အကြမ်းဖက်သမားတွေကို ကျနော် တိုက်ဖျက်လိုက်ပြီ။
သူတို့ရဲ့ နိုင်ငံတကာ ဋ္ဌာနချုပ်ကို ကိုင်လိုက်တား
ဒီကောင်တွေ အလူးအလဲပဲ။
မစ်ရှင်ကွန်ပလိ မဖြစ်ခင် ကျနောလည်း အလူးအလဲပဲး)
လူမျိုးစုံဟာ ဂိမ်းမျိုးစုံကို စွဲနေကြတယ်။
မိတ်ဆွေတယောက်ရဲ့သားက ဂိမ်းစွဲတယ်။ ဆယ်ကျော်သက်။
မူးယစ်ဆေးစွဲတာထက် ဂိမ်းစွဲတာ ကောင်းပါတယ်။ လွှတ်ထားလိုက်ပါ လို့ ပြောဖူးတယ်။
လူဆိုတာ တခုခုကို စွဲလမ်းတာပဲ။
ဂိမ်း ဆိုတာ မကောင်းမှုတွေထဲမှာ အကောင်းဆုံးအရာတခု ဖြစ်ပါလိမ့်မယ်။
ကဲ....
နောက်တပွဲ ထပ်ဆော့လိုက်အုံးမယ်။
ချင်းမိုင်လန် - Chiang Mai Land လမ်းထဲက ဆိုင်တချို့။ လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း မြင်ကွင်း။ ဂူဂဲမြေပုံမြင်ကွင်း။
အခုတော့ အဲဒီဆိုင်ခန်းတွေမှာ လုပ်ငန်း ပြောင်းသွားပြီ။
ဒီဘက်ဆုံးက USA CELL FOODS ဆိုတဲ့ဆိုင်းဘုတ် မရှိတာ့ဘူး။
အစွန်ဆုံးက AA ဆိုတဲ့ဆိုင်ကတော့ ရှိဆဲပါပဲ ဒီနေ့အထိ။

USA CELL FOODS ဆိုင်းဘုတ်ဖြုတ်တဲ့နေရာမှာ မြန်မာထမင်းဆိုင် ၀င်လာတယ်။ နာမည်က "သီးသန့်" တဲ့။
ဘေးကဆိုင်တွေတော့ ပိတ်ကုန်ပြီ။ ဒီလမ်းက သိပ်မစည်ကားလို့ အလုပ်မဖြစ်တာကြောင့် ပိတ်သွားပုံရတယ်။
မြန်မာဆိုင်ကတော့ မပိတ်သေး။
အဲဒီဆိုင်မှာ အဲဒီဆိုင်ကယ်စီးပြီး သွားစားဖြစ်နေတယ် ဒီရက်ပိုင်း။
တခါပြင် ဘတ် ၄ဝ။
တဒေါ်လာခွဲနီးပါး/ကျပ်နဲ့ဆိုရင် ၁,၂ဝဝ ဖြစ်မယ်။
အသားဟင်းတခွက်၊ ဟင်းချို၊ ငါးပိရည်၊ တို့စရာ၊ ရေနွေးကြမ်း (မကြိုက်ရင် ရေခဲရေ)၊ ထညက်ခဲ။ အဲဒါ အားလုံးပါ ဘတ် ၄ဝ။ အမဲသားဆိုရင်တော့ ၅ဝ ဖြစ်သွားမယ်။ အမဲသားက ဈေးကြီးတော်မူတယ်။
တကိုယ်တော်သမားတွေအတွက် တန်တယ်လို့ ပြောရမယ်။ မိသားစုသမားတွေကတော့ အိမ်မှာပဲ သုံးဆောင်ကြ။
လွိုင်ကော်ကနေ ထိုင်းကို ပြောင်းလာသူတွေ ဖွင့်တာပါ။ စားဖိုမှူးကတော့ ဆိုင်ချက်ရော တောချက်တွေပါ ချက်တတ်တယ်။
ငါးကို ကင်ပွန်းရွက်၊ ဒန့်ဒလွန်သီး စသဖြင့်တို့နဲ့ ရောချက်တာကို တောချက်လို့ ဆိုင်ရှင်က ဆိုလိုချင်ပုံရတယ်။ သူသုံးတဲ့စကားပါ။ တောမြို့ခွဲရကောင်းလား discrimination မလုပ်နဲ့ ဆိုပြီး သတိပေးမှာစိုးလို့ သူသုံးတဲ့စကားဖြစ်ကြောင်း ပြောပြခြင်းပါ။
ကြက်သားဆီပြန် ၀က်သားဆီပြန်ဆိုတဲ့ ဆိုင်ချက်တွေလည်း ရှိသလို တောချက်ကလည်း တရက်ကို တခွက်လောက်တော့ ချက်တဲ့သဘောရှိတယ်။ မေးကြည့်တာ မဟုတ်ပါဘူး။ ဆိုင်ကို မနက်တခါ ညတခါ သွားပြီး ဘာဟင်းရလဲမေးရာကနေ သူတို့ရွတ်ပြတာ နားထောင်ပြီး ခန့်မှန်းကြည့်တာပါ။
ကဲ... ချင်းမိုင်ရောက်ရင် ဘတ် ၄၀ အိတ်ထဲ ထည့်ပြီး အဲဒီဆိုင် သွားလိုက်ပါ။
ရန်ကုန်မှာ ဒီဈေးနဲ့ ဘယ်ရပါ့မလဲ။ ဒါလည်း အကြောင်းရှိပါတယ်။ ဒီအကြောင်း နောင်မှ ပြောပြမယ်လေ။
ဒီနေ့ ပန်းဆိုးတန်းလမ်းထောင့်က အပေါ်ထပ် စာပေလောကဆိုင်မှာ အတွေးအမြင် နောက်ဆုံးထုတ် တအုပ်ပေးပါလို့ ပြောပြီး တအုပ်ဝယ်ခဲ့တယ်။
ကျပ် ၂,ဝဝဝ။
အတွေးအမြင်ကို လတိုင်း မဖတ်ဖြစ်ပါဘူး။
ကွန်ပြူတာနဲ့ဖတ်တာများတော့ စာအုပ်ကို သိပ်မကိုင်ဖြစ်တာပါ။ ကွန်ပြူတာမှာက ဖတ်စရာ ကြည့်စရာဆိုတာ သိတဲ့အတိုင်းပဲ ....။ ကွန်ပြူတာ အင်တာနက်ဆိုတာကို မဖွင့်လိုက်နဲ့ .... ဖွင့်လိုက်တာနဲ့ မျက်စိညောင်းလွန်းမှပဲ အနားယူဖြစ်တယ်။
အတွေးအမြင်အကြောင်း ပြောရရင်...
ထုံးစံအတိုင်း အတွေးအမြင်မှာက ဖတ်စရာတွေ အများသား။ စနေ တနင်္ဂနွေ ဖတ်ဖြစ်မယ်။
ဒီလထုတ်မှာ ဆိုရင်... ကိုယ် မြင်ဖူးတဲ့ စာရေးသူ ဆယ်ယောက်လောက် ရှိတယ်။
ကျန်တဲ့သူတွေကိုတော့ မမြင်ဖူးပါ။ မမြင်ဖူးဘူးဆိုပေမယ့် အားလုံးလိုလိုကို ဖတ်ဖြစ်ပါလိမ့်မယ်။
ကဲ... ဖတ်လိုက်ကြစို့။
ဆရာဆူးငှက်ရဲ့ စာအုပ်သစ် - ရွက်ကျင် မိုးစက်ပင်ထက်နှင်းပန်းပွင့်- ထွက်ပြီထင်လို့ သွားဝယ်တယ်။
မတွေ့ခဲ့ဘူး။
ဆိုင်ရောက်ပြီးပြီ ဆိုတော့လည်း မြင်သမျှထဲက ...၀ယ်ချင်တာတွေထဲက တအုပ် ဆွဲခဲ့ပါတယ်။
စာအုပ်နာမည်က ဘာလဲ မသိဘူး ...
အဖုံးမှာ ရေးထားတာတွေကတော့ အများကြီးပဲ ဆိုတော့..
ဟက်ကာတွေရဲ့တိုက်ခိုက်မှုကို ကာကွယ်
နိုင်အောင် ဘာတွေသိထားသင့်သလဲ?
ဆိုတာလည်း ရေးထားတယ်။
ဒီစာအုပ်ကို ဒေါက်တာနိုင်အောင် ၀ယ်ဖတ်သင့်ပါတယ်း)
သူ့နာမည်နဲ့ စာတကြောင်း တွေ့ရတယ်။
ရောင်းဈေး ကျပ်သုံးထောင်။
အိုင်တီကိုယ်ခံပညာလေးဘာလေး ရှိအောင် ဖတ်အုံးမယ်။
ဒီည ဖတ်ဖြစ်မယ် ထင်တယ်။
အဖုံးမှာ မိုးကာအင်္ကျီပုံလည်း တွေ့ရတယ်။
ခုတလော မိုးတွေ ရွာနေတာ နေ့တိုင်းပဲ။
စာအုပ်အဖုံးကတော့ နမိတ်ပုံအပြည့်နဲ့။
တော်သေးပြီ။
ဝေမိုး ဆိုတဲ့ နာမည် ဘယ်လောက် လှသလဲ ဆိုတော့....
လုပ်ငန်းရှင်တယောက်ကတောင် သူ့နာမည်ကို ယူသုံးရသဗျ။
ဒီည abc ဆိုင်တခု အ၀င်မှာ တွေ့လို့ ရိုက်လိုက်တာ။
(သူကိုယ်တိုင် ထုတ်တဲ့ ဆေးပစ္စည်းလည်း ဖြစ်နိုင်တာပဲ)
ကွမ်းခြံကုန်းမြို့နယ် သောင်ခုန်ရွာ၊ တော်ကဆော့ရွာတို့ဘက်ကနေ တနင်္ဂနွေနေ့က ပြန်လာတယ်။ ကြွက်သားကြော် ယူခဲ့တယ်။
လယ်ကြွက်နီလို့ ဆိုတယ်။
စားကြပါအုံး။
ဒီမနက်တော့ ကြက်သွန်နီ ကြက်သွန်ဖြူ ငရုပ်သီးတို့ ထပ်ထည့်ပြီး ရောသမကြော် ဘာလချောင်ကြော် လုပ်ပစ်လိုက်တယ်။ အပေါ်ပုံက ထပ်မံ မွမ်းမံခြင်းမပြုမီပုံ ဆိုပါစို့။
သုံးဆောင်တော်မူ။
ဟိုမှာ အင်တာနက်မရှိ လျှပ်စစ်မီးမရှိဆိုတော့ တိုက်ရိုက် မတင်လိုက်မိဘူး။
မနေ့ကလည်း အင်တာနက် သိပ်အဆင်မပြေလို့ မတင်မိဘူး။
ဒီနေ့လည်း သိပ် ကောင်းလှတယ် မဟုတ်ပါဘူး။
ကြွက်ကြော်ကတော့ ကောင်းပါတယ်။
ရုံးကို နည်းနည်း ယူလာတယ်။
ခဏနေ စားမယ်း)
+(C9.jpg)
-
ဒီမနက် ဖေဖော်ဝါရီ ၁၁ အင်္ဂါမနက် ဆရာမောင်ဝံသ ကွယ်လွန်ခြင်း ၆ လ ပြည့် အမှတ်တရ အစီအစဉ်ကို သူ့မိသားစုက ရန်ကုန်မြို့ ဘားလမ်း (အထက်ဘလောက်) နေအိမ်မှာ ပြုလုပ်ပါတယ်။ မနက် ၉း၀၀ မတိုင်ခင် ရောက်သွားတော့ သူ့ရဲ့ စာပေ/နိုင်ငံရေး မိတ်ဆွေတချို့ကိုတွေ့ခဲ့ရတယ်။ ၉းဝဝ ကျော်ရင်တော့ ထပ်ပြီး ရောက်လာကြပါလိမ့်မယ်။ ခပ်စောစောဆိုရင် လူရှင်းမယ် ထင်လို့ ကျနော်ကတော့ ခပ်စောစောပဲ သွားလိုက်တယ်။ တော်တော်လေး ရှင်းပါတယ်။
ဧည့်သည်များကို ဧည့်ခံတာက ရွှေတောင်ခေါက်ဆွဲ၊ အချိုပွဲများနဲ့ပါ။
ရွှေတောင်ခေါက်ဆွဲဆိုတာ ပဲခူးဘက်က အစားအစာ။
ဆရာမောင်ဝံသကလည်း ပဲခူးဒေသက ဆိုတော့ ရွှေတောင်ခေါက်ဆွဲ ကြိုက်မယ် ထင်ပါတယ်။
ကျနော်ကတော့ ရွှေတောင်ခေါက်ဆွဲ ဆိုတာကို တသက်နဲ့တကိုယ် လေးငါးခါပဲ စားဖူးတယ်။
အတော်လေး စားလို့ကောင်းတဲ့ခေါက်ဆွဲအမျိုးအစားပါပဲ။
ရန်ကုန်က ဆိုင်တွေမှာ မုန့်ဟင်းခါးတို့ဘာတို့ တင်ရောင်းကြပေမယ့် ရွှေတောင်ခေါက်ဆွဲ ရနိုင်တဲ့ဆိုင်တော့ သိပ်မများဘူး။ ဒါကြောင့်လည်း သိပ်မစားဖြစ်ဘူး။
အလှူအိမ်သွားမှပဲ စားဖြစ်တော့တယ်လို့ ဆိုရမယ်။
ကျနော့်ရဲ့ လုပ်ဖော်ကိုင်ဘက်တယောက်က ရန်ကုန်မှာနေတာ ကြာပြီ၊ သူ့အသက်က ၄၀ ဝန်းကျင်။
သူလည်း ရွှေတောင်ခေါက်ဆွဲ မစားဖူးဘူး တဲ့။
ကဲ... ရွှေတောင်ခေါက်ဆွဲကို ရန်ကုန်က အစားအသောက်အစုံရောင်းတဲ့ ဆိုင်တွေမှာ တင်ရောင်းဖို့အချိန်တန်ပါပြီလို့ ဆိုချင်ပါတယ်။
ဂဏန်းတွေက စကားပြောတတ်တယ်လို့ ဆိုတယ်။
ဒီညီအစ်ကိုနှစ်ဦးရဲ့ ဂဏန်းတွေကလည်း စကား တော်တော်ပြောနေပါတယ်။
109, 110 ဆိုတဲ့ဂဏန်းတွေက ဘာကိုဆိုလိုသလဲ၊ ဘာကိုပြောတာလဲ သိရအောင် အကြားအမြင်များတဲ့ သတင်းရပ်ကွက်ကို မေးကြည့်ရပါဦးမယ်။
သူတို့က ဒီနံပါတ်ကို ဘာကြောင့် ရွေးထားကြတာလဲ ဆိုတာကလည်း စိတ်ဝင်စားစရာကောင်းပါတယ်။