Showing posts with label cartoon. Show all posts
Showing posts with label cartoon. Show all posts

May 31, 2011

ကာတွန်း ၃ ကွက်


ကာတွန်းကောင်းတွေအကြောင်း လက်မတို့ဖြစ်တာ ကြာပြီ၊ အခု တို့လိုက်အုံးမယ် -

ဒီလိုဖြစ်ရပ်မျိုး အပြင်မှာ မရှိဘူးလို့ မဆိုနိုင်ဘူးနော်။
အနည်းဆုံးတော့ စိတ်ကူးထဲမှာ သေချာပေါက် ရှိနိုင်တယ်။


ဒီကာတွန်းလည်း ကောင်းတာပဲ။
မူရင်း ၀က်ဆိုက်မှာ စာဖတ်သူ မှတ်ချက်တခုက ဒီလို ဆိုတယ် - ရီပတ်ဘလီကင်တွေ မျှော်မှန်းတဲ့ ပညာရေး တဲ့။
း)
နောက်တယောက်က ပြန်ဖဲ့တယ် - ဒီမိုကရက်တွေက လူတွေအားလုံးကို ဒီလိုဖြစ်စေချင်နေတာ ဆိုပဲ။ ကာတွန်းတွေက ပြုံးရ ရယ်ရသလို စာဖတ်သူမှတ်ချက်တွေကလည်း ဟားရတာပါပဲ။


ဒီကာတွန်းကိုလည်း မျိုးစုံ မှတ်ချက်ပေးကြတယ်။ ဒီငနဲဟာ - - - လူမျိုးဖြစ်ရမယ် လို့ ဆိုသလို၊ မီဒီယာတွေရဲ့ တင်ဆက်ပုံကို တခါတလေ ဒီလို ဖြည့်စွက်ကြည့်မှ အမှန်မြင်ရမယ်လို့ မှတ်ချက်ပြုသူလည်း ရှိတယ်။
ကဲ - တော်သေးပြီလေ။

Nov 19, 2010

ကာတွန်းဆရာ Stephff ရဲ့  လက်ရာများ

အထူး အကျဉ်းထောင် အမှတ် ၅၄ က ကမ္ဘာကျော်အကျဉ်းသားကို လွှတ်ပေးလိုက်ပြီး မြင်ရတဲ့ မြင်ကွင်းကို Stephff က ပုံဖော်ထားတာပါ။ လွတ်မြောက်လာတာနဲ့ ကြီးထွားလာတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံကို သိုင်းသမားတွေ ယိ(စ်)! ဆိုပြီး ကီသွင်းလိုက်သလို ပုံဖော်ထားတယ်။ ဗိုလ်ချုပ်ကြီးတို့ရဲ့ ဦးထုပ် တံဆိပ်ကတော့ ထုံးစံအတိုင်း အရိုးခေါင်း လိုဂို ပေါ့။

ဒီကာတွန်းကတော့ ၂၀၁၀ ရွေးကောက်ပွဲ နဲ့ သတင်းသမားတွေအကြောင်းပါ။

ကာတွန်းဆရာ
Stephff (အမည်ရင်း Stephane Peray)က ဘန်ကောက်ဇာတိ၊ ၁၉၆၄ ဖွား၊ ပြင်သစ်လူမျိုး။
သူ့လက်ရာတွေက နိုင်ငံတကာ စာနယ်ဇင်းတွေမှာ တဖြည်းဖြည်း နေရာ ယူလာပါပြီ။ နိုင်ငံတကာမှာ ဖြစ်ပျက်နေတာတွေကို အရုပ်ဆွဲပြီး ပြောင်တဲ့သူပါ။

ဒါကတော့ ထိုင်းနိုင်ငံက နာမည်ကျော် ရှပ်နီ ဆန္ဒပြသမားတွေကို ရည်ရွယ်ပါတယ်။
သွေးသံရဲရဲ လဲပြိုနေတဲ့ မြန်မာတွေက "ဘန်ကီမွန်း မင်းကို ဂရုစိုက်မယ်လို့  မင်း ထင်ရင်တော့ သိပ်ကို မှားသွားမယ် သူငယ်ချင်း" လို့ လှမ်းပြောနေပုံပါ။
သွေးအိုင်ထဲမှာတော့ ဘုန်းကြီး၊ တိုင်းရင်းသားပေါင်းစုံ တို့ကို ပုံဖော်ထားပြီး စစ်ဝတ်စုံနဲ့ငနဲကိုတော့ ကာတွန်းဆရာက သီချင်း ပေးဆိုထားတာတွေက တကယ့် အဖြစ်မှန်တွေကို ထင်ဟပ်နေပါတယ်။

စက္ကူလိပ်မှာ human rights လို့  ရေးထားတာကတော့ ကာတွန်းဆရာStephff ရဲ့  အသေးစိပ် သရော်ချက်ပါပဲ။

ဒါကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့  လွတ်လပ်မှု။

ဒီကာတွန်းတွေထဲက တချို့ ကို ဧရာဝတီ အင်္ဂလိပ်ပိုင်း စာမျက်နှာမှာ ဖော်ပြပြီးပါပြီ။

Apr 21, 2010

ခုတလော ဖတ်ဖြစ်တဲ့ ကာတွန်းများ

လူ - ငါအကြိုက်ဆုံး တီရှပ်နဲ့ ဒီနေ့ ကားရေဆေးလိုက်မိတယ်။
တီရှပ်ကို မရိုမသေလုပ် စော်ကားလိုက်မိသလိုဖြစ်သွားပြီကွာ။
တီရှပ်ကို ဘယ်လို တောင်းပန်ရမလဲ မသိဘူးနော်။

ကြောင်- ပုံမှန်အားဖြင့်တော့ စိတ်ရောဂါကု ဆရာဝန်ရှေ့မှာ တောင်းပန်ကြတာပဲ။

ဂါဖီး ကြောင်ကာတွန်း တွေက ကြောင်ကို အဓိကဇာတ်ကောင်အဖြစ် ရေးပြီး ပြောင်လေ့ရှိတယ်။း)



ဒါက ကာတွန်း နေမျိုးအေးရဲ့ လက်ရာ။ ခေတ်ပြိုင်မှာ ပါတယ်။ ခေတ်ပြိုင်ကာတွန်းတွေက အောက်ဆုံးမှာ ရှိတာမို့ ရုတ်တရက် မမြင်ရဘူး။ အောက်ဆုံးအထိ သွားကြည့်ရင်တော့ တွေ့နိုင်မယ်။

မြန်မာပို့စ်ဂျာနယ်မှာ ပါတဲ့ ဆရာ စိုးစံဝင်းရဲ့ လက်ရာတွေလည်း သိပ်ကောင်းတာပဲ။

အမေနဲ့ အိမ်စာလုပ်နေတယ် ဆိုတဲ့ သူ့ကလေး အပြန်အလှန် ပြောတဲ့ထဲက ရယ်စရာလေးပါ။
ဒါကတော့ born loser ကာတွန်း Apr 14 ရက်နေ့ ထုတ်ပါ။ ရာဟူး ဒေါ့ကွန်မှာ ရှိတယ်။

Apr 21 ရက်နေ့ထုတ်
Beetle Bailey ကာတွန်းပါ။ ဒီကာတွန်းတွေက ရာဟူးကာတွန်းစုစည်းမှုမှာ မရှိဘူး။ ဂူဂဲလ်မှာ သွားရှာရင်တော့ ပြေးမလွတ်ပါဘူး။

ကျနော်ကတော့ http://www.arcamax.com/beetlebailey/s-724617-159865 မှာ အခမဲ့ ဖတ်တယ်။

Beetle Bailey က စစ်တပ်အတွင်း ကာတွန်းတွေပါ။ တပ်သားနဲ့ တပ်ကြပ် အကြား ဆက်ဆံရေးကို ပြောင်တာ များတယ်။ ဗိုလ်ချုပ်နဲ့ သူ့ဇနီး၊ သူ့ရုံးခန်းအကြောင်းလည်း ပြောင်တတ်တယ်။


ဇာတ်လိုက် ရဲဘော် - ဘယ်အချိန်ရှိပြီလဲကွ
ရဲဘော် ၁ - သိဘူးလေ။

ဇာတ်လိုက် ရဲဘော် - အင်း ဒါဆို တရေးအိပ်တဲ့အချိန်ပေါ့ကွာ။

ဒါနဲ့ သူတို့ ကျောဆန့်ကြ၊ လေပေါကြပါလေရော။

ရဲဘော် ၁ - တချိန်ချိန်မှာတော့ နေလုံးကြီး မီးလောင်သွားလိမ့်မယ်။ ငါတို့အားလုံးလည်း အေးခဲပြီး သေကြမှာပဲ။

ရဲဘော် ၂ - အဲဒါ မဖြစ်ခင် ကမ္ဘာကြီး ပူနွေးမှုကြောင့် အောက်စီဂျင် အကုန်လုံးကို ပျက်သွားလိမ့်မယ်။ ငါတို့အားလုံးလည်း အသက်ရှူကြပ်သွားလိမ့်မယ်။

ရဲဘော် ၃ - ငါထင်တာကတော့ ဥက္ကာပျံအကြီးကြီးတခုက ကမ္ဘာကို လာမှန်မယ်ကွာ။ ကမ္ဘာကြီး ပျက်စီးသွားမှာကွ။

ရဲဘော် ၄ - ရေကြီးလို့ ဒါမှမဟုတ် ငလျှင်လှုပ်လို့ ဒါမှမဟုတ်ရင်လည်း တခုခုကြောင့် ငါတို့အားလုံး ကြွမှာပဲလို့ ငါ အမြဲတမ်း တွေးနေမိတာပဲ။

ဇာတ်လိုက် ရဲဘော် - တို့အားလုံး အဲဒါတွေ ဖြစ်တဲ့အချိန်အထိ အသက်ရှင်နိုင်မယ်လို့ မထင်ပါဘူးကွာ။
တိုက်ကြက်ကြီး (တပ်ကြပ်ကြီး) က မြောင်းဖောက်တာ အခြေအနေ ဘယ်လိုလဲ ဆိုတာ ကြည့်ဖို့ အချိန်မရွေး ဒီကို ရောက်လာနိုင်တယ်။

ဒါက ဗိုလ်ချုပ်ကြီးရဲ့ ရုံးခန်း ကာတွန်း။
ဗိုလ်ချုပ်ကြီးကတော်ကို ပြောင်ထားတာ။ ဒါမှမဟုတ် ဗိုလ်ချုပ်ကြီးကို ကလိထားတာပေါ့။

born loser ကာတွန်း Apr 18 လည်း ကောင်းတာပဲ။ သူတို့မွေးထားတဲ့ခွေး အင်မတန် စမတ်ကျတာကို ကာတွန်းမှာ ပုံဖော်ထားလေရဲ့း)


ဒါပါပဲး)

Nov 6, 2009

Comedian cartoons

ကမ္ဘာမပျက်ခင် ကာတွန်းတွေ ဖတ်ဗျို့း) ကမ္ဘာပျက်ပြီးရင်လည်း ဖတ်ပါး)

ရယ်စရာအနံ့တခုခု ရတယ်နော် - - - - ဟေ့ကောင်။

ဒီကာတွန်းကို ဘာသာပြန်ရရင် လူရွှင်တော်တွေရဲ့ အနံ့က ရယ်စရာကောင်းတယ် တဲ့း) ကာတွန်းကြည့်ပြီး လူရွှင်တော် ဖြစ်ချင်လာပြီ။ ဒါပေမယ့် ကျနော်က ခပ်တည်တည်ပဲ ပြောဆိုနေထိုင်တတ်တော့ ဒီတသက်တော့ ကျနော့်အနံ့က ရယ်စရာ ကောင်းတော့မှာ မဟုတ်ဘူး။

ကဲ - နောက်တပုဒ် ဘာသာပြန်ရအောင်။

"ဒေါက်တာ - - - ၊ ကျနော် ရယ်စရာ ကောင်းတယ်လို့ ခံစားရတယ်"
"အင်း - - - ငါထင်တာတော့ မင်းက ပြောင်ချော်ချော် ဖြစ်နေတာပါကွာ"

ဘာသာပြန်တာတော့ စင်းလုံးချော မဟုတ်ဘူး။ တမင် မကြိုးစားတာပါ။ ကောင်းနေရင် ခိုင်းနေမှာ စိုးရိမ်ရတယ်း) ကာတွန်းဆရာက နည်းနည်းတော့ ပိုသွားတယ်။ လူရွှင်တော်ရဲ့ စကားနဲ့တင်ကို ဒီကာတွန်းက သိပ်လန်းနေဘီ။

ဒီကာတွန်း၂ခု သိမ်းထားတာ ကြာပြီ။ ခုမှ တင်ဖြစ်တယ်။ ကာတွန်းတွေ ဖတ်အားပါဘူး။ တကယ်တော့ ကာတွန်းတွေက လက်တကမ်းမှာ အမြဲ ရှိနေတာ။ သတင်းစာ ဖွင့်ရင် တွေ့တယ်၊ အင်တာနက်ထဲမှာလည်း တောင်ပုံယာပုံ။

ကာတွန်းဆရာတွေရဲ့ အနံ့အသက်ကလည်း ရယ်စရာ ဖြစ်မယ် ထင်တယ်း)

Dec 26, 2008

necessary or not necessary

ကာတွန်းတွေမှာ ရှင်းပြချက် ဖွင့်ဆိုချက်တွေ အမြဲတမ်း ထည့်ဖို့ လိုသလား။ တယောက်နဲ့တယောက် အယူအဆ မတူကြ။

ဟိုတလောက မစ္စတာမောင်ရစ် ကာတွန်းတပုဒ် ဆွဲတယ်။ သူ့ကာတွန်းမှာ ဖွင့်ဆိုချက် ထုံးစံအတိုင်း ထည့်မထားဘူး။ အဲဒီကာတွန်းကို ကြိုက်သူတွေ ရှိတယ်။ မှတ်ချက် မပေးသူလည်း ရှိတယ်။ ကျနော်နဲ့ သိတဲ့သူ လေးငါးယောက်ကတော့ အဲဒီကာတွန်းကို သဘောမကျဘူး တဲ့။ ဦးဝင်းတင်ကို နှိပ်ကွပ်ထားတာလို့ ယူဆပါသတဲ့။


စု-လွှတ်-တွေ့ ဆိုတာ ဦးဝင်းတင်ရဲ့ ကြွေးကြော်သံ။

မစ္စတာရစ်က ဦးဝင်းတင်ခရေဇီ။ အဖိုးကြီးကို နှိပ်ကွပ်ပါ့မလား။ ဒီကာတွန်း တင်တဲ့ကာလမှာ ထူးခြားတာ တခုဖြစ်တယ်လေ။ အဲဒါကြောင့် ဒီကာတွန်းဆွဲလိုက်တာ ဖြစ်မယ်။ အဲဒီတုန်းက မှတ်မိလား ဦးနေ၀င်းရဲ့သမီး ဒေါ်ခင်စန္ဒာဝင်း အကျယ်ချုပ်က ပြန်လွတ်လာတဲ့ကာလ။

မကြိုက်တဲ့သူရှိလည်း မတတ်နိုင်ဘူး၊ ဆက်ပြီး လျှာရှည်ရရင် - ဒေါ်စုကို လွှတ်ဖို့ပြောတာ ဒေါ်စုကို မလွှတ်ဘဲ ကျေးဇူးရှင်တွေက ဟိုဂျီးဒေါ်ကို လွှတ်လိုက်ပါလေရော။ ဒေါ်စန္ဒာဝင်းဆိုတာလည်း တကယ့်မြွေပွေး။ အခု သူက အာဏာမရှိ ဘုန်းမရှိတဲ့အချိန်မို့ တီကောင်ဖြစ်နေရတာ။ ဒါပေမယ့် မြွေပွေးဖြစ်ခဲ့ဖူးသူကို ကာတွန်းဆရာက ကြောက်ရှာသား။ ဒါကြောင့် စုမလွှတ်ဘဲ ဘာကြီးလွှတ်လိုက်ပါလိမ့် ဆိုပြီး ပြေးရရှာတယ်။ သန်းရွှေကြီးပုံကိုလည်း ကျက်သရေမရှိအောင် ဖန်တီးထားတယ် ထုံးစံအတိုင်း။

ကာတွန်းတွေ ကဗျာတွေကို ဖွင့်ဆိုချက် လုပ်ဖို့ လိုမလား။ အဖြေက အမျိုးမျိုး ဖြစ်ပါလိမ့်မယ်။

Nov 28, 2008

special post for YawNaThanZinYaw


ကာတွန်းကားတွေဟာ ကလေးတွေအတွက်ပဲလို့ ထင်ရင် မှားပါမယ်။ ဒီနေ့ခေတ် ကာတွန်းရုပ်ရှင်တွေဟာ ကလေးရော လူကြီးပါ နှစ်သက်အောင် ဖန်တီးထားကြတယ်။ Ratatouille ဆိုတဲ့ ကာတွန်းကားကို ကြည့်ပါ။ ဒီကားက
computer-animated film (ကွန်ပျူတာနဲ့ဖန်တီးတဲ့ အင်နီမေးရှင်း ကာတွန်းရုပ်ရှင်) ဖြစ်ပါတယ်။

Remy ဆိုတဲ့ ကြွက်က အကောင်းစားတွေမှ စားချင်တယ်။ ပြင်သစ်စားသောက်ဆိုင်ကြီးတခုမှာလည်း စားဖိုမှူး ဖြစ်ချင်တယ်။ ကြွက်တကောင်အတွက်တော့ ဒါတွေဟာ အိပ်မက်။ ဒီကြွက်မှာ အားသာချက်က နာမည်ကျော်စားဖိုမှူးကြီးတယောက်ရဲ့ဝိဉာဉ် ပူးနေလို့ ချက်ပြုတ်တာတွေကို တဖက်ကမ်းတတ်ကျွမ်းနေတယ်။ ကံကောင်းချင်တော့ ပြင်သစ်စားသောက်ဆိုင်တခုရဲ့ မီးဖိုဆောင်အကူဝန်ထမ်းတယောက်နဲ့ပေါင်းပြီး အလုပ်ဖြစ်သွားတယ်။ ကြွက်က စားဖိုမှူးတာဝန်ယူပြီးနောက် ဆိုင်ဝန်ထမ်းတွေ အလုပ်ထွက်သွားကြတယ်။ စားဖိုဆောင်မှာ လုပ်အားလိုတဲ့အတွက် ဇာတ်လိုက်ကျော်ကြွက်ကလေးရဲ့ မိတ်ဆွေကြွက်တွေက ချက်ပြုတ်ရေးမှာ အလုံးအရင်းနဲ့ ၀င်ကူကြတယ်။ ပြင်သစ်စားသောက်ဆိုင်ကြီးကို လာကြတဲ့ စားသုံးသူတွေကို ကြွက်တွေက ချက်ပြုတ်ပေးတဲ့သဘော။

ဇာတ်လိုက်ကြွက်က ဇာတ်လိုက်မင်းသားကို အိမ်မှာ လေ့ကျင့်ပေးတယ်။ ဆံပင်ကို ဆွဲတဲ့နည်းနဲ့ ဆက်သွယ်စကားပြောတဲ့နည်း လေ့ကျင့်ကြတယ်။ ဆိုင်ရောက်ရင် ကြွက်က ဦးထုပ်ထဲဝင်၊ သူ့ဆံပင်ကိုဆွဲပြီး ညွှန်ကြားချက်ပေးတယ်။

ဒါက ဇာတ်လမ်းအကျဉ်းတော့ မဟုတ်ပါဘူး။ ကြည့်ဖူးတဲ့ဒီရုပ်ရှင်ကို အဆင်ပြေအောင် ပြန်ပြောပြတာပါ။ ဒီရုပ်ရှင်ထွက်လာတော့ ဝေဖန်အကဲဖြတ်သူတွေ ၀ိုင်းပြီး ချီးကျူး ရေးသားကြတယ်၊ ၂၀၀၇ ခုနှစ်ရဲ့ အကောင်းဆုံး ရုပ်ရှင်တွေထဲမှာ ပါဝင်ခဲ့တယ်။

ဒီလောက်အောင်မြင်တဲ့ရုပ်ရှင်ဖြစ်လာအောင် စီစဉ်ခဲ့ရတာလည်း ပုံမှန်ကြိုးစားခဲ့ရတာတော့ မဟုတ်ပါဘူး။ ၂၀၀၁ ခုနှစ်ကတည်းက အစပြုခဲ့တာလို့ ဆိုပါတယ်။ ရုံတင်တော့ ၂၀၀၇ နှစ်လယ်ပိုင်း။ ကာတွန်းဖန်တီးရေးဆွဲသူတွေက ဇာတ်ကွက်တွေအတွက် ပြင်သစ်အထိသွားပြီး ပါရီမြို့ထဲမှာ ၇ ရက်လောက် ဆိုင်ကယ်စီးပြီး လျှောက်ကြည့်ကြတယ်။ ဆန်ဖရန်စစ္စကိုမြို့က ချက်နည်းပြုတ်နည်းသင်တန်းကျောင်းတခုမှာ သင်တန်းတက်ကြတယ်။ တကယ့်စားသောက်ဆိုင်တွေ ဘယ်လိုလည်ပတ်လုပ်ကိုင်သလဲဆိုတာ နားလည်အောင်လို့ပါ။

သက်ဆိုင်ရာ ပညာရှင်တွေကိုလည်း ချည်းကပ်ခဲ့ပါသတဲ့။ ဥပမာ ကြွက်သတ္တ၀ါ ကျွမ်းကျင်သူဆီမှာ ကြွက်တွေရဲ့အပြုအမူ သိရဖို့ သွားရောက်မေးမြန်းခဲ့တယ်လို့ ဆိုတယ်။ ကာတွန်းဆရာတွေအတွက် ကြွက်တွေထည့်ထားတဲ့ ငါးမွေးကန်လိုမျိုး လှောင်အိမ်ကြီးတခုလည်း တနှစ်တိတိ ထားပေးခဲ့တယ်။ ဒါမှ ကြွက်တွေ လှုပ်ရှား ပြေးလွှားတဲ့အခါ နားရွက်၊ နှာခေါင်း၊ အမြီး၊ အရေခွံ၊ နှုတ်သီးတို့ ဘယ်လိုအနေအထားရှိတယ်ဆိုတာ သိနိုင်မယ် တဲ့။
ထုတ်လုပ်သူ ကုမ္ပဏီက ဇာတ်ကားနာမည် အသံမထွက်တတ်ကြမှာကို စိုးရိမ်ကြတယ်။ ဒါကြောင့် ဇာတ်ကားနာမည်ကို အသံထွက်ပုံထွက်နည်းနဲ့ တွဲပြီး Ratatouille (rat-a-too-ee) လို့ ဖော်ပြပေးခဲ့တယ်။

ဒါနဲ့ပဲ Best Animated Feature Film အကောင်းဆုံး အင်နီးမေးရှင်းရုပ်ရှင် ဆိုပြီး အော်စကာဆု ရခဲ့ပါတယ်။ အစောပိုင်းမှာတော့ အော်စကာဆု ငါးခုရနိုင်တယ်လို့ ထင်ကြေးပေးခဲ့ကြတာပါ။ ကွန်ပျူတာနဲ့ ဖန်တီးတဲ့ရုပ်ရှင်တွေထဲမှာ အော်စကာဆု အများဆုံး မျှော်မှန်းခံခဲ့ရတာဖြစ်ပါတယ်။

စားသောက်ဆိုင်ကို ကျန်းမာရေးဋ္ဌာနအရာရှိ ၀င်ရောက်စစ်ဆေးပုံကိုလည်း တွေ့ရပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ စားသောက်ဆိုင်တွေကို အဲသလိုပဲ စစ်ဆေးတတ်တာပါ။ သန့်ရှင်းမှုမရှိရင် လုပ်ငန်းပိတ်တဲ့အထိ အရေးယူတာ ခံရမှာပါ။ ဒီအချက်ကိုလည်း ရုပ်ရှင်ထဲ ထည့်ရိုက်ထားလေရဲ့။ စားဖိုဆောင်ဝန်ထမ်းတွေနေရာမှာ ၀င်ရောက်လုပ်ကိုင်မယ့် ကြွက်အုပ်စုကြီးကို ကိုယ်လက်သန့်စင်တဲ့ဇာတ်ဝင်ခန်းက စက္ကန့်ပိုင်းလေး ဖြစ်ပေမယ့် ပြောင်မြောက်လှပါတယ်။ ပန်းကန်ဆေးစက်ကြီးထဲကနေ ကြွက်တွေ စပ်ဖြဲဖြဲ ပေါ်လာတဲ့ပုံကို ထည့်သွင်းထားတာပါပဲ။

အသီးအရွက် အသားငါး ထားသိုတဲ့နေရာကအစ ၀န်ထမ်းတွေရဲ့ လှုပ်ရှားပုံအဆုံး ဖန်တီးချက်တွေဟာ တကယ့် မီးဖိုဆောင်ကြီးထဲကအတိုင်းပါပဲ။ အနောက်နိုင်ငံတွေမှာ အစားအသောက်နဲ့ စားသောက်ဆိုင်တွေကို ညွှန်းတဲ့ ဝေဖန်ရေးဆရာတွေဆိုတာ သီးသန့်ရှိတယ်။ ဒီရုပ်ရှင်ထဲမှာ အဲဒီလိုမျိုး ဝေဖန်ရေးဆရာတယောက်ကလည်း အဓိကဇာတ်ကောင်တကောင်အဖြစ် ပါဝင်တယ်။
ဒီလို အသေးစိပ်မှုတွေကြောင့် အင်မတန် ကောင်းတဲ့ ဟာသရုပ်ရှင်၊ ကာတွန်းရုပ်ရှင် ဖြစ်လာရတာပါပဲ။ ။

Nov 6, 2008

cartoonist Oliver Gaspirtz

အရသာကလည်း ရယ်စရာကြီး။

ဒီကာတွန်းက သိပ်ကောင်းတာပဲ။ ကာတွန်းဆရာက အိုလီဗာဂက်စ်ပဇ်၊ Oliver Gaspirtz, November 1970 ဂျာမနီမှာမွေးတယ်ဆိုတော့ ကျနော့်ထက် လပိုင်းပဲ စောတာပဲ။ အလုပ်အကိုင် - ၀က်ဘ်ဆိုက်ဒီဇိုင်နာ။ အသက် ၂၃ နှစ်မှာ နယူးယောက်ကို ပြောင်းသွားတယ်။ အဲဒီက ဂျာမန်ဘာသာ သတင်းစာတစောင်မှာ art director။ အဲဒီနှစ်မှာပဲ သူ့ရဲ့ ပထမဆုံးစာအုပ် The Truth About Cinderalla ကို ထုတ်တယ်။

အမေရိကန်ပြည်ထောင်စု စာအုပ်ဂျာနယ်အသွယ်သွယ်က သူ့ကာတွန်းတွေ ယူသုံးကြတယ်။
နောက်ပိုင်း Germany, England, Turkey, Iran, and the United States တို့မှာလည်း ကာတွန်းစာအုပ်တွေ ထပ်ထုတ်တယ်။

အောက်ကို ဆင်းခဲ့စမ်း။ အိမ်နီးချင်းတွေ ၀ိုင်းကြည့်ကုန်ပြီ။



ဒီကာတွန်းကလည်း လူရွှင်တော်တွေကို နှိပ်ထားတာပဲ။ ကာတွန်းခေါင်းစဉ် က surprise! ဆိုပဲ။ အင်္ဂလိပ်တွေက အံ့သြစရာတခုခုလုပ်ပြပြီး surprise! လို့ အော်တတ်ကြ ပျော်တတ်ကြတယ်ဆိုတာကို သိထားရင် ဒီကာတွန်းက ပိုရယ်ရမယ်။


ပုံအောက်ကစာကို နားလည်မယ်၊ ပြီးတော့ တယ်လီဖုန်းတွေ ဂျီတော့ တွေ သုံးတယ်ဆိုရင်တော့ ဒီကာတွန်းကို သဘောကျမှာပါ။ “လူကြီးမင်း ဆက်သွယ်သည့် ၀ိဥာဉ်ကို ခေါ်ဆို၍ မရနိုင်ပါ။ ပြောစရာရှိတာ ပြောထားခဲ့နိုင်ပါတယ်” တဲ့။

အထင်ကရ ကမ္ဘာ့ကာတွန်းပြပွဲ ၂၀ ကျော်မှာ သူ့လက်ရာတွေ ပါဝင်ခဲ့တယ်လို့ ဆိုတယ်။ Bubble ဆိုတဲ့ ဂိမ်းကိုလည်း ထွင်ခဲ့ပါသတဲ့။

ဟိုးရှေးရှေးတုန်းက ၀က်ကလေး သုံးကောင်ရှိသတဲ့။ အဲဒါနဲ့ ငါ သူတို့ကို စားလိုက်တယ်။ ပုံပြင်ကတော့ ဒါပဲ။ ကဲ - - အိပ်တော့၊ အိပ်တော့။

ဒါပါပဲဗျာ။ ကာတွန်းဆရာ သူ့ခွေး၂ကောင်နဲ့ ပီကေအတူတူစားတဲ့ ၄မိနစ်ကျော် ဗီဒီယိုကို ကြည့်ပါဦး။ funny! :D

Oct 31, 2008

wife of yesterday, today and the future

ဒီ ၃ ကွက် ကာတွန်းက ရယ်စရာမို့ တင်လိုက်ပါတယ်။ အ၀တ်အစားတွေကြည့်ပြီး ခန့်မှန်းရရင် တောင်အာရှက ကာတွန်းဆရာတယောက်ရဲ့လက်ရာ ဖြစ်နိုင်တယ်။ ကာတွန်းဆရာနာမည် မသိ။ အင်တာနက်မှာ ၁၅ မိနစ်လောက် ရှာတာလည်း မတွေ့။ ၁ ရက်လောက် အချိန်ယူပြီးရှာရင်တော့ တွေ့မှာပါ။

ကာတွန်းအကြောင်း ပြောရရင် ခေတ်သုံးခေတ် ၀တ်စားဆင်ယင်ပုံကိုလည်း တွေ့နိုင်တယ်။ ဖိနပ်ပုံစံ၊ ဆာရီ ဒီဇိုင်း စသဖြင့်။ ပထမ အကွက်မှာတော့ ရယ်စရာ မကောင်းဘူး။ နိဒါန်းပျိုးတဲ့အကွက်ပေါ့။ ဇနီးသည် ၄ယောက်က သူတို့လင်တော်မောင်ကို ကြောက်နေတဲ့ပုံ ဆွဲထားတာ။ ခေါင်းစဉ်က ဟိုတုန်းက ဇနီးမယား။ အောက်က ကာတွန်း ၂ကွက်ကိုတော့ ဒီနေ့ကာလ ဇနီးမယား၊ အနာဂတ်ကာလ ဇနီးမယား ဆိုပြီး ခေါင်းစဉ်တပ်ထားတယ်။ အနာဂတ်မှာ အမျိုးသမီးတွေ အပြင်ထွက်အလုပ်လုပ်တဲ့နှုန်း ပိုများလာမှာပဲ။ ဒါကို ကြိုတင်ပြီး ကာတွန်းဆရာက သရုပ်ဖော်ထားတာဖြစ်နိုင်တယ်။ ရယ်ချင်လည်း ရယ်ပါ။ ဆက်တွေးချင်လည်း တွေးကြပါး)

Oct 11, 2008

cartoonists are always right!

အမေရိကန်တွေများ တယ် နောက်ကျသကိုး။ အခုမှ စီးပွားပျက်နေကြ ညည်းတွားနေကြလေရဲ့။ အမေရိကန်နိုင်ငံတ၀ှမ်း လူမွဲနံ့ သင်းလာချိန်မှာ ပန်းပန်နေသူတွေကတော့ အမေရိကန်ကာတွန်းဆရာတွေပဲလို့ ပြောလိုက်ရင် မမှားဘူး ထင်ပါတယ်။ အစိုးရကို၊ လုပ်ငန်းရှင်ကြီးတွေကို လက်ရှိအခြေအနေကို ကာတွန်းဆွဲရ ပြောင်လှောင် သရော်ကြတယ်။

သိတဲ့အတိုင်းပဲ လောလောဆယ် ယူအက်စ်မှာ ဘဏ်ကြီးတွေ လူမွဲဖြစ်ကြောင်း ကြေညာကြတယ်၊ ကျုပ်တို့ ပိုက်ဆံမရှိတော့ပါဘူးခင်ဗျ/ရှင့် ဆိုပြီး ကြေညာကြတယ်။ အလုပ်သမားတချို့ အလုပ်ပြုတ်ကြတယ်။ ငွေတွင်းတွေ နက်လာတယ်ဆိုတဲ့ သတင်းတွေ ဖတ်မိ ကြားမိထားတယ် ဆိုရင်တော့ Read More ကို နှိပ်လိုက်ရင် ပေါ်လာမယ့် ကာတွန်းတွေက ဟာသရသတွေအများကြီး ပေးပါလိမ့်မယ်။

ရယ်စေ ပြုံးစေး)

အပေါ်က စာမဲ့ကာတွန်းကတော့ ဒီနေ့ အမေရိကန်ပြည်ထောင်စုမှာရှိနေသူတွေကို ရည်ရွယ်ပါတယ်။
အစိုးရက အခွန်ငွေဆောင်တဲ့ပြည်သူတွေအတွက် ပေးတဲ့ ကုထုံး

ဘဏ်တွေအကြောင်း သရုပ်ဖော်တဲ့အခါ ၀က်ရုပ်ကို ဘာကြောင့်သုံးကြပါလိမ့် ဆိုပြီး ဟိုတုန်းက အံ့သြခဲ့တာ။ (အခုတော့) ငါ နားလည်စ ပြုလာပါပြီ တဲ့။

ဝက် ဆိုတာ သောက်သုံးမကျတဲ့ကောင် လို့ ဘာသာပြန်လို့ ရမယ် ထင်ပါရဲ့။


ဆင်နဲ့မြင်းက အမေရိကန် နိုင်ငံရေးသမားကြီးတွေ နိုင်ငံရေးအဖွဲ့တွေကို ရည်ညွှန်းတယ် ဆိုပါစို့။

စီးပွားပျက်ချိန်မှာ အစုရှယ်ယာ ၀ယ်ထားသူတွေ သေတာပဲ။ တကယ်သေတာတော့ မဟုတ်ပါဘူး၊ သူတို့ဝယ်ထားတဲ့ ရှယ်ယာတွေရဲ့ တန်ဖိုးက စက္ကူစုတ်တန်ဖိုးနဲ့ နင်လားငါလား ဖြစ်သွားပါပြီ။ စီးပွားက ပျက်သွားပြီမဟုတ်လား။

Aug 16, 2008

bush quit golf


ဒီကာတွန်း ဘယ်တုန်းက ပေါ်လာသလဲ ဆိုတော့ -

Yahoo! News and Politico magazine အင်တာဗျူးမှာ သမ္မတဘုရှ်က “စစ်ဖြစ်နေတဲ့အချိန်မှာ ဂေါက်သီးရိုက်တာ အထင်မှားစရာဖြစ်နေတယ် (ဒါကြောင့် ဂေါက်ရိုက်တာ ရပ်လိုက်ပြီ)”လို့ ပြောအပြီး ဒီကာတွန်း ပေါ်လာတာပါပဲ။ ဘုရှ်ရဲ့ ဂေါက်ကွင်းကိုကျောခိုင်းတဲ့သတင်း အင်တာနက်ပေါ်ရောက်ပြီး နောက် ၂ရက်အကြာမှာ ဒီကာတွန်းလည်း အင်တာနက်ပေါ် ရောက်လာတယ်၊ ဒီနှစ် မေ ၁၅ရက်နေ့က။

သမ္မတဘုရှ်- “အီရတ်စစ်ပွဲကြောင့် ဂေါက်ရိုက်တာ နားလိုက်ပြီ။”
ခေါင်းတလားထဲက စစ်သား- “ကျုပ်လည်း နားလိုက်ပြီ။”

Aug 15, 2008

Ah-Naung's cartoons

အနောင်ရဲ့ ကာတွန်းတချို့ သူ့သမီးဘလော့ဂ်မှာ တွေ့ရတယ်။ ချက်ချင်းရယ်ရတဲ့ကာတွန်း၊ တွေးပြီးပြုံးရတဲ့ကာတွန်း၊ သရော်ထားတဲ့ကာတွန်း စုံနေတာပဲ။ ကာတွန်းဆရာအကြောင်း သူ့သမီးရေးထားတာတွေကလည်း စိတ်ဝင်စားစရာ။

မြန်မာပြည် မဂ္ဂဇင်းတွေမှာ ကာတွန်းဆွဲသူတွေ အင်မတန် နစ်နာတာပဲ။ ငွေအရနည်းလွန်းလို့ တွက်ချေမကိုက်ဘူး။ အနစ်နာဆုံးကတော့ တမျက်နှာ ပြည့်အောင် ဆွဲပေးနေရတာပါပဲ။ ဒီနေ့အထိ ဒီထုံးစံ ရှိဆဲ။ ကာတွန်းတပုဒ်ကို ဘယ်လောက် ဆိုပြီး သတ်မှတ်နိုင်ကြရင် ပိုအဆင်ပြေနိုင်။ (ကာတွန်းအနောင် အကြောင်း ဖတ်ဖို့ ဒီနေရာကို နှိပ်)

Aug 13, 2008

cartoon on Air Lines


အိမ်သာသုံးစက္ကူ လိုသလား။ ၂ရွက်ကို ၂ ဒေါ်လာ လို့ Jet Blue လေကြောင်းလိုင်း လေယာဉ်မယ်က မေးတော့ ခရီးသည်က

ဟင့်အင်း၊ ငွေစက္ကူကိုပဲ သုံးတော့မယ်။ ဟု ဆို၏။ Jet Blue လေကြောင်းလိုင်းက ယူအက်စ်မှာ ချွေတာရေးခရီးသည်တွေ အားပေးတဲ့လိုင်း ဖြစ်ပါတယ်။ တခြားလေကြောင်းလိုင်းတွေလို ခရီးသည်တွေအတွက် ခေါင်းအုံးပိစိ၊ စောင်ပါးပါး ပေးလေ့ရှိခဲ့ပါတယ်။ ဒီလဆန်းပိုင်းမှာတော့ အဲဒီ ၂ခုကို မပေးတော့ဘူး၊ ရချင်ရင် ၁စုံ ၇ ဒေါ်လာနဲ့ ရောင်းမယ် တဲ့။ ဒါနဲ့ပဲ ဒီကာတွန်း ပေါ်လာတာပါ။ ကာတွန်းဆရာက ခရီးသည်အများစုလို အခမဲ့ ၀န်ဆောင်မှုလေးတွေကို အသားကျနေတဲ့ ပုဂ္ဂိုလ် ဖြစ်ပါလိမ့်မယ်။ ဘာမှ ရောင်းမနေနဲ့ လေယာဉ်လက်မှတ်ရောင်းတုန်းကရင်း တခါတည်း ငွေပိုယူလိုက်လို့ ခရီးသည်များက သဘောထားရှိကြမှာပါ။ လေကြောင်းလိုင်းတွေဘက်ကလည်း လက်မှတ်ဖိုး မတိုးချင်ဘူး။ ဖောက်သည်တွေထဲမှာ အားအားယားယား ခရီးသွားသူတွေက ၃ပုံ၁ပုံရှိတဲ့အတွက် အငြိုငြင် မခံချင်ဘူးလို့ ဖတ်ဖူးတယ်။ ကာတွန်းပါအကြောင်းအရာ ပြန်ဆက်ရရင် Jet Blue က တခါသုံးခေါင်းအုံးတွေ သန်းနဲ့ချီပြီး လွှင့်ပစ်နေရတာ ပတ်ဝန်းကျင် ပျက်စီးတယ် လို့ အကြောင်းပြထားလေရဲ့။ ဒါကြောင့် ခေါင်းအုံး ရောင်းတာပေါ့။ Jet Blue က ဗီဒီယိုတင်မက တီဗွီပါ ကြည့်လို့ရတာကတော့ တခြားလိုင်းတွေထက် သာတဲ့သဘော။ ဈေးရောင်းတာလည်း တခြားလိုင်းတွေထက် သာတာပါပဲ။ ဗီဒီယိုကြည့်ဖို့ နားကြပ်မပေးဘူး၊ ရောင်းနေတာ ကြာလှပေါ့ ဒီနှစ်ဆန်းကတည်းက။ ခရီးသည်က အိမ်ကနားကြပ်ယူခဲ့လည်း ရပါတယ်။ ၀ယ်ရင်တော့ ၁ ဒေါ်လာ။


Aug 9, 2008

Marmaduke: something important to do!

မဲဆောက်မြို့ရောက် မြန်မာပြည်သားအလုပ်သမားတွေအတွက် စီစဉ်ခဲ့ကြတဲ့ စာပေဟောပြောပွဲတခု။
ထိုင်းဘုရင်မွေးနေ့လို့ ခေါင်းစည်းတပ်ထားတယ်။ ဘုရင့်မွေးနေ့ဆို စက်ရုံ အလုပ်ရုံအများစု ပိတ်ကြတယ်။ အလုပ်သမားများ အားလပ်ရက်။ ထိုင်းနိုင်ငံသားတွေက သူတို့ ဘုရင်ကို လေးစားကြတော့ ရွှေတွေကလည်း လိုက်ပြီး လေးစားကြပါတယ်။ ဘုရင့်မွေးနေ့အထိမ်းအမှတ် ဆိုပြီး ခေါင်းစည်းတပ်ရခြင်းက ဖားချင်လို့မဟုတ်ဘဲ ပြဿနာကင်းကင်းနဲ့ ပွဲစီစဉ်ကျင်းပလိုတဲ့ ရည်ရွယ်ချက် ဖြစ်မယ်။ သူတို့ဘုရင်ကို လေးစားပြလိုက်တော့ အောက်ခြေအာဏာပိုင်တွေကလည်း ဒုက္ခမပေး၊ ပွဲမဖျက်၊ ပညာမပြတော့ဘူးပေါ့။ စီစဉ်သူများကလည်း တရားဝင် နေထိုင်သူတွေမဟုတ်၊ အလုပ်သမားတွေလည်း တရားဝင် နေထိုင်လုပ်ကိုင်သူတွေမဟုတ် ဆိုတော့ ဆင်ခြင်ရတယ်။ နေရာကတော့ ဘုန်းကြီးကျောင်းမှာပဲ။ မဲဆောက်ဈေးနားက။ ဆရာဂျမ်းအလှည့်မရောက်ခင် အခမ်းအနားမှူးက နိဒါန်း ပျိုးနေတာ ပုံထဲမှာ တွေ့ရမှာပါ။ အခမ်းအနားမှူးက မြန်မာဘလော့ဂ်လောကမှာ ထင်ရှားသူတဦးပါပဲ။ သူ့ကို ခွင့်ပြုချက်မတောင်း အသိမပေးဘဲ တင်လိုက်ပါပြီ။း)

အပြင်မှာသွားနေစမ်း။ ငါ အရေးတကြီးလုပ်စရာ ရှိလို့ ဆိုပဲ။ မြန်မာပြည်မှာလိုပါပဲ လူတွေကို ပျော်စေပျက်စေ နောက်ပြောင်ထားတဲ့ကာတွန်းတွေ နိုင်ငံတကာလည်း ဆွဲကြပါတယ်။ သရုပ်ဆောင်တွေကတော့ အမျိုးသမီးတွေပိုများမယ်ထင်တယ်။ သေချာတော့ မလေ့လာရသေးဘူး။ ကာတွန်းဆရာတွေကတော့ အမျိုးသား များပါတယ်။ မြန်မာပြည်မှာတော့ ကာတွန်းရုပ်ပြောင် ဖန်တီးသူတွေဟာ အမျိုးသားတွေချည်းပါပဲ။ မိမန်းလေးတောင်ငူ ဆိုတဲ့ပုဂ္ဂိုလ်က အမျိုးသမီးလို့ ထင်ရပေမယ့် အမျိုးသားအစစ်ပါ တဲ့။


ဒီကာတွန်းဆရာက တကွက်ကာတွန်းတွေပဲဆွဲတယ်။ နိုင်ငံတကာမှာ အင်္ဂလိပ်ဘာသာနဲ့ထုတ်တဲ့ သတင်းစာတွေဆို သူ့လက်ရာတွေ နေ့တိုင်းပါတယ်။ သူ့ကာတွန်းမှာ အဓိကဇာတ်ကောင်ကတော့ နေရာဖယ်ပေးရတဲ့ အထက်က ခွေးပါပဲ။

Aug 7, 2008

cartoons on Olympic in China 2

ဒီနှစ်အတွက် အိုလံပစ်ပွဲတော်အမှတ်တံဆိပ်ကို အိမ်ရှင်တရုတ်နိုင်ငံက တီထွင်ခဲ့ပါတယ်။ ဒီအမှတ်တံဆိပ် ဘယ်လိုပေါ်ပေါက်လာတယ်ဆိုတာကို ကာတွန်းဆရာတယောက် ပုံဖော်ထားပုံကတော့-



cartoons on Olympic in China 1


ကိုဟန်လေးရဲ့စိတ်ကူး (ဖေဖော်ဝါရီ ၂၀၀၈)နဲ့
John Deering ရဲ့စိတ်ကူး (26-3-2008)
တော်တော်လေး တူနေတယ်။
ကာတွန်းဆရာတွေကတော့ ၂၀၀၈ အိုလံပစ်ကာလမှာ တရုတ်အစိုးရရဲ့ သရုပ်ကိုပေါ်အောင် ဖော်ကြတာပါပဲ။ တရုပ်အစိုးရနဲ့ နေပြည်တော်အစိုးရနဲ့ ဘယ်သူသာမလဲမသိဘူး၊ အမြင်မတူတွေကို နှိပ်ကွပ်တဲ့နေရာမှာ။
ဟို အောက်ဆုံးကတော့ Bennett ရဲ့ လက်ရာ။
အိုလံပစ်ကာတွန်းတွေ ခဏနေ ထပ်တင်ပါဦးမယ်။း) ဂုဏ်ပြုတဲ့အနေနဲ့။




Aug 5, 2008

cartoon: Guy and Rodd ( commuters

လက်မှတ်မ၀ယ်ဘဲ ရထားခိုးစီးနိုင်တဲ့နည်းလမ်း

Aug 4, 2008

cartoon: Frank and Ernest on MoeJoe

ဒီကာတွန်းကို နားလည်လို့ သဘောကျလို့ တင်တာတော့ မဟုတ်ပါဘူး။ နားမလည်ဘူး။ Zeus ဆိုတာတွေလည်း ပါတယ်။ မျက်မှန်တပ်လိုက်စမ်း၊ တနေရာထဲကို မိုးကြိုး၂ခါပစ်လို့ရတယ် တဲ့။ ခရစ်ယာန်သိကြားမင်းနဲ့အဖွဲ့ ထင်ပါရဲ့။

Aug 3, 2008

lottery shop by BG


ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ်။
ပြီးတော့ ဒီနေ့ကာတွန်းဆရာတွေ အားကျကြတဲ့ ဦးဘဂျမ်းရဲ့လက်ရာတခု။

Jul 30, 2008

cartoon: Frank and Ernest (phone


လူတွေ လမ်းကူးတဲ့အခါ ဘာကိုမှ ဂရုမစိုက်ကြတော့ဘူး။ ဖုန်းမပြောရ ဆိုတဲ့ ဆိုင်းဘုတ်တပ်ဖို့လိုနေပြီ။