Reuters သတင်းဌာန ဓာတ်ပုံတွေပါ။
ဒီနေ့ ဘန်ကောက်မှာ ပစ္စည်းအတုတွေဖျက်ဆီးပွဲ လုပ်တယ် တဲ့။
အကောက်ခွန်ဌာန၊ ရဲဌာန အရာရှိတွေက ပစ္စည်းအတုအပ တန်ချိန် ၁၂၀ ကို ဖျက်ကြတယ် ဆိုပဲ။
DVD ပါတယ်၊ အမျိုးသမီးလက်ကိုင်အိတ်၊ အင်္ကျီ၊ နာရီ စသဖြင့် အစုံပါပဲ။
အတုအပ နှိမ်နင်းရေးကို ထိုင်းအစိုးရက သိပ်မလုပ်ဘူးလို့ ဝေဖန်ခံနေရတယ်လို့ ဆိုတယ်။ ဒါကြောင့် ဒီလို ဖျက်ပြတာပေါ့လေ။
ကောင်းပါတယ်။ ပစ္စည်းအတုလုပ်တာတွေကို နှိမ်နင်းတဲ့ ခြေလှမ်းတခုပေါ့။
နာရီတု ဖုန်းအတုကိုတော့ သိလျက်နဲ့ သုံးဖြစ်ကြမှာပါ။ ဒါက ပေါချောင်ကောင်း စားသုံးသူအတွက် ပြဿနာ မဟုတ်ဘူး ထင်ပါရဲ့။
အတုလုပ်တာ မကြိုက်တာ ကြုံဖူးတယ်။ မြန်မာပြည်မှာ စားသုံးဆီကို ဟိုဟာရော ဒီဟာရော လုပ်တာမျိုးတော့ မကြိုက်ဘူး။ ပဲဆီစစ်စစ်လို့ စာလုံးကြီးကြီးရေးထားလည်း မယုံနဲ့၊ အရောအနှောတော့ ရှိတာပဲ တဲ့။ ဆီသမားတွေကို မကြိုက်တာ အဲဒါပဲ။ ကျနော်သာ ဆီရောင်းသူ (ဆီရောသူ) ဆိုရင် ဗြောင်လုပ်မှာပဲ။ စားအုန်းဆီ - ဘယ်လောက်
စားအုန်းဆီရောထားတဲ့ ပဲဆီ - ဘယ်လောက်
ပဲဆီ - ဘယ်လောက်။
အင်း - အဲဒီလို ရောင်းရင်ရော စားသုံးသူတို့ ယုံကြပါ့မလား။
ဆီကုန်သည်မောင်ဇာနည် ဘာအရူးထတာလဲ ဆိုပြီး မေးငေါ့ကြမယ် ထင်တယ်း)
ဆီ ရောဖြစ် ရောင်းဖြစ်ရင် တခြား ဆီသည်တွေလို မိုးခါးရေသုံးဆောင်တာပဲ ကောင်းမယ် ထင်တယ်။






