Jun 3, 2011
May 31, 2011
ကာတွန်း ၃ ကွက်
ကာတွန်းကောင်းတွေအကြောင်း လက်မတို့ဖြစ်တာ ကြာပြီ၊ အခု တို့လိုက်အုံးမယ် -
ဒီလိုဖြစ်ရပ်မျိုး အပြင်မှာ မရှိဘူးလို့ မဆိုနိုင်ဘူးနော်။အနည်းဆုံးတော့ စိတ်ကူးထဲမှာ သေချာပေါက် ရှိနိုင်တယ်။
ဒီကာတွန်းလည်း ကောင်းတာပဲ။မူရင်း ၀က်ဆိုက်မှာ စာဖတ်သူ မှတ်ချက်တခုက ဒီလို ဆိုတယ် - ရီပတ်ဘလီကင်တွေ မျှော်မှန်းတဲ့ ပညာရေး တဲ့။
း)
နောက်တယောက်က ပြန်ဖဲ့တယ် - ဒီမိုကရက်တွေက လူတွေအားလုံးကို ဒီလိုဖြစ်စေချင်နေတာ ဆိုပဲ။ ကာတွန်းတွေက ပြုံးရ ရယ်ရသလို စာဖတ်သူမှတ်ချက်တွေကလည်း ဟားရတာပါပဲ။
ဒီကာတွန်းကိုလည်း မျိုးစုံ မှတ်ချက်ပေးကြတယ်။ ဒီငနဲဟာ - - - လူမျိုးဖြစ်ရမယ် လို့ ဆိုသလို၊ မီဒီယာတွေရဲ့ တင်ဆက်ပုံကို တခါတလေ ဒီလို ဖြည့်စွက်ကြည့်မှ အမှန်မြင်ရမယ်လို့ မှတ်ချက်ပြုသူလည်း ရှိတယ်။ကဲ - တော်သေးပြီလေ။
May 19, 2011
Apr 12, 2011
သက်မွန်မြင့် - nice photos for new year
ကခုန်နေတဲ့ ချစ်စရာ သက်မွန်မြင့် ပုံတွေ
ဘယ့်နှယ်လဲ၊ ချစ်စရာ မကောင်းဘူးလား။ အင်း - ကတာလည်း လှမယ် ထင်တာပဲး)
မကတတ်လည်း ကြည့်လို့  ကောင်းမှာပါလေ။
ကျနော့်မိန်းမက သက်မွန်မြင့်ပုံတွေ ဒီဘလော့မှာ မတင်စေချင်ဘူး။
သူတွေ့ရင် စိတ်တိုမှာ သေချာတယ်။ စိတ်တိုမှ ပြန်ချော့တာပေါ့လေ။
သက်မွန်မြင့်တို့လို ကလေးမတွေကို ဒီဘလော့မှာ တင်တာက အကြောင်း ရှိတယ်း)
ကြိုက်လို့ တင်တာပေါ့။
ပြီးတော့ ဒီလို ကြိုက်တတ်တယ် ဆိုတာကို အများသိအောင် သက်သေပြချင်တာကြောင့်လည်း မကြာခဏ တင်ဖြစ်နေတာ ဖြစ်မယ် ထင်တယ်။
ကျနော် အိမ်ထောင်ကျတာကို သူငယ်ချင်းတယောက်က မနှစ်ကမှ သိသွားတယ်၊ သူက အံ့သြသတဲ့၊ ဟုတ်လား - ဒီကောင် မိန်းမရသွားပြီလား၊ ငါတော့ ဒီတသက် ဒီကောင် မိန်းမ မရတော့ဘူး ထင်နေတာ ဆိုပဲ။ ဒီလိုထင်နေတာ သူ့တယောက်တည်းမှ ဟုတ်ပါလေစ၊ ဒုက္ခပါပဲ။
အင်း - အိမ်ထောင်မပြုဘူးလို့ ဘယ်သူ့ကိုမှ ကတိမပေးခဲ့၊ ကြေညာချက် မထုတ်ခဲ့ပါဘူး။ သူပြောပုံအရဆိုရင် ကျနော်က မိန်းမ မယူဘဲ ယောက်ျားယူရမလို ဖြစ်နေပြီး)
မိန်းမတွေကို စိတ်ဝင်စားပါကြောင်း သိအောင်လို့ သက်မွန်မြင့်တို့ကို ဒီဘလော့မှာ တင်နေရခြင်းပါ။
ဒါပါပဲ။ နှစ်သစ်မှာ အဆင်ပြေကြပါစေ။
ချစ်စရာသက်မွန်မြင့်လေးလည်း အဆင်ပြေပါစေ။

ဘယ့်နှယ်လဲ၊ ချစ်စရာ မကောင်းဘူးလား။ အင်း - ကတာလည်း လှမယ် ထင်တာပဲး)မကတတ်လည်း ကြည့်လို့  ကောင်းမှာပါလေ။
ကျနော့်မိန်းမက သက်မွန်မြင့်ပုံတွေ ဒီဘလော့မှာ မတင်စေချင်ဘူး။
သူတွေ့ရင် စိတ်တိုမှာ သေချာတယ်။ စိတ်တိုမှ ပြန်ချော့တာပေါ့လေ။
သက်မွန်မြင့်တို့လို ကလေးမတွေကို ဒီဘလော့မှာ တင်တာက အကြောင်း ရှိတယ်း)
ကြိုက်လို့ တင်တာပေါ့။
ပြီးတော့ ဒီလို ကြိုက်တတ်တယ် ဆိုတာကို အများသိအောင် သက်သေပြချင်တာကြောင့်လည်း မကြာခဏ တင်ဖြစ်နေတာ ဖြစ်မယ် ထင်တယ်။
ကျနော် အိမ်ထောင်ကျတာကို သူငယ်ချင်းတယောက်က မနှစ်ကမှ သိသွားတယ်၊ သူက အံ့သြသတဲ့၊ ဟုတ်လား - ဒီကောင် မိန်းမရသွားပြီလား၊ ငါတော့ ဒီတသက် ဒီကောင် မိန်းမ မရတော့ဘူး ထင်နေတာ ဆိုပဲ။ ဒီလိုထင်နေတာ သူ့တယောက်တည်းမှ ဟုတ်ပါလေစ၊ ဒုက္ခပါပဲ။
အင်း - အိမ်ထောင်မပြုဘူးလို့ ဘယ်သူ့ကိုမှ ကတိမပေးခဲ့၊ ကြေညာချက် မထုတ်ခဲ့ပါဘူး။ သူပြောပုံအရဆိုရင် ကျနော်က မိန်းမ မယူဘဲ ယောက်ျားယူရမလို ဖြစ်နေပြီး)
မိန်းမတွေကို စိတ်ဝင်စားပါကြောင်း သိအောင်လို့ သက်မွန်မြင့်တို့ကို ဒီဘလော့မှာ တင်နေရခြင်းပါ။
ဒါပါပဲ။ နှစ်သစ်မှာ အဆင်ပြေကြပါစေ။
ချစ်စရာသက်မွန်မြင့်လေးလည်း အဆင်ပြေပါစေ။

Apr 7, 2011
someone special on the phone
ဧရာဝတီမှာ ရေးခဲ့တဲ့ တပုဒ်။
ကျနော်တို့လင်မယား ချင်းမိုင်-ဘန်ကောက် ရထားပေါ်မှာ စကားပြောရင်း ရတဲ့ အိုင်ဒီယာကို ရေးဖြစ်သွားတာ။
ဘန်ကောက်ရောက်တော့ မြန်မာပြည်သားအလုပ်သမားတွေနဲ့ တွေ့တယ်။ အချက်အလက် ထပ်ယူတယ်။ ဓာတ်ပုံတွေ ရိုက်ပေမယ့် အဆင်မပြေဘူး။ ဖုန်းပြောနေပုံ မရခဲ့။
ဒါနဲ့ပဲ မယ်ဆိုင်-တာချီလိတ်တံတားနားမှာ ရိုက်ခဲ့တဲ့ ပုံအဟောင်းကို သုံးလိုက်ရတယ်။
အခုအထိ ရင်ခုန်သံကို တယ်လီဖုန်းနဲ့ ရှာနေကြဆဲပဲလို့ သိရပါတယ်။
တယ်လီဖုန်းဖြင့် ချစ်သူ ရှာဖွေခြင်း
ဇာနည်ဝင်း Tuesday, 30 March 2010 15:24 ဆောင်းပါး
သွားလေရာ ကိုယ်နှင့်မကွာ ဆောင်ထားနိုင်သည့် လက်ကိုင် ဖုန်းများက ထိုင်း နိုင်ငံရောက် မြန်မာ အလုပ်သမားများကို ကောင်းစွာ အကျိုးပြုနေသည်။ ထိုတယ်လီဖုန်းများက မြန်မာပြည်သားတို့ ချစ်သူရည်းစား ရှာဖွေရာတွင် အလွန် အသုံးတည့်နေကြောင်း တွေ့ရသည်။
ဘန်ကောက် မြို့အနီး မြန်မာ ပြည်သား များစွာ ရောက်ရှိ နေသည့် မဟာချိုင် ဒေသတွင် တယ်လီဖုန်း အားကိုးဖြင့် ကြင်ဖော် ရသွားသူ အများအပြား ရှိရာ ထိုအထဲတွင် ကျော်စိုးဟု သူ့ကိုယ်သူ မိတ်ဆက်သော မော်လမြိုင် ဇာတိ အသက် ၂၅ နှစ် အရွယ် စက်ရုံ အလုပ်သမား တဦးလည်း ပါဝင်သည်။
“တယ်လီဖုန်းနဲ့ ဆိုတော့ ပိုပြီး ပြောရဲကြတယ်၊ သက်သောင့် သက်သာ ဖြစ်တယ်၊ အပြင်မှာ လူကိုယ်တိုင် ချိန်းတွေ့ပြီး စကား ပြောကြဖို့ ဆိုတာ မလွယ်ဘူးလေ” ဟု ကိုကျော်စိုးက ပြောပြသည်။
ကိုကျော်စိုးသည် လွန်ခဲ့သည့် နှစ်ဆန်းပိုင်း အထိ ပင်လယ် ကမ်းခြေ ပတ္တရားမြို့ရှိ တည်းခိုခန်း တခုတွင် အလုပ် လုပ်ကိုင်ခဲ့သူ ဖြစ်သည်။ သူငယ်ချင်းများ၏ ကောင်းမှုဖြင့် မဟာချိုင်ရှိ မြန်မာအမျိုးသမီး တဦးနှင့် တယ်လီဖုန်း အဆက်အသွယ် ရသွားသည်။
“ပထမဆုံးတော့ သူငယ်ချင်းတွေ အကြောင်း ပြောတယ်၊ နောက်တော့ သူ့ အကြောင်း၊ ကိုယ့် အကြောင်း၊ လုပ်ငန်းခွင် အကြောင်း ပြောတယ်။ တပတ်လောက် ပြောပြီးတော့ ဖုန်းထဲမှာပဲ ရည်းစား ဖြစ်သွားကြတယ်” ဟု ကိုကျော်စိုးက ရှင်းပြသည်။
တယ်လီဖုန်းလိုင်းမှတဆင့် ၅ လခန့် ချစ်ကြိုးသွယ်ပြီးနောက် ကျော်စိုးက မဟာချိုင်ဒေသသို့ ပြောင်းရွှေ့လိုက်သည်။ ဆံထုံးနောက် ယောင်ပါပြီး တအိုးတအိမ် ထူထောင်ခြင်း ဖြစ်လေသည်။ လက်ကိုင်ဖုန်း အသုံးပြုရေးမှာ မြန်မာပြည်ကဲ့သို့ ခက်ခဲမည် ဆိုပါက ချစ်သူ ရရေးသည်လည်း ခက်ခဲနေဦးမည်ဟု ကိုကျော်စိုးက ဆိုသည်။
ထိုင်းနိုင်ငံတွင် ဖုန်းနံပါတ်အတွက် Sim Card တခု ၀ယ်ယူရန် လျှောက်လွှာ အဆင့်ဆင့်တင်ပြီး စောင့်ဆိုင်းရန် မလိုအပ်ခြင်းမှာ ၎င်းတို့၏ အချစ်ရေးအတွက် အားသာချက်တခု ဖြစ်နေသည်။ တယ်လီဖုန်းအတွင်း ထည့်ရမည့် Sim Card ကို မြန်မာပြည် ကွမ်းယာဆိုင်များကဲ့သို့ နေရာတကာတွင် တွေ့ရသော တယ်လီဖုန်းဆိုင်လေးများသို့ သွားရောက်ပြီး အလွယ်တကူ ၀ယ်ယူနိုင်သည်။ တန်ဖိုးမှာလည်း တနေ့တာ လုပ်အားခထက် နည်းပါးသည်။
ဈေးသက်သာသည့် တယ်လီဖုန်းတလုံး၏ တန်ဖိုးမှာ ဘန်ကောက်ရောက် မြန်မာအလုပ်သမား တဦး၏ ငါးရက် လုပ်အားခထက် မပိုပေ။ ကိုယ်တိုင် ဓာတ်ပုံရိုက်ပြီး ချစ်သူထံ ပို့လိုသူများက ကင်မရာပါသည့် ဖုန်းကို ရှာဖွေ ၀ယ်ယူကြလေသည်။ ကင်မရာပါသည့် ဖုန်းအတွက် ကုန်ကျငွေက အလုပ်သမားတယောက်၏ တလ၀င်ငွေလည်း ဖြစ်နိုင်သည်။ သို့သော်လည်း နှလုံးသားရေးအတွက် ထိုသို့ ကုန်ကျရခြင်းကို ၀န်လေးကြပုံမရပါ။
ထိုင်းသည် ဖုန်းကုမ္ပဏီကြီးများ အပြိုင်အဆိုင် ဈေးကွက်ရှာသည့် နိုင်ငံ ဖြစ်သောကြောင့် နေရာအနှံ့အပြား တယ်လီဖုန်းလိုင်း အသံကြည်လင် ပြတ်သားမှု ရှိနေသဖြင့် တယ်လီဖုန်းချစ်သူများ အဆင်ပြေစွာ တီတီတာတာ ပြောဆိုနိုင်ကြလေသည်။ ကွန်ပျူတာ အင်တာနက်နှင့် အလှမ်းဝေးသော်လည်း တယ်လီဖုန်းအားကိုးဖြင့် ချစ်သူရည်းစား ရှာဖွေနိုင်သည်။
တယ်လီဖုန်းအားကိုးဖြင့် ရလာသော ချစ်သူကို အလေးအနက်ထားသူ ရှိသကဲ့သို့ အပျော်သဘောဖြင့် ရည်းစားထားသူများလည်း ရှိသည်ဟု အလုပ်သမားများက ပြောပြကြသည်။ ရည်းစား သုံးလေးယောက် တပြိုင်နက်ထားသူလည်း ရှိသည်ဟု ဆိုသည်။
တယ်လီဖုန်းချစ်သူ နှစ်ဦးသည် ဒေသတခုအတွင်း နေထိုင်ပါက ၎င်းတို့၏ အချစ်ရေးမှာ တမျိုးတဖုံ ပြောင်းလဲသွားနိုင်သည်ဟု ငါးဖမ်းလုပ်ငန်းဖြင့် စည်ကားနေသော မဟာချိုင်ဒေသမှ အလုပ်သမားအရေး လုပ်ကိုင်သူတဦးက ဆိုသည်။
“တယောက်နဲ့တယောက် မဆုံဖြစ်သေးဘူး၊ ဖုန်းထဲမှာတော့ ကြိုက်နေပြီ။ အပြင်မှာ ချိန်းတွေ့ကြတယ်၊ မတွေ့ခင် တနေရာရာကနေ ခိုးကြည့်တယ်။ မချောဘူး ဆိုရင် သွားမတွေ့တော့ဘူး၊ ဖုန်းဆက်လာရင်လည်း မကိုင်တော့ဘူး။ ဒါမျိုးတွေလည်း ရှိတယ်” ဟု ပင်လယ်ပျော်များသမဂ္ဂ မှ ကိုတင်ကိုက ပြောပြသည်။
အလုပ်နားချိန်တွင် ဖုန်းဖြင့် အလုပ်များနေကြသူများကို အမြောက်အမြား တွေ့ရမည်ဟု သူက ရှင်းပြသည်။
မြန်မာပြည်သား အလုပ်သမားများသည် လုပ်ငန်းခွင် ပြင်ပတွင် ကြင်ဖက်ရှာဖွေရန် ခက်ခဲသည်ဟု ဘန်ကောက်မြို့ ဆူကွန်ဗစ်လမ်းတွင် နေထိုင်သည့် ကိုရန်ကုန် ဆိုသူ လူငယ်တဦးက ပြောသည်။
“ထိုင်းတွေနဲ့ တွဲဖို့က ဘာသာ စကား အခက်အခဲ ရှိတယ်။ တချို့ဆိုရင် အလုပ်နဲ့အိမ်နဲ့ပဲ အချိန်ကုန်တယ်။ အိမ်ဖော် လုပ်တဲ့သူလည်း အိမ်ထဲမှာပဲ အချိန်ကုန်တယ်။ ရည်းစားထားဖို့ဆိုရင် တခြား ရွေးစရာ မရှိဘူး၊ ဖုန်းနဲ့ပဲ ထားကြတယ်” ဟု ကိုရန်ကုန်က ရှင်းပြသည်။
တချို့သော အလုပ်သမားတို့က လုပ်ငန်းခွင်နှင့် အိမ်တွင် အထီးကျန်နေတတ်ပြီး မိတ်ဆွေများနှင့် အဆက်အသွယ် လုပ်ရန် တယ်လီဖုန်းကို အားကိုးရသည်။ မိတ်ဆွေများက တယ်လီဖုန်းဖြင့် အောင်သွယ်ပေးတတ်သည်ဟု ဆိုသည်။
“အလုပ်ထဲမှာ ငါတို့ရွာက သူငယ်ချင်းတယောက် ရှိတယ်၊ သိပ်မိုက်တယ်၊ ပြောမလား၊ ငါ မိတ်ဆက်ပေးမယ်ဆိုပြီး ပြောပေးရာကနေ အဆင်ပြေသွားတာ များတာပဲ” ဟု ကိုရန်ကုန်က ပြောသည်။
ကိုရန်ကုန် ဆိုသည်မှာ သူ၏ အမည်ရင်း မဟုတ်ပေ၊ ရန်ကုန်သားဖြစ်သော သူ့ကို နယ်အသီးသီးမှရောက်လာသည့် မိတ်ဆွေများက ပေးထားသော အမည် ဖြစ်သည်။ ယခု သူ၏ ရည်းစားမှာလည်း မိတ်ဆွေများက မိတ်ဆက် ပေးထားခြင်းဖြစ်သည်ဟု ကိုရန်ကုန်က ရယ်ရယ်မောမော ပြောပြသည်။
ဤသို့ဖြင့် လက်ကိုင်ဖုန်း ပေါများသော ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမား လူငယ် အများအပြားတွင် တယ်လီဖုန်းရည်းစား ကိုယ်စီ ရှိနေကြသည်။ တလလျှင် ဘတ် ၂၀၀ (၆ဒေါ်လာခန့်) အကုန်အကျခံရုံဖြင့် အချိန်ပြည့် ဖုန်းပြောဆိုနိုင်သည့် နည်းလမ်းကိုလည်း သူတို့ သိထားကြသည်။ ဖုန်းကုမ္ပဏီများ၏ ပြိုင်ဆိုင်မှုက ချစ်သူများ တယ်လီဖုန်းဖိုး ကုန်ကျစရိတ်ကို အဆင်ပြေစေသည်။ တချို့က ဘတ် ၂၀ ဖြင့် တနေကုန် ဖုန်းပြောနိုင်သည့် နည်းလမ်းကိုပင် သိထားကြသည်။
ကလေးတွဲလောင်းနှင့် အိမ်ထောင်ရှင်တချို့ကလည်း လူလွတ် ဟန်ဆောင်ပြီး ဖုန်းဖြင့် ရည်းစားရှာကြသည်ဟု ဆိုသည်။
အလုပ်နားချိန် မတူညီခြင်း၊ နေထိုင်သည့် ရပ်ကွက် မတူခြင်း တို့ကြောင့် ထိုင်းရောက် မြန်မာပြည်သားတို့မှ တယောက်နှင့်တယောက် ဆုံတွေ့ကြရန် ခက်ခဲနေသည်။ အများအပြားမှာ အလုပ်သမား လက်မှတ် မရှိသဖြင့် လုံခြုံရေး အခက်အခဲ ရှိသည်၊ တနေရာမှ တနေရာသို့ သွားလာရန် စွန့်စားရသောကြောင့် အချင်းချင်း ဆုံတွေ့ကြရန် ခက်ခဲသည်။ ဤအခြေအနေများကြောင့် ချစ်သူရည်းစား ရရှိရန်မှာ ပို၍ ခက်ခဲလာသည်။ သို့သော်လည်း တယ်လီဖုန်းက သူတို့၏ နှလုံးသားရေးရာ အခက်အခဲကို ဖြေရှင်းပေးလျက်ရှိသည်။
မြန်မာပြည်သား ၂ သန်းမှ ၄ သန်းအထိ ထိုင်းတွင် ရောက်ရှိနေသည်ဟု အလုပ်သမားအရေး လုပ်ကိုင်နေသူများက ခန့်မှန်းထားကြသည်။ အများအပြားက လက်ကိုင်ဖုန်းကိုယ်စီနှင့် ဖြစ်နေသည်။
ဘန်ကောက်ရောက်နေသူနှင့် ဖူးကက်မြို့ ရောက်နေသူ၊ ချင်းမိုင် (ဇင်းမယ်) ရောက်နေသူနှင့် နယ်စပ်မြို့ မယ်ဆိုင်တွင် ရောက်နေသူတို့ တယ်လီဖုန်းဖြင့် ချစ်ကြိုက်သွားကြသည့် ဖြစ်ရပ်များမှာ နေ့စဉ် ဖြစ်ပေါ်လျက် ရှိသည်။ မဟာချိုင်တွင် အခြေချနေသူ ကိုကျော်စိုးကဲ့သို့ ချစ်သူရှိရာ ဒေသသို့ ပြောင်းရွှေ့နေထိုင်ပြီး တွေ့ကြ ဆုံကြသည်။ ဒေသ တူသူများက အလုပ်နားချိန်တွင် လူငယ်ဘာဝ ချိန်းကြ တွေ့ကြသည်။
စိတ်သဘောထားခြင်း မတိုက်ဆိုင်၍ ကွဲကွာသွားကြသူများ ရှိသကဲ့သို့ ချစ်သူရည်းစားဘ၀မှ အိမ်ထောင်သည်ဘ၀သို့ ပြောင်းလဲသွားကြသူများလည်း ရှိသည်။ သို့ဆိုလျှင် တယ်လီဖုန်းဖြင့် ချစ်ကြိုက်ပြီး သမီးရည်းစားဘ၀မှ အကြင်လင်မယားအဖြစ် ပေါင်းသင်းနေထိုင်သွားသူ မည်မျှ ရှိမည်နည်း။ ဤမေးခွန်းကို မဟာချိုင်ရောက် ကိုကျော်စိုးက ခေတ္တ စဉ်းစားပြီး ဖြေပါသည်။
ကိုကျော်စိုးက သူ၏ အတွေ့အကြုံ၊ သူ၏ ပတ်ဝန်းကျင်မှ အဖြစ်အပျက်များအပေါ် အခြေခံပြီး “ဆယ်ယောက်မှာ နှစ်ယောက် သုံးယောက်လောက်ကပဲ တကယ် ယူကြတာပါ” ဟု ပြောလိုက်လေသည်။ ။
Comments (5)Add Comment
0
နားအရသာ ခံခြင်း
written by ဖိုးလမင်း, August 16, 2010
လမင်း ကတော့  ထိုင်းနိုင်ငံ မဲဆောက်မြို့ မှာ နေပြီး ကျတ်စီလိုက် (first group apparel) မယ်ပ တောင်ပိုင်း အထည်ချူပ်စက်ရုံ မှာ ထိုင်းစာကို မြန်မာ ဘာသာပြန် အလုပ်နှင့် အတူ အလုပ်တွေက ရွေးချယ် တင်မြှောက်ချင်း ခံထားရတဲ့  လူမှူရေး မန်နေဂျာ တဦးဖြ စ်ပါတယ် ။ အထက်ပါ အကြောင်း ရင်းနဲ့ ပတ်သ က်လို့ ဝေဖန် ချက်ေ ပးရရင် အကောင်း ဘက်က မြင်ေ တွးနိုင်သလို အဆိုးဘ က်ကလဲ မြင်လို့ ရပါတယ် ။ အထက်မှာ ရေးထား သလိုပေါ့ လူတွေက လုပ်ခန်းခွင်မှာဘဲ နေ့ ရော ည ပါ အချိန် ကုန်နေတော့ဖုန်းနဲ့ ချစ်သူ ရှာဖွေ ရတာ အဆင်ပြေပါတယ် ။ ရယ်စရာတွေ လဲ ရှိပါတယ် တော်ကီ ကောင်းတဲ့ သူတွေ ဆို(ကျား + မ) ဖုန်း ထဲတင် ရည်းစားက မှိုလိုပေါက် ဘာကြောင့်လဲ ဆိုတော့ တယောက်နဲ့ တယောက်မြင်မှမမြင် ရဘဲ အသံကို အရသာ ခံရတာ ဆိုတော့  (ကျား + မ ) နှစ်ဦး လုံး ရုပ်ချောတာ လှတာ ၊ မလှတာ အဓိကမ ဟုတ်တော့ ဘူးလေ ။ ဖုန်းထံမှာ အဆင်ပြေပြီဆို အပြင်မှာ ချိန်းတွေ့  တော့ မှ ပြဿနာ တက်တာ ဘာလို့ လဲဆိုတော့  ဖုန်းထဲက မိမိကိုယ်တိုင် ပုံဖော်ထားတဲ့  ကောင်လေး ချောချော (သို့ ) ကောင်မလေး ချောချောလေးတွေက မိမိတို့ ထင်ထား သလို မဟုတ်ဘဲ ၀၀ တုတ်တုတ် ရုပ် ဆိုးဆိုး(သို့) အသက်ကြီး ကြီး တွေလဲဖြ စ်ရော သေပြီ ဆရာ တွေဖြစ် ကုန်ရော ဘဲ ။ ကြုံဘူးတဲ့ လူတွေေ တ်ာတော်များပါတယ် ။ လမင်းလဲ အပါအ ၀င်ပေါ့  (ပြုံးရင်း) နောက် ဆိုးတာက အချိန်မတော် ညနက် အချိန်မတော် ထိ ပွားတာတွေဘဲ အပွားလွန် ပြီးေ နာက်နေ့ အလုပ် နောက်ကျ (သို့ ) အလုပ်မဆင်ြး ဖစ်တာတွေဖြ စ်လာတယ် ။ ဒါကြေင့် ဖုန်းပွားတာဟာ နားအရသာ ခံရုံလောက်သာ ကောင်းပါတယ် ။ အရမ်းကြီး အစွဲ အလန်း မထားဘို့ ကျွန်တော် မောင်လမင်းက အကြံပေးပါရစေ ။ အသေးစိတ် မေး လိုက pho 0831636955 ကို ဆက်သွယ် မေးမြန်း နိုင်ပါတယ့် 
အားလုံးကို လေးစားလျှက် (မောင်လမင်း)
၁၀၀၀ မှာ တယောက်ဘဲ ကံကောင်း ပါတယ်။
written by Thein Oung, April 05, 2010
ကိုကျော်စိုးပြောသလို၊ ကောင်မလေး ရှိတဲ့ မဟာချိုင် ကို လိုက်သွားတယ် ဆိုတာ၊ ကောင်မလေး တော်တော် ကံကောင်းလို့ ဖြစ်မယ်။ အများအားဖြင့် အိမ်ဖေါ် ကောင်မလေးတွေ၊ သူတို့က စက်ရုံ၊ ဆောက်လုပ်ရေးမှာ လုပ်ရတဲ့ သူတွေ နဲ့စာရင်၊ အချိန် ပိုတယ်။ ဒါ့ကြောင့် တယ်လီဖုံးကို ဘူးဖေး လျှောက်ပြီး အချိန်ပြည့် စကားပြော ကြတယ်။ တဖက်က ယောကျားင်္လေး က အထင်ကြီး အောင်၊ ဘယ်လောက် ချစ်ကြောင်း အချိန်ပြည့် ပြောလာတော့၊ ဖုံးထဲ စကားကို အထင်ကြီးပြီး ကောင်လေး ရှိတဲ့နေရာ လိုက်သွားတာ၊ အရက် သမား၊ မြန်မာပြည်မှာ မိန်းမ ရှိတဲ့သူနဲ့ တွေ့ သွားတာနဲ့၊ အဖျက် ခံလိုက်ရတာဘဲ ကြားရတယ်။ အချို့ မြန်မာ အလုပ် သမားတွေ က အပြင်မှာ အပျော် လိုက်ရင် ပိုက်ဆံ ကုန်တယ်။ တယ်လီဖုံးလေးနဲ့ ဆို၊ သိပ် မကုန်ကျဘူး။ အခန်းကို ချိန်းပြီး ပြန်ချိန် ကျော်အောင် လုပ်လိုက်လို့၊ ညအိပ်ပြီး၊ တညတာ လင်မယား အဖြစ် ခံလိုက်ရတာလဲ ရှိပါတယ်။ အများ အားဖြင့် ကားခ ခံ ပြီး ခေါ်တယ်။ ဟိုရောက်တော့ နယ်မြေလဲ မကျွမ်း၊ စကားလဲ မတတ်တော့ မျက်ရည် စက်လက်နဲ့ ခံ လိုက်ရတာ အများကြီးပါ။ ဒီဆောင်းပါးကို ဖတ်ပြီး သိပ်ကောင်းတာဘဲ လို့ တော့ မထင်လိုက်ပါနဲ့။ ပြဿနာတွေ အများကြီးနဲ့ ပျက်စီးသွားပြီး ဘယ်သူ့မှ မပြောရဲဘဲ ကြိတ်ငိုနေတာတွေ ရှိနေပါတယ်။ သတိထားပါ။ လုပ်လိုက်တဲ့ ယောင်္ကျားလေး တွေ နှမချင်း ကိုယ်ချင်း စာပါ။ အကောင်ဆုံးက ကြိုက်ရင် မြန်မာ ပြည်မှာ ယူပါ။
ဒီမှာ က တရား မ၀င်ဘူး။ ၁-၂ ရက် ပေါင်းပြီး ပြစ်ထားလို့ ရတယ်။ စေတနာနဲ့ ကိုယ်တွေ့ ကိုပြောတာပါ။
...
written by soe, April 01, 2010
hello!
good to read.
happy for them
written by Tuumar, March 30, 2010
As long as they are happy and having a good time, go ahead fellow Burmese.
Live your lives as happy as it could be. Life is too short and it is yours to enjoy with any possible way.
ကျနော် ကြုံနေကျ
written by မျိုးလွင်, March 30, 2010
ဒီဇာတ်လမ်းမျိုး ရေးချင်တယ်ဗျာ၊ ကျနော်က ထိုင်းစာ ဖတ်တတ်ပြီး ထိုင်း တနိုင်ငံလုံး သွားလာ နေတော့၊ သူငယ်ချင်း မိတ်ဆွေ တွေ၊ ပက်သက်ရာ ပက်သက် ကြောင်းတွေက တဆင့် သူများ အတွက် ခိုးပေးခဲ့ရတဲ့ မိန်းမတွေက မမှတ်နိုင်တော့ဘူး။ အံ့လည်း အံ့ဩတယ် လူချင်း မတွေ့ဖူးပဲ တယောက်ကို တယောက် ယုံကြည် နေတာတွေ၊ ခေါ်လာတဲ့ အချိန်ကျမှ မြင်ချင်လို့ အသည်းသန် ဖြစ်နေတာတွေ၊ ယောက်ကျား ဘက် ကတော့ အရှုံး မရှိပါဘူး၊ နောက်ဆုံး ခေါ်ပြီးမှ ကိုယ်ထင်ထားတဲ့ အတိုင်း မဖြစ်ရင် ပိုက်ဆံပဲ ဆုံးတာပေါ့ (လမ်းစရိတ်ကို ယောက်ျားလေး ဘက်က ခံတာ များတယ်)၊ ဒါပေမယ့် မိန်းကလေး ဘက်ကတော့ ဘဝနဲ့ ရင်းရတာ။ ဒီဆောင်းပါးထဲက အတိုင်းပါပဲ။
အဲဒါကြောင့် မိန်းကလေး ဘက်က ဖုံးနဲ့ ကြိုက်ပြီး လိုက်မယ် ဆိုရင် နှလုံးသား တခုတည်းနဲ့ မဆုံးဖြတ်ပဲ့နဲ့ ဦးနှောက် သုံးပြီး ဆုံးဖြတ် စေချင်တယ်။

Mar 28, 2011
ဧရာဝတီမှာ မနေ့ က ရေးလိုက်တဲ့ သရော်စာ - ဗိုလ်ကျော်ဆန်းထွင်တဲ့စာကို ပြန် ကလိထားတာပါ
ဒေါ်အောင်ဆန်းစုကြည်ရေးလိုက်တဲ့စာ ဧရာဝတီ ကောင်းမွန်စွာ ရရှိ
Daw Aung San Suu Kyi's letter to Irrawaddy
ပရင့်အောက်ပြီးဖတ်ပါ
Daw Aung San Suu Kyi's letter to Irrawaddy
ပရင့်အောက်ပြီးဖတ်ပါဧရာဝတီကို စာတစောင် ရောက်လာပါတယ်။ ဟုတ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ရေးလိုက်တာပါ။
စာက ခက်ခက်ခဲခဲ ရောက်လာတာပါ။ ဘာကြောင့် အီးမေးလ် မပို့သလဲ? သူ့မှာ အင်တာနှေး ရှိနေပြီ မဟုတ်လား? လို့ မေးစရာပါ။ အင်တာနှေးက အင်တာပျက် ဖြစ်သွားလို့ လှေကြီးထိုးထိုးရိုးရိုးဆက်သွယ်ရေးအတိုင်း စာပို့လိုက်ခြင်းပါ ဆိုပဲ။ စာတိုက်ကပို့ရင် စိတ်မချလို့ လူလွှတ်ပြီး ပို့ရခြင်းပါ တဲ့။
စာက ဘယ်လိုခက်ခက်ခဲခဲ ရောက်လာသလဲ ဆိုတော့ -
စာယူလာသူက ပထမတော့ မြ၀တီ-မဲဆောက်လမ်းကနေ ဧရာဝတီရုံးကို လာဖို့ စီစဉ်တယ်၊ ဒါပေမယ့် ကရင်ဒေသမှာ တိုက်ပွဲတွေဖြစ်နေတော့ လမ်းကြောင်း ပြောင်းလိုက်တယ်၊ ရှမ်းပြည်ဘက်က သွားမယ်ပေါ့လေ။
သွားရော ရှမ်းပြည်ဘက်ကနေ။ ကံဆိုးချင်တော့ သူ ကျိုင်းတုံက အထွက်မှာ ငလျင်လှုပ်တဲ့ရက်နဲ့ သွားတိုးတယ်။ ဒါကြောင့် နယ်စပ်ကို ချက်ချင်း ဖြတ်လို့ မရဘူး၊ ငလျင်ကြောင့် ကားလမ်းတွေလည်း ပိတ်သွားတယ်မဟုတ်လား။
ဒါကြောင့် ပြောတာပေါ့၊ စာက ခက်ခက်ခဲခဲ ရောက်လာတာပါ ဆိုမှ။
ဒေါ်အောင်ဆန်းစုကြည်က အခုလို စာရေးလာတယ်၊ ဧရာဝတီကို စာရေးတယ် ဆိုတဲ့ သတင်းကို "နိုင်ငံတော်" က သဲ့သဲ့ ကြားသွားတယ်။ ဟုတ်ပါတယ်၊ တာဝန်သိလုပ်သားပြည်သူတဦးဆီကနေ ကြားသွားတာပါ။ ဒီတော့ အဲဒီစာယူလာသူကို အသေရရ အရှင်ရရ ဖမ်းပြီး စာကို နေပြည်တော် ပို့ဖို့ အသည်းအသန် လုပ်ကြတယ်။
အဲဒီလူကို ကျိုင်းတုံကအထွက် ၅ မိုင်အကွာမှာ လိုက်လို့မှီသွားတယ်။ အဲဒီအချိန်မှာ ငလျင်လှုပ်တယ်။ အကြီးအကျယ်ပဲ။ ဓာတ်ပုံတွေ တွေ့မှာပေါ့။ တံတားတွေပျက်စီး၊ ကတ္တရာလမ်းမကြီးတွေ ဟက်တက်ကွဲ။
အဲဒီလူနောက်က လိုက်လာတဲ့ဆရာတွေခမျာ ကံမကောင်းရှာဘူး၊ ဟက်တက်ကွဲတဲ့ ကားလမ်းမထဲ ပြုတ်ကျကြတယ်။ အင်တာနက်မှာ တက်လာတဲ့ ပုံတွေထဲမှာ တွေ့လိမ့်မယ်၊ လူတချို့ ကားလမ်းမအကွဲထဲ ငုံ့ကြည့်နေကြတာ။ အင်း - ဟုတ်တယ်၊ အဲဒီလူတွေ ခုချိန်ထိ ပြန်ပေါ်မလာဘူးလို့ ဆိုတယ်။

နောက်ဆုံးတော့ စာက ဧရာဝတီကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတယ်။
စာကိုရော လူကိုရော မမိလိုက်ဘူး ဆိုတဲ့ သတင်းက နေပြည်တော်ကို ရောက်သွားတယ်။ နေပြည်တော်က ပုခုံးရွှေရောင်တောက်နေသူတွေ ဒေါသောင်းကျန်းသူထပါလေရော။
ဒါပေမယ့် သူတို့ကို ပြန်ကြားရေးဝန်ကြီးက ပြောတယ် - မပူနဲ့ ကျနော်မျိုးကြီးမှာ အိုင်ဒီယာတခု ရှိတယ်ပေါ့လေ။
ဒီလိုနဲ့ သူ့အိုင်ဒီယာကို အကောင်အထည် ဖော်လိုက်တာ ဒေါ်အောင်ဆန်းစုကြည်ရေးတယ် ဧရာဝတီကငနဲတွေအတွက် ဆိုတဲ့ စာတစောင်က အင်တာနက်မှာ ပွစိတက်သွားတယ်။
အဲဒီအချိန်မှာပဲ စာအစစ်က ဂုမ္ဘာန်တထောင် နဲ့ လွယ်မွေငလျင်တွေ တားထားတဲ့ကြားထဲက နယ်စပ်ကို ဖြတ်လာတာပေါ့။
စာကို စကင်ဖတ်ပြီး တင်ပေးလိုက်ပါတယ်၊ ဖတ်ပေတော့ ဧရာဝတီ ပရိသတ်များ။
ဘာမှ ရေးမထားဘူး?
အင်း - အဲဒီလို ထင်စရာပဲ၊ ဒါပေမယ့် ဘာမှ ရေးမထားတဲ့စာကို ဒေါ်အောင်ဆန်းစုကြည်က ပို့ပါ့မလား။
ဒေါ်အောင်ဆန်းစုကြည်က အဲဒီစာကို လျှို့ဝှက်မင်နဲ့ ရေးလိုက်တာပါ။ ဒါကြောင့် ရေစိမ်ပြီးဖတ်မှ စာလုံးတွေ ပေါ်လာပါလိမ့်မယ်။
ဘာတွေရေးထားလဲ သိချင်ရင် ပရင့်အောက်၊ ရေနည်းနည်းစိမ်ပြီး ဖတ်ပါလေ။ ။
---------------
အမြင်မျိုးစုံနဲ့  တုံ့ ပြန်လာတာတွေကို အခုလို တွေ့ ရလေရဲ့ ။
19 comments:
Anonymous said...
ဒီလိုရောချတဲ့ ပိုစ့်မျိုးတွေ မတင်ပါနဲ့ဗျာ
ပေါတောတောနဲ့
March 27, 2011 2:39 AM
Anonymous said...
ပေါတောတောစာတွေ မတင်သင့်ကြောင်းပြောချင်ပါတယ်
ဒီ ဘလော့ဂ်ကို တန်ဖိုးထားပြီး ဖတ်နေလို့ပါ
ပဟေလိဆိုတာကြီးလည်း တော်တော် တန်ဖိုးမဲ့တယ်လို့ ခံစားရပါတယ်
March 27, 2011 10:54 AM
Anonymous said...
မကြိုက်တာ ဘာမှ မသိလို့ ဖြစ်ပါလိမ့်မယ်။
ဧရာဝတီသို့ ဒေါ်စုပေးစာဆိုပြီး အင်ကြီး ထွက်နေတယ်။ ဒါကို ပြန်ရိထားတာ။
ကျနော်ကတော့ ကြိုက်ပါတယ်။ အတည်အခန့်ပြန်ရေးရင် အရေးတယူ ရှိနေဦးမယ်။ ခုတော့ မှတ်ဟပေါ့ ....
March 27, 2011 11:30 AM
Anonymous said...
I dont think you guys should post such a cheap post. should act professionally.
regards
PuTu
Sydney
March 27, 2011 11:56 AM
Anonymous said...
... how nice your " satire " is ..Lol
March 27, 2011 12:01 PM
yangonthu said...
ဗိုလ်ကျော်ဆန်း ဖန်တီးတဲ့စာလေ
ဟိဟိ
သွားဖတ်ကြည့်
ပြီး၇င် ဒီသေ၇ာ်စာ ပြန်ဖတ် -
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnJv4AH6cKKdM1Wam3h3VHzOFRlvs0Wed9vmWT6ZD47UO_Cn-Qbi97XPSSknSI3wYqHDYrlzlq9Tth7e1DHIMSrJhfop4aUKwah1hCE2c6gw-jApuX7rICjblv4sg8_cbKl-ufnd3k3Boj/s1600/189947_190781350959706_169398673097974_394183_3717333_n.jpg
March 27, 2011 12:33 PM
Anonymous said...
yangonthu... အဲဒီစာကိုလည်း ကျော်ဆန်းဖန်တီးထားတာပါလို့ ဘယ်လို သက်သေအထောက်အထားတွေ ရှိလို့ယုံရမှာလဲ။
March 27, 2011 1:28 PM
A-bomb said...
အပေါ်ကပုဂ္ဂိုလ်ခင်ဗျား မီဒီယာသမားတွေက ခိုင်လုံတဲ့သတင်းလား ထွင်လုံးလားဆိုတာ ခွဲခြားသိနိုင်ပါတယ်။ အကယ်၍ အဲဒီစာက ဒေါ်စုဆီကသာလာမယ်ဆိုရင် NLDဝက်ဘ်ဆိုက်မှာ တရားဝင်ထုတ်ပြန်ထားမှာဖြစ်ပါတယ်။ အခုသွားကြည့်ကြည့်ပါ http://burmese.nldburma.org/
March 27, 2011 4:30 PM
Anonymous said...
အင်း အစက Irrawaddy website အတိုက်ခံရတာလိမ်တယ်လို့ထင်တာ ခုတော့တကယ်ပေါ့. ဇတ်လမ်းအဆက်နဲ့များဖန်တီးနေ မလား???
လုပ်ကြံသူများ မပိရိလိုက်တာနော်
March 27, 2011 7:33 PM
Arakanmin said...
please do not use Daw Aung San Su Kyi's name in this kind of article.People might think it is real and and scroll down the page like me.After that it is like a joke.Please be careful you guys are not funny comedy writer.
please make sure Ayarwaddy post this comment because I had posted 2 comment about irrawaddy articles but never been appeared on your web page.
March 27, 2011 8:10 PM
Anonymous said...
no value & outside acceptable standard, should reject this
March 27, 2011 9:08 PM
Aung said...
အဟိ--
ဟိဟိ--
ဟိဟိဟိ---
ဟဟ---
ဟားဟားဟား ဟား
March 27, 2011 10:46 PM
Anonymous said...
Hi guys!
can't u see the label?
it says "Labels: Satire, သရော်စာ"
I thik, Daw Suu will laugh after reading this post.
KKA
March 27, 2011 10:48 PM
Shanghtin said...
come on guys this is blog should be fun and get some knowledge who are serious reader go .com/org that official site. i like this kind of post anyway enjoy reading irrawaddy site and blog...
March 27, 2011 10:50 PM
Anonymous said...
ရှင်းလိုက်တာ ကောင်းပါတယ်လေ၊ http://myanmarexpress.blogspot.com/2011/03/blog-post_25.html
အဲဒီမှာ ဒေါ်အောင်ဆန်းစုကြည် ရေးတယ်ဆိုတဲ့စာကို သွားကြည့်လိုက်ကြပါ၊ ဒေါ်အောင်ဆန်းစုကြည် လက်မှတ်နဲ့ စာရေးထားတဲ့ နောက်ခံ အရောင်ကို သေသေချာချာလေး ဂရုစိုက်ကြည့်ရင် အဖြေပေါ်လာပါမယ်။ အင်တာနက်ပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်မှတ်တွေ ဘယ်နေရာကနေ ဖြတ်ယူ ဖြတ်ယူ ရနေတာပဲ မဟုတ်ပါလား။
March 28, 2011 12:50 AM
myo myint said...
သူငယ်ချင်းတို့ရာ သရော်စာလို့သဘောထားပြီးဖတ်လိုက်ပေါ့...သဗေသတ္တာကာမသကာပေါ့ဗျာ...
March 28, 2011 4:35 AM
Anonymous said...
ဖတ်လို့တ၀က်မရှိခင် သရော်ပြီ
ဆိုတာသိသာတာဘဲလေ။ မသိကြတာ ကတော့ စာကိုစာလိုမဖတ်ဘဲ သတင်းလိုဖတ်ကြတဲ့
အုပ်စုထဲရောက်သွားလို့ပါ။ ဧရာဝတီ ဘလော့ဂ် ကစာစုံတင်ပါတယ်လို့
ဘယ်လိုပင်ဆိုငြား အများအမြင်နဲ့ ခံစားမှု ဖီလင်ကတော့ သတင်း ၀က်ဘ်ဆိုဒ်
တခုအနေနဲ့ အသိအမှတ်ပြုထားကြပြီး ဖြစ်နေလို့လဲ ခုလိုဖြစ်ကုန်တာပါ။
ကော်မန့်တွေအစုံဖတ်ကြည့်တော့ သိတဲ့သူတွေ ကလဲ အသေအချာကိုသိနေကြတာ..
နှစ်သက်ကြတာ တွေ့ရတာမို့ "သရော်စာ" လို့ ခေါင်းစဉ်တပ်လိုက်ရင်
အရသာပျက်သွားမှာမို့ ဒီအတိုင်းဘဲကောင်းပါတယ်လေ..။ ဆက်ရေးပါ.. ဆဲလိုသူကဆဲ
နှစ်သက်စွာရယ်လိုသူကရယ် ..လူ့သဘောအတိုင်းပေါ့....။
March 28, 2011 10:04 AM
Nanda said...
The best satiric response to the Junta thugs' ridiculous and fraudulent letter being accused as written by DASSK.
Those who disapprove this post maybe because they know neither the true story nor are lack of humor to brush off this kind of ridiculous accusations.
March 28, 2011 10:52 AM
Anonymous said...
waste of time, I only know this at the end of the post. such as waste of time.
March 28, 2011 11:58 AM
Mar 25, 2011
လက်

ပုံကတော့ အရမ်း ကောင်းတယ်။ ထိုင်းစစ်သားတယောက်ရဲ့ နာရေးမှာ ရိုက်ထားတာ။ ရုပ်ကလာပ်၊်အအုပ်ထားတဲ့ ထိုင်းအလံ၊ ဂါရ၀ပြုတဲ့ ရဲဘော်- ကြည့်ရတာ ပြည့်စုံတဲ့ ဓာတ်ပုံပဲ။
ရေးချင်တာကတော့ ဂါရ၀ပြုသူရဲ့ လက်အနေအထားပါ။
မြန်မာပြည်မှာလိုပါပဲ - တခုခု ပေးတဲ့အခါ ယူတဲ့အခါ လေးစားသမှု ပြုချင်ရင် နောက်လက်တဘက်က ပေး/ယူတဲ့လက်ကို သွားထိတယ်။
သံအမတ်ဟောင်းတယောက်ကတော့ ဒီလိုအနေအထားမျိုးမကြိုက်ဘူး ဆိုပဲ။ နိုင်ငံတကာမှာ မရှိဘူး၊ အူကြောင်ကြောင်နိုင်သတဲ့။
ကြောင်ပါစေလေ၊ ဒါ ယဉ်ကျေးမှုတမျိုးမဟုတ်ဘူးလား။ ဘယ်တုန်းကပေါ် ဘယ်ဒေသက ပေါ်သလဲတော့ မသိပါဘူး။
သိကြရင် ရေးကြပြောကြပါအုံး။
A Thai soldier pours water onto flowers placed in the hand of a slain colleague shot dead in an attack by suspected separatist militants on March 21, during a Buddhist ceremony at a temple in Thailand's restive southern province of Narathiwat on March 22. 2011. Shadowy Islamic militants have waged an uprising in Thailand's southernmost region bordering Malaysia since early 2004, leaving more than 4,400 people dead, including both Muslims and Buddhists. Violence has recently intensified in the region, where critics accuse the government of failing to address the grievances of Thailand's Malay Muslim minority, including alleged abuses by the military.
Mar 23, 2011
ကိုနေ၀င်းအတွက် blog

ကိုနေ၀င်းအတွက် ဘလော့ တခု အခုပဲ လုပ်လိုက်တယ်။
ပို့ စ် ၁၀ ခုလောက် ရှိမယ်။
http://ko-nay-win.blogspot.com/
သတင်းတွေ သီချင်းတွေကို ဇော်ဂျီဝမ်းတန်ခိုးနဲ့  ရှာလိုက်တာ စုစုပေါင်း အချိန် ၁ နာရီ ကျော် ကြာတယ်။
ကိုယ့်ကိုယ်ကိုယ်တောင် အထင်ကြီးသွားတယ်။း)
အချက်အလက် စုတဲ့ ဘလော့တခု လုပ်ရတာ တယ်မြန်ပါလားပေါ့လေ။
ဘလော့အကြောင်း မောင်ရစ် နဲ့ ဝေမိုး ကို ပြောလိုက်တယ် အွန်လိုင်းကနေ။ ဒါကြောင့် ထိုင်း နဲ့  ယူအက်စ်ကနေ ၀င်ကြည့်သူ ရှိတယ်လို့ ဘလော့စပေါ့ စစ်တမ်းမှာ တွေ့တယ်။ ထူးတာက အင်ဒိုက ပရိသတ် ၃ ယောက် ဆိုတာပါပဲ။
ဘယ်လို ဘယ်လို ရောက်သွားကြတယ် မသိ။
ဘာရယ်လို့ မဟုတ်ပါဘူး။ ကြွားတဲ့ post တခု တင်လိုက်တဲ့သဘောပါ။ ဒါပါပဲ။
း)
Mar 19, 2011
မှတ်ဖွယ်မှတ်ရာ
မေဆွိသေဆုံးသည့် သတင်း သွက်သွက်ခါအောင် မှားယွင်းဟုဆို
မေဆွိ သေဆုံးခြင်း မရှိကြောင်း လူအများအပြားကို ဆက်သွယ်မေးမြန်းပြီး ရေးထားသောသတင်း
အဆိုတော်မေဆွိ သေဆုံးသည်ဟု ဧရာဝတီတွင် ဖော်ပြခဲ့သည့် သတင်းမှာ မှားယွင်းနေကြောင်း မတ်လ ၂၁ ရက်နေ့စွဲဖြင့် ထုတ်ဝေသည့် The Voice ဂျာနယ်က ဆိုသည်။
“သတင်းက လုံးဝ မှား” သည်ဟု သရုပ်ဆောင် အရိုင်းမင်း၊ ဒါရိုက်တာ ညီညီထွန်းလွင်၊ မြန်မာ့ရုပ်ရှင်လုပ်ငန်းရုံးမှ ဦးချစ်ဆွေ၊ မေဆွိ၏ တူမ စသည့် ၄ ဦးကို ကိုးကားပြီး ဂျာနယ်တွင် ရေးထားခြင်း ဖြစ်သည်။
ထိုသတင်းမှားနှင့် ပတ်သက်ပြီး ဒါရိုက်တာ ညီညီထွန်းလွင်က ဧရာဝတီကို ပြစ်တင်ဝေဖန်လိုက်သည်။
“သတင်း မှန်မမှန် အသေအချာတော့ လုပ်သင့်တာပေါ” ဟု သူက ဆိုသည်။
ဧရာဝတီကမူ ၎င်းတို့ဝက်ဆိုက် အဖောက်ခံခဲ့ရကြောင်း၊ ထိုသတင်းမှားကို Hacker (များ) က ဖော်ပြခဲ့ခြင်းဖြစ်ကြောင်း ပြန်လည် ရှင်းလင်းထားသည်။ ထိုသတင်းကိုလည်း ပြန်လည် ဖြုတ်ချခဲ့သည်။
ဝက်ဆိုက် အဖောက်ခံရသည်ဟူသော အချက်ကို မယုံကြည်သူလည်း ရှိသည်။ အဖောက်ခံရပါက ၂၄ နာရီအတွင်း နာလန်ထူနိုင်မည်မဟုတ်ကြောင်း ပညာရှင်တဦး၏ ပြောကြားချက်ကို ဂျာနယ်တွင် ကိုးကားထားသည်။
“မေဆွိသတင်းမှာတော့ ဧရာဝတီက သတင်းကို တစ်ရက်တည်းနဲ့ ပြန်ဖြုတ်ချခဲ့တာ တွေ့ရတယ်” ဟု နည်းပညာကုမ္ပဏီတခု၏ system engineer ဦးဇော်ရဲမြင့်က The Voice ကို ပြောသည်။
Mar 16, 2011
ကိုဇော်ဂျီး ဘလော့
သူ့ ဘလော့ http://thitkaungeain.blogspot.com/ မှာ ဓာတ်ပုံ ပြောင်းပေးလိုက်တယ်။ CBox ကို တလက်မ ဆွဲချဲ့လိုက်တယ်။
ဇော်ဂျီဝမ်း ၀င်အောင်လည်း လုပ်လိုက်တော့ စာလုံးတွေ ပုံမှန် ဖြစ်နေပါပြီ။

old page
ပုံဟောင်းက ကဗျာဆရာနဲ့ ပိုတူတယ်။ ဆံပင်ရှည်လို့။
BSN မှာ သူ့အင်တာဗျူး ပါလာတာတောင် မပြောဖြစ်သေးဘူး)
ဒါပါပဲ။
ဒီမှာ အသစ် မရေးတာကြာပြီမို့ တခုခု ရေးလိုက်တာပါ။

new page

Mar 10, 2011
ဆောင်းရယ် နှင်းရယ် နယ်မြေသစ်ရယ်
နှင်းကျကျ နေပူပူ အမြဲပျော်သူတွေကတော့ သူတို့ပါပဲ။
မိုးရွာနေရာကနေ နှင်းကျလိုက်တော့ အအေးလွန်သွားတယ်။ မိုးရေစက်တချို့ မြေပေါ်မရောက်ခင် ခဲသွားတယ်။
ကြည့်ကောင်းလို့ ရိုက်လိုက်တာပဲ။ မရှိတဲ့ဓာတ်ပုံပညာတွေ မထုတ်ဖြစ်လိုက်ဘူး။ အဆင်ပြေတယ် မဟုတ်လား။
ဘယ်သွားသွား အပင်တွေက တူနေတယ်။ ပလပ်စတစ်လောင်းထားသလို ဖြစ်နေတယ်။ နေထွက်လာတော့ အမြင် ဆန်းနေပြန်ရော။
ကိုယ့်အတွက် ငြီးငွေ့စရာ ဒေသ ဆိုတော့ ရှုခင်းတွေကို ကြံဖန်ပြီး ခံစားရတယ်။ အင်း - တကယ်လည်း လှပါတယ်လေ။

ကော်ပြားကာ အိမ်ဖြူဖြူမှာ အုတ်နဲ့ဆောက်ထားတဲ့ မီးခိုးခေါင်းတိုင်တွေ့ရင်တော့ ဒါ အိမ်ဟောင်းကို အိမ်ကောင်း ပြန်လုပ်ထားတာလို့ ထင်ပါတယ်။ ဓာတ်ငွေ့သုံးအပူပေးစက် ခေတ်မစားခင်က မီးလင်းဖိုတွေ အားကိုးရတယ် ထင်ပါရဲ့။
အိမ်အတွင်းပိုင်း မြင်ကွင်း။ အိမ်ထဲမှာတော့ အပူစက်အားကိုးနဲ့ နွေးတယ်။
ကျနော်သုံးတဲ့ ကွန်ပျူတာ ၂ လုံး။
တလုံးက နှေးတယ်။ တလုံးက ရပ်သွားတတ်တယ်။
ကလေးတွေကတော့ သူတို့သိပ်ကြိုက်တဲ့ ဂိမ်း အတွက် ဒီကွန်ပျူတာတွေကို ကျနော်နဲ့ အပြိုင် သုံးကြတယ်။
ဒါပါပဲ။ အသစ် မတင်တာ ၁၀ ရက်ကျော်ပြီမို့ ဟိုလျှောက်ရေး ဒီလျှောက်ရေး တင်လိုက်တာပါ။
နှင်းကျတာ သွားရေးလာရေး ခက်တယ်။
စကားမစပ် ပြောရအုံးမယ်၊ ဖေ့စ်ဘုတ်မှာ ဒီဘလော့က ပို့စ်တွေ ဒီနေ့က စပြီး တက်နေပါပြီ။ နယ်ချဲ့လိုက်တာလေ သူများတွေလို။
လိပ်စာက -
http://www.facebook.com/zarny.win

Subscribe to:
Posts (Atom)