မယ်..။
Post a Comment