
Aug 28, 2008
တခါသုံးပစ္စည်း
read more ကို နှိပ်လိုက်ပါ။ ဒါဆိုရင် တချို့လူတွေ စိတ်ညစ်တဲ့အခါ အသုံးဝင်မယ့်ပစ္စည်းဖြစ်နေတာကို တွေ့ရမယ်။ ဈေးတော့ ကြီးမယ်။ နိုင်ငံခြားဖြစ် ဆိုတော့။ တခါသုံးပစ္စည်းလည်း ဖြစ်တယ်။ ကောက်ရတဲ့လူတယောက်ရှိရင်လည်း အဲဒီလူအတွက် ဒါဟာ တခါသုံးပဲ ဖြစ်နိုင်မယ်။း) ကျွမ်းကျွမ်းကျင်ကျင် သုံးတတ်မယ်ဆိုရင် ပြောပါတယ်။ ဘယ်မှာရောင်းလဲ မသိပါ။ ကိုယ်တိုင် စုံစမ်းပြီး ၀ယ်ပါ။ ဒီထက်ပိုပြီး မညွှန်းတတ်ပါ။ စိတ်ညစ်သူများ သက်သက်သာသာ အဆင်ပြေပါစေ။


Aug 25, 2008
burma chronicles
၁။ ကနေဒါ ကာတွန်းဆရာ Guy Delisle ရဲ့ မြန်မာပြည်အကြောင်း ကာတွန်းစာအုပ်။
၂။ ရောင်စုံမဟုတ်ဘဲ၊ အဖြူအမည်း ၂ခုပဲ သုံးထားတယ်။
၃။ ဇနီးဖြစ်သူ နယ်ခြားမဲ့ဆရာဝန်များအဖွဲ့ အရာရှိ ရှိတဲ့ မြန်မာပြည်မှာ သွားနေခဲ့ပြီးနောက်ပိုင်း ဒီစာအုပ်ဖြစ်လာ။ကာတွန်းဆရာ အသက် ၄၂ နှစ်။
၎။ စာမျက်နှာ ၃၁ ကနေ ၃၅ အထိ အမြည်းကြည့်နိုင် ဖတ်နိုင်တယ်။ စာမျက်နှာ နံပတ်ထိုးပုံက စိတ်ဝင်စားစရာ။ မြည်းချင်ရင်တော့ - ဟောသမှာ - http://nymag.com/daily/entertainment/2008/08/sneak_a_peek_inside_the_secret.html
၂။ ရောင်စုံမဟုတ်ဘဲ၊ အဖြူအမည်း ၂ခုပဲ သုံးထားတယ်။
၃။ ဇနီးဖြစ်သူ နယ်ခြားမဲ့ဆရာဝန်များအဖွဲ့ အရာရှိ ရှိတဲ့ မြန်မာပြည်မှာ သွားနေခဲ့ပြီးနောက်ပိုင်း ဒီစာအုပ်ဖြစ်လာ။ကာတွန်းဆရာ အသက် ၄၂ နှစ်။
၎။ စာမျက်နှာ ၃၁ ကနေ ၃၅ အထိ အမြည်းကြည့်နိုင် ဖတ်နိုင်တယ်။ စာမျက်နှာ နံပတ်ထိုးပုံက စိတ်ဝင်စားစရာ။ မြည်းချင်ရင်တော့ - ဟောသမှာ - http://nymag.com/daily/entertainment/2008/08/sneak_a_peek_inside_the_secret.html
Aug 20, 2008
pork and god
yangon media မှာ တွေ့တဲ့သတင်း။ ဟောင်းနေပြီ။ သို့ပေမယ့် စိတ်ဝင်စားစရာ။ နတ်ပွဲကို ၀က်သားဟင်းတင်သတဲ့။ ဘိုးဘိုးကြီးက တရုပ်အမဲ မရှောင်ဘူး ထင်ပါရဲ့။ ချက်ထားတာဖတ်ပြီး စားလို့ကောင်းမှာပဲလို့ ထင်မိ။း) ၀က်သားဖြင့်နတ်တင်ရသည့်ဗြုန်းစပ်တင်နတ်ပွဲစစ်ကိုင်း သာဒွန်းရွာတွင်ရိုးရာမပျက်ကျင်းပ
စစ်ကိုင်းမြို့နယ် သာဒွန်းကျေးရွာတွင် ရွာတော်ရှင်ဘိုးဘိုးကြီးနတ်ကို ရိုးရာမပျက်၊ တင် မြှောက်ပသကြရာ ယခုနှစ်(နယုန်လ ပြည့်ကျော် ၅ရက်) ဇွန် ၂၃ရက်က ရွာလုံးကျွတ်ကျင်းပ သော နတ်တင်ပွဲတွင် ၀က်သားဖြင့်ချက်ပြုတ်သော ဗြုန်းစပ်ဖြင့် အစဉ်အလာမ ပျက် နတ်တင်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
“ကျွန်တော့်အသက် ၇၇နှစ်ရှိပြီ၊ အဘိုး၊ အဘွားများ အစဉ်အဆက် ကျင်းပခဲ့တာ ရွာတော်ရှင် ဘိုးဘိုးကြီးနန်းမှာ တင်တာ။ ဗြုန်းစပ်နတ်ပွဲလို့ ခေါ်ကြတာများတယ်။ ဆန်ပါတယ်၊ ၀က်သားပါတယ်၊ ဖရုံသီးပါတယ်၊ ငါးရန့်ခြောက်စစ်စစ်ပါတယ်။ ငရုတ်သီးခြောက် ကျော်ပါ တယ်၊ ဆန်ပြုတ်လိုရောပြီးကျိုတာပါ။ ၀က်သား ၂၅ပိဿာထည့်တယ်၊ ဒယ်အိုးကြီး ၁၉လုံး စာပြုတ်တာ။ အဲဒါကို ဗြုန်းစပ်လို့ ခေါ်တာ။ ဘာကြောင့် ဒီအဓိပ္ပာယ်ခေါ်တယ်ဆိုတာ၊ ဘယ် သူမှ အတိအကျမပြောနိုင်ဘူး။ ၀က်သားနဲ့တင်တဲ့နတ်ပွဲရှားပေမယ့် ဒီပွဲမှာ ၀က်သားနဲ့ပဲ တင် ရတယ်”ဟု သာဒွန်းရွာမှ နတ်ထိန်း ဦးခင်သန်းက ပြောသည်။
စစ်ကိုင်းမြို့နယ် သာဒွန်းကျေးရွာတွင် ရွာတော်ရှင်ဘိုးဘိုးကြီးနတ်ကို ရိုးရာမပျက်၊ တင် မြှောက်ပသကြရာ ယခုနှစ်(နယုန်လ ပြည့်ကျော် ၅ရက်) ဇွန် ၂၃ရက်က ရွာလုံးကျွတ်ကျင်းပ သော နတ်တင်ပွဲတွင် ၀က်သားဖြင့်ချက်ပြုတ်သော ဗြုန်းစပ်ဖြင့် အစဉ်အလာမ ပျက် နတ်တင်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
“ကျွန်တော့်အသက် ၇၇နှစ်ရှိပြီ၊ အဘိုး၊ အဘွားများ အစဉ်အဆက် ကျင်းပခဲ့တာ ရွာတော်ရှင် ဘိုးဘိုးကြီးနန်းမှာ တင်တာ။ ဗြုန်းစပ်နတ်ပွဲလို့ ခေါ်ကြတာများတယ်။ ဆန်ပါတယ်၊ ၀က်သားပါတယ်၊ ဖရုံသီးပါတယ်၊ ငါးရန့်ခြောက်စစ်စစ်ပါတယ်။ ငရုတ်သီးခြောက် ကျော်ပါ တယ်၊ ဆန်ပြုတ်လိုရောပြီးကျိုတာပါ။ ၀က်သား ၂၅ပိဿာထည့်တယ်၊ ဒယ်အိုးကြီး ၁၉လုံး စာပြုတ်တာ။ အဲဒါကို ဗြုန်းစပ်လို့ ခေါ်တာ။ ဘာကြောင့် ဒီအဓိပ္ပာယ်ခေါ်တယ်ဆိုတာ၊ ဘယ် သူမှ အတိအကျမပြောနိုင်ဘူး။ ၀က်သားနဲ့တင်တဲ့နတ်ပွဲရှားပေမယ့် ဒီပွဲမှာ ၀က်သားနဲ့ပဲ တင် ရတယ်”ဟု သာဒွန်းရွာမှ နတ်ထိန်း ဦးခင်သန်းက ပြောသည်။
Aug 19, 2008
Aug 16, 2008
bush quit golf

ဒီကာတွန်း ဘယ်တုန်းက ပေါ်လာသလဲ ဆိုတော့ -
Yahoo! News and Politico magazine အင်တာဗျူးမှာ သမ္မတဘုရှ်က “စစ်ဖြစ်နေတဲ့အချိန်မှာ ဂေါက်သီးရိုက်တာ အထင်မှားစရာဖြစ်နေတယ် (ဒါကြောင့် ဂေါက်ရိုက်တာ ရပ်လိုက်ပြီ)”လို့ ပြောအပြီး ဒီကာတွန်း ပေါ်လာတာပါပဲ။ ဘုရှ်ရဲ့ ဂေါက်ကွင်းကိုကျောခိုင်းတဲ့သတင်း အင်တာနက်ပေါ်ရောက်ပြီး နောက် ၂ရက်အကြာမှာ ဒီကာတွန်းလည်း အင်တာနက်ပေါ် ရောက်လာတယ်၊ ဒီနှစ် မေ ၁၅ရက်နေ့က။
သမ္မတဘုရှ်- “အီရတ်စစ်ပွဲကြောင့် ဂေါက်ရိုက်တာ နားလိုက်ပြီ။”
ခေါင်းတလားထဲက စစ်သား- “ကျုပ်လည်း နားလိုက်ပြီ။”
Burma or Myanmar? News Lab Explains The Issues
Burma or Myanmar? News Lab Explains The Issues (ဒီ ဗွီဒီယိုဖြတ်စက တင်ပြီးသားပဲ။ ဘာကြောင့် သူ့အလိုလို ထပ်တက်လာသလဲ မသိ။ ဘလော့ဂ်မှာလည်း သရဲရှိတယ်ထင်ပ။)
Aug 15, 2008
Ah-Naung's cartoons
အနောင်ရဲ့ ကာတွန်းတချို့ သူ့သမီးဘလော့ဂ်မှာ တွေ့ရတယ်။ ချက်ချင်းရယ်ရတဲ့ကာတွန်း၊ တွေးပြီးပြုံးရတဲ့ကာတွန်း၊ သရော်ထားတဲ့ကာတွန်း စုံနေတာပဲ။ ကာတွန်းဆရာအကြောင်း သူ့သမီးရေးထားတာတွေကလည်း စိတ်ဝင်စားစရာ။
မြန်မာပြည် မဂ္ဂဇင်းတွေမှာ ကာတွန်းဆွဲသူတွေ အင်မတန် နစ်နာတာပဲ။ ငွေအရနည်းလွန်းလို့ တွက်ချေမကိုက်ဘူး။ အနစ်နာဆုံးကတော့ တမျက်နှာ ပြည့်အောင် ဆွဲပေးနေရတာပါပဲ။ ဒီနေ့အထိ ဒီထုံးစံ ရှိဆဲ။ ကာတွန်းတပုဒ်ကို ဘယ်လောက် ဆိုပြီး သတ်မှတ်နိုင်ကြရင် ပိုအဆင်ပြေနိုင်။ (ကာတွန်းအနောင် အကြောင်း ဖတ်ဖို့ ဒီနေရာကို နှိပ်)
Aug 13, 2008
cartoon on Air Lines

အိမ်သာသုံးစက္ကူ လိုသလား။ ၂ရွက်ကို ၂ ဒေါ်လာ လို့ Jet Blue လေကြောင်းလိုင်း လေယာဉ်မယ်က မေးတော့ ခရီးသည်က
ဟင့်အင်း၊ ငွေစက္ကူကိုပဲ သုံးတော့မယ်။ ဟု ဆို၏။ Jet Blue လေကြောင်းလိုင်းက ယူအက်စ်မှာ ချွေတာရေးခရီးသည်တွေ အားပေးတဲ့လိုင်း ဖြစ်ပါတယ်။ တခြားလေကြောင်းလိုင်းတွေလို ခရီးသည်တွေအတွက် ခေါင်းအုံးပိစိ၊ စောင်ပါးပါး ပေးလေ့ရှိခဲ့ပါတယ်။ ဒီလဆန်းပိုင်းမှာတော့ အဲဒီ ၂ခုကို မပေးတော့ဘူး၊ ရချင်ရင် ၁စုံ ၇ ဒေါ်လာနဲ့ ရောင်းမယ် တဲ့။ ဒါနဲ့ပဲ ဒီကာတွန်း ပေါ်လာတာပါ။ ကာတွန်းဆရာက ခရီးသည်အများစုလို အခမဲ့ ၀န်ဆောင်မှုလေးတွေကို အသားကျနေတဲ့ ပုဂ္ဂိုလ် ဖြစ်ပါလိမ့်မယ်။ ဘာမှ ရောင်းမနေနဲ့ လေယာဉ်လက်မှတ်ရောင်းတုန်းကရင်း တခါတည်း ငွေပိုယူလိုက်လို့ ခရီးသည်များက သဘောထားရှိကြမှာပါ။ လေကြောင်းလိုင်းတွေဘက်ကလည်း လက်မှတ်ဖိုး မတိုးချင်ဘူး။ ဖောက်သည်တွေထဲမှာ အားအားယားယား ခရီးသွားသူတွေက ၃ပုံ၁ပုံရှိတဲ့အတွက် အငြိုငြင် မခံချင်ဘူးလို့ ဖတ်ဖူးတယ်။ ကာတွန်းပါအကြောင်းအရာ ပြန်ဆက်ရရင် Jet Blue က တခါသုံးခေါင်းအုံးတွေ သန်းနဲ့ချီပြီး လွှင့်ပစ်နေရတာ ပတ်ဝန်းကျင် ပျက်စီးတယ် လို့ အကြောင်းပြထားလေရဲ့။ ဒါကြောင့် ခေါင်းအုံး ရောင်းတာပေါ့။ Jet Blue က ဗီဒီယိုတင်မက တီဗွီပါ ကြည့်လို့ရတာကတော့ တခြားလိုင်းတွေထက် သာတဲ့သဘော။ ဈေးရောင်းတာလည်း တခြားလိုင်းတွေထက် သာတာပါပဲ။ ဗီဒီယိုကြည့်ဖို့ နားကြပ်မပေးဘူး၊ ရောင်းနေတာ ကြာလှပေါ့ ဒီနှစ်ဆန်းကတည်းက။ ခရီးသည်က အိမ်ကနားကြပ်ယူခဲ့လည်း ရပါတယ်။ ၀ယ်ရင်တော့ ၁ ဒေါ်လာ။
Aug 12, 2008
moemaka cat 2
ကြောင်တို့၏ မိတ်ဆွေမှာ ကြောင်များဖြစ်ရမည်။ ဤကြောင်၏ မိတ်ဆွေမှာ လူများဖြစ်နေသည်။ ဤကြောင်တွင် ကြောင်မိတ်ဆွေမရှိ။ ထို့ကြောင့် သနားပါဘိဟုထင်ရန်လည်း မသင့်။ အဘယ့်ကြောင့်ဆိုသော် - -
အနှီကြောင်တွင် ပိုင်ရှင်လူသားရှိသည်။ ထို့ကြောင့် ၀မ်းရေး ပူရန်မလို။ အမေရိကန်ပြည်ထောင်စု ပိုင်ရှင်မဲ့ကြောင်များမှာ တိရိစ္ဆာန်ဂေဟာ(animal shelter)များတွင် ဂိတ်ဆုံးကြသည်။ ထိုဂေဟာများတွင် နေရာအခက်အခဲကြောင့် ဆေးထိုးကွပ်မျက်ရသည့် ခွေး၊ ကြောင် နှင့် အခြား အိမ်မွေးတိရိစ္ဆာန်ပေါင်း မနည်းလှ။ အမေရိကန်ပြည်ထောင်စုတွင် နှစ်စဉ် သတ်ပစ်ရသည့် ပိုင်ရှင်မဲ့အကောင်ပေါင်း သုံးလေးသန်း ရှိသည်ဟုလည်း ဆိုသူက ဆိုသည်။ ၀က်ဆိုက်တခု တွင် စိတ်ဝင်စားစရာ(ဟု ယူသော် ရနိုင်သည့်) အချက်အလက်များ တွေ့ရသည်။ မူလပိုင်ရှင်နှင့်ပြန်လည်ပေါင်းထုတ်သည့် တိရိစ္ဆာန် ရှားလှသည်။ ကြောင်များက ပိုရှားသည်။ ခွေးတို့က မှတ်ပုံတင်ကဒ် ခွေးလည်ပတ်တွင် အချိတ်ခံကြသည်။ ကြောင်တို့က မကြိုက်။ သိပ်မခံချင်။ ထို့ကြောင့် ၂ ရာခိုင်နှုန်းသော ကြောင်ပျောက်များသာ အိမ်ပြန်ရောက်ကြသည် ဆို၏။
Aug 11, 2008
ET and Inya Lake hotel
အထက်ကပုံက နာမည်ကျော် အီးတီ။ www.mir.com.my ၀က်ဆိုက်က ရတယ်။ နိုင်ငံခြားသား ခရီးသည်တယောက်က ရန်ကုန်သွားတုန်း ရိုက်ထားတာ။ အီးတီကို ဟိုဟိုဒီဒီမေးတာ $ 70 လောက် ပေးရတယ်လို့ ဆိုတယ်။အီးတီအကြောင်းကို ဘလော့ဂ်တခုမှာ ရေးထားတယ်။ ဖတ်ကြည့်ပါဦး။ အောက်က အမျိုးသမီးက သူ့နဲ့ ညီအစ်မတော်တယ် တဲ့။ အီးတီတို့အိမ်က ခုံတွေ ဈေးကလည်း များ၊ သယ်ရပြုရလည်း ခက်။ ကျုပ်မှာပိုက်ဆံရှိတဲ့အခါ ဒါမျိုးခုံကြီးတွေ မ၀ယ်မိဖို့ သတိပေးကြပါဦး။
ဟိုးအောက်က ပုံတွေကတော့ အီးတီတို့အိမ်မဟုတ်ပါ။ အင်းယားလိပ်ဟိုတယ် အတွင်းပိုင်း ဆိုပဲ။ ခမ်းနားလိုက်ပါဘိ။ ဟိုတယ်ကို ငမ်းနိုင်ဖို့ လက်ဆင့်ကမ်းလိုက်တာပါ။း)



www.mir.com.myhtoo eain tin
ဟိုနေ့ကပြောတဲ့ သီချင်း၂ပုဒ်ရေးတာ သူပေါ့။
မန္တလေးက အဆိုတော် မင်းခေါင်ရဲ့ ကောင်းသတင်း၊ ခြေရာ ဆိုတဲ့ သီချင်းခွေတွေတုန်းက ရေးပေးခဲ့။ los lobos ရဲ့ သီချင်းတွေကို စာသားထည့်ထားတာလို့ သီချင်းစာအုပ်တွေမှာ ရေးထားတယ်။
နောက် သုံးလေးရက်ဆို သူကွယ်လွန်တာ ၄ နှစ်ပြည့်။
မှော်ဆရာ၊ ပြီးတော့ ငှက်ကြီးလို့လည်း သူ့ကို ခေါ်ကြတယ်။ ၁၉၈၈ သူ့ရဲ့ မှော်ဆရာအိပ်မက် သီချင်းခွေကြော်ငြာတွေမှာ ငှက်ကြီးတကောင် အတောင်ပံဖြန့်ထားတဲ့ပုံနဲ့။ ဒီခွေ ဒီကြော်ငြာတွေကြောင့် ဒီနာမည်တွေ ရသွားတာဖြစ်မယ်။ ၁၉၈၈ မဟေသီ ပေဖူးလွှာတွေမှာ အဲဒီပုံရှိနိုင်။
Aug 9, 2008
Marmaduke: something important to do!
ထိုင်းဘုရင်မွေးနေ့လို့ ခေါင်းစည်းတပ်ထားတယ်။ ဘုရင့်မွေးနေ့ဆို စက်ရုံ အလုပ်ရုံအများစု ပိတ်ကြတယ်။ အလုပ်သမားများ အားလပ်ရက်။ ထိုင်းနိုင်ငံသားတွေက သူတို့ ဘုရင်ကို လေးစားကြတော့ ရွှေတွေကလည်း လိုက်ပြီး လေးစားကြပါတယ်။ ဘုရင့်မွေးနေ့အထိမ်းအမှတ် ဆိုပြီး ခေါင်းစည်းတပ်ရခြင်းက ဖားချင်လို့မဟုတ်ဘဲ ပြဿနာကင်းကင်းနဲ့ ပွဲစီစဉ်ကျင်းပလိုတဲ့ ရည်ရွယ်ချက် ဖြစ်မယ်။ သူတို့ဘုရင်ကို လေးစားပြလိုက်တော့ အောက်ခြေအာဏာပိုင်တွေကလည်း ဒုက္ခမပေး၊ ပွဲမဖျက်၊ ပညာမပြတော့ဘူးပေါ့။ စီစဉ်သူများကလည်း တရားဝင် နေထိုင်သူတွေမဟုတ်၊ အလုပ်သမားတွေလည်း တရားဝင် နေထိုင်လုပ်ကိုင်သူတွေမဟုတ် ဆိုတော့ ဆင်ခြင်ရတယ်။ နေရာကတော့ ဘုန်းကြီးကျောင်းမှာပဲ။ မဲဆောက်ဈေးနားက။ ဆရာဂျမ်းအလှည့်မရောက်ခင် အခမ်းအနားမှူးက နိဒါန်း ပျိုးနေတာ ပုံထဲမှာ တွေ့ရမှာပါ။ အခမ်းအနားမှူးက မြန်မာဘလော့ဂ်လောကမှာ ထင်ရှားသူတဦးပါပဲ။ သူ့ကို ခွင့်ပြုချက်မတောင်း အသိမပေးဘဲ တင်လိုက်ပါပြီ။း)

အပြင်မှာသွားနေစမ်း။ ငါ အရေးတကြီးလုပ်စရာ ရှိလို့ ဆိုပဲ။ မြန်မာပြည်မှာလိုပါပဲ လူတွေကို ပျော်စေပျက်စေ နောက်ပြောင်ထားတဲ့ကာတွန်းတွေ နိုင်ငံတကာလည်း ဆွဲကြပါတယ်။ သရုပ်ဆောင်တွေကတော့ အမျိုးသမီးတွေပိုများမယ်ထင်တယ်။ သေချာတော့ မလေ့လာရသေးဘူး။ ကာတွန်းဆရာတွေကတော့ အမျိုးသား များပါတယ်။ မြန်မာပြည်မှာတော့ ကာတွန်းရုပ်ပြောင် ဖန်တီးသူတွေဟာ အမျိုးသားတွေချည်းပါပဲ။ မိမန်းလေးတောင်ငူ ဆိုတဲ့ပုဂ္ဂိုလ်က အမျိုးသမီးလို့ ထင်ရပေမယ့် အမျိုးသားအစစ်ပါ တဲ့။
ဒီကာတွန်းဆရာက တကွက်ကာတွန်းတွေပဲဆွဲတယ်။ နိုင်ငံတကာမှာ အင်္ဂလိပ်ဘာသာနဲ့ထုတ်တဲ့ သတင်းစာတွေဆို သူ့လက်ရာတွေ နေ့တိုင်းပါတယ်။ သူ့ကာတွန်းမှာ အဓိကဇာတ်ကောင်ကတော့ နေရာဖယ်ပေးရတဲ့ အထက်က ခွေးပါပဲ။
Aug 7, 2008
cartoons on Olympic in China 2
cartoons on Olympic in China 1

ကိုဟန်လေးရဲ့စိတ်ကူး (ဖေဖော်ဝါရီ ၂၀၀၈)နဲ့
John Deering ရဲ့စိတ်ကူး (26-3-2008)
တော်တော်လေး တူနေတယ်။
ကာတွန်းဆရာတွေကတော့ ၂၀၀၈ အိုလံပစ်ကာလမှာ တရုတ်အစိုးရရဲ့ သရုပ်ကိုပေါ်အောင် ဖော်ကြတာပါပဲ။ တရုပ်အစိုးရနဲ့ နေပြည်တော်အစိုးရနဲ့ ဘယ်သူသာမလဲမသိဘူး၊ အမြင်မတူတွေကို နှိပ်ကွပ်တဲ့နေရာမှာ။
ဟို အောက်ဆုံးကတော့ Bennett ရဲ့ လက်ရာ။
အိုလံပစ်ကာတွန်းတွေ ခဏနေ ထပ်တင်ပါဦးမယ်။း) ဂုဏ်ပြုတဲ့အနေနဲ့။


Aug 6, 2008
u tin moe in photos
ဒါကတော့ ခေတ်ပြိုင်သတင်းဌာန ရုံးခန်းဖြစ်မယ်။ ကိုကျော်လင်းဦး၊ ဦးတင်မိုး၊ ကိုထိန်လင်း၊ ကိုနေမျိုး။
ဦးတင်မိုးနဲ့ ဦးသန်းလွင်ထွန်း (ဗွီအိုအေ ဌာနမှူး)။ ဒေါက်တာစင်သီယာမောင် မက်ဆေးဆေးဆု လက်ခံယူတဲ့ အခမ်းအနားမှာ။ အဲဒီတုန်းက ထိုင်းအစိုးရက ဒေါက်တာစင်သီယာကို ဖိလစ်ပိုင်သွားခွင့် မပေးခဲ့ဘူး။ ဒါနဲ့ ဖိလစ်ပိုင် မက်ဆေးဆေးဆုအဖွဲ့က သူ့ဆေးခန်းအထိလိုက်ပြီး ဆုသွားပေးရတယ်။ မဲဆောက်မြို့တော်ဝန်ကလည်း ဒေါက်တာစင်သီယာ စိတ်မဆိုးအောင်ထင်ပါရဲ့ အခမ်းအနား အဆင်ပြေရေးအတွက် အစွမ်းကုန် စီစဉ်ပေးခဲ့ပါတယ်။ သူကိုယ်တိုင် စင်ပေါ်တက်ပြီး မျက်လှည့်ပွဲ တင်ဆက်ခဲ့လေရဲ့။
ဆရာကြီးတင်မိုး တယောက်ထဲပုံကတော့ ဘတ်စံကွင်း/ဘန့်စောင်ခွဲ ရပ်ကွက် မြန်မာပြည်သား စက်ရုံအလုပ်သမားတွေအတွက် စာပေဟောပြောပွဲလုပ်တဲ့ ညနေခင်းတခုတုန်းက။
ဒီ ၂ ပုံကတော့ ကျနော့်ကွန်ပျူတာထဲ ဘယ်တုန်းက ရောက်နေမှန်း မသိ။
တပုံမှာတော့ မိုးချိုသင်း၊ ဦးတင်မိုးနဲ့ ဒေါ်စုကို တွေ့ရမယ်။ ဒေါ်စုအိမ်မှာ ဖြစ်ပုံရ။ ဦးတင်မိုးက တိုက်ပုံနဲ့ဆိုတော့။
Aug 5, 2008
Burma or Myanmar? News Lab Explains The Issues
you tube
Michael Chamberlin နဲ့ Charlie Pickering တို့က လူရွှင်တော်တွေ။ သြစတေးလျမှာနေတယ်။ မဲလ်ဘုန်းမြို့တော်ရဲ့ အထင်ကရတွေလို့ ဆိုတယ်။ နယ်လှည့်ဖျော်ဖြေတာတွေလည်း လုပ်တယ်။ ဒီ တီဗွီဖြတ်ပိုင်းလေးမှာတော့ မြန်မာပြည်နဲ့ပတ်သက်တဲ့ သရော်ချက်တွေ တင်ဆက်ထားတယ်။ YouTube.com နဲ့ကြည့်ချင်ရင် အပေါ်က စတုဂံအကွက်ကို နှိပ်။ blip.tv နဲ့ ကြည့်ချင်ရင် အောက်က လေးထောင့်ကွက်ကို နှိပ်။ သြစတေးလျလူပျက်တွေ ဘယ်လို တင်ဆက်တယ်ဆိုတာ သိရတာပေါ့။
blip.tv
Aug 4, 2008
Aug 3, 2008
who was the composer ???
၁။ အလွတ်ရတဲ့ သီချင်း၂ပုဒ် စာစီထားပါတယ်။ “ဒြပ်မဲ့နှင်းဆီ” တဲ့၊ နောက်တပုဒ်က “ဒွန်းနား” (Donna)။
၂။ မန္တလေးကအဆိုတော်တယောက် ဆိုထားတာပဲ။ စာလုံးအကျအပေါက် အမှားအယွင်းလား၊ ရှိနိုင်တာပေါ့။ ကျနော်က ခပ်မေ့မေ့။ ဟိုနေ့က ဟိုမှာ ရေးလိုက်တဲ့ ဟိုဆောင်းပါးမှာတောင် ဦးဝင်းစိန်ကို ဦးစိန်ဝင်း ဆိုပြီး လုပ်လိုက်မိတယ်။ ပြင်ဆင်ချက်တော့ ထုံးစံအတိုင်း မထည့်ဖြစ်ပါ။ “အမှားပြင်ဆင်ချက်ကို အမှားပြင်ဆင်ခြင်း” ဆိုပြီး လုပ်နေရမှာစိုးလို့။
၃။ မေးခွန်းက ဒီသီချင်း၂ပုဒ်ကို ရေးတဲ့သူ ဘယ်သူလဲ။ မိတ်ဆွေများကို မေးသလိုလိုနဲ့ ကိုယ့်ဝက်ဘ်ဆိုက်ကို ပွဲထုတ်တယ် ကြော်ငြာတယ်လို့ ထင်ရင်လည်း အဲသလို ထင်တာ မှန်နိုင်ဖွယ်ရှိပါတယ်။
မေးတာတော့ ဖြေပါဦး။ မှန်ရင် ဘာပေးမှာလဲ ဆိုတော့ အင်း … ။
မှန်ရင် ပေးမှာက မေးခွန်းနောက်တခုလည်း ဖြစ်နိုင်တာပဲ။ မသေချာဘူး။ သေချာတာက အဖြေကို ဒီလ ၁၄ ရက်နေ့မတိုင်ခင် ပေးမယ်။ ဒါမှ၊ အင်း … ဒါမှ … ။
ဒွန်နာ (Donna)
အားလုံးတွေထဲ မင်းပဲစိုးမိုးနေ
ရိုးသားစွာနဲ့ ငါ ဒူးထောက်ခဲ့လို့လေ
မျှော်လင့်ခြင်းများလည်း မင်းရဲ့လမ်းပေါ် ရောက်နှင့်ပြီး
လွှင့်လျှောက်ခဲ့ပြီ။
ကောင်းခြင်းတွေနဲ့ ကိုယ့်ဘ၀နိုးထပြီ
နူးညံ့စွာနဲ့ ငါရွတ်ခဲ့ မင်းရဲ့အမည်
ခေါ်သံများ ကြားလား
Donna ချစ်ရသူ
မင်းအတွက် ကိုယ့်ဘ၀ရှိပြီ။
Oh darling!
မင်းပြောရင်လေ
အားလုံးကို ကိုယ်ယုံလိုက်မယ်
အို … စကား ပြင်ဆင်မှာလား
ကိုယ်တော့ ရူး…။
ဒြပ်မဲ့နှင်းဆီ
အို…မေ…
မှောင်မိုက်သောည အိပ်မက်မှာ
ကိုယ်ခံစားခဲ့ အချစ်များစွာ
ဝေးခဲ့ပေါ့ နှင်းဆီ
အို…မေ…
ဒဏ်ရာများနဲ့ နာဖျား
မျှော်လင့်ခြင်းမဲ့သူ ကိုယ့်ရင်မှာ
ဆွေးခဲ့ပေါ့ နှင်းဆီ။
ကိုယ့်နှလုံးသား
အို … ဘေဘီ၊ နှင်းဆီ … အို … ကြွေပြီ
ကိုယ်ဆွေးတိုင်း
ရင်မှာမွှေးပျံ့ဆဲ
မြတ်နိုးသူ … ဒြပ်မဲ့နှင်းဆီ။
အို…မေ…
ကြွေလွှင့်သွားလည်း ကိုယ်မမေ့ပါ
ရှင်သန်ဆဲပဲ အချစ်များစွာ
အို…ချစ်သော နှင်းဆီ
နှင်းဆီ
ဒြပ်မဲ့နှင်းဆီ။
၂။ မန္တလေးကအဆိုတော်တယောက် ဆိုထားတာပဲ။ စာလုံးအကျအပေါက် အမှားအယွင်းလား၊ ရှိနိုင်တာပေါ့။ ကျနော်က ခပ်မေ့မေ့။ ဟိုနေ့က ဟိုမှာ ရေးလိုက်တဲ့ ဟိုဆောင်းပါးမှာတောင် ဦးဝင်းစိန်ကို ဦးစိန်ဝင်း ဆိုပြီး လုပ်လိုက်မိတယ်။ ပြင်ဆင်ချက်တော့ ထုံးစံအတိုင်း မထည့်ဖြစ်ပါ။ “အမှားပြင်ဆင်ချက်ကို အမှားပြင်ဆင်ခြင်း” ဆိုပြီး လုပ်နေရမှာစိုးလို့။
၃။ မေးခွန်းက ဒီသီချင်း၂ပုဒ်ကို ရေးတဲ့သူ ဘယ်သူလဲ။ မိတ်ဆွေများကို မေးသလိုလိုနဲ့ ကိုယ့်ဝက်ဘ်ဆိုက်ကို ပွဲထုတ်တယ် ကြော်ငြာတယ်လို့ ထင်ရင်လည်း အဲသလို ထင်တာ မှန်နိုင်ဖွယ်ရှိပါတယ်။
မေးတာတော့ ဖြေပါဦး။ မှန်ရင် ဘာပေးမှာလဲ ဆိုတော့ အင်း … ။
မှန်ရင် ပေးမှာက မေးခွန်းနောက်တခုလည်း ဖြစ်နိုင်တာပဲ။ မသေချာဘူး။ သေချာတာက အဖြေကို ဒီလ ၁၄ ရက်နေ့မတိုင်ခင် ပေးမယ်။ ဒါမှ၊ အင်း … ဒါမှ … ။
ဒွန်နာ (Donna)
အားလုံးတွေထဲ မင်းပဲစိုးမိုးနေ
ရိုးသားစွာနဲ့ ငါ ဒူးထောက်ခဲ့လို့လေ
မျှော်လင့်ခြင်းများလည်း မင်းရဲ့လမ်းပေါ် ရောက်နှင့်ပြီး
လွှင့်လျှောက်ခဲ့ပြီ။
ကောင်းခြင်းတွေနဲ့ ကိုယ့်ဘ၀နိုးထပြီ
နူးညံ့စွာနဲ့ ငါရွတ်ခဲ့ မင်းရဲ့အမည်
ခေါ်သံများ ကြားလား
Donna ချစ်ရသူ
မင်းအတွက် ကိုယ့်ဘ၀ရှိပြီ။
Oh darling!
မင်းပြောရင်လေ
အားလုံးကို ကိုယ်ယုံလိုက်မယ်
အို … စကား ပြင်ဆင်မှာလား
ကိုယ်တော့ ရူး…။
ဒြပ်မဲ့နှင်းဆီ
အို…မေ…
မှောင်မိုက်သောည အိပ်မက်မှာ
ကိုယ်ခံစားခဲ့ အချစ်များစွာ
ဝေးခဲ့ပေါ့ နှင်းဆီ
အို…မေ…
ဒဏ်ရာများနဲ့ နာဖျား
မျှော်လင့်ခြင်းမဲ့သူ ကိုယ့်ရင်မှာ
ဆွေးခဲ့ပေါ့ နှင်းဆီ။
ကိုယ့်နှလုံးသား
အို … ဘေဘီ၊ နှင်းဆီ … အို … ကြွေပြီ
ကိုယ်ဆွေးတိုင်း
ရင်မှာမွှေးပျံ့ဆဲ
မြတ်နိုးသူ … ဒြပ်မဲ့နှင်းဆီ။
အို…မေ…
ကြွေလွှင့်သွားလည်း ကိုယ်မမေ့ပါ
ရှင်သန်ဆဲပဲ အချစ်များစွာ
အို…ချစ်သော နှင်းဆီ
နှင်းဆီ
ဒြပ်မဲ့နှင်းဆီ။
Aug 1, 2008
burmese alphabet for your design
Subscribe to:
Posts (Atom)





ဒီနှစ်အတွက် အိုလံပစ်ပွဲတော်အမှတ်တံဆိပ်ကို အိမ်ရှင်တရုတ်နိုင်ငံက တီထွင်ခဲ့ပါတယ်။ ဒီအမှတ်တံဆိပ် ဘယ်လိုပေါ်ပေါက်လာတယ်ဆိုတာကို ကာတွန်းဆရာတယောက် ပုံဖော်ထားပုံကတော့-






