Showing posts with label dog. Show all posts
Showing posts with label dog. Show all posts

Nov 13, 2013

သူတို့ ၂ ကောင်


ဘယ်ကောင့်လက်ချက်လဲ မသိ။
ဖိနပ်ကတော့ ပုံမှာ မြင်ရတဲ့အတိုင်းပါပဲ။

ဒီကောင်တွေ ဖိနပ်ကိုက်လွန်းလို့ သူတို့ရန် ကာကွယ်နိုင်အောင် တံခါး ဆင်ထားရတယ်။ ဆင်ထာ်းလည်း မျက်နှာမည်းနဲ့ကောင်က အခုန်အပျံ ကျွမ်းကျင်အဆင့်ဖြစ်လို့ ဖိနပ်တွေ ပါသွားတတ်သေးတယ် အဲဒီတုန်းက။

ကိုဟန်လေး ဘွတ်ဖိနပ်လည်း ဒီကောင့်လက်ချက်နဲ့ အတော် ပျက်သွားဖူးတယ်လို့ သိရတယ်။

မျက်နှာမည်းနဲ့ကောင်က အထီး။
အခုတော့ ခွေးပြည်မှာ မရှိတော့ဘူး။

မျက်နှာ ပုံမှန်နဲ့ကောင်က အထီး မဟုတ်ဘူး။
သူကတော့ ခွေးပြည်မှာ ရှိသေးတယ်လို့ ယူဆရတယ်။ လွန်ခဲ့တဲ့ သုံးလေးရက်ကမှ သူ့ကို အိပ်မက်ထဲ တွေ့သေးတယ်။ နေမှကောင်းရဲ့လားမသိဘူး။

သူတို့က ပတ်ဝန်းကျင်နဲ့ (ကျနော့် အိမ်နီးချင်းတွေနဲ့) သဟဇာတ သိပ်မဖြစ်လို့ သူတို့ကို မြို့ပြင်က ခြံတခု သွားပို့ထားရတယ်။ အဲဒီခြံထဲမှာလည်း သူတို့ အစွမ်းပြတာပဲ။ ကြက်ခြံဘက်သွားပြီး အစွမ်းပြခဲ့တာမျိုး၊ ခြံထဲက ကြောင်ကို ရန်မူတာမျိုး လုပ်တာကြောင့် သူတို့ကို ကြိုးချည်ထားရတယ်။ လူတွေနဲ့ ဝေး ဝေး ဝေးတဲ့နယ်မြေ ရောက်ပေမယ့် သူတို့က လူတွေနဲ့ သဟဇာတ ဖြစ်အောင် မနေတတ်ဘူးဆိုတဲ့သဘောပေါ့။

ကျနော်နဲ့တော့ အင်မတန် သဟဇာတ ဖြစ်ပါတယ်။

ခန့်မှန်းချေ သူတို့ အသက် ၁ နှစ်သား အရွယ်အထိ ဖိနပ် ကိုက်ကြတယ်။ အထူးသဖြင့် အထီးကောင်။
အသက် ရလာတော့ ဖိနပ်ကို သူတို့ အာရုံ မစိုက်တော့ဘူး။

မနေနိုင် မထိုင်နိုင် ဖြစ်မှပဲ သူတို့အကြောင်း ဆက်ရေးပါအုံးမယ်။

 

Oct 4, 2012

စနေ တနင်္ဂနွေ နဲ့ ထွေထွေရာရာ




ပြီးခဲ့တဲ့စနေ ချင်းမိုင်မြို့ပြင်က ရေကန်ကြီးတခုကို ရောက်ဖြစ်တယ်။ ပုံမှာ တွေ့တဲ့အတိုင်း ငါးမျှားသူလေးငါးယောက်ကိုလည်း တွေ့ရတယ်။ ရင်ခုန်ဖို့အတွက်၊ အပျော်အတွက် မျှားသလား၊  အ၀စားဖို့ မျှားသလား မသိ။


ဒါကတော့ အိမ်ရောက်မှ ဂူဂယ်လ် လမ်းမြင်ကွင်း ( google street view ) ကနေ တွေ့ရတာကို ကော်ပီကူးလိုက်တာပါ။ တောင်ကုန်းအတက်မှာ ဒီကန်ကို ဘွားခနဲ တွေ့ရတာ။


ရေကန်က အတော်ကြီးပေမယ့် မလှမ်းမကမ်းမှာ သူ့ထက်ကြီးသောကန် ရှိနေတယ်။ မြေပုံမှာ တွေ့ရတာကို ပြောတာပါ။ ရှုခင်းကတော့ အင်မတန် ကောင်းတာပဲ။ နေ့တိုင်း မြင်နေရတဲ့ မြို့ထဲကမြင်ကွင်းများနဲ့ တခြားစီ။ သိပ်ကောင်းတဲ့နေရာ။ ဈေးသည်လည်း မလာဘူး။ အကြွေးရှင်လည်း မလာဘူး။ ရင်မဆိုင်ချင်တဲ့မျက်နှာနဲ့လည်း ရင်ဆိုင်စရာ မလိုဘူး)

 
 ပုံဆွဲပြစမ်း ဆိုရင် ....  ဟောဒီမြေပုံပါပဲ။ မြို့ထဲကနေ မဲ့ဂျိုးတက္ကသိုလ်ကို သွားတယ်။ အဲဒီတက္ကသိုလ်ဘေးက လမ်းအတိုင်း ရွာတချို့ကိုဖြတ်ပြီးရင် ရေကန်လေးကို ရောက်ပြီ။


အမှိုက်မပုံရ လို့ တည့်တည့်ရေးထားတာ မဟုတ်ပါ။ သဘာဝပတ်ဝန်းကျင်ကို မဖျက်ဆီးပါနှင့် လို့ ရေးထားတာပါ တဲ့။  စာဖတ်တတ်သူက ဘာသာပြန်ပြတယ်။ အမှိုက်ပုံးဘာကြောင့်မထားလဲ မေးမနေနဲ့ ကိုယ့်လူ၊ ချင်းမိုင်မြို့လယ် ကျုံးဘေးမှာတောင် အမှိုက်ပုံး တပုံးမှ မရှိဘူး ထင်တာပဲ။


ဒါက ရေကန် ရောက်ခါနီး တွေ့ရတဲ့လမ်းဘေးမြင်ကွင်း။ သစ်ပင်တွေမှာ သင်္ကန်းစလေးတွေ ချည်ထားတယ်။ ဘာအတွက် ချည်ထားလဲ မသိပါ။ ဘာသာရေးယုံကြည်ချက်တခုကြောင့် ချည်တာလား၊ သစ်ပင် မခုတ်အောင် အမှတ်အသား ပြုထားတာလား မသိပါ။
 
ဒီလမ်းကို မကြာခဏ ရောက်ဖြစ်တယ်။ တကယ့် မြို့ပြင်။ ကားအသွားအလာ ရှင်းတယ်။ ဒီနားက ခြံတခုမှာ အိမ်က ခွေး ၂ ကောင် လာထားတယ်။ တ ကောင်ကတော့ လူ့ပြည်မှာ မရှိတော့ဘူး။ နောက်တကောင်တော့ ရှိသေးတယ်။ စနေနေ့ကသူ့ဆီ သွားလည်တာလေ။ အပြန် ခြံမှာနေတဲ့မိသားစုက ငှက်ပျောသီး ၂ ဖီး လက်ဆောင်ပေးလိုက်တယ်၊ စကားမစပ်။


ဒါက ရေကန်ရှိရာကို ညွှန်ပြတဲ့ ဆိုင်းဘုတ်။ လမ်းမှာတွေ့ရတဲ့ ရွာတရွာမှာပါ။

ကဲ - ပြီးခဲ့တဲ့တပတ်ကတော့ အဲဒီနေရာ ရောက်ခဲ့ပြီ။ လာမယ့် စနေတနင်္ဂနွေတော့ မြို့ထဲမှာပဲ ဟိုဟိုဒီဒီ သွားဖြစ်လိမ့်မယ်။

ဒီလိုနေ့မျိုး လျှောက်သွားစရာကတော့ အလိုလို ပေါ်လာတာပဲ။ မိသားစုအတွက် အချိန်ပေးရတဲ့နေ့ပေါ့။ တပတ်မှာ ၂ ရက် အချိန်ပေးတယ်။

တချို့က အလိုက်မသိကြဘူး၊ ဒီလိုနေ့မျိုးမှာ ဘာလေးလုပ်လိုက်ပါအုံး၊ ဘာလေး လုပ်ပေးပါအုံး ဆိုပြီး ရပ်ဝေး ရပ်နီးကနေ လှမ်းပြောကြတယ်၊ လူက တပတ်ငါးရက် အလုပ်ကို သွားတယ်။
သို့သော်ငြား အွန်လိုင်းအလုပ် ဆိုတော့ ... အင်တာနက်ခေတ်မှာ အလုပ်က လူဆီကို လိုက်လာတာပဲ။


ဒါကြောင့် စနေတနင်္ဂနွေ ရောက်လာဖို့ စောင့်ရတာ ပျော်စရာမဟုတ်ချေဘူး။ ရောက်လာရင်လည်း ဟေး... ဟား... အော်ဟစ်စရာ မလိုတော့ဘူး။
 

ဟူး....

Oct 15, 2011

Depression Dog

face book က ကူးလာတဲ့ပုံပါ
ရေကြီးနေတဲ့ ထိုင်းနိုင်ငံ တနေရာပေါ့
ရေကြီး မြေပျောက်လို့ ရေလွတ်ရာ နတ်စင်ပေါ် တက်ထိုင်တဲ့ခွေး
စင်ပေါ်က ပန်းအိုးတွေကို ကန်မချဘူး
ဖယ်ရကောင်းမှန်း မသိတာလား
လူတွေရဲ့ပစ္စည်းမှန်းသိလို့ မဖယ်ချင်တာလား မသိပါ
နတ်တင်တဲ့အစားအစာတွေတော့ ရှိဟန်မတူဘူး
ထိုင်းတွေက ရယ်ဒီမိတ် အရမ်းသုံးနေတာမို့ ရေဆိုလည်း ခွက်နဲ့မထည့် ပုလင်းနဲ့ထည့်
သောက်စရာရေတောင် ရှိပါ့မလား
လည်ပတ်နဲ့မို့ ပိုင်ရှင်ရှိတဲ့ကောင်လို့ ဆိုနိုင်တယ်
ပိုင်ရှင်ရော ဘယ်ရောက်နေပြီလဲ
ဓာတ်ပုံရိုက်သူက ခွေးပိုင်ရှင်ဆို တော်ပါသေးရဲ့

Jul 7, 2011

another 2 dogs?

ပုဂံမှာ တွေ့ရတဲ့ သားအမိ ဘာတွေ ပြောနေကြသလဲ

ဒေါ်အောင်ဆန်းစုကြည် ထိုင်နေတုန်း သားတော်မောင် ရောက်လာတယ်


အမေ ဒီခွေးလေး ပျင်းနေလိမ့်မယ်။
အင်း ဟုတ်တယ်၊ သူ ပျင်းနေရှာမှာပဲ။

ဒါဆို ဇာနည်ဝင်းဆီက ခွေး ၂ ကောင် ကို ယူပြီး ဒီခွေးလေးနဲ့ အတူထားလိုက်ရင် မကောင်းဘူးလား အမေ။

တော်စမ်းပါ သားရယ်၊ ငါ့မှာ ဒီတကောင်ကိုတောင် မနည်း ထိန်းနေရတာ။ ဟော - ပြောရင်းဆိုရင်း ဘယ်သူ့ကို သွားကိုက်မယ် မသိဘူး)

Jul 28, 2008

news from weekly eleven journal ( july 23 2008

ခွေးတစ်ကောင်ဓာတ်လိုက်နေသည်ကို ၀င်ကယ်သူနှစ်ဦး ဓာတ်လိုက်သေဆုံး
ခွေးတစ်ကောင်ဓာတ်လိုက်နေ သည်ကိုဝင်ကယ်ရာမှ လူနှစ်ဦးဓာတ် လိုက်သေဆုံးခဲ့ရသည့်ဖြစ်ရပ် ၂၀၀၈ ခုနှစ်၊ ဇူလိုင်လက လှိုင်သာယာမြို့ နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိသည်။

ဖြစ်ပွားပုံမှာ ၂၀၀၈ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့ ညနေ ၆ နာရီ ၅ မိနစ် အချိန်တွင် အင်းစိန်ဆေးရုံသို့ ဓာတ် လိုက်သေဆုံးသူနှစ်ဦးရောက်ရှိလာ ကြောင်းသက်ဆိုင်ရာက သတင်းရရှိ သောကြောင့် သွားရောက်စစ်ဆေးခဲ့ ကြောင်းသိရသည်။

ထိုသို့သွားရောက်စစ်ဆေးရာ လှိုင်သာယာစက်မှုဇုန်(၄)၊ ပြင်စည် မင်းသားကြီးလမ်းရှိပလတ်စတစ် စက်ရုံ ၀င်းအတွင်းတွင် မီးစက်ထားသည့် အဆောက်အအုံကို ကာရန်ထားသော သံဆန်ခါတွင်စက်ရုံပိုင် ခွေးတစ်ကောင် ဓာတ်လိုက်နေ၍စက်ရုံလုံခြုံရေးအမျိုး သားတစ်ဦးကသွားရောက်ဖယ်ယူစဉ် လျပ်စစ်စီးဝင်နေသော သံဆန်ခါအား ကိုင်မိပြီး ဓာတ်လိုက်ခဲ့ရာ ¤င်းအား ကူညီရန်သွားသူ စက်ပြင်လုပ်သား တစ်ဦးပါ သံဆန်ခါနှင့်ထိမိပြီးဓာတ် လိုက်ခံခဲ့ရကြောင်း သိရသည်။

စက်ရုံမှတာဝန်ရှိသူများက လျပ် စစ်မီးအားဖြတ်တောက်ပြီး ဓာတ် လိုက်ခံရသူနှစ်ဦးကိုအင်းစိန် ဆေးရုံသို့ ပို့စဉ် လမ်း၌သေဆုံးခဲ့ကြောင်းသိ ရသည်။ သေဆုံးခဲ့သူများမှာ အသက် ၅၂ နှစ်ရှိသူ လုံခြုံရေးအမျိုးသားနှင့် အသက် ၂၅ နှစ်ရှိစက်ပြင်လုပ်သား တစ်ဦးတို့ဖြစ်ပြီး စက်ရုံ၌ပင်နေထိုင်သူ များဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်အား လှိုင်သာ ယာမြို့နယ်ရဲတပ်ဖွဲ့စခန်းက သေမှု သေခင်းအမှတ် ၂၀/၂၀၀၈ ဖြင့်အမှု ဖွင့်စစ်ဆေးခဲ့ကြောင်းသိရှိရသည်။

(ဆဲရင်လည်း ခံရမှာပဲ။ ခွေးဘယ်လိုဖြစ်သွားလဲ သိချင်လိုက်တာ။)