
ကိုဦး - ခင်ဗျားတို့ ရောက်နေတဲ့ ကော်လိုရာဒို ပြည်နယ်မှာ ၀က်ဝံတကောင်က လူအလုပ်တွေ လုပ်နေတယ်နော်။ ဒီနေ့ ရန်ကုန်က သတင်းစာတစောင်မှာ အဲဒီဖြစ်ရပ် ရေးထားတယ် ဟောသမှာဖတ်ကြည့်ပါဦး။
သတိထား။ အထူးသဖြင့် ကိုယ့်ကားကိုယ်ဂရုစိုက်ဗျို့း) ကားထဲ မုန့်တွေဘာတွေ မထားနဲ့။ တံခါးကို အမြဲ သော့ခတ်။ သေချာအောင် ၀က်ဝံ မ၀င်ရလို့ စာရေးပြီး ကပ်ထားဗျာ။သတင်းဌာန အတော်များများက ဒီငနဲ (သို့မဟုတ် ငနဲမ) သတင်းကို ပျော်ပျော်ကြီး ရေးကြတာ ဂူဂဲလ်မှာ တွေ့ရတယ်။
ခေါင်းစဉ်တွေပဲ လိုက်ဖတ်ဖြစ်ပါတယ်။ ခေါင်းစဉ် ပေးထားကြတာ စိတ်ဝင်စားစရာပဲ။ ဟောသမှာ တချို့ -
ဗိုက်ဆာတဲ့ ၀က်ဝံ မောင်းပြေးလို့ ကားပျက်စီး
ဆာနေတဲ့ ၀က်ဝံမည်း ထွက်ပြေးတဲ့ကားထဲ ဒုက္ခရောက်
အမေရိကန်ဝက်ဝံ ကားခဏမောင်း၊ ပျက်အောင်လုပ်ပြီးထားခဲ့
အသားညှပ်မုန့်ရှိတဲ့ကားထဲ ၀က်ဝံ ပိတ်မိ
ဝက်ဝံ ကားအတွင်း ပိတ်မိပြီး အတန်ကြာ မောင်းသွား
ကားထဲ မုန့်ဝင်ယူသော ၀က်ဝံ ဟွန်းတီးပြီး မောင်းထွက်
ကော်လိုရာဒိုက ဖြစ်ရပ် - ကားတစီး မုန့်တလုံး ၀က်ဝံတကောင် နဲ့ ရယ်စရာ
ကော်လိုရာဒိုဝက်ဝံ ဟွန်းတီးပြီး ကားမောင်းထွက်ဆာတဲ့ ၀က်ဝံက ကားခိုး၊ သစ်ပင်ဝင်တိုက်
အမေရိကန်ဝက်ဝံ ကားအပျော်စီးပြီး သစ်ပင်နဲ့တိုက်
ဝက်ဝံနဲ့ မုန့်ကြားထဲ ကားဒုက္ခရောက်
တိုယိုတာကား ၀က်ဝံတက်မောင်း
ကိုဦးရေ - ဒါပါပဲဗျာ။ အိမ်တံခါးလည်း လုံအောင် ပိတ်နော်း) တော်ကြာ - သတင်းထဲ ပါလာရင် နာမည်ကြီးနေမယ်း)


