Nov 17, 2010

my post in irrawaddy blog and funny comments, ha ha ha




အရပ်သားတွေ သောင်းနဲ့ချီ အိုးပစ်အိမ်ပစ် ထွက်ပြေးရလောက်အောင် ဖြစ်ခဲ့တဲ့ အပစ်အခတ်တွေဟာ KNU လက်ချက် ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးတို့က သတင်းစာကနေ အတည်ပေါက် ပြောလိုက်ပါတယ်။

၈၈ ဆိုတဲ့ ဂဏန်းနဲ့ အစပြုတဲ့ နာမည်ကြီး ပါတီတခု တနေရာမှ မနိုင်အောင် လုပ်လိုက်တာလည်း KNU လက်ချက် ဖြစ်ကြောင်း မနက်ဖြန် ကြားရမယ် ထင်တယ်။

ဂျပန် စာနယ်ဇင်းသမား မြ၀တီသွားအောင် အခါတော်ပေးတာလည်း ကရင် လက်နက်ကိုင် အဖွဲ့ KNU ပဲ ဖြစ်ရမယ်။ မြ၀တီမြို့ဆိုတာ ကရင်ပြည်နယ်ထဲမှာ ရှိတယ်လေ။

ကျနော် မနေ့က ၁၅ မိနစ်ကြာအောင် ခေါင်းကိုက်တာလည်း KNU လက်ချက် ဖြစ်နိုင်တယ်။ ကရင်ပြည်နယ်ဘေးမှာ ၄ နှစ်လောက် နေခဲ့ဖူးတယ် ဆိုတော့ ဖြစ်နိုင်တာပေါ့။

ဟိုနေ့က ဒါရိုက်တာ တင်သန်းဦး ကွယ်လွန်သွားပြီလို့ ဆိုတယ်။ အဲဒါလည်း KNU လက်ချက် ဖြစ်ဖို့ များတယ်။ ဒီငနဲ မသေခင်က သုမွဲထသစ္စာ၊ သုမွဲထဂရုဏာတို့ ဘာတို့ ဆိုပြီး ရိုက်သွားတော့ KNU က သမ လိုက်တာ ဖြစ်မယ်။ အဲဒီရုပ်ရှင်ဇာတ်ကား ဖားအံမှာ သွားရိုက်တုန်းက KNU ကွန်မန်ဒိုတွေ သူ့ကို ခြုံခို တိုက်တာ ထိသွားတယ် လို့ ချင်းမိုင် ရုက္ခစိုးကြီးက ပြောတယ်။ အဲဒီတုန်းက ထိသွားတဲ့ အဆိပ်အပ်က အခုမှ အစွမ်းပြတာ ဖြစ်မယ်။

(ဘီရုမာရဲ့ ကာတွန်းကို ဖျက်လိုက်မိတယ်။

27 comments: ထဲက ရယ်စရာ ကော်မန့် တွေကို ကူးလာခဲ့ပါတယ်။

သန်းရွှေသမီး ဗိုက်ကြီးတာလဲ KNU လက်ချက်ပဲ..။ ရွေးကောက်ပွဲမှာ မဲခိုးရတာလည်း KNU လက်ချက်ပဲ။ နေပြည်တော်ဆောက်ရတာလည်း KNU လက်ချက်ပဲ။ သန်းရွှေမိန်းမ မော်ဒယ်ဘွိုင်းတွေကို ခိုးစားနေရတာလည်း KNU လက်ချက်ပဲ။

အင်တာနက်တွေပျက်တာလည်းKNUကြောင့်ဖြစ်ရမယ်။:)

အောင်သိန်းလင်း အိမ်ကို ချီးထုပ်နဲ့ ပေါက်တာလဲ KNU ဗျ။


Irrawaddy ကို hack တာလည်း KNU ပဲဖြစ်မှာ... ဟီးဟီး

နန်းဆုရတီစိုးပျောက်တာလည်းKNUလက်ချက်ဘဲဖြစ်ရမယ်။
ပျဉ်းမနားမြို.လယ်ကဖာရုံတစ်ခုမှာစစ်ဗိုလ်တွေနဲ.ရပ်ကွက်ကကောင်လေးတွေမိန်းခလေးအသစ်ရောက်လာတော့လုကြရင်ရိုက်ကြ
တာKNUလက်ချက်ဘဲ။ကချင်ပြည်နယ်ကလယ်မြေတွေကိုဌေးမြင့်
ဆိုတဲ့နွားသိမ်းတာKNUလက်ချက်ဘဲ။မင်္ဂလာဒုံတပ်နယ်မှာကြက် ဈေးပေါလာတာကျနော်သိတယ်KNUလက်ချက်ဘဲ။

အေး...ကုန်ဈေးနှုန်းတက်တာလဲစစ်တပ်လုပ်တာ...ဟိုဟာဖြစ်တာလဲ
စစ်တပ်ဆိုပြီးခင်ဗျားတို့အော်နေကြတာကရော..တော်တော်တရားတဲ့လူတွေပဲ
ခင်ဗျားတို့ ထမင်းစားတာရောဟုတ်ရဲ့လားဗျ....

ဟေ့ အရူး..... အဲဒီ ကုန်ဈေးနှုန်းတို့.... စီးပွားရေးတို့ဆိုတာရော.... မင်းအဖေတွေထိန်းချုပ်ထားတာ မဟုတ်လား??? အဲဒီတော့မင်းအဖေကို လက်ညိုးမထိုးလို့ KNU ကိုလက်ညိုးထိုးရမှာလား?? မင်းခေါင်းထဲမှာ ဦးနှောက်ရှိရင် စဉ်းစားပေါ့...

ကုန်ဈေးနှုန်းတက်တာလည်း KNU လက်ချက်ပဲ၊ င်္FEC ဈေးကွက်မ၀င်တာလဲ KNU လက်ချက်ပဲ...ခစ်..ခစ်...ကျေနပ်ပလား။ နောက်ဘာတွေ ၀န်ခံပေးရဦးမလဲ...ခစ်..ခစ်..။ သြော်...ပိုက်ဆံအစုတ်တွေကို ပလတ်စတစ်အိပ်နဲ့ထည့်သုံးရတာလဲ KNU လက်ချက်ပဲ...ခစ်..ခစ်

လောလောဆယ် ရခိုင်ူပည်နယ်မှာတိုက်သွားတဲ့ ဂီရိ မုန်တိုင်းကလဲ KNU လက်ချက်ပဲဖြစ်ရမယ်။ :):):)

ဟီးဟီး။
KNU ; KNLA တော်မှန်း ခုမှ သိရသဗျာ။ ကျေးဇူးပါ။
တိုင်းပြည်သယံဇာတ တွေ ရောင်းစားပီး အိပ်ကပ်ထဲ ထည့် နေတာလဲ ကေအင်န်ယူ လားဘဲ။
တေဇ စသော ခေတ်ပျက်သူဌေး ကြီးတွေ ပေါ်လာတာလဲ ကေအင်န်ယူ လုပ်တာဘဲလား။
အခွန်ထမ်းပြည်သူတွေ ဂုတ်ပေါ်ခွစီးထားတဲ့ ဦးပိုင်၊ MEC တွေ ကလဲ ကေအန်ယူ တွေလားဗျာ။
ဟီးဟီး။

ကျွန်တော် အီအီး ပါတာ သန်ကောင်တစ်ကောင် ကျတယ်..အဲ့တာ KNU ကြောင့်ပဲလား ....ဟားဟားဟား....

မိုက်ရိုင်းလိုက်တဲ့ ကေအင်ယူ၊ ပြည်သူတွေဒုက္ခဖြစ်အောင်လုပ်တယ်။ မီးပျက်တာလဲ ကေအင်ယူ၊ အောင်သိန်းလင်းချမ်းသာနေတာလဲ ကေအင်ယူ၊ သန်းရွှေသမီးတွေ သောင်းကျန်းနေတာလည်း ကေအင်ယူပဲ။ ကြိုင်ကြိုင်ကြီး အငယ်လေးတွေနဲ့ ခေါ်တွဲနေတာလည်း ကေအင်ယူပဲ။ ဗမာပြည်အခုလိုဖြစ် နေတာလဲ ကေအင်ယူပဲ၊ စားစရာမရှိအောင်လုပ်တာလဲကေအင်ယူ၊ နာဂစ်နဲ့ ဂီရိလဲ ကေအင်ယူပဲ။ ကြံဖွတ် ရွေးကောက်ပွဲမှာနိုင်တာလဲ ကေအင်ယူပဲ။ အပြစ်မရှိတဲ့လူတွေ ထောင်ထဲရောက်တာလဲ ကေအင်ယူ၊ မိုက်ရိုင်းလိုက်တာ ကေအင်ယူရယ်၊ ဒါပေမယ့် ဗိုလ်သန်းရွှေကလည်း အရှက်မှမရှိပဲကိုး.....

မြန်မာပြည်က လူတွေ ABCD တောင် မသိကြတော့ဘူးနော် ..DKBA ကို KNU လို့ မှားအသံလွင့်တဲ့အထိ စာမတတ်အောင် ရိုက်ချိုးထားတာလဲ.........KNU လုပ်ထားတာပဲဖြစ်မယ်

ငါ့သမီး ဂျီကျနေတာ --ဟင်းးဟင်းဟင်း KNU

နိုင်ငံခြားသားတွေက မေးတယ်..ဘယ်သူမဲနိုင်သွားတာလဲတဲ့...????
သိရင်ဖြေကြားပေးပါ....

မဲနိုင်တာလဲ KNU ပဲ ဟီးဟီး
Please stop non-sense. Wars, armed conflict might be entertaining for watchers. But in real life, they are not movie. People are running for life. Please have some human heart.

Good comments! might be KNUss

အော် . . မနေ့က အိမ်မက်မကောင်းတာ အခုမှဘဲ အဖြေတွေ့တော့တယ် .. KNU ကြောင့်ကိုး . . တော်တော်ဆိုးတဲ့ KNU အိမ်မက်ထဲအထိ . .

Nov 15, 2010

The SPDC - Than Shwe (Burmese political song)

ပေါတာကြီးကို ဂုဏ်ပြုတဲ့ သီချင်း
ယူကျုမှာ ရှိ

Nov 10, 2010

ဆရာတွေ စာတတ်ဖို့  လိုတယ်း)



တနင်္လာနေ့ထုတ် အသံ ဂျာနယ်မှာ ပါတဲ့ ဟာသ။
နိုင်ငံရေးသမားတွေကို နှိပ်ကွပ်ထားတာ။
ပြောင်လှောင်ရတဲ့ ရည်ရွယ်ချက်ကတော့ အမျိုးမျိုး ရှိနိုင်တယ်။

ပြောင်ချင်စရာပါပဲ။
တော်တော်များများက စာမတတ်ကြဘူး။
အထူးသဖြင့် သတင်းထောက်နဲ့ စကားပြောတဲ့အခါပေါ့။

သတင်းသမားက သူရေးမယ့် သတင်းအတွက် ဒီဆရာတယောက်ယောက်ကို ဗျူးပြီဆိုရင် အရှည်ကြီး ပြန်ဖြေတာမျိုးနဲ့ ကြုံရတာ မကြာခဏပါ။

ဒီဆရာတွေ မသိတဲ့ အချက်က သတင်းသမားမှာ စာလုံးရေ အကန့်အသတ် ရှိတယ် ဆိုတာပဲ။ ရုပ်သံ - ရေဒီယို ဆိုရင် အကန့်အသတ် ပိုများတယ်၊ သတင်းတပုဒ်ကို လွှင့်ချိန် ၁ မိနစ် ၀န်းကျင်။

အဲဒီလို အကန့်အသတ် ရှိတာ ဒီဆရာတွေ မသိဘူး)

သတင်း တက်လာလို့ ဖတ်-ကြည့်-နားထောင် တဲ့အခါ ဒီဆရာတွေက မကျေနပ် -"ငါပြောတာတွေ အကုန်လုံးကို ဒီငနဲ (သို့မဟုတ် ဒီငနဲမ) ဘာကြောင့် မထည့်ရတာလဲ" ပေါ့လေ။

အဖြေကတော့ - "အယ်ဒီတာတွေ ဖြုတ်လိုက်တယ်"

ယုံချင်ယုံ၊ မယုံချင်နေ အဲဒီလို ဖြေလိုက်တာ ပိုကောင်းမယ်။
ဒီဆရာတွေ ပြောသမျှ (သို့မဟုတ် အတော်များများ) ကို သတင်းထဲ ထည့်ရင် အယ်ဒီတာက ဆဲမယ် ဆိုတော့ ဘယ်သတင်းသမားမှ ထည့်ကြမယ် မဟုတ်။

ဒီပို့စ်ကို တင်တုန်းကတော့ အပေါ်က ဟာသလေးပဲ တင်မလို့ပါ။
အခုတော့ ကျနော်လည်း အဲဒီ ဟာသထဲက နိုင်ငံရေးသမားနဲ့ တူလာပြီး)

လေကြော ဆက်ရှည်ရရင် -

နိုင်ငံရေးသမားတွေ သတင်းထောက်မေးခွန်းကို လိုတိုရှင်း တုန့်ပြန်ဖို့ အရေးကြီးတယ်။

၁။ ဒါဟာ - နိုင်ငံရေးသမားတယောက်ရဲ့ အရည်အချင်းကောင်းဖြစ်တယ်။ (ဟုတ်မယ် ထင်တယ်၊ ဟုတ်မှာပါး)
၂။ သတင်းသမားက သတင်း ရေးသား ပြင်ဆင် ဖြတ်ညှပ်ကပ် တည်းဖြတ် ရတာ အဆင်ပြေတော့ အဲဒီနိုင်ငံရေးသမားကို အထင်ကြီးမယ်။ ဒီလူ (သို့မဟုတ် ဒီလူမ) နဲ့ပဲ ဗျူးချင်တယ် ဆိုတဲ့ စိတ် ၀င်လာတယ်။ သူ့ကို ဗျူးရတာ ငါ့သတင်းအတွက် အဆင်ပြေတယ်ပေါ့ဗျာ။

လေကြောရှည်သူနဲ့ဗျူးရရင်တော့ သေပြီဆရာပဲ။ အသံဖမ်းထားတာကို ပြန်ရစ်ပြီး နားထောင်ရင်း ကျိန်ဆဲပေတော့။ အဲဒီအချိန်မှာ အယ်ဒီတာမင်းများက ဆူပြီပူပြီအော်ပြီ ဆိုရင် အသံဖမ်းစက်ကိုပဲ ပေါက်ခွဲလိုက်ချင်စိတ်၊ လေကြောရှည်သူကိုပဲ လည်ပင်းသွားညစ်ချင်စိတ် ပေါ်လာနိုင်တယ်။

ကျနော်က သတင်း မလိုက်ဖြစ် မဗျူးဖြစ်သလောက်ပဲ ဆိုတော့ ဒီပြဿနာ မကြုံရဘူး။

မနှစ်က ရေးဖြစ်တဲ့ထဲက တပုဒ်အတွက် သခင်ချန်ထွန်းကို ဗျူးတယ်။ မရေးမဖြစ် ခပ်ရိုးရိုး နိုင်ငံရေးသတင်းတပုဒ်ပါပဲ။ ဥပမာ - ရာဇလီ လာတယ်၊ ရာဇလီ ပြန်တယ် ဆိုတာမျိုးပေါ့။
ဖုန်းလိုင်းက မကောင်းဘူး။ ကျနော် နှုတ်ဆက်ချိန်က ၁၀ စက္ကန့်၊ မေးခွန်းကလည်း ၁၀ စက္ကန့်ဝန်းကျင်ပဲ ကြာမယ်။ သခင်ချန်ထွန်း အဖြေကလည်း စက္ကန့် ၂၀ ထက် မပိုဘူး။ အဘ သခင်ချန်ထွန်းက သတင်းသမားဉာဉ်ရှိတယ် လို့ ပြောရမလား။ လိုတိုရှင်း ပြောတတ်သူလို့  ဆိုရမလား။ သတင်းသမားတွေ ရေးသား တည်းဖြတ်ရလွယ်အောင် ပြောနိုင်တယ် ဆိုရမလားပဲ။

နိုင်ငံရေးသမားတွေ၊ လေ့လာအကဲခတ်သူတွေ၊ ပညာရှင်တွေကလည်း သတင်းတွေ နားစွင့်နေတာ။ ဒါဟာ သူတို့အလုပ်လည်း ဖြစ်တယ်၊ ဒါမှ သုံးသပ်ချက် ထင်မြင်ချက် ပေးနိုင်မယ်။ တခုခုဖြစ်ပြီ ဆိုတာနဲ့ သူတို့က ဘယ်လို ပြောလိုက်မယ်၊ တုန့်ပြန်လိုက်မယ် ဆိုတာမျိုး ဖြစ်နေတတ် အဆင်သင့် ရှိနေတတ်တယ်။

ဒီဆရာတွေ စာတတ်ဖို့ လိုတယ်။ ဒါမှ သတင်းထောက်တွေ အသက်ရှူ ချောင်မယ်း)


Nov 7, 2010

cats and dogs part 1

ဒီနေ့ ရွေးကောက်ပွဲနေ့။ ဘာကို ရွေးကောက်ရရင် ကောင်းမလဲ။
အင်တာနက်မှာ ရှာတော့ ရွေးကောက်စရာတွေက သိပ်များတာပဲ။
စိတ်ထဲကနေ နံရိုး နံကြားထောက်ပြီး ခွေးနဲ့ကြောင်ပုံကို ရွေးကောက်လိုက်တယ်။

ခွေးကြီးတကောင်နား သွားရပ်မိတဲ့ ကြောင် တကောင် ဘာဖြစ်သွားသလဲ။ အင်း ဘာမှ မဖြစ်ပါဘူး) ခွေးက သဘောကောင်းလို့လား ခွေးစိတ်ပျောက်နေလို့လား မသိဘူး
MSN ၀က်ဆိုက်က ရပါတယ်။ကြောင်က ခွေးအရိပ် ခိုသဗျ။ ပြီးတော့ ဘာလုပ်သလဲ။ အရိပ်ကောင်းတော့ အနားယူပြီပေါ့။း)

ကျနော့်ခွေးတွေနဲ့များ ကွာပါ့။ ကျနော့်ခွေးတွေအကြောင်း cats and dogs part 2 ဆိုပြီး တရက်ရက်တော့ ရေးရအုံးမယ်။
မူရင်းပုံမှာတော့ ဟောဒီလို စာညွှန်း ပါတယ်။
အမေကြီးကား Ohio ပြည်နယ်က ခွေးနဲ့ကြောင် တဲ့။

In this three picture combo, played out on the front walk of an Amish family in Middlefield, Ohio, a black cat approaches a resting dog, and then makes herself quite comfortable with her newfound friend. Family members said that the dog belonged to a neighbor, and the feline was one of their many barn cats.

ကဲ - ခင်ဗျားကရော ခင်ဗျားဘလော့အတွက် ဘာတွေ ရွေးကောက်မလဲ?

Nov 4, 2010

country style

ဒီမိုကရက်တစ်ပါတီရဲ့ ကြို့ပင်ကောက် မဲဆွယ် ဟောပြောပွဲ ဖြစ်ပါတယ်။ (Nov 3 - AP photo)
ကော်ဇော၊ အိပ်ယာခင်း တို့ကို စားပွဲမှာ ခင်းထားတယ်။ အသစ်တွေဖြစ်မှာပါ။ အမြင်ဆန်းတာပေါ့။ နောက်ခံအတွက် အနည်းဆုံး စောင် ၂ ထည်၊ လိုက်ကာ ၁ ခုကို သုံးထားတယ်။
ဒါလည်း အမြင် ဆန်းတာပါပဲ။
ဆံပင်ဖြူ အမျိုးသမီး ၂ ဦးလည်း ပရိသတ်ထဲ ရောက်နေတယ်။
အားနည်းချက် တခုလို့  ပြောရမလား - ပရိသတ်ထဲ လူကြီးတွေ ရောက်နေပေမယ့် လူငယ်တွေ ခုံအမြင့်နဲ့ ဖြစ်နေတယ်။ ကြမ်းတပြေးတည်း ထိုင်ဖို့ စီစဉ်ထားရင် ပိုကောင်းမယ်။ နယ်ခံတွေ စီစဉ်တာ ဖြစ်ဖို့ များတယ်။

နယ်က သာရေးနာရေးတွေမှာ အဲဒီလိုပဲ၊ စောင်တွေ အိပ်ယာခင်းတွေနဲ့ မဏ္ဍပ်ကို အလှဆင်ကြတယ်။ ဘုန်းကြီးကျောင်းက ငှားတာ ရှိသလို ရပ်ရွာ လူမှုရေး အဖွဲ့တွေဆီကလည်း ငှားကြတယ်။

ဒီပုံကို မြင်ရတာ ကျေးလက်ကို သတိရစရာပဲ။

Oct 28, 2010

i don't know!

စလုံး နိုင်ငံခြားရေး ၀န်ကြီး George Yeo နဲ့ အပြုံးချင်း ဖလှယ်နေတာကတော့ ကြံ့ဖွံ့ ၀န်ကြီး ဦးဉာဏ်ဝင်း ဖြစ်ပါတယ်။ ဗီယက်နမ် အာဆီယံပွဲမှာ မနေ့က ရိုက်ထားတဲ့ AFP သတင်းဌာနရဲ့ ပုံပါ။
ဘယ့်နှယ်လဲ ချစ်စရာ မကောင်းဘူးလား။
အင်းပါ၊ ဟုတ်ပါတယ်၊ နောက်က အမျိုးသမီးကို ပြောတာပါး)

နိုင်ငံတကာ ဆွေးနွေးပွဲ တက်ပြီ ဆိုတော့ ၀န်ကြီးခမျာ မေးခွန်းတွေနဲ့ ရင်ဆိုင်ရတ
ာပေါ့။
ဒေါ်အောင်ဆန်းစုကြည်ကို ရှေ့လထဲ တကယ်လွှတ်ပေးမှာလား ဆိုတဲ့ မေးခွန်းကို ဦးဉာဏ်ဝင်းက သူ ရေစစ္စရီ လုပ်ထားတဲ့ စကားလုံး သုံးပြီး ပြန်ဖြေတယ်လို့ ဆိုပါတယ်။
ဝန်ကြီး သုံးလိုက်တဲ့ စကားလုံးကတော့ I don't know ဖြစ်ပါတယ် တဲ့။ သွပ် - သွပ် - သွပ်
------------------------------------------------

အောက်ကပုံကတော့ AP က ရိုက်လိုက်တဲ့ ပုံပါ။ မနေ့က ရန်ကုန်မြို့ သတင်းစာရှင်းလင်းပွဲမှာ ဆိုပဲ။ ဟုတ်ပါတယ် ဒီပုံထဲကလူဟာ သွားလေသူ မြို့တော်ဝန် ဦးအောင်သိန်းလင်း ဖြစ်ပါတယ်။ ဘောင်းဘီဝတ် ဗိုလ်မှူးချုပ် ဘ၀ကနေ ကြံဖွံ့အမတ်လောင်း ဦးအောင်သိန်းလင်း ဖြစ်သွားလေသူ ကို ဆိုလိုတာပါ။ သွားလေသူ ဆိုတဲ့ စကားလုံးကြောင့် ၀မ်းနည်းဝမ်းသာ မဖြစ်ကြပါနဲ့အုံး)

သူ့အကြည့်က ၀ါးမယ် စားမယ် ဆိုတဲ့ အကြည့်မျိုး ထင်တယ်။
ဝါးမယ် စားမယ် ဆိုတာ အခွင့်အရေးမှန်သမျှ လက်ကုန်နှိုက်တာကို ပြောတာ မဟုတ်ပါဘူး၊ မေးခွန်းထုတ်တဲ့ သတင်းထောက်ကို အမှုန့်ကြိတ်ပစ်မယ်၊ ကြိတ်လို့ မရရင် ၀ါးစားပစ်မယ် ဆိုတဲ့ အကြည့်နဲ့ တူတယ်လို့ ပြောတာပါ။

ရယ်စရာ ကောင်းတာက ဒီဆရာကို သတင်းစာရှင်းလင်းပွဲမှာ မေးခွန်းတွေ ဖြေဖို့ တာဝန်ပေးတဲ့ကိစ္စပဲ။ အမြှော်အမြင် ကြီးပါပေ့ ချိုကုပ်ဒူးကြီးရယ်။ ဦးအောင်သိန်းလင်းက နိုင်ငံရေးသမား လုပ်လို့ မရသေးဘူး ဆိုတာ အခုလောက်ဆို ချိုကုပ်ဒူးကြီးဆီ အစီရင်ခံစာတွေ တက်လောက်ပြီ ထင်ပါရဲ့။

မလိမ်တတ်ဘူး ဆိုပဲ ဒီဆရာက။

ကြံ့ဖွံ့ ဆိုင်းဘုတ်ထောင်ပြီး လမ်းခင်းတာက နိုင်ငံပိုင်ငွေနဲ့  ခင်းသလား၊ ကြံ့ဖွံ့ငွေနဲ့ ခင်းသလား ဆိုတဲ့ မေးခွန်းကို "မဖြေနိုင်ဘူး"လို့ မစ္စတာအောင်သိန်းလင်းက ပြောလိုက်တယ်လို့ ဘီဘီစီသတင်းမှာ နားထောင်လိုက်ရပါတယ်။ ဒီလိုဖြေမယ်ဆိုရင်လည်း အစကအတည်းက ရှင်းလင်းပွဲ မလုပ်နဲ့ပေါ့၊ မဟုတ်ဘူးလား။

ဘာကြောင့် ကြံ့ဖွံ့ကလမ်းခင်းတယ်ဆိုပြီး ကျောက်တိုင်တွေ ဆိုင်းဘုတ်တွေ စိုက်ရသလဲ လို့ ထပ်မေးတော့ အဲဒီလမ်းကို သွားမေးဖို့ မြို့တော်ဝန်က ပြန်ဖြေပါသတဲ့။

မြို့တော်ဝန်ရဲ့ဖြေနည်းတွေက မော်ဒန်ပါပဲ လို့ ဖေးဖေးမမ ပြောရမလား၊ ပေါကြောင်ကြောင်လို့ ပွင့်ပွင့်လင်းလင်း ပြောရမလား မသိတော့ပါဘူး။

ဒီ ဓာတ်ပုံ ၂ ပုံအကြောင်း လက်ဆော့ထားတဲ့ ဒီစာကို ရယ်စရာအဖြစ် သတ်မှတ်ပြီး fun ဆိုတဲ့ Labels တပ်မှာပါ။ ဒီစာက မရယ်ရဘူး ဆိုရင်တော့ အောက်က အပြောင်းအလဲတွေ လုပ်တဲ့ ဗိုလ် သန်းရွှေ အတွက် ကြောင်ရုပ်လေးပေးတဲ့ အကြံ ကို နားထောင်လိုက်ပါ။ အမှန်တကယ် ရယ်ရမှာဖြစ်ကြောင်း အာမခံပါတယ်း) :D

နားထောင်ပြီးပြီ ဆိုရင်လည်း ထပ်နားထောင်ဖို့ တိုက်တွန်းပါတယ်။ သေချာပေါက် ထပ်ပြီး ရယ်ရပါစေ့မယ်း)
--------------------------------------------------

Oct 27, 2010

ladies

ဒီကလေးမ LA က ဖြစ်မယ် ထင်တယ်။ ချစ်စရာ။
LA အခြေစိုက် ဆရာများရဲ့ ၀က်ဆိုက်ကနေ ကော်ပီကူးထားတာမို့ အဲဒီလို ထင်တာပါ။ LA သွားတုန်းက မတွေ့ခဲ့ပါဘူး။
ကလေးမရဲ့ တခြားပုံတွေလည်း ရှိပါ့။ ရေကူးဝတ်စုံ ဘီကီနီနဲ့မို့ အဲဒီပုံတွေက ဒီမှာ တင်ထားလို့ မကောင်းဘူး။ (ပုံကြီးချဲ့ပြီး နံရံမှာ ကပ်ထားမှ ကောင်းမယ်း)

ဒီပုံမှာ နောက်ခံ မျဉ်းတွေက ပုံကို အထောက်အကူ ပေးနေသလိုပဲ။ ဘယ်လို ထင်လဲ။
အင်း - ဘက်ဂရောင်း အကူအညီ မပါလည်း ဒီကလေးမ ချစ်စရာ ကောင်းနေတာပါပဲ။

ဝတ်စုံကလည်း မိုက်တာပဲ။
ကဲ - လာခဲ့ နောက်တပုံ။



ဒါလည်း အဲဒီ ၀က်ဆိုက်က ယူထားတာပဲ။ ကြာပါပြီ။ သနပ်ခါးနဲ့ ဆိုတော့ ကြည့်လို့ ကောင်းသွားတယ်။ သနပ်ခါး မပါရင် သာမန်ပဲ ဖြစ်မယ် ထင်တယ်။ အင်း - မသေချာဘူး။ သနပ်ခါး မပါဘဲ အပြင်မှာ ဆုံဖြစ်မှ သေချာ ဆုံးဖြတ်နိုင်မယ်း)

ဒါကတော့ နန်းဆုကေဆွမ်
ဦးစွာဂီတ (first music) ဂျာနယ်ထဲက ဖြတ်ညှပ်ကပ်ထားတာ။ သူ့ ဒူးပေါ်ကဟာ အသားကပ် ဘောင်းဘီလား၊ ဆင်ဆာ ဖြတ်ထားတာလား မသိရဘူး။
ဒီပုံလည်း တင်ဖို့ မရည်ရွယ်ပါဘူး။ ဖြတ်ညှပ်ကပ်ထားပြီး ဘာလုပ်ရမှန်း မသိတာနဲ့ ကောက်တင်လိုက်တာ။ ဘလော့မှာ ဘာမှ မတင်တာ ကြာပြီလေ။ ရန်ကုန်က မွေးစားမေမေကလည်း စီဘောက်ကနေ လှမ်းလှမ်းအော်နေလို့ တခုခုတော့ တင်သင့်ပြီ ဆိုပြီး ဒီပုံလေးတွေ တင်လိုက်ခြင်းပါပဲ။

Oct 21, 2010

follow-up post


မြန်မာပြည်မှာ တယ်လီဖုန်း ဆက်သွယ်ရေး အံ့မခန်း တိုးတက်မှုကို သရော်ထားတဲ့စာတစောင် ဟိုနေ့က ဒီဘလော့မှာ တင်လိုက်တယ်။ အဲဒီတုန်းက ရေးသူ ဘယ်သူမှန်း မသိဘူး။

ဒုက္ခရောက်ချိန်မှာ ဖုန်း ၄ လုံး ရှိပါလျက်နဲ့ သေရတဲ့အကြောင်း။ တယ်လီဖုန်းလိုင်းတွေ အေးချမ်းသာယာ အဲ - - အသုံးမကျပုံကို ဆော်ထားတာ။

စာတပုဒ် ဖတ်လို့ ကောင်းတယ် ဆိုရင် ဒီလိုပဲ အီးမေးလ်နဲ့ လက်ဆင့်ကမ်းကြတယ်။ (ကျုပ်ရေးတဲ့စာတော့ ခုထိ ကျုပ်ဆီ အီးမေးနဲ့ ရောက်မလာသေးဘူး။ ဖတ်မကောင်းဘူး ထင်ပါရဲ့။ အင်း - ကောင်းကောင်း ရေးအုံးမှပဲ။ နက်ကတိုင်တွေ ဘာတွေ တပ်ပြီးတော့လေး)

စောစောက စကား ပြန်ဆက်ရရင် လက်ဆင့်ကမ်း အီးမေးပို့ပြီး ဖြန့်တဲ့အခါ ရေးသူအမည် မပါတတ်သလို ဘယ်ဝက်ဆိုက်က ယူတယ် ဆိုတာလည်း မပါတာ မဖော်ပြတာ များတယ်။

အဲဒီ သရော်စာရဲ့ မူရင်း ၀က်ဆိုက် လိပ်စာ နောက်မှ သိရလို့ နောက်မှ ထည့်ပေးလိုက်ပါတယ်။ ကာယကံရှင် စိတ်မကွက်ဘူး ထင်ပါရဲ့။

ဒီလိုပဲ သူများရေးတဲ့စာကို ကိုယ့်ဘလော့မှာ တင်တော့ အကျိုး ကျေးဇူး တချို့က - ရေးရ သက်သာ အချိန်ကုန် သက်သာတာပါပဲး) ကိုယ့်ဘလော့မှာ တင်တာ အားမရလို့ ဧရာဝတီ ဘလော့မှာပါ သွားတင်ပစ်လိုက်တယ်း)

ကျနော့် ဘလော့ကို ပုံမှန် အဆက်မပြတ် အားပေးသူ တယောက်က ရန်ကုန်ကနေ ကော်မန့် လှမ်းရေးတယ်။

“နိုင်ငံတော်”က blogspot ကို ပိတ်ထားတယ်လေ (--x%*_@^+?#f/9=q--# နိုင်ငံတော်)။ ပိတ်ထားတဲ့အတွက် မေမေလေးက ဘလော့ကို ကျော်ခွဝင်ပြီး ဖတ်ရတယ်။ သို့ပေမယ့် ကော်မန့် ပေးလို့ မရဘူး လို့ ဆိုတယ်။ ပရော်စီတွေကလည်း ဖတ်ရရုံလောက်ပဲ အားကိုးရတယ် ထင်ပါ့။

ကော်မန့် ပေးမရလို့ သူက အီးမေးလ် ပို့လိုက်တယ်။ ဒါကြောင့် သူ့ကော်မန့်ကို ပို့စ် တခု အဖြစ် တင်လိုက်ပါတယ်။ ဖတ်ကြပါအုံး)

ရေးကြဗျို့ ရေးကြ.. ဒါလေးများ.. GSM ဆိုတာ ဘေးချင်းကပ် GSM ချင်း ဆက်ရင်တောင် ဆက်သွယ်မှု ဧရိယာ ပြင်ပ ရောက်နေရုံလောက်လေးဟာ။ ၅ သိန်းတန်ကလဲ သတ်မှတ်ထားတဲ့ ဧရိယာထဲမှာတောင် မိချင်ရင် မိတယ်၊ မမိချင်ရင် မမိဘူး။ ဘာဖြစ်လဲ.. ခါတော်မီ.. မဲဆွယ်ကောင်းရုံ ထုတ်ထားတာကိုဘဲ။ ကမ်းရိုးတန်းဖုန်း ဆိုတာလဲ နာဂစ်အရှိန်နဲ့ ပိုက်ဆံရမှန်း သိလို့ နံပါတ်တွေ တိုးရင်းပွားရင်းနဲ့ တောင်မမိ မြောက်မမိဖြစ်နေတာလေးရယ်ပါ။

iphone ကျတော့ကော ပိုက်ဆံ ချူကောင်းရုံ ထုတ်ထားတာလေ။ gmail ကို သုံးရက် ကြာတာတောင် ၀င်မရဘူးလို့ မပြောနဲ့.. အခိုင်အမာ adsl လို မျိုးတောင် ပုဂ္ဂလိက လိုင်းမျိုးဆို နံနက်စောစောနဲ့ သန်းခေါင်ကျော်လောက်ဘဲ အင်တာနက်လို့ ရနေတာ။ နှေးသမှ ပက်ကျိကွန်နက်ရှင် လို့ နာမည် ရထားပြီးသားဗျ။ ခုလဲ အကြားအမြင် ရပ်ကွက်က မကြာမီ လာမည် ဆိုတဲ့ “ဂေါက်ရွေးပွဲ” ကြီး မတိုင်မီ အင်တာနက် သုံးသူအားလုံး ကို ဆက်သွယ်မှုဧရိယာ အပြင်ဖက် ရောက်အောင် ပို့ထားမလို့ တဲ့။ မျက်ခုန်းကတော့ ခပ်လှုပ်လှုပ်ရယ်။

ဗိုလ်ချုပ်အရေလဲ သိန်းဇော် တို့က ဒါနဲ့များ သူ့ကိုယ်သူအရွေး ခံရမယ် ထင်နေသေးဗျား။ အားကြိုးခနွဲ မဲတွေ ဆွယ်လို့.. ဟီဟိ..။ ။

ရေးသာရေးရ ဒီစာစုလေးက မြန်မာပြည် ကို ဆိုလိုတာ မှ ဟုတ်ပါစ လို့ အတွေးစလေးက ၀င်လာပါရဲ့။ တကယ်တော့ မြန်မာပြည်ရဲ့ ကြန်အင်လက္ခဏာ ဆိုတာက… လျှပ်စစ် မီးပျောက်..ရေမလောက်၊ ဆက်သွယ်ရေးခက်.. လမ်းကပျက်..၊ လူတွေကမွဲ..ရောဂါစွဲ..။ အင်း.. တွက်မပြနိုင်တတ်အောင် အဆိုးတွေ အတန်ပင် များပါရဲ့.. ခုတော့ မီးမလာ ဆက်သွယ်ရ ခက်ရုံလေးနဲ့ သေရသတဲ့လား ဟယ်.. တခါတည်းမှဘဲ.. နော့..။

Oct 19, 2010

a joke from Rangoon

ရန်ကုန်က ကျနော့် မေမေ အီးမေးလ် ပို့လိုက်တာပါ။
http://chanye-chanye.blogspot.com/ ကနေ ကော်ပီယူပြီး ဖြန့်ပါတယ်
ဖတ်ပါအုံး။
a joke from Rangoon

မြန်မာနိုင်ငံရှိ ပုဂ္ဂလိက အရောင်း စင်တာတစ်ခုတွင် ဖြစ်သည်...။

လုံခြုံရေးဝန်ထမ်း တစ်ဦးက စတိုးဆိုင်ပိုင်ရှင် သူဌေးနှင့် အတူ ဓာတ်လှေခါးထဲတွင် မီးပျက်၍ ပိတ်မိနေ၏။

အလုပ်သိမ်းချိန် နောက်ဆုံး ပြန်သူများဖြစ်သောကြောင့် မည်သူ့ကိုမှ အကူအညီတောင်းရန် မလွယ်ကူပေ။ နောက်ရက်မှစ၍ အရောင်းစင်တာ တစ်ခုလုံး သီတင်းကျွတ် ၅ရက် ပိတ်မည် ဖြစ်သောကြောင့် နောက်နေ့များတွင်လည်း မည်သူမျှ ရှိမည် မဟုတ်။

ဓာတ်လှေခါးထဲမှ အရေးပေါ်ခလုပ်ကို နှိပ်သော်လည်း အလုပ် မလုပ်သဖြင့် စိတ်ဓာတ်ကျသွား၏။ ဤအခြေအနေတွင် အောက်စီဂျင် အခဲအခက်ကြောင့် ၂ ရက် ၃ ရက်လောက်ကြာလျှင် အသက်ပါ သေဆုံးနိုင်သည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။

၂ ယောက်စလုံး မထင်မှတ်ဘဲ လတ်တလော ဖြစ်ပွားခဲ့သော ချီလီနိုင်ငံ မိုင်းတွင်း ပိတ်မိသော လုပ်သမားများ အဖြစ်အပျက်ကို တွေးမိပြီး မဆီမဆိုင် ပျော်ရွှင်သွားသည်။

"နောက် ၂ ၊ ၃ ရက်အကြာ ကယ်ဆယ်ရေးဝန်ထမ်းများ သူတို့ကို လာကယ်မည်...
သူတို့ လွတ်မြောက်လာသောအခါ လူတကာက ဝိုင်းဝန်း ကြိုဆို ဂုဏ်ပြုကြမည်...
အကျိုးခံစားခွင့်များ ရမည်..."

စသဖြင့် တွေးရင်း အရေးပေါ် ကယ်ဆယ်ရေးကို ဆက်သွယ်နိုင်လျှင် အဆင်ပြေပြီဟု စဉ်းစားပြီး ဆက်သွယ်ရေး အတွက် တိုင်ပင်ကြသည်။

သူဌေးက လက်ထဲရှိ GSM ဖုန်းကို ကြည့်လိုက်သည်...
Service Signal လုံးဝ မမိ။

ဟန်မပျက်ဘဲ ခါးကြားတွင် ချိတ်ထားသော ၅သိန်းတန် ဖုန်းကို ထုတ်၍ ကြည့်လိုက်သည်..
service signal အပြည့်။

လုံခြုံရေးဝန်ထမ်းကို မချိပြုံး ပြုံးပြလိုက်ပြီး မီးသတ်ကို ဖုန်းလှမ်းခေါ်သည်
"လူကြီးမင်း၏ ဖုန်းသည် သတ်မှတ်ဧရိယာကျော်လွန်နေသဖြင့် ခေါ်ဆို၍ မရနိုင်ပါရှင်"

စိတ်ဓာတ်မကျသေးဘဲ နောက်ထပ် ကန်းရိုးတန်းဖုန်းကို ထုတ်ပြီး ခေါ်သည်...

လိုင်းဝင်သည်။ သို့သော် သူပြောတာ ကိုယ်မကြား၊ ကိုယ်ပြောတာလည်း သူကြားပုံမရ။
"မကြားရဘူး" ဟု ပြောလိုက်သော အသံတစ်ခုသာ ကောင်းကောင်း ကြားလိုက်ရပြီး ဖုန်းကျသွားသည်။

ထို့နောက် ဖုန်းလိုင်း လုံးဝ မဝင်တော့။ မက်ဆေ့ခ်ျ ပို့ဖို့လည်း မစဉ်းစားမိလိုက်။

မျှော်လင့်ချက် မရှိသလောက် ဖြစ်နေချိန်တွင် ခေတ်မီသော လုံခြုံရေး ဝန်ထမ်းက သူဌေးထံမှ iphone ကို မြင်သွားသည်။ ထို့ကြောင့် internetကို wireless ဖြင့် ဝင်ပြီး ဆက်သွယ် အကူအညီ တောင်းကြည့်ရန် အကြံပေးသည်။

အကြံပေးသည့် အတိုင်း အိုင်ဖုန်းဖြင့် အင်တာနက် ချိတ်ကြည့်ရာ wireless မိသည်။ ၂ယောက်လုံး ပျော်သွားသည်။ နည်းပညာရဲ့ အကျိုးကျေးဇူးတွေပဲ။
xxxxxxxxx

နောက် ၃ ရက်အကြာ...

ကယ်ဆယ်ရေးအဖွဲ့များ ဓာတ်လှေခါးကို ဖွင့်ထုတ် ကယ်ဆယ်ခဲ့သော်လည်း နှစ်ဦးစလုံး အသက်ရှူ ကြပ်ပြီး သေဆုံးနေကြလေပြီ။

သေဆုံးသူတို့ အနီး တဝိုက်တွင် ဟန်းဆက် ၄လုံးကို တွေ့ရသည်။
ထိုဖုန်းများထဲတွင် အိုင်ဖုန်းက Gmail page ကို loading လုပ်နေသည်ကိုလည်း တွေ့ရှိရလေ၏။
xxxxxxxxx

နေရာတကာ ပါဝင်တတ်သော ပါလရာကြီး ၄ဦးက သေဆုံးနှစ်ဦး၏ အသုဘတွင် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် အောက်ပါအတိုင်း လှူဒါန်း နှစ်သိမ့်ပေးခဲ့သည်။
* ဦးတေဇထံမှ ကျပ် ၁ သိန်းတန် ကျွန်းသား ခေါင်းတလား ၂ လုံး
* မြန်မာနိုင်ငံ ဘောလုံး ဥက္ကဌ ဦးဇော်ဇော်က ကျန်ရစ်သူမိသားစုအတွက် MNL ဖလား အခမဲ့ ကြည့်ခွင့် လက်မှတ်

* အယ်လ်ပိုင်းမှ ဦးစိုင်းက အသုဘသို့ လာသူများအတွက် အခမဲ့ ရေသောက်နိုင်ခွင့် လက်မှတ်များ

* နိုင်ငံတော် သမ္မတလောင်းက အုတ်ဂူတွင် အလှဆင်ရန် ဂန္ဓမာပန်း တစ်ပွင့်စီ

ပေးကမ်းခဲ့ပြီး အားပေးစကား ပြောကြားရင်း မဲဆွယ် စည်းရုံးသွားကြလေတော့သတည်း။

Oct 6, 2010

joke for irrawaddy blog

သတင်းထူးပါရင် ပြောပါ

ပြောပါအုံး သတင်းထူး ပါရင်။ ဒီနေ့ ကြေးမုံ သတင်းစာမှာတော့ ဟောသလို တပုဒ် တွေ့ရတယ်။

စာမျက်နှာ ၃ ရောက်တာနဲ့ အဲဒီသတင်းကို ချက်ချင်း ဖတ်ဖြစ်အောင် ခေါင်းစည်းရဲ့ အခင်းအကျင်းကို ပြင်ဆင်ထားလေရဲ့။ သတင်းထူးလို့ နေမှာပေါ့။

ဘင်္ဂလားပင်လယ်အော် ဆိုတော့ ရော့ခ်ဂီတ သတင်းများလား။

လေဖိအားနည်း ဘာညာ ဖြစ်ပေါ် ဆိုတော့ ကောင်းတာပေါ့။ ဘာမှ မဖြစ်တာထက်စာရင် တခုခု ဖြစ်တာ ကောင်းတာပေါ့ လို့ တွေးမိတယ်။

သတင်းကလည်း တကြောင်းထဲ။ ၀ါကျ တကြောင်းထဲ။ ကြိုက်တယ်ဗျာ။ ဒါမျိုးသတင်းတွေ ဖတ်ချင်နေတာ။ ကျစ်လျစ်တယ်။ အချိန်ကုန် သက်သာတယ်။ အရေးအသား ပြတ်သားတယ်၊ ရဲရင့်တယ်။ သတင်းသမားတွေ ပြောတဲ့ ဘကုန်း ၆ လုံး မဟုတ်ရင်တောင် ၆ လုံး နီးပါး ပါတယ်။ ဘာဖြစ်တယ်၊ ဘယ်အချိန်၊ ဘယ်နေရာ၊ ဘယ်သူက ပြောတယ် စသဖြင့်။

လေဖိအားနည်းရပ်ဝန်း ဆိုတာ ဘာလဲ။
အမ် - စာဖတ်သူတယောက် လုပ်နေပြီး ဒါလေးတောင် မသိဘူးလား။ မသိရင်လည်း မတတ်နိုင်ဘူး။ ကျနော်လည်း မသိတော့ မရှင်းပြတတ်ဘူးဗျာ။

ကဲ - သတင်းစာ နေ့စဉ်ကြည့်ရှုပါ၊
သတင်းထူးပါရင် ပြောပါ။ (သံနေသံထားဖြင့် အော်ဖတ်ရန်)

မနေ့က သတင်းစာ
မနေ့က သတင်းစာလည်း ထူးတာ တခုတော့ ပါတယ်။ မင်းတြားကြီးကို ထိုင်ကန်တော့ကြတဲ့ ဓာတ်ပုံပါ။
မင်းတြားကြီးကို သူ့လူတွေက ထိုင်ကန်တော့ရတယ် ဆိုတာ ကြားဖူးထားမှာပေါ့။ အပြင်မှာ လျှောက်ပြောနေတာတွေ မှန်တဲ့အကြောင်း သတင်းစာထဲ ဓာတ်ပုံနဲ့တကွ ကြော်ငြာတာ ထင်ပါရဲ့။

အောက်တိုဘာ ၃ ရက်နေ့က လာအိုနိုင်ငံ ဗီယန်ကျန်းမြို့တော် လေဆိပ်မှာ မြန်မာသံအမတ်၊ မြန်မာစစ်သံမှူးနဲ့ ၀န်ထမ်း ကြီးငယ်တို့ ဖူးမျှော်တာကို ခံယူနေတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နဲ့ ဗိုလ်ချုပ်မှူးကြီး ကြိုင်ကြိုင်။
စက်ဝိုင်း ၀ိုင်းပြတာကတော့ အဆက်မပြတ် လက်အုပ်ချီနေတာကို သိစေချင်လို့ပါး)

ကဲ - သတင်းစာတွေ ဖတ်ကြပါ။ သတင်းထူး ပါရင် ပြောပါ။

Oct 3, 2010

tight dress

အင်္ကျီတွေ သိမ်းထား ကိုယ့်လူတို့
အောက်တိုဘာ ၄ ရက်နေ့ထုတ် အလင်းတန်း ဂျာနယ်က ပုံတပုံဗျာ။
မဟုတ်ပါဘူး၊ ဒီ ၂ ယောက် မင်္ဂလာ မဆောင်သေးပါဘူး။
ပြောချင်တာက ပြေတီဦးရဲ့ အင်္ကျီကို ကြည့်ပါအုံး၊ ခပ်ပါးပါး။ ကျပ်ကျပ်။
မတော်တော့တဲ့ အင်္ကျီလို့ ဆိုနိုင်ပေတာပေါ့။

ကဲ - ခင်ဗျားတို့ရဲ့ အင်္ကျီတွေ သိမ်းထား ကိုယ့်လူတို့။ ကျပ်နေပြီ ဆိုပြီး မ၀ဲလိုက်၊ လက်ဆင့်မကမ်းလိုက်နဲ့အုံး။
နာမည်ကျော်မင်းသားလိုမျိုး ကျပ်ကျပ် သေးသေးကို ၀တ်တာ စတိုင်ကျတယ်၊ လန်းတယ် ဆိုတာကို အများက လက်ခံရင် အဲဒီခပ်ကျပ်ကျပ်တွေက အသုံးဝင်အုံးမှာ၊ ပွဲတိုးအုံးမှာပဲ မဟုတ်လား။

လျှော် ခေါက် သိမ်းပြီး ပရုပ်လုံး ထည့်ထားပေတော့း)

ဆက်ပြီး လေရှည်ရရင် အခုပုံက မေမြို့မှာ ရိုက်ထားတဲ့ ပုံပါ။ ဂျာနယ်မှာ ရေးထားတာကတော့ Kandawgyi Hill Resort ဆိုပဲ။ ကန်တော်ကြီးတောင်ကုန်း ပေါ့ဗျာ။ နာမည်ကတော့ အလန်းစား။
သူတို့ရိုက်ခဲ့တဲ့ ရုပ်ရှင်နာမည်ကတော့ ပိုလန်းသဗျ။

ဒီမောင်နှံက "သွား လူဆိုး ဒါမျိုးတော့ တတ်တယ်" ဆိုတဲ့ ရုပ်ရှင်ကို ပုပ္ပားမှာ ရိုက်ပြီးသကာလ မေမြို့မှာ ဗီဒီယို ၂ ကား ထပ်သွားရိုက်ကြပါသတဲ့။ မလွယ်ပါလား။ ခရီးစဉ်တခုမှာ ဆက်တိုက် ရိုက်တော့ ပင်ပမ်းမှာပဲ။ တော်ပါသေးရဲ့ ကျနော်က ဓာတ်ရှင်မင်းသား မဖြစ်ခဲ့ဘဲ သတင်းသမား ဖြစ်နေတာ။

(ဒါက ဧရာဝတီ ဘလော့အတွက် ရေးတဲ့ ပို့စ်။ ကိုယ့်ဘလော့မှာလည်း ကော်ပီ ကူးထည့်လိုက်ပါတယ်)