အစိုးရဧည့်ဂေဟာတွင် ၈ လ ကြာခဲ့သူနှင့် စကားလက်ဆုံ
ဇာနည်ဝင်း၊ မေ ၄၊ ၂၀၀၆ ဆိုပြီး မိုးမခမှာ ဖော်ပြခဲ့တဲ့ ဆက်သွယ်မေးမြန်းခန်း
စာမျက်နှာ - ၁
စာမျက်နှာ - ၂
စာမျက်နှာ - ၃
စကားလက်ဆုံဆိုပေမဲ့ ရာဟူး မက်ဆင်ဂျာကနေ ဗျူးတာပါ။ ၂၀၀၃ ခုနှစ်တုန်းက။ သူက တိုကျို။ ကျနော်က မဲဆောက်။ AAPP နဲ့ BWU ပူးတွဲထုတ်မယ့် အမျိုးသမီးအကျဉ်းသားအစီရင်ခံစာအတွက် ဗျူးတာ။ အဲဒီတုန်းက သူ နိုင်ငံရေးခိုလှုံခွင့် မရသေးဘူး။ ကျေးဇူးရှင်ဂျပန်အစိုးရက စိစစ်ဆဲ။ ဓာတ်ပုံက ဂျပန်မှာရိုက်ထားတာဖြစ်မယ်။ ပိန်သွားတယ်။ ရန်ကုန်မှာတော့ သူ့ကို တွေ့နေ မြင်နေရတာပဲ။ သူ့အကြောင်းသိသိကြီးနဲ့ မေးရတာ။ အင်တာဗျူးကို အစီရင်ခံစာမှာ မသုံးဖြစ်ပါဘူး။ ဒါနဲ့ မိုးမခမှာ အဟောင်းအမြင်းတူးဖော်ရေးလုပ်ရင်း ပြန်တွေ့တာနဲ့ သုံးဖြစ်သွားတယ်။ သူ့ဆီက စာမူခ ဘယ်ရမလဲ။ တွေ့ရင်တော့ တောင်းရဦးမယ်။ ဟုတ်တယ်။ စာမူခဆိုတာ အဗျူးခံရသူက ပေးရမယ်မဟုတ်လား။ကမ္ဘာကြီးပူနွေးနေတာကို စိုးရိမ်တဲ့ သူ့ညီမ ဟေမာန်သဇင်ကတော့ မိုးမခမှာ ဟိုရေးဒီရေးပါပဲ။ (ကြက်ဥကြော်ဇာတ်လမ်းတော့ မရေးသေးပါ။)
1 comment:
i read this post.
Post a Comment