စာအုပ်အဟောင်းတွေကို အလှဆင်ပစ္စည်းအဖြစ် သုံးနေကြပါပြီ။
စာအုပ်အဟောင်းတွေကို တရွက်ချင်း ခေါက်ပြီးတော့ ဒီဇိုင်းဖွဲ့ထားတာ။ ဆွဲဆောင်မှု ရှိသားပဲ။ ပြီးခဲ့တဲ့အပတ်က စတိုးဆိုင်တခုရှေ့ကနေ ဖြတ်သွားတုန်း စတွေ့တယ်။ ဒါနဲ့ ဒီညနေတော့ ကင်မရာ ယူသွားပြီးရိုက်လိုက်တယ်။ ဆိုင်ဝန်ထမ်းက မျက်နှာကျက်မှာ တွဲလောင်းချထားတာတွေကို ဖြုတ်ပြီး သိမ်းနေပြီ။ သူ့ကျောဘက် မှန်နံရံမှာ တွေ့တဲ့အတိုင်းပဲ ဒီဇိုင်းအသစ်တွေနဲ့ အလှဆင်ထားတယ်။ စာအုပ်နဲ့လုပ်ထားတဲ့ ဒီဇိုင်းအဟောင်းတွေ တနေရာရာကို လှူမယ်ဆိုတဲ့သဘော ရေးထားတာလည်း တွေ့တယ်။ ဈေးဝယ်သူတွေ တောင်းမှာ စိုးရိမ်ပုံရ။
(စကားမစပ် အဲဒီဝန်ထမ်းလက်ချောင်းမှာလည်း ဆေးမင်ကြောင် ဗရပွ။ အောက်ကပုံမှာတော့ ပိုပြီးတွေ့ရမယ်။ မင်ကြောင်ထိုးမှ အမျိုးသမီးပီသတဲ့ခေတ် တချိန်ချိန်မှာ ရောက်လာနိုင်တယ်း)

1 comment:
စာအုပ် အဟောင်းတော့..ပဲလှော်နဲ့လဲစားတာ..အကောင်းဆုံးပါ။ ဒါမှမဟုတ်..စက္ကူအိပ်ကပ်- ဆိုင်သွင်း။ အော်.. ဒါရိုက်ထရီ စာအုပ်တွေ ဆိုရင်တော့..ငရုတ်ဆုံ ခံ ထောင်း တယ်။ အသံ မပြင်းအောင်လို့။ ဒီကော် လုပ်ရမှာ ရှုပ်ပါဘိသနဲ့။ ဒီကော် ဆိုတာလည်း..အိမ်ကို အမှိုက်ရှုပ်နည်းတမျိုးဟု..ယူဆပါကြောင်း။း)
Post a Comment