Gtalk မှာ အပြောခံရတယ်၊ မင်္ဂလာဆောင် တခုမှာ ကျနော် အစားသောင်းကျန်းနေတဲ့ ဓာတ်ပုံ တွေ့ထားတယ် ဆိုပဲး(
မင်္ဂလာဆောင်မှာ သွားထိုင်တာ အလုပ်မှ မရှိတာ စားရမှာပေါ့း)
အဲ - အလုပ်မရှိကြမှာ စိုးလို့ ထင်ပါရဲ့ သတို့သား သတို့သမီးက အလုပ်တွေ စီစဉ်ပေးပါတယ်။
ကာရာအိုကေစက် ဆင်ထားပေးတယ်၊ စုတ်တံ နဲ့ ဆေးရောင်စုံတွေကို စားပွဲတလုံးပေါ် တင်ထားပေးတယ်။
ကာရာအိုကေတော့ မဆိုဖြစ်ပါဘူး။ ဆိုလိုက်လို့  သိပ်ကြိုက်သွားကြရင် ပွဲတောင်းနေမှာ စိုးရတယ်လေ။
ဒါနဲ့ စုတ်တံ နဲ့ ဆေးရောင်စုံတွေပဲ ကိုင်ဖြစ်တယ်။ ဘယ်မှာ ဆွဲရသလဲ ဆိုတော့ ကျောက်တုံးပြားပြားလေးတွေပေါ်မှာ ဆွဲရတယ်။
၂ ပုံလောက် ဆွဲပေးလိုက်တယ်။
ကြိုက်တဲ့ပုံကို ကြိုက်တဲ့အရောင်သုံးပြီး ဆွဲရုံသာ။ ကိုယ်အားသန်တာက အရိုးခေါင်းပုံတို့ ဘာတို့လေ။ ဒါပေမယ့်
မင်္ဂလာဆောင် ဆိုတော့ အဲဒီပုံတွေက ဟန်မကျသေးဘူး) သူတို့က အမှတ်တရ သိမ်းထားမယ်လို့ ပြောတာကိုး)
ဒါနဲ့ပဲ ပန်းသီးပုံတို့ အသည်းပုံတို့ပဲ ဆွဲပေးလိုက်တယ်။
အပေါ်က ရဲရဲတောက် ပုံကတော့ မဆွဲဖြစ်လိုက်တဲ့ပုံပေါ့။
မင်္ဂလာဆောင်က ပြန်တဲ့အခါ ကိုယ်လိုက်မယ့် မော်တော်ကားက ထွက်တော့မှာ ဆိုတော့ အဲဒီပုံကို မဆွဲပေးလိုက်ရဘူး။ ကားပေါ် ပြေးတက်ရတယ်။ ဟုတ်ကဲ့ - မင်္ဂလာဆောင်က မြို့ပြင်က Resort တခုမှာ ဆိုတော့ ဆိုင်ကယ်နဲ့ သွားလို့ မရ။ ကားတွေ စီစဉ်ပေးထားတယ်။ သူငယ်ချင်းတွေ စုဝေးပြီး သွားလာရတယ်။
အင်း - အခု စင်္ကာပူကနေ အဲဒီပွဲအကြောင်း Gtalk သုံးပြီး လှမ်းနောက်ပြောင်တဲ့အတွက် မဆွဲလိုက်ရတဲ့ပုံကို ဆွဲတင်လိုက်ပါတယ်။ ကွန်ပျူတာတွေမှာ ပါတတ်တဲ့ Paint ဆိုတဲ့ ဟာနဲ့ ဆွဲတယ်။ ကြိုးတန်းလန်းနဲ့ မောက်စ် က စုတ်တံပေါ့ဗျား)
ကဲ - အဲဒီပုံလေး မလန်းဘူးလား။ သတို့သားက မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားမှုမှာ ပါဝင်ခဲ့ဖူးသူ ဆိုတော့ ဒီပုံလေးက သင့်တော်ပါတယ်လေ
း)
တော်သေးပြီ။
johnny walker ဆိုတာ အများစု သိကြမှာပါ။ ဟုတ်ပါတယ် ဂျော်နီဝါးကား သို့တည်းမဟုတ် ဂျော်နီလမ်းလျှောက်ပေါ့ ခင်ဗျာ။ ဒီလူ အမြဲတမ်း လမ်းလျှောက်နေတာ မညောင်းဘူးလားလို့ တွေးမိကြမှာ မဟုတ်ပါဘူး။ ဈေးကြီးတဲ့ ပုလင်းလို့ပဲ တွေးမိကြ၊ သောက်လို့ကောင်းတဲ့ အရည်လို့ပဲ တွေးမိကြမယ် ထင်ပါရဲ့။ မြန်မာပြည်က အိမ်တွေမှာတော့ ဒီအရက်ပုလင်းခွံတွေကို အိမ်ရှေ့ခန်းမှာ တွေ့ဖူးတယ်။ မှန်ဗီရိုထဲ အခန့်သား လမ်းလျှောက်နေတဲ့အခါ ရှိသလို ကြွက်လျှောက်တန်းပေါ်မှာ လမ်းသလားနေတဲ့အခါလည်း ရှိသပ။ မောင်ဂျော်နီ လမ်းလျှောက်တဲ့အမှတ်အသား ပါတဲ့ ကမ္ဘာကျော်အရက်ပုလင်းဆိုတော့လည်း အလှဆင်ပစ္စည်း ဖြစ်နေရှာပေါ့။
ဒီအမှတ်အသားကို ချင်းမိုင်မြို့ နိုက်ဘဇား/ညဈေး မှာ ရောင်းတဲ့ တီရှပ်တွေမှာလည်း အသွင်တမျိုးနဲ့ ဟောသလို တွေ့ရသဗျ။း)
ဒီတခါတော့ မောင်ဂျော်နီ လမ်းမလျှောက်နိုင်တော့ဘူး။ သူ့ပုံအောက်က စာတန်းမှာလည်း johnny walked တဲ့။ မောင်ဂျော်နီ လမ်းလျှောက်ခဲ့ပြီးပြီပေါ့ ခင်ဗျာ။ အင်း - ဘီးတပ်ကုလားထိုင်ပေါ် ရောက်နေပြီ ဆိုမှတော့ ဘယ်လောက်တောင် လမ်းလျှောက်ခဲ့ပါလိမ့် သနားစရား)
ကျနော်ကတော့ ဒီပုံကို သဘောကျတယ်။ သဘောကျစရာ တီရှပ်တွေ အရမ်းများတာပဲ။ စိုင်းစိုင်းခမ်းလှိုင် သူ့မွေးနေ့မှာ ၀တ်တဲ့ game over ဆိုတဲ့ ရယ်စရာ တီရှပ်လည်း အဲဒီမှာ ပေါမှပေါ။ တီရှပ်တထည် တန်ဘိုးက မြန်မာငွေ အနည်းဆုံး သုံးထောင် ကျော်မယ်။ အဲဒီဈေးမှာက ဈေးကို တင်ပြောထားတာ ဆိုတော့ ဆစ်နိုင်မှ တော်ကာကျမယ်။ မြန်မာပြည်သားတွေလည်း အရောင်းဈေးသည် လုပ်နေကြတ မဟုတ်လား။ တယောက်ယောက်နဲ့ သိရင် အတွင်းဈေးနဲ့ ၀ယ်ပေါ့ဗျာ။ ဒါဆို ကျပ်၃ ထောင် (ဘတ် တရာ) နဲ့ ရနိုင်မယ်။ ကဲ ဒါပါပဲ။ နိုက်ဘဇားအထိတော့ လမ်းမလျှောက်ကြနဲ့နော်။ တော်ကြာ မောင်ဂျော်နီလိုမျိုး ကုလားထိုင်ပေါ် ရောက်နေကြမယ်။း) :D
နယူးယောက်မှာ နေချင်ရတဲ့ အကြောင်း
၁။ နယူးယောက်မှာ ဒီကနေ့ တတိယအကြိမ်မြောက် မြန်မာအစားအစာ ပွဲတော် လုပ်မယ်လို့ ဆိုတယ်။
၂။ နယူးယောက်မှာ မြန်မာတွေလည်း များတယ်။
ဒါကြောင့် နယူးယောက်မှာ နေချင်တယ်။
အစားအသောက် စာရင်းတွေ ကြည့်ကြပါဦး။ ဖတ်ရတာ အရသာ ရှိလိုက်တား) အရသာ ရှိတဲ့အကြောင်းကို ရေးမှ အရသာရှိတဲ့ပို့စ် ဖြစ်မယ်လေး)
မစားဖူးတာတွေလည်း ပါတယ်။
အားလုံးလိုလိုက စားချင်စရာတွေချည်းပဲး)
မြန်မာပြည်က မိဘမဲ့ကလေးတွေအတွက် ရန်ပုံငွေ ရှာတဲ့ပွဲလို့ ဆိုတယ်။ ဒီကနေ့ တနင်္ဂနွေ နေ့ ၁၂ နာရီကနေ ညနေ ၄ နာရီအထိ ဆိုပဲ။ သွားပြီး အားပေးကြပေတော့။ အခု ဒီပို့စ် ရေးနေချိန်ကပဲ နယူးယောက် စံတော်ချိန် မနက် ၁၀ နာရီခွဲနေပြီ။ လိပ်စာ အပြည့်အစုံက-
Full Address:
PS-12 James B Colgate School
42-00 72nd Street
Woodside, NY 11377
Corner of Woodside Ave and 72nd Street in Queens, New York.
ဒီပွဲကို စီစဉ်တာက မိုးကြိုး ဆိုတဲ့ အဖွဲ့။ သူတို့ဝက်ဆိုက် http://blog.moegyo.org/ မှာတော့ သူတို့ အကြောင်းတွေ ရေးထားတယ်။ ဓာတ်ပုံတွေလည်း ရှိတယ်။ ဓာတ်ပုံတပုံက စကားလုံး တသိန်းဆိုလား ကြားဖူးတယ် မဟုတ်လား။ ပုံတွေကို ကြည့်သင့်တာပေါ့။ ဘာအဖွဲ့လဲ ကိုယ်ဘာလုပ်ပေးနိုင်မလဲ သိချင်ရင်
http://www.moegyo.org/faq.php ကို သွားပါ။ (ကျနော်ကတော့ အဖွဲ့ဝင် မဟုတ်ပါဘူး။ လုပ်အားပေးတော့ လုပ်ချင်ပါတယ်။ ဒါမျိုးပွဲ ဖိတ်စာတွေကို မြန်မာလို စာစီစာရိုက် လုပ်ချင်တယ် ဆိုရင် ကျနော့်ကို ဆက်သွယ်ပါး)
အင်း - လိုရင်း ပြောရရင် နယူးယောက်မှာ သွားနေရရင် ကောင်းမယ်။ မြန်မာရနံ့တွေ ရဖို့ အထီးမကျန်ဖို့ပေါ့း)
ယူအက်စ် ရောက်နေတယ်။ ကျနော် အချိန်ပိုင်း အလုပ်လုပ်တဲ့ ဂျပန် စားသောက်ဆိုင်မှာ ဒေါ်အောင်ဆန်းစုကြည်ပုံ ချိတ်ထားတယ်။ ပန်းချီဆရာကြီး ခင်မောင်ရင်ရဲ့ လက်ရာ။
ပန်းချီကားအောက်မှာ စာတန်း နည်းနည်း ထိုးရဦးမယ်။ ပန်းချီကား အမည်၊ ပန်းချီဆရာ အမည် စသဖြင့်ပေါ့။ ပြီးတော့ နာမည် မကြီးတဲ့ မြန်မာပန်းချီဆရာတယောက်ရဲ့ လက်ရာတွေလည်း ရှိတယ်။ အဲဒီမှာလည်း စာတန်း ကပ်ပေးရဦးမယ်။ ဒါမှ စိတ်ဝင်စားသူတွေ သိချင်တာကို အထောက်အကူဖြစ်မယ်။
ဂျပန်ဆိုင် ဆိုတော့ ဂျပန်အရက် (ဆာကေး) မျိုးစုံ ရောင်းတယ်။ ဒီပုံက စားပွဲထိုးတယောက် ရိုက်ထားတာ။ သူက ပုလင်းတွေနဲ့ နံရံကပ် မီးလုံးကို ဦးစားပေး ရိုက်လိုက်ပုံ ရတယ်။ ဒေါ်စုပုံက သိပ် မထင်ရှား။ တချိန်တချိန် ကင်မရာ အဆင်ပြေတဲ့အခါ ပုံကို တည့်တည့် ရိုက်ဦးမှပါပဲ။
ခင်မောင်ရင်က ဒေါ်စုပုံတွေ ဆွဲထားတာ မနည်းဘူး။ ရောင်းကောင်းလို့ ဆွဲတာ တဲ့။ ခင်မောင်ရင် ဆွဲလို့ အရောင်းသွက်တာလည်း ဖြစ်နိုင်တယ်။
ဂျပန်ဆိုင်နဲ့ မြန်မာပန်းချီကားနဲ့ သိပ်တော့ မဆိုင်ဘူး။ အစွဲအလန်း မကြီးတဲ့ဆိုင်မို့ ဒီပန်းချီကားတွေ ချိတ်ထားတာပေါ့း)
စကားမစပ် - ပုံမှာ မြင်ရတဲ့ ဆာကေးတွေက ဈေး မသေးဘူး။ ဆိုင်လာစားသူများက ဘီယာ ၀ိုင် တို့ပဲ အသောက် များတယ်။ ဆာကေးပုလင်းလေးတွေက ချစ်စရာမို့ သောက်ချင်စရာ။ မြန်မာပြည်က ဆန်အရက်နဲ့ သိပ်မကွာဘူး ထင်တာပဲ။
ဂျပန်အရက် ဆိုပေမယ့် ယူအက်စ်မှာ ချက်ပြီး ယူအက်စ်မှာပဲ ပုလင်းသွပ်ပါတယ်။
တော်သေးပြီ။ ရေးတာကလည်း ဟိုမရောက် ဒီမရောက်။