ဧည့်သည်က အင်မတန်များတာပဲ။ ထိုင်းမြန်မာနယ်စပ်ကနေ တကူးတက လာသူတွေ၊ LA ဒေသခံ မြန်မာပြည်သားတွေ၊ အိမ်ရှင်ရဲ့ ရပ်နီးရပ်ဝေး မိတ်ဆွေတွေ။
အောက်ကပုံမှာတော့ ကဗျာဆရာ ကိုအောင်ဝေး ဧည့်ခန်းထဲမှာ ထိုင်နေတာ တွေ့ရမယ်။
ကြောင်ကိုပွေ့ထားတာလည်း အိမ်ရှင်ပါပဲ။ သူက ဘောလုံးပွဲကြိုက်တယ်လို့ ယူဆရတယ်။ ယူဆရတယ် ဆိုတာက တခြား ဘောလုံးပွဲဝါသနာအိုးတွေနဲ့ မတူဘူး၊ ဂိုးတော့မယ်၊ ဟာ နည်းနည်းပဲလိုတယ်၊ ဆွဲထား ဆွဲထား၊ ကန်လိုက်လေကွာ၊ ဟာ- သောက်သုံးကိုမကျဘူး ဆိုတဲ့အသံတွေ ထွက်လာတာ မကြားရဘူး။ ပွဲကြည့်တာ မန်ယူအသင်းနည်းပြ အဲလက်စ်ဖာဂူဆန် ထက်တောင် ငြိမ်တဲ့ပုံရှိ။ ဘော်လုံးကွင်းထဲမှာမဟုတ်လို့လည်း ဖြစ်နိုင်း)
သူကတော့ ဟိုနေ့ကခွင့်တောင်းသေးတယ်၊ အဲဒီပွဲအကြောင်းရေးထားတဲ့ပို့စ်မှာ ကျနော့်ပုံ ထည့်လိုက်ရမလား တဲ့။ ကမန်းကတန်း နိုး လို့ ပြောလိုက်တယ်။
ခုတော့ ဒီပို့စ်မှာ သူ့ပုံကို ခွင့်မတောင်းဘဲ ထည့်သုံးလိုက်ပါပြီ။ [ ကိုအောင်သာငယ်၊ ခင်ဗျား ကျနော့်ပုံတင်မယ်ဆိုရင်တော့ ခွင့်တောင်းပါဗျာ။ ] "အောင်သာငယ် ဆိုတဲ့ ဘလော့ဂ်ကို ကျနော့်စာမျက်နှာမှာ လင့် ချင်လို့ LA အထိ လာတွေ့တာဗျာ" ဆိုပြီး ရွှီးလိုက်ရင် ယုံကြည်ပုံ မရတာကြောင့် မပြောလိုက်မိဘူး။း)
စင်ရှေ့မှာ ခင်းထားတဲ့ ဗုံတွေက အမြင်ကောင်းအောင်၊ ရိုးရာမမေ့အောင် အလှဆင်ထားတာတွေဖြစ်မယ်။ စာပေဟောပြောပွဲမှာ မောင်သာရ၊ မောင်စွမ်းရည်၊ အောင်ဝေး ဆရာသုံးပါးစလုံး ဘယ်သူကမှ အဲဒီဗုံတွေ မတီးကြပါဘူး။ ။
9 comments:
မြင်ဖူးချင်နေတဲံ့ ဘလော့ဂါ ၂ ယောက်နဲ့
ဘလော့ဂါ ၁ ယောက်ရဲ့ အရင်းနှီးဆုံး သူစိမ်း တစ်ယောက်ကို မြင်ဖူးခွင့်ရလို့ကျေးဇူးတင်ပါတယ်။
( ငယ်ငယ်တုံးက ပုံဖြစ်နေတာရယ်၊ ကျောခိုင်းပုံဖြစ်နေတာရယ်ကတော့ မတတ်နိုင်ဘူးပေါ့လေ.. :(
ဟုတ်ပါ့ အပေါ်က စင်စင်ပြောသလိုဘဲ မြင်ဘူးချင်တဲ့သူကို မြင်လိုက်ရပြီ။ အရိပ်ကြီးတောင် အစစ်ပါသေး။ ကိုအောင်သာငယ်ကတော့ ကျောဘဲမြင်ရလို့  သိပ်မကျေနပ်
ဆင်ဒဲလားနဲ့ လင်းစ်တို့နှစ်ယောက်အဖွကောင်းလို့
လိုက်လာကြည့်တာ..
ဖော်ကောင်လုပ်သော ဂျက်လီ.. တွေ့ကြသေးတာပေါ့လေ..။
ဟာ..မင်္ဂလာဆောင်တုန်းက ပုံလေးက လျတယ်။
အစ်မရဲ့ ကိုအကျော်ကလဲ မဆိုးဘူးပဲ။
ကိုဂျက်လီ... ခင်ဗျားကို ကျနော် တရားစွဲထားပြီ...
မမိုးချိုးသင်း နဲ့  ဆရာအောင်ဝေး ကိုတွေ့ ဖူးသွားပြီး အန်ကယ်အောင်ကိုက သူ့ဘလော့မှာ တစ်ခါမြင်ဖူးတယ် ကြော်ငြာတွေ့ လို့ လာကြည့်တာ ကျေးဇူးးဗျ ။
အခါခါရောက်သော်လည်းဘာမှမရေးဖြစ်ခဲ့ဘူးအစ်ကို
ဓာတ်ပုံလေးတွေ ကြည့်ရတာကျေးဇူးတင်တယ်..
လေးစားခင်မင်လျက်
ညီမငယ်
mirror
ဂျက်လီ ?? အဟဲ .. ဂျက်လီ ဆိုလို့ ကိုဇာနည်ပုံနဲ့ အင်တာနက်က ဂျက်လီပုံရှာပြီးတိုက်ကြည့်လိုက်တယ်. .. ဘယ်နားသွားတူလည်းတော့ ပြောတတ်ဘူး။ (ဒီဂျက်လီက နည်းနည်းပိန်နေတယ် အားဆေးများများသောက်)
Post a Comment