
တလကို ဘတ် ၇၀၀ ကျော် ( ဒေါ်လာ ၂၀ ၀န်းကျင်) ပေးရတဲ့ အင်တာနက်က သိပ်နှေးတာပဲ။ နှေးလွန်းလို့ စိတ်တို အသက်တိုတယ်။ ဒါကြောင့် ပြောတာပေါ့။ အိမ်မှာ လိပ် ရှိတယ် လို့။
တောက်တဲ့က ဘာကို ဆိုလိုတာလဲ ဆိုတော့ အင်း - တောက်တဲ့ တွေ့ဖူးကြရဲ့ မဟုတ်လား။ ဘိုဆန်ဆန် ကဗျာထဲက တောက်တဲ့ ဆိုတဲ့ အကောင်က သစ်ပင်ပေါ်မှာ ထိုင်နေတယ်။ ယိုးဒယားမှာတော့ တကယ့် တောက်တဲ့တွေက နံရံမှာ ကပ်နေတာပဲ။ နေရာ မရွေ့တော့ဘူး။ အသက်တော့ ရှိတယ် ဒါပေမယ့် သေနေသလိုပဲ မလှုပ်မယှက်။
အိမ်က အင်တာနက်က မြန်နှုန်း အင်မတန်နိမ့်တော့ တခါတလေ လိပ်ဘ၀ကနေ တောက်တဲ့ ဘ၀ ရောက်သွားတယ်။ နှေးရာကနေ ရပ်သွားတာဗျာ။ သေတော့ မသေဘူး။ ဒါပေမယ့် ဘာမှ ကြည့်လို့ မရ။ ဂျီတော့တောင် မရ။ တကယ့် မြန်နှုန်းက ဒဿမ သုည သုည ကိုး လောက်ပဲ ရှိမယ်လို့ ယူဆရတယ်။
ဒါပေမယ့် Signal Strength ဆိုတဲ့ အင်တာနက် မြန်နှုန်း ဘယ်လောက်ရှိသလဲ ကြည့်လိုက်ရင် ပြပါလိမ့်မယ် Excellent တဲ့ 54 Mbps တဲ့။
သူ့ထက်ကောင်းတဲ့ ဈေးပေါတဲ့ မြန်နှုန်း သိပ်မြင့်တယ်လို့ ဆိုတဲ့ ပြီးတော့ ဗီဒီယိုဇာတ်လမ်းတွေတောင် ဒေါင်းလုတ် လုပ်လို့ရပါ့ ဆိုတဲ့ အင်တာနက်လိုင်းကို ပြောင်းယူဖို့တော့ အစီအစဉ် ရှိတယ်။ အခု ကုမ္ပဏီက TOT (တီအိုတီ) ဗျာ။ ညံ့ချက်ကတော့ လဲသေချင်စရာကောင်းတယ်။ ချင်းမိုင် တီအိုတီ နှေးပုံကို ပြောပါတယ်။ တခြားဒေသမှာတော့ မပြောတတ်။ ဒီထက် ညံ့စရာ အကြောင်းတော့ မရှိဘူး ထင်တယ်။ တီအိုတီက နာမည်ကြီးပဲ။
လိပ် အင်တာနက်၊ တောက်တဲ့ အင်တာနက်တို့ အကြောင်း ပြောရတာ စိတ်မသက်သာစရာ။
မြန်မာပြည်က အင်တာနက်သုံးသူတွေလည်း ကျနော့်လိုပဲ လိပ်တွေ တောက်တဲ့တွေနဲ့ တွေ့နေတယ်လို့ ကြားရတယ်။
အိမ်က အစုတ်ပလုတ် အင်တာနက်ကို နောက် ၂ လ ကြာမှ ပြောင်းလို့ရမယ်။ လောလောဆယ် စိတ်တိုပေတော့၊ အသက်တိုပေတော့။
စကားမစပ် ပြောရရင် သင်္ကြန် ရောက်တော့မယ်။ ဘာလုပ်ရမလဲ။ ရေပက်ချင်စိတ် ရေပက်ခံထွက်ချင်စိတ် ပေါက်ရလောက်အောင်လည်း အသက်က မငယ်တော့ဘူး။ နှစ်ဦးကန်တော့ပွဲမှာ ကန်တော့ခံရလောက်အောင်လည်း အသက်က မကြီးသေးဘူး။ ဆိုတော့ကာ သင်္ကြန်လည်း ကွန်ပျူတာရှေ့ထိုင်ပြီး လိပ်၊ တောက်တဲ့ အင်တာနက်တို့နဲ့ နှစ်ပါးသွား ကရုံပေါ့။
မိတ်ဆွေတို့ မင်္ဂလာနှစ်သစ် ဖြစ်ကြပါစေ။ ဆ၀ါဒီပီးမိုင်ခပ်။ ဟက်ပီး ညူးရီးရား။ ရှီးညန်ခွိုက်လော့! လိပ်၊ တောက်တဲ့တို့နဲ့ ကင်းဝေးကြပါစေ။
8 comments:
ကိုယ်တွေ့တွေ... ကိုယ်တွေ့တွေ...
ခုတော့ သိပြီ မဟုတ်လား ကိုဂျက်လီ...း)
ATN
ကိုယ့်လူ
တောက်တဲ့ကို ကြော်စားရင် သိပ်ကောင်း ဆိုပဲ
ဟဲဟဲ
ကြော်ပြီးရင် ခေါ်နော်
အောင်ကြီး
ဘာပြုလို့ ပုံပြောင်းတင်တာလဲ.....
မျောက် ပုံအသစ်မျှော်နေတာ....။
ဖွတ်တို့ ပဒတ် တို့ကော မရှိဘူးလား။ ဒါဟဲဖိုး နဲ့ ချက်စားရင် ကောင်းတယ် တဲ့။း)
တောက်တဲ့..လိပ် မှ သည် မျောက် ပြန်ဖြစ်ပါစေ။
တောက်တဲ့ လိပ်တို့မှ ကင်းဝေးပါစေဗျာ
ပျော်ရွှင်စရာ နှစ်သစ်လေးဖြစ်ပါစေ
တူတူပဲ ဒီမှာလဲ မထူးဘူး တီအိုတီလုပ်တာ အင်တာနက်က ၀င်နေ မီးက စိမ်းတာမှအပြည့် ဒါပေမယ့် မေလ်းတောင်ဝင်မရ အဲလိုပဲ ...
ဘယ်ကို ပြောင်းမယ် ဆိုတာ ပြောဦး လိုက်ပြောင်းသင့် ပြောင်းရမယ်.. ဒါနဲ့ ခုချင်းမိုင်ပြန်ရောက်သွားပလား။
ဒီမယ် ကိုဂျက်လီ..
ဇင်းမယ်မှာ ရှိနေပြီး သင်္ကြန်ဘာလုပ်ရမယ် မသိတာတော့ ရိုက်ချင်တာပဲ (ဓာတ်ပုံပါ :P)
ဘယ့်နှယ်တော်.. ကျုံးတပတ်ပတ်မယ်.. Central ရှေ့မှာ သွားစုမယ်.. နေ့လယ်ဆို ၀စ်သင်းထောက်သွား.. ရေစိမ်။ ရေစိုလက်စနဲ့ ကျုံးတပတ်ပြန်ပတ်...။ ၀က်ပါပေါက်ဘုန်းကြီးကျောင်းမှာ ရှမ်းစာတွေ ၀င်စားး
ဟွန်း သူ့ပြောရတာနဲ့ လွမ်းပြီး ငိုချင်လာပြီ..။ :(
Post a Comment