အသွားခရီးမှာ ဓာတ်ပုံဆရာတေဇလှိုင်မောင်းနှင်သောကားဖြင့် လိုက်ပါသွားရသောကြောင့် အကုန်အကျ လွန်စွာ သက်သာသည်ဟု ဆိုနိုင်သည်။ (နေ၀င်ရာအရပ်သို့ မျက်နှာမူနေသူမှာ တေဇလှိုင် ဖြစ်သည်)
အပြန်ခရီးမှာ လေကြောင်းခရီး။ လေယာဉ်လက်မှတ်က ၇၀,၀၀၀ ၀န်းကျင်။
မန္တလေးမြို့တွင်းမှ တံတားဦးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ တက္ကစီငှားခမှာ ၁၀,၀၀၀ ဖြစ်သည်။
ထို့ကြောင့် မန်းအပြန်ခရီးက တသိန်းနီးပါး ကုန်ကျ၏။
နှမျော (နှမြော?)မိပါ၏။
၂၀၁၄ တွင် ချွေတာမှဖြစ်မည်ဟု ဆုံးဖြတ်လိုက်သည်။ ချွေတာသည့်အနေဖြင့် ရန်ကုန်ရောက်လျှင် ဘတ်စ်ကားမစီးဘဲ ခြေလျင်များများလျှောက်မည်ဟု ဆင်ခြင်မိသည်။
ထိုနေ့က ရန်ကုန်သို့ရောက်ပြီးသကာလ လေဆိပ်မှ နတ်ပြည်ငါးထပ်အိမ်ဂေဟာသို့ အပြန်တွင် ကားတစီးနှင့် ကပ်လိုက်ခွင့်ကြုံကြိုက်သဖြင့် တက္ကစီခ မကုန်။ ၀မ်းသာပါ၏။
ရေးလိုသည်က ခရီးစဉ်အကြောင်း။
ရေးဖြစ်သွားသည်က ငွေကုန်များသွားသည့်အကြောင်း။
သည်းခံလော့ ဘလော့ရှုသူ။

ဓာတ်ပုံသမားတွင် ရှားပါးသောပုံမှာ သူ၏ပုံပင်ဖြစ်သည်ဟု ပညာရှင်တို့က သတ်မှတ်ကြဖွယ်ရှိသည်။
ကင်မရာ မရှိသော်လည်း တယ်လီဖုန်းတွင်ပါသောကင်မရာကို အသုံးပြုသူကိုလည်း ဓာတ်ပုံသမားဟုလည်း ပညာရှင်တချို့က သတ်မှတ်ဖွယ်ရှိမည်။
ခပ်ချောချောဓာတ်ပုံသမားတဦးရဲ့ပုံကိုလည်း သည်းခံပြီး ကြည့်ပါဟု မေတ္တာရပ်ပြီး ဤတွင် နိဂုံးချုပ်သည်။

.jpg)


+(Cust+om)+(Custom).jpg)
+(Custom).jpg)

.jpg)

