
တောင်သူလယ်သမားဂျာနယ်တိုက် ဧည့်ခန်းမှာ တွေ့ရတဲ့ နာရီ။
တော်တော် ကြီးတာပဲ။
နာရီအတွက် စက်ကို နံရံထဲ ထည့်ထားရမှာပဲ လို့ ရုတ်တရက် ထင်ချင်စရာ။ စက်က သေးသေးလေးပါ။ လက်ဘက်ရည်ဆိုင်က ပလာတာနဲ့ နင်လားငါလား။
ဒီနာရီမြင်တော့ နာရီစင်တွေကို သတိရတယ်။
အမြို့မြို့ အနယ်နယ်က နာရီစင်တွေမှာ နာရီတွေ ရပ်နေတာ ထုံးစံပဲ။
နာရီစင်က မျက်နှာ လေးခု ရှိတာ များတယ်။ နာရီလေးလုံးတပ်မယ်၊ အရပ်လေးမျက်နှာက ဒေသခံတွေ နာရီ သိရအောင် ဆိုတဲ့ စေတနာနဲ့ တွင်းနက်နက်တူး၊ အုတ်မြစ်ချ၊ လေးထပ်တိုက်အမြင့်လောက် လှလှပပ ဆောက်၊ ဖြစ်မြောက်ရေးကော်မတီဝင်လူကြီးတွေ မြို့တက်ပြီး နာရီကြီးကြီး လေးလုံးဝယ်။
ပိုက်ဆံ ကုန်သွားရင် ငွေရှင်ကြေးရှင်လို့ ယူဆရသူတွေဆီက တောင်း/အလှူခံ။ နောက်ဆုံးတော့ အကျိုးပြုနာရီစင်ဖွင့်ပွဲ တခမ်းတနားလုပ်။
တိုင်ကပ်နာရီ၊ လက်ပတ်နာရီ ပေါများလာတဲ့ခေတ်မှာလည်း နာရီစင်တွေ ဆောက်ကြဆဲပဲ။
အပြ ကောင်းတယ်လေ။ ဒါကြီးကို ငါ ကြီးကြပ်ခဲ့တာ ဆိုပြီး ကြွားလို့ရမယ်။
ရံပုံငွေကို ဘုံးတဲ့ ငနာတွေလည်း ရှိမှာပဲ အနည်းနဲ့ အများ။
နာရီကြီးတွေလည်း ကျန်းမာရေး ကောင်းတာ မဟုတ်ဘူး။ ပျက်တတ်တယ်။
ပျက်တဲ့ကိစ္စက နာရီစင်ဖြစ်မြောက်ရေးကော်မတီနဲ့ မဆိုင်တော့ဘူး ထင်တယ်။ နာရီတွေက ရပ်နေတာ များတယ်။
ပြင်မရလို့ ရပ်ထားရတာ ဖြစ်နိုင်သလို ပြင်ဖို့ အစီအစဉ် မရှိလို့ ရပ်ထားရတာလည်း ဖြစ်နိုင်။ နာရီပြင်ဆိုင်တွေ မြို့တိုင်းမှာ ရှိပေမယ့် ဧရာမနာရီတွေတော့ ပြင်ဆရာတိုင်း မကိုင်နိုင်ဘူး ထင်ပါတယ်။ အပိုပစ္စည်းလည်း ရှားမယ်။
နာရီစင် ဆောက်ဖို့ အရူးထကြကတည်းက တောင်သူလယ်သမားဂျာနယ်တိုက်က ဒီလိုနာရီမျိုး တပ်ဖို့ စိတ်ကူးမိရင် ကောင်းမှာပဲ။ ဈေးလည်း မများဘူး။
ပျက်ရင်လည်း ပြင်ဆရာတွေ အစွမ်းပြနိုင်မှာပဲ။
နာရီစင်ဆောက်ဖို့ အရူးထသူများကို ဒီလို နာရီ တပ်ဖို့ လက်တို့ပေးပါး)



