Nov 30, 2008

sexy leg, the way i dress and noodle :)

ဆက်(စ်)စီ ဖြစ်တဲ့ခြေထောက်ပုံ ကြည့်ပါဦး။ ကျနော့်ခြေထောက်တော့ မဟုတ်ဘူး။
ဝက်ဝက်ကွဲ အောင်မြင်မလားလို့ ဒီပို့စ်ကို တင်ကြည့်တာ။း)
ဆက်(စ်)စီ အဲ - စက်ဆီတွေ ပေသွားတဲ့ ခြေထောက်ပုံဗျာ။း) ဆက်စီဖြစ်တိုင်း ကောင်းတာမဟုတ်ဘူးဆိုတာသိအောင် share လုပ်လိုက်တာပါ။ အင်တာနက်ထဲ surf လုပ်ရင်း ကောက်ရတဲ့ပုံ။

အောက်ပုံကတော့ ကျနော့် t-shirt ကို ပြချင်လို့ တင်လိုက်တဲ့ ဓာတ်ပုံ ဆိုပါစို့။ ခေတ်ပြိုင်ကနေ မေတ္တာလက်ဆောင် ရတာ။း)နယ်စပ်မှာတုန်းကတော့ ဒီလို t-shirt တွေနဲ့ပါပဲ။ ခွေးကတော့ ကျနော့်ခွေးမဟုတ်ဘူး။ ကျနော့်ခွေးတွေလိုပဲ ချစ်စရာကောင်းတဲ့ခွေးတကောင်။
အလကားရတဲ့ gift တွေပဲ ၀တ်တဲ့ကောင်ဆိုပြီး အထင်မကြီးမှာစိုးလို့ ပုံတချို့ တင်ပေးလိုက်ဦးမယ်။ ကြည့်ပါဦး take a look at ကျနော့် အင်္ကျီတွေ။ ၀ယ်ဝတ်တာတွေပါ။ believe me.
ဟောသမှာ - ဒီ အပေါ်က အနွေးထည်က နှယ်နှယ်ရရ မဟုတ်။ ဈေးကြီးတယ်။ dollar ငါးဆယ်နဲ့တရာကြားမှာ ရှိမယ်။ shirt အင်္ကျီကလည်း foreign က လာတာမို့ price မသေးဘူး။

how much ဘယ်လောက်ပေးရသလဲ ဆိုတော့၊ Um - - နေဦး၊ ကျနော်က အဟောင်းဆိုင်က၀ယ်တာမို့ အဲသလောက် ဘယ်ပေးရမလဲ။ ပြီးတော့ ဒီလို good second hand တွေရောင်းတဲ့ အဟောင်းဆိုင်တွေဆိုတာ တပတ်တခါ once a week ဆိုသလို half price ဈေးထက်ဝက်ချတဲ့နေ့ရှိတော့ အဲဒီနေ့မှာ ၀ယ်ဖြစ်တဲ့အင်္ကျီတွေပါ။း) တတိယနိုင်ငံတွေမှာလည်း အဟောင်းဆိုင်တွေက everywhere မို့ ကိုယ့်အတွက်က okay နေတာပဲ။

ဒီပုံမှာ လေဘေးအင်္ကျီနဲ့ လေဘေးဘောင်းဘီဝတ်ထားတာ တွေ့ရမယ်။ ဒုတိယနိုင်ငံ ယိုးဒယားမှာ ရိုက်ထားတာ။ လေဘေးစတိုင်ပေါ့ဗျာ။ No! လေတပ်ကရဲဘော်စတိုင်ကိုပြောတာမဟုတ်ဘူး။ ဒီလောက်ကတော့ everybody knows ပါနော်။ ဖိနပ်တွေကတော့ ပွဲတက်ဖိနပ်တွေ မဟုတ်ပေမယ့် ယိုးဒယားမှာတော့ အဲဒါတွေပဲ ၀တ်ကြတာပဲ။

အောက်က နှစ်ပုံကတော့ ကျနော့်ပုံတွေ မဟုတ်ဘူး။
ဒီပုံကို ဆန်ခေါက်ဆွဲ၏သမိုင်းအစ လို့ ကျနော်ကတော့ နာမည်ပေးချင်တယ်။ လယ်ထွန်မယ်၊ ကောက်စိုက်မယ်၊ မှည့်လာရင် စပါးရိတ်မယ်၊ အဲဒီစပါးက ဆန်စက်ကနေပြန်ထွက်လာတော့ ဆန်ဘ၀ကိုရောက်မယ်၊ ဆန် ဆိုတော့ ဆန်ခေါက်ဆွဲဖြစ်ဖို့ အဆင့်က နီးနေပြီ။
နာမည်တပ်မယ်ဆိုရင် ဒီပုံက ခေါက်ဆွဲစားသူ လို့ အမည်ပေးသင့်တဲ့ပုံ။ ဒီကောင်ကြီးကလည်း ကျနော့်ကောင် မဟုတ်။ ၀က်ဆိုက်တခုမှာ တွေ့တာ။ မစားချင်တာတွေ ခဲထားရလို့ စိတ်ညစ်နေပုံရ။

that's it! ဒါပါပဲဗျာ။ တိုက်ဆိုင်မှုရှိရင် ခွင့်မလွတ်ပါနဲ့။ don't forgive me နော်။ တချို့ blogger တွေက အင်္ကျီပုံတွေ၊ ခေါက်ဆွဲပုံတွေနဲ့ ၀က်ဝက်ကွဲ အောင်မြင်နေတော့ ကိုယ်လည်း လိုက်လုပ်ကြည့် copy ကူးတဲ့သဘော။ လူဆိုတာ၊ human being ဆိုတာ အောင်မြင်ချင်၊ အထင်ကြီးခံရချင်တယ်လေဗျာ။ အထင်ကြီးတော်မူကြပါဦး။
အခုလို လာဖတ်တဲ့အတွက် တကယ့်ကို thank you so much ပါပဲ။

21 comments:

ယောနသံစင်ရော် said...

ဟဲဟဲ ... ဖတ်ပြီးတော့ ဘာပြောရမှန်းတောင်သိတော့ဝူး.!!!..တခုခုကိုတော့ သိလိုက်သလိုလိုပဲ.. ။

pandora said...

ရယ်လိုက်ရတာ ၀က်ဝက်ကွဲပါပဲလား ကိုရာဇာနီဝင်းရေ

ဝါးဟားဟား.. :D

ဒီတခါ ဆလံပေးသွားပါတယ်။

မေငြိမ်း said...

အမလေးအေ.. ရယ်ရတာ မျက်ရည်တွေတောင် စီးကျလာတယ်။ အောင်မြင်ပါပေ့ ကိုယ့်ဆရာ....

လင်းလက်ကြယ်စင် said...

တော်ပါပေတယ် ရီလိုက်ရတာ :)

Anonymous said...

အဟွတ်..ဟွတ်..ဟွတ်... :P

မဆုမွန် said...

ဝါးဟားဟားဟားဟား ဟားဟားဟား
တော်တော်ရယ်ရတယ် မိုက်တယ်ကွာ ရေးချက်က လန်းတယ် ခိခိခိ

သက်ဝေ said...

ဒါမျိုး...
ဒါမျိုး...
ဝက်ဝက်ကွဲ အောင်မြင်တယ်ဆိုတာ ဒီပိုစ့်မျိုးပေါ့...
Bravo...!!!

GreenGirl said...

အရမ်း သဘောကျသွားပြီ။ ပညာရှိနည်းပေါ့နော်။ မှတ်သားထားမယ် :)

ATN said...

ဟုတ်ပြီဗျား...

ကိုယ့်ဆရာတော့... ၀က်ဝက်တွေရော ... ကြက်ကြက်တွေရော... ကွဲအောင် အောင်မြင်ပြီပေါ့...

သို့သော်လည်း...
ပလ္လင်ပေါ် ထိုင်နေတဲ့ မျောက်ကလေးကတော့ သူ့ဘာသာသူ ဟက်တက်ကွဲနေတာ... မသိရှာသေး...

သနားစရာဗျာ...း)

:P said...

ဝက်ဝက်ကွဲအောင်မြင်ပါကြောင်း

လင်း said...

ရီရတယ် ဗြဲ ။ အောင်မြင်ပါတယ် ၀က်ဝက်ကွဲပါဘဲ ဟီးဟီး။

Anonymous said...

ကိုယ့်ဆရာရေ

ခြေသုတ်ခုံ (သို့မဟုတ်) ဟစ်များစွာ တက်စေသူ ဖော်ပြဖို့ မေ့ကျန်ခဲ့တယ်ဗျိုးးးးး ဖြည့်လိုက်ပါဦးးးး

Moe Cho Thinn said...

ဘယ်က idea ယူတယ်ဆိုတာ ရေးအုံးမှပေါ့။ ဒီတယောက်လဲ သူများဝက်ဝက်ကွဲတိုင်း လိုက်ကွဲချင်တာ copy right နဲ့ ငြိပြန်ပြီ.. :)

mabaydar said...

pig pig broken အောင်မြင်သွားပြီနော်..
တကယ်လဲ idea ကောင်းတယ်.. ဟာသလဲရွှင်တယ်.. photo တွေ ရှာရတာလဲ တော်တော် troublesome ဖြစ်မှာပဲနော်.. စက်ဆီ leg တော့မတွေ့ဘူး... sexy hand တော့ တွေ့လိုက်တယ်... အဲဒိလက်ကရော ကော်ပီပဲလားဟင်.. ရီလိုက်ရတာတော့.. အလုပ်မှာဖတ်ရင်း တခစ်ခစ်ရီနေတာ.. crazy person လို့တောင် ကိုယ့်ကို think နေကြမယ်.. ဟဲ..ဟဲ.. နာလဲ ၀က်ဝက်ကွဲလို့ရပြီထင်တယ်..

♥ Acacia ♥ said...

အရေးအသားအရမ်းကောင်းပါတယ် အရမ်းလေးစားပါတယ်ဗျာ အရမ်းလည်းရယ်သွားပါတယ်

ဆောင်း said...
This comment has been removed by the author.
ဆောင်း said...

ကိုဇာနီဝင်းက သိပ်တော်တာဘဲ ရယ်လိုက်ရတာ.. ၀က်ဝက်ကွဲရုံမက ဒေါ့ဒေါ့ပါကွဲတာ (ဒေါ့ဒေါ့ = dogdog)

ခင်မင်းဇော် said...

အကြံပိုင်လိုက်လေခြင်း ကိုဇာနည်ရယ်..
တော်ပါပေတယ် တော်ရေ... ဟားဟား
ခုမှဖတ်မိတာတောင် နောက်ကျသွားတယ်။။

Anonymous said...

မိုက်တယ်ဗျို့  ဘိုလိုပဲ ညှပ်သုံးသွားပြီး ဟာသနဲ့ တွဲထားတာ တော်တော်ရယ်ရတယ်း)

မေသူပိုင် said...

ဒီးရာ ဦးလေး
သ(စ်) ပို့စ်လေးက ဂွတ်လို့ လိုက်တယ်
ဘလောခ်ကို ဘရန့်တစ်ယောက်က ဆေးလို့ ဗစ်ဆစ်လာတယ် ရီရယ်လီးကို ရယ်ရတယ်
အပီရှီရိတ်ဖြစ်ပါတယ် ကော်ပီရိုက်ထိပေမယ့် ရီရတယ်
ကဲရီအွန်ပါ
ဟက်ပီးဘလောခ်ဂင်းနိုင်ပါစေ
မေသူ

Unknown said...

I like moh-hnin-khar.I wanna go back to,,,,,,,,,,,,,,.