Jan 21, 2012

သတို့သမီး

ဖေ့စ်ဘုတ်မှာ ရှယ်နေကြပါပြီ
ကဲ - မင်္ဂလာဆောင် ဖိတ်စာမှာ ဘွဲ့တွေ တသီတတန်း ကောက်ထည့် လျှောက်ထည့်ထားတာ ကောင်းကျိုးရော ဆိုးကျိုးရော ရှိတယ် ဆိုတာ ဒီသတင်းက ပြောနေပါပြီ

ကောင်းကျိုးက - ကိုယ့်အကြောင်း အသေးစိတ်အချက်အလက် လူသိမယ်၊ ကိုယ့်အမြီးတွေ လူအထင်ကြီးမယ်။

ဆိုးကျိုးက - နိုင်ငံခြားထွက် ပတ်စပို့လုပ်ရာမှာ ပညာရေးဌာနကိုလျော်ကြေးပေးရမယ်၊ ပတ်စ်ပို့ရုံးကဆိုလား သာရေးနာရေးဖိတ်စာတွေ ကြော်ငြာတွေ မှတ်တမ်း တင်နေတယ် တဲ့။
နောက်ထပ်ဆိုးကျိုးကတော့ နာမည်နောက်ကအမြီးတွေဖတ်ပြီး ခေါင်းမူးသွားတဲ့ သတင်းသမားတွေ လျှောက်ရေးမိလို့ သတို့သမီးနာမည် အခုလို ပျောက်သွားတာပါပဲ

သတင်းသမားတချို့က နဂိုကတည်းက ရှုပ်အောင် ရေးတတ်တယ်နော် - သတိထားကြး)

သာရေးနာရေး ဖိတ်စာမှာ အမြီးတွေ ဖြတ်ကြး)

တော်ကြာ ရန်ကုန်မြို့နေ AK47 (Russia), BEDC (Rangoon), ABC (Set Sun), ABC (Stout), BBC listener, Facebook lover, internet user အသက် ၈၅ နှစ်သည် ယမန်နေ့က သေဆုံး သွားပါသည် လို့ ရေးနေကြအုံးမယ်း)

Jan 20, 2012

ငါ့ဘ၀ ငါသာသခင်

ဒီနေ့ ကြေးမုံ သတင်းစာမှာ ထင်တယ်
စာအုပ်မိတ်ဆက်မှာ ပါတဲ့ တအုပ်က ဒီဘလော့ နာမည်နဲ့လည်း ဆင်တယ်၊ စိတ်ဝင်စားစရာတွေလည်း ပါတယ်

တခြားစာအုပ်တွေလည်း သူ့နည်းသူ့ဟန် ဖတ်လို့ ကောင်းမယ့် သို့မဟုတ် ကိုးကားဖို့ကောင်းမယ့်ပုံပါပဲ။

အောက်ဆုံးစာအုပ်မှာတော့ ဘာတွေ ပေါက်ကရ ရေးထားမလဲ မသိပါး)

အဲဒီစာအုပ်စာရေးသူကိုတော့ မသိဘူး ထင်တာပဲ - နာမည်တောင် မကြည့်မိး)

အင်တာဗျူးတွေမှာ ပေါက်ကရ မေးတတ်တယ် ဆိုတော့ ပေါက်ကရရေးထားမယ်လို့ ယူဆပါတယ်း)

Jan 14, 2012

ကြိုးတိုက်ထဲမှာ အနှစ် ၂၀ ကြာ

(အင်တာနက်မြန်တဲ့ဒေသမှာ ကြည့်ဖို့)


နာမည်ကျော်သီချင်းတပုဒ်မှာ ဒီလို ဆိုထားတယ် "လူဆိုတာ တယောက်စီ မနေနိုင်တဲ့ သတ္တ၀ါတွေပဲ" တဲ့။

လူတယောက်ကို သီးသန့်အခန်းထဲ နှစ်ပေါင်းများစွာ ပိတ်လှောင်ထားတာမျိုးကို မြန်မာပြည်မှာ မကြာခဏ ကြားရမှာပါ။

ဒီရုပ်သံမှာတော့ ကိုညီညီဦးက သူ့အတွေ့အကြုံတွေကို ပြောပြထားပါတယ်။
အနှစ် ၂၀ ကို ကုန်သွားအောင် သူ ဘယ်လို ကျော်ဖြတ်ခဲ့သလဲ၊ ဘာကြောင့် ဒီလို ဒဏ်ခတ်ခံရတာလဲ ...


ရုပ်သံမှာ အသေးစိတ် ပြောပြထားပါတယ်

Jan 13, 2012

ဗီဇာလျှောက်မယ် - ၂

မြန်မာပြည်ပြန်ဖို့ ဗီဇာ လျှောက်မှ ဖြစ်တော့မယ်။
အစိုးရမင်းများ သဘောတော် သိပ်ကောင်းနေပြီ။

ဒီတခါ လွှတ်ပေးတာ အရေအတွက်လည်း များတယ်၊ ဟိုအမှု ဒီအမှုတွေနဲ့ ရောမလွှတ်ဘူး။

(လူဆိုးတွေနဲ့ ရောမလွှတ်ဘူးလို့တော့ မပြောချင်ပါ၊ ဗိုလ်ခင်ညွန့်တို့၊ ဗိုလ်နေ၀င်းမြေးတို့ ပါနေတာကြောင့်)

ဗီဇာလျှောက်မယ်။
NLD က ကြားဖြတ်ရွေးကောက်ပွဲအတွက် ၀င်ပြိုင်မယ့်လူ လိုနေတယ်။ အခုလွှတ်လာသူတွေကို NLD က ညှိနှိုင်းနိုင်တယ်။
ကျနော် ပြန်ရောက်ရင်လည်း လာညှိနေအုံးမယ်။ ၀င်ပြိုင်စမ်းပါကွာ ဆိုပြီး)

အင်း - ပြန်မှပါပဲး)

getty images photo

Jan 12, 2012

ဗီဇာလျှောက်မယ်


အကျဉ်းသား ၆၅၁ လွှတ်မယ်လို့ ဒီနေ့ ဗိုလ်ချုပ်ကြီးတို့က ကြေညာတယ်။ နိုင်ငံရေးအကျဉ်းသား ၂၀၀ လောက် ပါမလား။ ပါရင်တော့ ရန်ကုန်ပြန်ဖို့ ဗီဇာလျှောက်လိုက်အုံးမှပဲ။

Jan 10, 2012

၂၀၁၁ ဧရာဝတီ အတွင်းရေးများ






အတွင်းရေးများကို နှစ်သစ်မှာ ဖွင့်ချလိုက်ပါပြီ ဆိုပြီး ဧရာဝတီ ဘလော့မှာ တင်လိုက်တယ် မနေ့က။
တကယ့် အဖြစ်အပျက်တွေပါ။
ကိုယ့်အကြောင်းလည်း ပါတယ်။ လုပ်ဖော်ကိုင်ဘက်များအကြောင်းလည်း ပါတယ်။
ပျော်စေပြက်စေပေါ့။
ဒီဘလော့မှာ ဘာမှ မရေးတာလည်း ၃ ပတ် ရှိသွားပြီ။ ဒီဘလော့ လာတဲ့သူကလည်း ဂူဂဲလ်ရဲ့ အဆိုအရ တရက်ကို သုံးလေးဆယ် ရှိနေတယ်။ ဒါကြောင့် တခုခု တင်အုံးပါမှ ဆိုပြီး ဒီအတွင်းရေးတွေကို ကူးတင်လိုက်တာ။
တခြား တင်စရာတွေလည်း ရှိပါတယ်။ အထူးသဖြင့် ရိုက်ထားတဲ့ပုံတွေ။ ကင်မရာထဲမှာပဲ။ မထုတ်ရသေး။
ကဲ - မဖတ်ရသေးဘူး ဆိုရင် ဖတ်ပါအုံး အတွင်းရေးတွေကိုး)


အောင်မြင်မှု
း) မြန်မာပြည်တွင် သတင်းလွတ်လပ်မှု ဆက်ပိတ်ထား၍ ဧရာဝတီ ဆက်ပြီး ရည်တည်နိုင်ခဲ့။
း) ဧရာဝတီ စာမျက်နှာများကို ၂၄/၇ ကြည့်ရှုနိုင်ရန် ၀က်မာစတာများ စီမံနိုင်ခဲ့။
း) ဂျစ်ကန်ကန်လုပ်တတ်သော ရုံးသုံး ပရင်တာကြီးကို အစွမ်းကုန် သည်းခံပြီး သုံးနိုင်ခဲ့။
း) မတ်လမှာ ၀က်ဆိုက် အဟက်ခံရသော်လည်း ထပ် အဟက်မခံရအောင် နောက်ပိုင်း ၉ လ လုံးလုံး ကာကွယ်နိုင်ခဲ့။
း) ဧရာဝတီသတင်းထောက်များ မူလ ရေးသားဟန်ကို မပြောင်းကြဘဲ ဆက်ပြီး ထိန်းနိုင်ခဲ့။

ဆုံးရှုံးမှု
း( ဝက်မာစတာတယောက် ဆိုင်ကယ်မှောက်
း( သတင်းထောက် တယောက် မပေါက်တဲ့ထီလက်မှတ်တွေ လတိုင်းဝယ်
း( အယ်ဒီတာ တယောက် ဖုန်းပျောက်
း( ၀က်မာစတာ တယောက် ကားတိုက်မှုမှာ ဘတ် ၄၀၀၀ ($တရာကျော်) လျော်ရ
း( စာပေစိစစ်ရေးဌာနနှင့် ဆက်ဆံခွင့် မရခဲ့

ဖြစ်ထွန်းမှု
း) သတင်းထောက် ၂ ယောက် ၂၀၁၂ မင်္ဂလာပွဲအတွက် ရက်ရွေး (သီးခြားစီဆောင်ကြမည်)
း) သတင်းထောက် ၁ ယောက် လက်ထပ်
း) စာတည်း ၂ ဦး တို့ရဲ့ ဇနီးများ ကိုယ်ဝန်ရ
း) အလုံးတလုံးကို လူ ၂၀ ကျော် လိုက်လုခြင်းအကြောင်း ဧရာဝတီ မြန်မာပိုင်းမှာ ပုံမှန် ဖော်ပြ
း) သတင်းထောက် xxx ရည်းစား (အနည်းဆုံး ၁ ဦး) ထပ်ရ



ပျက်ကွက်မှု
း( ဦးသိန်းစိန်က ဖိတ်သော်လည်း ပြည်တော်ပြန်ကြရန် ပျက်ကွက်
း( ဧရာဝတီ ၀န်ထမ်းများအား လစာ တိုးပေးရန် ပျက်ကွက်
း( ကင်ဂျုံအီးလ်နာရေးသို့ ၀မ်းနည်းကြောင်း သ၀ဏ်လွှာ ပို့ရန် ပျက်ကွက်
း( ဧရာဝတီရုံးအနီးရှိ တရုတ်သံရုံးသို့ ခရစ်စမတ်ကတ် ပို့ရန် ပျက်ကွက်
း( ဦးသိန်းစိန် သမ္မတဖြစ်စဉ်က ၀မ်းမြောက်ကြောင်း သ၀ဏ်လွှာပေးပို့ရန် ပျက်ကွက်


ဧရာဝတီ နှင့် ဧရာဝတီ ၀ိုင်းတော်သားတို့၏
၂၀၁၁ ထိပ်တန်းလျှို့ဝှက်ချက်များ
ဤတွင်ပြီး)




Dec 20, 2011

ရယ်ရွှင်ပြုံးတုံ့ မပြုံးတုံ့



Getty Images မှာ တွေ့တဲ့ ပုံပါ။
ဘာရယ်လို့မဟုတ်ဘူး၊ ကြည့်ကောင်းလို့ ကိုယ်ပိုင်ဘလော့မှာ တင်လိုက်တာပါ။
ဖေ့ဘုတ်မှာတော့ မတင်တော့ဘူး။ ဒီနေ့ သို့မဟုတ် မနက်ဖန် အလိုလို တက်လာလိမ့်မယ်။ ဘလော့နဲ့ဖေ့ဘုတ်ကို ချိတ်ထားတယ်။

(ဖြည့်စွက်ချက် - ဘလော့နဲ့ချိတ်တာကို မလုပ်ပေးတော့ဘူး တဲ့။ ဖေ့ဘုတ် http://www.facebook.com/help/?faq=206051139465982#My-blog-isn%27t-importing-to-Facebook. မှာ ရေးထားတယ်။ အင်း - ဒီကောင်တွေ ညံ့လိုက်တာ)

Thailand Prime Minister Yingluck Shinawatra poses for photo before a Gala dinner during the 4th Greater Mekong Subregion (GMS) Summit in Myanmar's capital Naypyidaw on December 19, 2011.

Dec 18, 2011

ဖူးခက် အမှတ်တရ

~


လွန်ခဲ့သော ၂ နှစ်ကျော် ၃ နှစ်ဝန်းကျင် ဖူးခက် သွားတုန်းက ရိုက်ထားတဲ့ ပုံတချို့ကို ဒီနေ့ တင်လိုက်ပါတယ်။

အထည်ဆိုင်မှာ ခင်းကျင်းထားပုံလေးက ဆွဲဆောင်မှု ရှိလွန်းလို့။

အ၀တ်အစား ၃ စုံကို စုစည်းထားတာလေ။


ဒါက မျက်နှာ အနှိပ်ခန်းပေါ့။ ဆယ်ဒေါ်လာ အကုန်ခံနိုင်ရင် အဲဒီဆိုင်ထဲ ၀င်ရုံသာ။
အကုန်မခံချင်ရင်တော့ ကိုယ့်မျက်နှာကိုယ်နှိပ်။

ကိုမင်းဒင်အိမ်မှာလည်း သွားတည်းဖြစ်တယ်။ ကျနော်တို့ကို ကျွေးတဲ့ထဲက တခုကို မှတ်တမ်းတင်ထားတာ။ ဘာသီးကြော်လည်း မမှတ်မိတော့ဘူး။ ပိန္နဲသီးကြော် ထင်တာပဲ။
အောက်မှာက မင်းဂွတ်။

ဒါက ကိုမင်းဒင်ရဲ့ ကြောင်ဖြူတော်။

သူရေးတဲ့ထဲမှာ ပါဖူးတဲ့ ဇာတ်လိုက်လည်း ဖြစ်နိုင်တယ်။ သူ့ဘလော့မှာ ကြောင်စုန်း ဆိုပြီး ရေးထားသေးတယ်။ ဒီကောင့်အကြောင်းပါပဲ။








~

Dec 14, 2011

ငမိုက်သား နံပါတ် သုညကိုး


နံပါတ် သုညကိုး
လွန်ခဲ့တဲ့ ၂ လ လောက်က ဖုန်းပျောက်လို့ sim card အသစ် ဝယ်တယ်။ ၄၅ ဘတ်/တဒေါ်လာခွဲ ပေးရတယ်။
(ဖုန်းတော့ မဝယ်ဘူး။ သိမ်းထားတဲ့အဟောင်းကို ထုတ်သုံးတယ်။)

ကတ်အသစ်ဆိုတော့ နံပတ် အသစ်ပေါ့။ ဝ၉ နဲ့ အစပြုတယ်။

ယိုးဒယား လက်ကိုင်ဖုန်းနံပတ်တွေက ဝ၈ နဲ့ အစပြုကြတယ်။

အခု ဝ၉ တွေ ပေါ်နေပြီ ဆိုတာ လူတိုင်း မသိဘူး။ ဒီဘလော့ လာသူတွေ သိအောင် ရေးလိုက်ပါတယ်။

ယိုးဒယားဖုန်းနံပတ် ဝ၉ နဲ့ အစပြုရင် မအံ့သြဖို့ပါ။

အခုက ဒီနံပတ်ကို အံ့သြနေကြတယ်။ ချင်းမိုင် မဲဆောက် ဘန်ကောက်က မိတ်ဆွေများ ပြောပါတယ် - သူတို့ အံ့သြနေကြတယ်။

ဖုန်းသံကြားလို့ ဝ၉ နဲ့ အစပြုတဲ့ နံပါတ်မြင်ရင် ဘယ်နိုင်ငံက ဆက်လာတာပါလိမ့်လို့ သူတို့ ထင်နေကြတယ်။
နိုင်ငံခြားဖုန်း ထင်ပြီး လက်ခံဖြေသူရှိသလို၊ ပိတ်လိုက်သူတွေလည်း ရှိတယ်။

တချို့ကလည်း ဒီနံပါတ် ပေးလိုက်ရင် တခုခုတော့ မှားနေပြီ ထင်ကြတယ်၊ ဒီကောင် ဖုန်းနံပါတ်တောင် မှားပေးတယ်လို့ ယူဆသူလည်း အများသား။

ကဲ - မှတ်ထားလိုက် - သုညကိုးဟာ ပုံမှန်ဂဏန်း။

ငမိုက်သား

ငမိုက်သား ဆိုတာက တယ်လီဖုန်းကို ပြောတာပါ။
ဈေးကြီးတဲ့ဖုန်းတွေ မော်နီတာကျယ်ကျယ်ကို လက်နဲ့ ပွတ်နေနေကြတဲ့ ဖုန်းတွေကို Smart Phone လို့ ခေါ်ကြတယ်။ တွေ့ဖူးမှာပါ။ စင်္ကာပူ မြို့ပတ်ရထားထဲ ဒါတွေပဲ ပွတ်နေကြတာ။
ကျနော်က ဖုန်း မကြာခဏ မေ့တတ် အထားမှားတတ် ပျောက်တတ်တော့ စမတ်ဖုန်းနဲ့ဆို ဟန်မကျဘူး။ ဒီတော့ သာမန်ဖုန်းပဲ ကိုင်တယ်။ သာမန်ဖုန်း- မူလလက်ဟောင်းဖုန်းတွေက
Smart Phone မဟုတ်တော့ Stupid Phone ပေါ့။
ဒါကြောင့် ငမိုက်သား လို့ အခု ကိုင်နေတဲ့ ဖုန်းကို ခေါ်လိုက်တာ။ ကျနော့်မိန်းမ ပေးလိုက်တဲ့ နာမည်လေ။
ငမိုက်သားက ဈေး ပေါတယ် ဆိုရမယ်။ ဘတ် ၇၀၀ ထင်တယ် ၀ယ်တုန်းက။ ဒေါ်လာ ၂၀ စွန်းစွန်း။

ဒါပါပဲ။

Dec 13, 2011

NLD ပုဆိုး ပြန်ဝတ်ပြီ

~







NLD ပါတီထောင်ခွင့် ရပါပြီ လို့ ရွေးကော်မရှင်က မီးစိမ်းပြလိုက်တယ် တဲ့။
လူထုဦးဆောင် NLD ပါတီလည်း အနှစ် ၂၀ ကျော် အထုအထောင်းခံခဲ့ရပြီး အထိနာခဲ့ပေမယ့် အစိုးရက အခုလို သဘောထားကြီးစွာ ပါတီအဖြစ် ရပ်တည်ခွင့် ပေးပြီ ဆိုတော့လည်း ကောင်းတာပေါ့၊ ရေစစ္စရီ ထပ်လုပ်ပြီး ရှေ့သို့ ချီရတော့မှာပေါ့။
NLD သမိုင်းမှာ စကတည်းက ကြမ်းခန်း ရမ်းခန်းတွေချည်းပဲ။

ပါတီခေါင်းဆောင် ဧရာဝတီတိုင်းသွားတော့ ကျည်ထိုးမောင်းတင်ထားတဲ့ သေနတ်နဲ့ အချိန်ခံရ ၁၉၈၉။
၉၀ ရွေးကောက်ပွဲ မှာ NLD ကိုယ်စားလှယ်တွေ အရွေးခံရတော့ အဲဒီလူတွေ ထောင်ထဲ သွားနေရပြန်ရော။
ကျန်တဲ့လူတွေလည်း ၁၄ နှစ်ကြာ အမျိုးသားညီလာခံထဲ အပို့ခံရ။
ဒေါ်စုကို ထုတ်ပစ်လိုက်လို့ ဖိအားပေးပြန်တော့ ဒေါ်စုကို ပါတီကနေ ထုတ်ပေးရသေးတယ်။
တနိုင်ငံလုံးက ပါတီဝင်တွေ ကိုယ့်သဘောနဲ့ကိုယ်ထွက်ကြတယ် ဆိုတာတွေလည်း သတင်းစာတွေထဲ မကြာခဏ တွေ့ခဲ့ရတယ်။
တွေ့ဆုံဆွေးနွေးရေးမဖြစ်တာဟာ NLD သဘောထားတင်းမာလွန်းလို့ပဲ၊ လျှော့ပါအုံး လျှော့သင့်တယ်လို့ သုံးသပ်သံတွေလည်း ထွက်ခဲ့တယ်။ လျှော့စရာ ပုဆိုးပဲ ရှိတော့တယ်ဟေ့ လို့ တုံ့ပြန်သံတချို့လည်း ဘေးက ထွက်လာတယ်။
ဒီလိုနဲ့ မနှစ်တုန်းက ရွေးကောက်ပွဲလုပ်တော့ NLD က တရားမ၀င်ပါတီစာရင်းထဲ ရောက်သွားတယ်၊ အဲဒီ လျှော့စရာ ဆိုတာကို ချွတ်ပေးလိုက်ရတဲ့သဘောပေါ့။
အခုတော့ ရော့ ... ရော့ ... နင့်ပုဆိုး ပြန်ဝတ်ချည် လို့ ပြောလိုက်ပါပြီ။
ကောင်းလေစွ။






~

Nov 26, 2011

မျက်စိ ပသာဒ

.







ဆေးလိပ်ခွက်နဲ့ ပန်းဖြူဖြူ

လွန်ခဲ့တဲ့ ၂ နှစ်ဝန်းကျင်က ဖူးခက်က ဟိုတယ် တခု စင်္ကြံမှာ ရိုက်ထားတာ။
ဆေးလိပ်ပြာခြွေခွက်က ၃ ပေတော့ မြင့်မယ် ထင်တယ်။
အဲဒါချည်းပဲ ဆိုရင် အကျည်းတန်တာကြောင့် မျက်စိ ပသာဒ ဖြစ်အောင် တရုတ်စကားပန်းနဲ့ ကူထားတာလို့ ယူဆရတယ်။

ဟိုတယ် ဆိုတာမျိုးက လှလှပပဖြစ်အောင် လုပ်ထားရတဲ့ အဆောက်အအုံမျိုးမဟုတ်လား။
ကိုယ့်အိမ် သူ့အိမ်မှာ ပြီးတော့ ဟိုတယ်ဝန်ထမ်းတွေရဲ့ အိမ်မှာ ဒီလိုပဲ အလှဆင်ကြရဲ့လား။ အချိန်ပေးနိုင်ကြရဲ့လား။

ဝါသနာနဲ့ ဆိုင်မယ် ထင်တယ်။ ၀ါသနာ ပါသူကတော့ အချိန်ပေးပြီး အလှဆင်ဖို့ ၀ါယမစိုက်ပါလိမ့်မယ်။

ကျနော်ကတော့ ၀ါသနာ မပါဘူး၊ အချိန်လည်း မပေးနိုင်ဘူး။ ဒါပေမယ့် အလှဆင်ထားတဲ့အိမ်မှာတော့ နေချင်တယ်။

ပျံနေတဲ့အိမ်မျိုးဖြစ်ဖို့ မလိုပါဘူး။

စိတ်ကူးထဲက အိမ်ကတော့ ဟိုသီချင်းထဲကလို မြက်ခင်းစိမ်းနဲ့တဲငယ်လေး မဟုတ်ဘူး။
အိမ်ငယ်တာကိုတော့ သဘောကျတယ်။ သိမ်းဆည်းရတာ အပမ်းသိပ်မကြီးဘူးလေ။
မြက်ခင်းစိမ်းတာတော့ သိပ် သဘောမကျချင်ဘူး။ ပုံမှန် ရိတ်ပေးနေရလိမ့်မယ်။ အချိန်ကုန်တယ်။ စက်နဲ့ရိတ်ရင် ဆီကုန်မယ်၊ နားညည်းမယ်။
အရိပ်ရအပင်ကြီးတွေတော့ ကြိုက်တယ်။

အိမ်အကြောင်းက ထားလိုက်ပါလေ။ မရှိတဲ့အိမ်အကြောင်း သိပ် မပြောတာ ကောင်းပါတယ်း)

မျက်စိပသာဒအကြောင်း ပြန်ဆက်ရရင် -

ကိုယ်ကရော အများရဲ့ အမြင်မှာ ဘယ်လောက် ပသာဒ ဖြစ်နေသလဲ၊ ဘယ်လောက် ကြည့်ပျော်ရှုပျော် မရှိဘူးလဲ။ သူတို့တွေ ပသာဒဖြစ်အောင် ကိုယ်အမူအယာ နှုတ်အမူအယာ ၀တ်စားဆင်ယင်ပုံတွေ ပြင်သင့်သလား။

အင်း - ပြင်စရာမလိုဘူး ထင်ပါတယ်လေ၊ အဆင်ပြေပုံရပါတယ်၊ ခုချိန်ထိ ဘယ်သူကမှ ဘာမှ မပြောသလောက်ပဲ ဆိုတော့။








.