
[ ကျန်းကျိန် ကို ကျမ်းကျိန် ဟု ပြင်ဆင်ဖတ်ရှုပါရန်း) ]
အိုဘားမား ကျန်းကျိန်ပွဲက မြိုင်လိုက်တာ။ စကားပြောတာချည်းပဲ မဟုတ်ဘူး။ ဒီဇင်ဘာတုန်းက ကြုံခဲ့ရဖူးတဲ့ ခရစ္စမတ်ဆုတောင်းပွဲ အခမ်းအနားတခုနဲ့ တူတယ်။ သီချင်းဆိုတယ်။ သံစုံတီးဝိုင်းလေးတခုကလည်း လက်စွမ်းပြတယ်။ ဘုရားရှိခိုးဆုတောင်းသလိုမျိုး လုပ်တယ်။ (မတူတာတခုကတော့ ကဗျာရွတ်တဲ့အစီအစဉ်ပါပဲ။)
အိုဘားမား စကားပြောတော့ လူတွေ လက်ခုပ်တီး အားပေးကြတယ်။ ရွေးကောက်ပွဲအောင်ပွဲညက ပြောသလိုပါပဲ အားနဲ့ မာန်နဲ့ ပြောသွားတယ်။ အမေရိကန်တွေလည်း မြန်မာတွေ ထိုင်းတွေလို ပွဲကြိုက်ကြပုံရတယ်။ ၁၀ တန်းမှာ သင်ခဲ့ရတဲ့ ဥမ္မာဒန္တီပျို့ထဲက စကားလုံး ယူသုံးရရင်တော့ ကြက်ပျံမကျပေါ့ဗျာ။ ရွေးကောက်ပွဲမှာ ရှုံးသွားတဲ့ ဂျွန်မက်ကိန်းကြီးကိုလည်း လူအုပ်ထဲမှာတွေ့လိုက်ရ။ လူတွေကတော့ အလံတွေ လှုပ်ရမ်းပြီး မြူးနေကြတာ။
ကဗျာရွတ်တဲ့အချိန်မှာ လူတွေ လှုပ်လှုပ်ရွရွ ဖြစ်လာတယ်။ ထပြန်ကြပုံရတယ်။ အမေရိကန်မှာလည်း အရောင်းထိုင်းပုံပဲ ကဗျာက။ ပထမကဗျာက ခပ်တိုတိုပဲ။ ဒုတိယကဗျာကို အဖိုးကြီးတယောက်ရွတ်တော့ အဆုံးပိုင်းမှာ လူတွေ ပြုံးကြတာ သတိထားမိတယ်။ ကဗျာရှည်ကြီးပြီးတော့ နိုင်ငံတော်သီချင်းဆိုမယ်လို့ အခမ်းအနားမှူး အမျိုးသမီးက ကြေညာတယ်။ သီချင်းဆုံးတော့ လူတွေ လက်ခုပ်တီးပြန်ရော။ ဒါပါပဲ အစီအစဉ်က။ စောစောတုန်းက လူကြီးတွေ (သမ္မတဟောင်းကြီးတွေနဲ့သူတို့ရဲဇနီးတွေ) တက်ရောက်ပုံကို ပြတယ်။
CNN က အဆက်မပြတ် ပြနေတာပဲ။ ဘာအစီအစဉ်မှ မပါဘူး။ ကျန်းကျိန်ပွဲကိုပဲ အဆက်မပြတ် တိုက်ရိုက် လွှင့်နေတာ။ (ကြားထဲမှာ ကြော်ငြာ ၃ ခုလောက်တော့ ခပ်တိုတို ထည့်တယ်။ ဂျော်နီလမ်းလျှောက် အရက်ပုလင်းကြော်ငြာ။ ကြော်ငြာထဲမှာ အိုဘားမားလို့ ယူဆရသူတယောက် လမ်းလျှောက်လာပုံလည်း ပါသေး။
ကျန်းကျိန်ပွဲ ပြီးတော့ CNN ဆရာ ဆရာမတွေ ဘယ်လို တင်ဆက်သလဲ လေ့လာကြမယ် ဘာညာ နဲ့ မဟေသီကို ဘေးမှာထိုင်ဖို့ စည်းရုံးပြီး တီဗွီကြည့်ရတယ်။ုကည့်ရင်းနဲ့ ကွန်ပျူတာ သုံးရတာပေါ့။း) သူ့အာရုံကို တီဗွီဆီ ပို့ပေးလိုက်တဲ့သဘော။း)
နိုင်ငံရေးပွဲကြီးက အနုပညာဆန်ဆန် ဘာသာရေးဆန်ဆန် ပြီးသွားတယ်။ အိုဘားမားခရေဇီတွေက ညကတည်းက လာပြီး စုဝေးနေကြတယ် ဆိုပဲ။ ငွေအကုန်ခံပြီး ၀ါရှင်တန်မှာ အင်အားသွားပြကြတာ အကြောင်းရှိမယ်။ ချမ်းချမ်းစီးစီး။ လေက ထန်ထန်။ အိမ်ကနေ (အလုပ်ထဲကနေ) နွေးနွေးထွေးထွေးနေပြီး တီဗွီထိုင်ကြည့်လည်း အကုန်မြင်ရတာပဲဟာ။း)
ခုလေးတင် သမ္မတဟောင်း ဖြစ်သွားတဲ့ ဘုရှ်တို့ လင်မယားကို စစ်ရောင်သုတ်ထားတဲ့ ရဟတ်ယာဉ်ကြီးက ခေါ်သွားတယ်။ သမ္မတ ဒုသမ္မတသစ် စုံတွဲ ၂တွဲက ရဟတ်ယာဉ်တက်တာကို စောင့်ကြည့် လက်ပြနေလေရဲ့ အခု ကြည့်နေတဲ့အချိန်မှာ။
အိမ်ဖြူတော်မှာ သမ္မတဟောင်းရဲ့ အထုပ်အပိုးတွေ အပြင်ထုတ်ပြီး၊ သမ္မတသစ်ရဲ့ သေတ္တာတွေ ပုံးတွေ သွင်းလာတာကိုလည်း မြင်လိုက်ရတယ်။ အိုဘားမားအတွက်တော့ အိုကေသွားပြီ။ အနည်းဆုံး ၄ နှစ်စာ အိမ်လခ ပေးစရာ မလိုတော့ဘူး။ အိမ်အကြီးကြီးမှာ နေရမယ်။ လခလည်း ကောင်းတယ်။ ခေါင်းတော့ ကိုက်ရမယ်။ အမေရိကန်က ကမ္ဘာ့ပုလိပ်ကြီးဆိုတော့ အိုဘားမားက ရဲမှူးကြီးပေါ့။ "ဂေါ့ဘလက်စ်ယူ" ပါ ရဲမှူးကြီးခင်ဗျာ။
3 comments:
သူတို့ တိုင်းပြည်များ အားကျစရာ..
ငြိမ်းငြိမ်းချမ်းချမ်းပါပဲ၊ အမြင်မတူသူတွေ တူသူတွေလည်း အေးအေးဆေးဆေးပါပဲ။ ဟိုအဘတွေလို ငမ်းငမ်းတက်နေတာများ မတွေ့ရပေါင်..
အိုဘားမားကြီးက..မှတ်ညဏ်မကောင်းဘူး..ကျမ်းသစ္စာကျိန်တာ လိုက်ဆိုတာ မေ့နေတယ်။း)
ကင်ညာက ရွာမှာတော့.. အ၀တ်ပိတ်ကားထိုးပြီး..စီအန်န်အန်န် ကြည့်ကြတယ်။ ဂလိုဘယ်လိုက်ဇေးရှင်း ပေါ့။
လေးနှစ်စာအိမ်လခ မပေးရတာတော့ စိတ်ဝင်စားသား။ ဒါပေမယ့် ခေါင်းကိုက်မယ်ဆိုတော့ ပြန်စဉ်းစားသင့်တယ်နော် ဝန်ဂျီးဂျုပ်။
Post a Comment