
အိမ်သာသုံးစက္ကူ လိုသလား။ ၂ရွက်ကို ၂ ဒေါ်လာ လို့ Jet Blue လေကြောင်းလိုင်း လေယာဉ်မယ်က မေးတော့ ခရီးသည်က
ဟင့်အင်း၊ ငွေစက္ကူကိုပဲ သုံးတော့မယ်။ ဟု ဆို၏။ Jet Blue လေကြောင်းလိုင်းက ယူအက်စ်မှာ ချွေတာရေးခရီးသည်တွေ အားပေးတဲ့လိုင်း ဖြစ်ပါတယ်။ တခြားလေကြောင်းလိုင်းတွေလို ခရီးသည်တွေအတွက် ခေါင်းအုံးပိစိ၊ စောင်ပါးပါး ပေးလေ့ရှိခဲ့ပါတယ်။ ဒီလဆန်းပိုင်းမှာတော့ အဲဒီ ၂ခုကို မပေးတော့ဘူး၊ ရချင်ရင် ၁စုံ ၇ ဒေါ်လာနဲ့ ရောင်းမယ် တဲ့။ ဒါနဲ့ပဲ ဒီကာတွန်း ပေါ်လာတာပါ။ ကာတွန်းဆရာက ခရီးသည်အများစုလို အခမဲ့ ၀န်ဆောင်မှုလေးတွေကို အသားကျနေတဲ့ ပုဂ္ဂိုလ် ဖြစ်ပါလိမ့်မယ်။ ဘာမှ ရောင်းမနေနဲ့ လေယာဉ်လက်မှတ်ရောင်းတုန်းကရင်း တခါတည်း ငွေပိုယူလိုက်လို့ ခရီးသည်များက သဘောထားရှိကြမှာပါ။ လေကြောင်းလိုင်းတွေဘက်ကလည်း လက်မှတ်ဖိုး မတိုးချင်ဘူး။ ဖောက်သည်တွေထဲမှာ အားအားယားယား ခရီးသွားသူတွေက ၃ပုံ၁ပုံရှိတဲ့အတွက် အငြိုငြင် မခံချင်ဘူးလို့ ဖတ်ဖူးတယ်။ ကာတွန်းပါအကြောင်းအရာ ပြန်ဆက်ရရင် Jet Blue က တခါသုံးခေါင်းအုံးတွေ သန်းနဲ့ချီပြီး လွှင့်ပစ်နေရတာ ပတ်ဝန်းကျင် ပျက်စီးတယ် လို့ အကြောင်းပြထားလေရဲ့။ ဒါကြောင့် ခေါင်းအုံး ရောင်းတာပေါ့။ Jet Blue က ဗီဒီယိုတင်မက တီဗွီပါ ကြည့်လို့ရတာကတော့ တခြားလိုင်းတွေထက် သာတဲ့သဘော။ ဈေးရောင်းတာလည်း တခြားလိုင်းတွေထက် သာတာပါပဲ။ ဗီဒီယိုကြည့်ဖို့ နားကြပ်မပေးဘူး၊ ရောင်းနေတာ ကြာလှပေါ့ ဒီနှစ်ဆန်းကတည်းက။ ခရီးသည်က အိမ်ကနားကြပ်ယူခဲ့လည်း ရပါတယ်။ ၀ယ်ရင်တော့ ၁ ဒေါ်လာ။
1 comment:
ဟားဟားဟား..
အခုပဲ Jet Blue စီးမလားလို့ စဉ်းစားနေတာ။
အတပ်သိနေပုံရတယ်။
Post a Comment