Showing posts with label video. Show all posts
Showing posts with label video. Show all posts

Apr 11, 2014

နွေဦးကဗျာ


Hmung Hmung ရဲ့ သင်္ကြန်သီချင်းဖြစ်ပါတယ်။
ဂစ်တာတလက်နဲ့ အစွမ်းပြ သီဆိုထားတာပါ။

သင်္ကြန်ကာလ ဆိုတော့ သင်္ကြန်သီချင်း နားထောင်သင့်တယ် မဟုတ်လား)

သူ့ရဲ့ စာမျက်နှာ http://www.youtube.com/user/TheYouandme12/videos မှာ တခြား သီချင်းတွေလည်း ရှိပါသေးတယ်။

အချိန် နည်းနည်းပဲ ရတယ် ဆိုရင် သွားနားထောင် ကြည့်ရှုသင့်တာကတော့ မျက်နှာများတဲ့မောင်  http://www.youtube.com/watch?v=Tz1-U6_ejpM ဖြစ်ပါတယ်။

 

Apr 14, 2013

♩ ♪ ♫ # ♬ နဖူးပေါ်လက်တင် စဉ်းစားလိုက်ရင် ငါလေရင်မောတယ်... ♩ ♪ ♫♬


အခုလေးတင် နေပြည်တော်သင်္ကြန်မှာ သြရသ သီချင်း ၂ ပုဒ် ဆိုသွားတယ်။
တပုဒ်က
လမ်းမခွဲကြေး တဲ့။ သူရေးတဲ့သီချင်း သူဆိုသွားတာပါ။ ဒီသီချင်းက အေသင်ချိုဆွေရဲ့စီးရီးထဲက အထင်ကရသီချင်းတပုဒ်ပါ။
အေသင်ချိုဆွေရဲ့ ပွဲဦးထွက်စီးရီး ပေါက်တဲ့အိုးထဲက ဖြစ်ပါတယ်။
နားထောင်လိုသူများ၊ ကြည့်ရှုလိုသူများအတွက် သီချင်းစာသားနဲ့ ယူကျု ကူးပေးလိုက်ပါတယ်။

အပေါ်ဆုံးမှာ တွေ့ရတဲ့ ကြော်ငြာမှာ ပါတဲ့ သီချင်းဟောင်းများလည်း ကောင်းပါတယ်။
ကောင်းမှာပေါ့ .... အကောင်းတွေချည်း စုထားတာလေ။
ကဲ ... ဒီသီချင်းလေး ခံစားလိုက်ပါအုံး....


လမ်းမခွဲကြေး
ဆို - အေသင်ချိုဆွေ + သြရသ


V1. နဖူးပေါ်လက်တင် စဉ်းစားလိုက်ရင် ငါလေရင်မောတယ်... နူးညံ့တဲ့ မင်းနဲ့ ဝေးရင် ငါလေသေလိမ့်မယ်...
ဘာကြောင့်တို့နှစ်ယောက်ကို ဘာလို့ ခွဲကြတယ်... ငါသိလည်း ငါမပြောရက်ဘူး..
မင်းလေးလည်း ၀မ်းနည်းလိမ့်မယ်... ငါလေသိနားလည်.. မိဘနဲ့ ငါ့ရဲ့ကြားမှာ နင်လေစိတ်အားငယ်...
တစ်နေ့တော့ မိဘတွေ နားလည်လာလိမ့်မယ်... ငါ့အတွေးနဲ့ နင်ထပ်တူပဲ...

V2.နှလုံးသားလေးက ထိခိုက်ရုံနဲ့  ပွန်းပဲ့လွယ်တယ်... ဘယ်လိုအကြောင်းမျိုးနဲ့ မှ အဆုံးရှုံးမခံဘူး..
ရင်ခုန်လွန်းရသူမို့  ငါလေရူးသွပ်နေလို့ နောက်ဆုံးထွက်သက်ထိ ချစ်လို့ နေပါရစေ...


CHO:နီးလျက်နဲ့ဝေး... မဆုံနိုင်လို့ ဆွေး... တစ်ကယ်ဆိုချစ်ခဲ့ပြီးမှ လမ်းခွဲဖို့ ကိုလုံးဝမတွေးနဲ့...
အချစ်စစ်ရဲ့လမ်းကလေးဟာမဖြောင့်တန်းဘူး... ရှေးစကားလည်းရှိခဲ့တာပဲ...
ယုံကြည်ထား... ယုံကြည်လိုက်.... ငါတစ်ကယ်ရက်ရက်စက်စက်စကားကြမ်းလေးတွေလုံးဝ မပြောခဲ့...
အချစ်စစ်ရဲ့လမ်းကလေးဟာ ဆူးငြောင့်ခလုတ်လို့  ရှိနေလည်း နောက်မဆုတ်နိုင်ဘူး....

V1.နဖူးပေါ်လက်တင် စဉ်းစားလိုက်ရင် ငါလေရင်မောတယ်... နူးညံ့တဲ့ မင်းနဲ့ ဝေးရင် ငါလေသေလိမ့်မယ်...
ဘာကြောင့်တို့နှစ်ယောက်ကို ဘာလို့ ခွဲကြတယ်... ငါသိလည်း ငါမပြောရက်ဘူး..
မင်းလေးလည်း ၀မ်းနည်းလိမ့်မယ်... ငါလေသိနားလည်.. မိဘနဲ့ ငါ့ရဲ့ကြားမှာ နင်လေစိတ်အားငယ်...
တစ်နေ့တော့ မိဘတွေ နားလည်လာလိမ့်မယ်... ငါ့အတွေးနဲ့ နင်ထပ်တူပဲ...

V2.နှလုံးသားလေးက ထိခိုက်ရုံနဲ့  ပွန်းပဲ့လွယ်တယ်... ဘယ်လိုအကြောင်းမျိုးနဲ့ မှ အဆုံးရှုံးမခံဘူး..
ရင်ခုန်လွန်းရသူမို့  ငါလေရူးသွပ်နေလို့ နောက်ဆုံးထွက်သက်ထိ ချစ်လို့ နေပါရစေ...

CHO:နီးလျက်နဲ့ဝေး... မဆုံနိုင်လို့ ဆွေး... တစ်ကယ်ဆိုချစ်ခဲ့ပြီးမှ လမ်းခွဲဖို့ ကိုလုံးဝမတွေးနဲ့...
အချစ်စစ်ရဲ့လမ်းကလေးဟာမဖြောင့်တန်းဘူး... ရှေးစကားလည်းရှိခဲ့တာပဲ...
ယုံကြည်ထား... ယုံကြည်လိုက်.... ငါတစ်ကယ်ရက်ရက်စက်စက်စကားကြမ်းလေးတွေလုံးဝ မပြောခဲ့...
အချစ်စစ်ရဲ့လမ်းကလေးဟာ ဆူးငြောင့်ခလုတ်လို့  ရှိနေလည်း နောက်မဆုတ်နိုင်ဘူး....

V2.နှလုံးသားလေးက ထိခိုက်ရုံနဲ့  ပွန်းပဲ့လွယ်တယ်... ဘယ်လိုအကြောင်းမျိုးနဲ့ မှ အဆုံးရှုံးမခံဘူး..
ရင်ခုန်လွန်းရသူမို့  ငါလေရူးသွပ်နေလို့ နောက်ဆုံးထွက်သက်ထိ ချစ်လို့ နေပါရစေ...

Jan 14, 2012

ကြိုးတိုက်ထဲမှာ အနှစ် ၂၀ ကြာ

(အင်တာနက်မြန်တဲ့ဒေသမှာ ကြည့်ဖို့)


နာမည်ကျော်သီချင်းတပုဒ်မှာ ဒီလို ဆိုထားတယ် "လူဆိုတာ တယောက်စီ မနေနိုင်တဲ့ သတ္တ၀ါတွေပဲ" တဲ့။

လူတယောက်ကို သီးသန့်အခန်းထဲ နှစ်ပေါင်းများစွာ ပိတ်လှောင်ထားတာမျိုးကို မြန်မာပြည်မှာ မကြာခဏ ကြားရမှာပါ။

ဒီရုပ်သံမှာတော့ ကိုညီညီဦးက သူ့အတွေ့အကြုံတွေကို ပြောပြထားပါတယ်။
အနှစ် ၂၀ ကို ကုန်သွားအောင် သူ ဘယ်လို ကျော်ဖြတ်ခဲ့သလဲ၊ ဘာကြောင့် ဒီလို ဒဏ်ခတ်ခံရတာလဲ ...


ရုပ်သံမှာ အသေးစိတ် ပြောပြထားပါတယ်

Dec 26, 2010

ပျော်စရာ ခရစ်စမတ် ဖြစ်ပါစေ

ခရစ်စမတ်နေ့ ရန်ကုန်မြို့ စိန်မေရီ ကယ်သီဒြယ်(St. Mary's Cathedral) မှာ တွေ့ရတဲ့ သီလရှင်တပါး (အေပီသတင်းဌာနဓာတ်ပုံ)

ခရစ်စမတ်နေ့နဲ့ ပတ်သက်ပြီး FaceBook မှာ ရေးသား ပြောဆိုထားတာတွေထဲက သီချင်းတပုဒ်က စိတ်ဝင်စားစရာကောင်းလို့ ဝေမျှပါရစေ။ သီဆို တီးခတ်ဖို့ လိုတဲ့ တူရိယာတွေအတွက် iPad and iPhone တွေကို သုံးထားလို့ပါပဲ။ ကမ္ဘာကျော်သီချင်း Feliz Navidad ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံ ဂျော်ဂျီယာပြည်နယ် ဘုရားကျောင်းတခု ဖြစ်တဲ့ North Point Community Church က ဒီလဆန်းပိုင်းမှာ တင်ဆက်ထားတာ နားဆင်ကြည့်ရှုပါအုံး။

ဒီသီချင်းကို "---အချစ်များ နှလုံးသားမှာ၊ အားလုံးပဲ ကိုယ့်ရဲ့ အချစ်တွေ မင်းအတွက်ပါ---" ဆိုပြီး မြန်မာမှု ပြုထားတာ ရှိပါတယ်။
Jingle Bells သီချင်းဆိုရင် "ကိုကိုရေ အချစ်ဆုံးကိုကိုရေ" ဖြစ်သွားပါတယ်။
ခရစ်စမတ်သီချင်းတွေကို မြန်မာပြည်မှာ ကော်ပီလုပ် ရေးသား သီဆိုတဲ့အခါ ခပ်ပေါ့ပေါ့ စကားလုံးတွေ ထည့်ထားတဲ့ အချစ်သီချင်းတွေ ဖြစ်နေလို့ မူရင်း ဖန်တီးသူများကို အားနာစရာပါပဲ။

ကမ္ဘာ့ဂန္တဝင်ခရစ်စမတ်သီချင်းဖြစ်နေတဲ့ Feliz Navidad ပေါ်ထွက်လာတာ အနှစ် ၄၀ ပြည့်ပါပြီ။

သီချင်း ရေးဖွဲ့သူ မျက်မမြင် အဆိုတော် José Feliciano
သူက အမေရိကန်ပိုင် Puerto Rico ကျွန်း ဇာတိ၊ အခု အသက် ၆၅ နှစ် ရှိပါပြီ။


သီချင်းကို စပိန်၊ အင်္ဂလိပ် ၂ ဘာသာနဲ့ ခပ်တိုတို ရေးထားပေမယ့် လူကြိုက်များလွန်းလှပါတယ်။

Feliz Navidad
Feliz Navidad
Feliz Navidad
Prospero Ano y Felicidad.

I wanna wish you a Merry Christmas
I wanna wish you a Merry Christmas
I wanna wish you a Merry Christmas
From the bottom of my heart.

Nov 28, 2010

a very, very nice MTV

အရိုးရဲ့ လူလည် အာရှသား စီးရီးထဲက နေသာ လေလာတဲ့နေ့ သီချင်း။
အဲဒီ စီးရီးထဲက တခြား သီချင်းတွေလိုပဲ အရမ်း ကောင်းတယ်။
ကိုလူထွေး ဆိုတဲ့ ဘလော်ဂါက အဲဒီသီချင်းကို ရုပ်မြင်သံကြား သရုပ်ဖော်ထားတာ ကြည့်ပြီးသွားကြပြီလား။
http://koluuhtwe.blogspot.com/2010/02/blog-post_14.html မှာ တွေ့တာနဲ့ ကော်ပီ ကူးလိုက်တယ်။
သီချင်းစာသားတွေရောပေါ့။

သူ့ရဲ့ ယူကျုမှာတော့ http://www.youtube.com/user/Koluuhtwe
တခြား သီချင်းတွေပါ သရုပ်ဖော်ထားတာ တွေ့ရမယ်။
လောလောဆယ် ဒီသီချင်းကို ခံစားကြည့်ပါအုံး။

တရုတ်မလေးကို ကြိုက်တဲ့ အကြောင်း ရေးထားတာမို့ စာသားတွေမှာ တရုတ်ရနံ့တွေ အပြည့် ထည့်ထားတယ်၊ နောက်ခံတီးလုံးမှာတောင် တရုတ်ဂီတသံ ပါလိုက်သေး။





One.. two.. three.. ကိုယ်ချစ်သွားပြီ
ရေလည်အောင်ကိုယ် ရှင်းရှင်းပြောမည်
ဝေါ့်..အိုင်း..နီ

One.. two.. three.. ရည်ရွယ်လိုက်သည်
အိုအောင်မင်းအောင် ပေါင်းသင်းပါ့မယ်
ရှေ့ရှောက်ခရီး…

… … …

ဟိုတုန်းကမေးတဲ့ လမ်းဘေးလက္ခဏာ အဟောထဲမှာ
ပြည်ကြီးကရည်းစား အကျိုးပေးကောင်းမယ် ပြောခဲ့တာ
စိတ်ကူးနဲ့ မြူးခဲ့ ရူးခဲ့ရတဲ့ နှစ်လကြာ
သူလေးနဲ့ကျမှ တည့်တည့်ကြီးကို တိုးခဲ့တာ…

ငါချိုင်းနိစ် xx အလိုက်သိတဲ့ ကိုယ့် အသည်းလေးဟာ
နှာခေါင်းရင်းလေးတော့ နည်းနည်းပြားမယ်.. ခွင့်လွှတ်ပါ
သူ့ ပါးမို့မို့ ထက် သွေးကြောလေးတွေ စိမ်းလဲ့ဖြာ
အသားလေးကတော့ ဖွေးဖွေးဥကာ နုနုရွ

One.. two.. three.. ကိုယ်ချစ်သွားပြီ
ရေလည်အောင်ကိုယ် ရှင်းရှင်းပြောမည်
ဝေါ့်..အိုင်း..နီ

One.. two.. three.. ရည်ရွယ်လိုက်သည်
ကွမ်ရင်မယ်တော်ကြီးမပါ
ရှေ့လျှောက်ခရီး

… … …

သူလေးကခိုင်းသမျှ လိုက်လုပ်ရတဲ့ နွားနှစ်ပါ
သူလေးကြောင့် ရိုက်ကြ ကိုက်ကြရတာ ခွေးနှစ်မှာ
ဆိတ်နှစ် မြင်းနှစ် မျောက်နှစ်ပေါင်းစုံ ကူးတိုင်းမှာ
မိုးနတ်မင်းကြီး အမြဲတမ်းမအောင် ဆုတောင်းတာ

စွန်ဆူးကျမ်းထဲက သိမ်းပိုက်နည်းတွေ ကြိုးစားရှာ
ကွန်ဖြူးရှပ် ကြီးရဲ့ စကားလုံးနဲ့ ကိုယ့် ရည်းစားစာ
ဘုံကျောင်းကြီးထဲလည်း ပြေးပြေးပြီး စာ ချကြည့်ရ
ရေနွေးကျမ်းလေးတခွက် ကောင်းကောင်းတိုက်ရင် မမောဘူးဗျ

One.. two.. three ကိုယ်ချစ်သွားပြီ
ရေလည်အောင် ကိုယ် ရှင်းရှင်းပြောမည်
ဝေါ့်..အိုင်း..နီ

One.. two.. three ရည်ရွယ်လိုက်သည်
ကွမ်ရင်မယ်တော်ကြီးမပါ ရှေ့လျှောက်ခရီး

… … …

ရွှေယောက်ဖနှစ်ယောက်က အတွင်းအားသုံးကာ ဓားစွမ်းပြ
everybody လက်ခုတ်တီးပါ ကျနော့ဘက်က
သူ အန်းကုန်းကြီးက ပြုံးစိစိနဲ့ ခေါင်းညိမ့်ပြ
ကျနော်မျိုးကြီးကတော့ ငြိမ်းချမ်းရေးကို ရှေးရှုတာ…

အားလုံး အားလုံး ချိုင်းနားတောင်းကို လိုက်ခဲ့ပါ
အားရပါးရ သောက်ကြစမ်းပါ ပြီးတော့မှ…
အမ်ပေါင်းအိတ်လေးနဲ့ ငြိမ်းချမ်းရေး ထည့် ပေးတဲ့အခါ
မစ်ချိုင်းနီးစ်လေးရဲ့ အိမ်မက်ထဲကို ဟီးရိုးဗျ

One.. two.. three.. အဆင်ပြေသွားပြီ
နေသာ လေလာတဲ့ တနေ့မှာ လက်ထပ်မည်
One.. two.. three ရည်ရွယ်လိုက်သည်
အိုအောင်မင်းအောင် ပေါင်းသင်းပါ့မည် ရှေ့လျှောက်ခရီး…

One.. two.. three ကိုယ်ချစ်သွားပြီ
ရေလည်အောင် ကိုယ် ရှင်းရှင်းပြောမည်
ဝေါ့်..အိုင်း..နီ…

One.. two.. three ရည်ရွယ်လိုက်သည်
ကွမ်ရင်မယ်တော်ကြီးမပါ ရှေ့လျှောက်ခရီး

One.. two.. three ကိုယ်ချစ်သွားပြီ
ရေလည်အောင် ကိုယ် ရှင်းရှင်းပြောမည်
ဝေါ့်..အိုင်း..နီ…

Sep 28, 2010

Waihnin Pwint Thon Speaks for Burma and Political Prisoners at the UK Labour Party Conference

ဝေနှင်းပွင့်သုန်ရဲ့ လေဘာပါတီ အစည်းအဝေး မိန့်ခွန်း


မျက်ရည် ကျမိပါရဲ့