Showing posts with label Essential. Show all posts
Showing posts with label Essential. Show all posts

Aug 20, 2017

ပလပ်စတစ်ခေတ်


ရန်ကုန် မင်္ဂလာပွဲတခုအပြီး တွေ့ရတဲ့ အမှိုက်ခြင်းတွေပါ
ရွှေပွဲလာတွေ ဖက်ပေါ် ထမင်း ဟင်း ပုံကျွေးဟန်တယ်။
မစားခင် ဖက်ကိုသန့်ရှင်းရေးလုပ်မယ်၊ စားပြီးရင်တော့ အဲဒီဖက် တောင်းထဲပစ်ရုံသာ။
ဖက်တွေကြားထဲ အများအပြားတွေ့ရတာက ရေပုလင်းများပါ။ ရွှေပွဲလာ ဧည့်ပရိတ်သတ်ကို ရေပုလင်းနဲ့ဧည့်ခံပုံရပါတယ်။
သာပွဲ နာပွဲ ဆွေးနွေးပွဲမျိုးစုံမှာ ရေပုလင်း ပါဝင်မှုက မနည်းမနောပါပဲ။
ကမ္ဘာတဝန်းမှာ တရက်ကို ရေပုလင်း အသုံးပြု လွှင့်ပစ်မှု သန်းတရာလောက်တော့ ရှိမယ် ထင်တယ်။
ရေပုလင်းစက်ရုံတည်ခြင်းဟာ အမြတ်သေချာတဲ့လုပ်ငန်း ဖြစ်ပါလိမ့်မယ်။
ဒီခေတ် အသုံးများ ရေပုလင်းက ဧည့်ခံရေးအတွက် သက်တောင့်သက်သာဖြစ် လွယ်ကူပါတယ်။ သို့သော်.. မြေကမ္ဘာနဲ့ သတ္တဝါတွေအတွက်တော့ ဒီပုလင်းတွေက ဒုက္ခပေးပါလိမ့်မယ်။
တခါသုံး ပလပ်စတစ်ပုလင်းသုံးကြမယ့်အစား တခါသုံးစက္ကူခွက် သုံးသင့်တယ်။
သုံးဖို့ တိုက်တွန်းသူတွေ လိုမယ်။ အသုံး တွင်ကျယ်အောင် လုပ်ငန်းရှင်၊ အာဏာပိုင်၊ ပညာပေးသူ၊ မီဒီယာ စသဖြင့် စသဖြင့်တို့က ဝိုင်းလုပ်သင့်ပါကြောင်း။ 

Feb 1, 2010

let's eat!

စားလိုက်ကြစို့ သူငယ်ချင်း
အရသာရှိတဲ့ ပို့စ်ကိုဖတ်မှ အရသာရှိမယ် မဟုတ်လား။
ကျွဲရောင်းလာကြတဲ့ လူကြီးမင်းများ အရသာရှိစေဖို့ စီစဉ်တင်ဆက်လိုက်ပါတယ် ဆိုပါရစေး)
မိတ်ဆွေများ မြင်ငတ်ဖြစ်နေရတာကတော့ Spicy fried noodles တဲ့။ ခေါက်ဆွဲပြား ခပ်ကြီးကြီးကို ပင်စိမ်းရွက်၊ အသားတမျိုးမျိုး၊ ငရုတ်သီး တို့နဲ့ ကြော်ထားတာ။ အောက်ခံအစိမ်းရောင်ကတော့ ဆလပ်ရွက်ကို ခင်းထားတာပါပဲ။ ခရမ်းကျွတ်သီးလည်း ပါတယ်။
ညာဘက်ထောင့်က ခွက်အဖြူ ၄ လုံးတွဲကတော့ ထိုင်းနိုင်ငံ ခေါက်ဆွဲဆိုင်တကာ စားပွဲပေါ်တင်ထားတတ်တဲ့ ရှာလကာရည်၊ ငရုပ်သီးရည်၊ ငရုပ်သီးမှုန့်၊ သကြား တို့ကို ထည့်ထားတာပါ။ ကျနော်ကတော့ အဲဒါတွေ ထည့်မစားပါဘူး။ ခေါက်ဆွဲနာမည်ကိုက Spicy fried noodles ဆိုတော့ စပ်ပြီးသား မဟုတ်လား။
ကျနော့်ရှေ့က ကချင်ကြီးကလည်း ဒီခေါက်ဆွဲပဲ စားတာပါ။ (တကယ်တော့ သူမှာတဲ့ခေါက်ဆွဲမျိုး ကျနော် လိုက်မှာတာ။ ချက်တဲ့သူ သက်သာအောင်လို့။ ပြီးတော့ ဘာမှာရမှန်း မသိလို့။ ဗိုက်လည်း ဆာနေဘီ။) အဲဒီဆရာကတော့ ငရုပ်သီးမှုန့် ထပ်ထည့်သဗျ။ အစပ်တည့်ပုံရတယ်။ စပ်တဲ့အရသာနဲ့ တည့်ပုံရတယ်း)
နေရာကတော့ ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့က စားသောက်ဆိုင်။ ချောင်းဘေးက ဆိုင်။ တာချီလိတ်-မယ်ဆိုင် တံတားနဲ့ ကပ်လျက်ဆိုင်။
တာချီလိတ်ဟာ အဲဒီဆိုင်ကနေ ၀ါးတရိုက်ပဲ ဝေးတယ်။
တာချီလိတ်ဘက်ကမ်း တံတားဘေးမှာတော့ ကြော်ငြာဘုတ်တွေ ထိုးထိုးထောင်ထောင်။
အဲဒီဘုတ်တွေထဲက ရွှေပြည်နန်း ကြော်ငြာမှာ သနပ်ခါးနဲ့အမျိုးသမီးက ချစ်စရာ။
ချစ်စရာ ဆိုတာ သူ့နာမည် ဟုတ်ဟန် မတူပါဘူး။ ပါးကွက်နဲ့မို့ ချစ်စရာကောင်းတယ်လို့ ပြောတာပါ။ သူ့ကို အနီးကပ် စောင့်ကြည့်နေသူက နေတိုး ဖြစ်မယ်။ မနာလိုစရာ ကောင်းလိုက်တား(
သနပ်ခါးကြော်ငြာနဲ့ အတူ တွေ့ရတာတခုက ဆပ်ပြာကြော်ငြာဗျ။ အဲသမှာ ရေးထားတာ ဇိမ်ခံဆပ်ပြာ ဆိုပါလား အရပ်ကတို့ရေ။ ဇိမ်ခံချင်သူတွေ ၀ယ်သုံးနိုင်ကြဖို့ လက်တို့လိုက်ပါတယ်း) ဇိမ်ခံကား၊ ဇိမ်ခံဟိုတယ်တို့ထက် ဇိမ်ခံဆပ်ပြာက အကုန်အကျ သက်သာမှာ အသေအချာပါပဲ။ ဘာဇိမ်တွေ ထွက်လာမလဲတော့ မသိဘူး။ :D