အတွင်းရေးများကို နှစ်သစ်မှာ ဖွင့်ချလိုက်ပါပြီ ဆိုပြီး ဧရာဝတီ ဘလော့မှာ တင်လိုက်တယ် မနေ့က။
တကယ့် အဖြစ်အပျက်တွေပါ။
ကိုယ့်အကြောင်းလည်း ပါတယ်။ လုပ်ဖော်ကိုင်ဘက်များအကြောင်းလည်း ပါတယ်။
ပျော်စေပြက်စေပေါ့။
ဒီဘလော့မှာ ဘာမှ မရေးတာလည်း ၃ ပတ် ရှိသွားပြီ။ ဒီဘလော့ လာတဲ့သူကလည်း ဂူဂဲလ်ရဲ့ အဆိုအရ တရက်ကို သုံးလေးဆယ် ရှိနေတယ်။ ဒါကြောင့် တခုခု တင်အုံးပါမှ ဆိုပြီး ဒီအတွင်းရေးတွေကို ကူးတင်လိုက်တာ။
တခြား တင်စရာတွေလည်း ရှိပါတယ်။ အထူးသဖြင့် ရိုက်ထားတဲ့ပုံတွေ။ ကင်မရာထဲမှာပဲ။ မထုတ်ရသေး။
ကဲ - မဖတ်ရသေးဘူး ဆိုရင် ဖတ်ပါအုံး အတွင်းရေးတွေကိုး)
အောင်မြင်မှုး) မြန်မာပြည်တွင် သတင်းလွတ်လပ်မှု ဆက်ပိတ်ထား၍ ဧရာဝတီ ဆက်ပြီး ရည်တည်နိုင်ခဲ့။
း)
ဧရာဝတီ စာမျက်နှာများကို ၂၄/၇ ကြည့်ရှုနိုင်ရန် ၀က်မာစတာများ စီမံနိုင်ခဲ့။း) ဂျစ်ကန်ကန်လုပ်တတ်သော ရုံးသုံး ပရင်တာကြီးကို အစွမ်းကုန် သည်းခံပြီး သုံးနိုင်ခဲ့။
း)
မတ်လမှာ ၀က်ဆိုက် အဟက်ခံရသော်လည်း ထပ် အဟက်မခံရအောင် နောက်ပိုင်း ၉ လ လုံးလုံး ကာကွယ်နိုင်ခဲ့။း) ဧရာဝတီသတင်းထောက်များ မူလ ရေးသားဟန်ကို မပြောင်းကြဘဲ ဆက်ပြီး ထိန်းနိုင်ခဲ့။
ဆုံးရှုံးမှုး( ဝက်မာစတာတယောက် ဆိုင်ကယ်မှောက်
း(
သတင်းထောက် တယောက် မပေါက်တဲ့ထီလက်မှတ်တွေ လတိုင်းဝယ်း( အယ်ဒီတာ တယောက် ဖုန်းပျောက်
း( ၀က်မာစတာ တယောက် ကားတိုက်မှုမှာ ဘတ် ၄၀၀၀ ($တရာကျော်) လျော်ရး( စာပေစိစစ်ရေးဌာနနှင့် ဆက်ဆံခွင့် မရခဲ့
ဖြစ်ထွန်းမှုး) သတင်းထောက် ၂ ယောက် ၂၀၁၂ မင်္ဂလာပွဲအတွက် ရက်ရွေး (သီးခြားစီဆောင်ကြမည်)
း)
သတင်းထောက် ၁ ယောက် လက်ထပ်း) စာတည်း ၂ ဦး တို့ရဲ့ ဇနီးများ ကိုယ်ဝန်ရ
း)
အလုံးတလုံးကို လူ ၂၀ ကျော် လိုက်လုခြင်းအကြောင်း ဧရာဝတီ မြန်မာပိုင်းမှာ ပုံမှန် ဖော်ပြး) သတင်းထောက် xxx ရည်းစား (အနည်းဆုံး ၁ ဦး) ထပ်ရ
ပျက်ကွက်မှုး( ဦးသိန်းစိန်က ဖိတ်သော်လည်း ပြည်တော်ပြန်ကြရန် ပျက်ကွက်
း(
ဧရာဝတီ ၀န်ထမ်းများအား လစာ တိုးပေးရန် ပျက်ကွက်း( ကင်ဂျုံအီးလ်နာရေးသို့ ၀မ်းနည်းကြောင်း သ၀ဏ်လွှာ ပို့ရန် ပျက်ကွက်
း(
ဧရာဝတီရုံးအနီးရှိ တရုတ်သံရုံးသို့ ခရစ်စမတ်ကတ် ပို့ရန် ပျက်ကွက်း( ဦးသိန်းစိန် သမ္မတဖြစ်စဉ်က ၀မ်းမြောက်ကြောင်း သ၀ဏ်လွှာပေးပို့ရန် ပျက်ကွက်

ဧရာဝတီ နှင့် ဧရာဝတီ ၀ိုင်းတော်သားတို့၏
၂၀၁၁ ထိပ်တန်းလျှို့ဝှက်ချက်များ
ဤတွင်ပြီး)