ဒီကာတွန်းကို ဘာသာပြန်ရရင် လူရွှင်တော်တွေရဲ့ အနံ့က ရယ်စရာကောင်းတယ် တဲ့း) ကာတွန်းကြည့်ပြီး လူရွှင်တော် ဖြစ်ချင်လာပြီ။ ဒါပေမယ့် ကျနော်က ခပ်တည်တည်ပဲ ပြောဆိုနေထိုင်တတ်တော့ ဒီတသက်တော့ ကျနော့်အနံ့က ရယ်စရာ ကောင်းတော့မှာ မဟုတ်ဘူး။
ကဲ - နောက်တပုဒ် ဘာသာပြန်ရအောင်။
"ဒေါက်တာ - - - ၊ ကျနော် ရယ်စရာ ကောင်းတယ်လို့ ခံစားရတယ်""အင်း - - - ငါထင်တာတော့ မင်းက ပြောင်ချော်ချော် ဖြစ်နေတာပါကွာ"
ဘာသာပြန်တာတော့ စင်းလုံးချော မဟုတ်ဘူး။ တမင် မကြိုးစားတာပါ။ ကောင်းနေရင် ခိုင်းနေမှာ စိုးရိမ်ရတယ်း) ကာတွန်းဆရာက နည်းနည်းတော့ ပိုသွားတယ်။ လူရွှင်တော်ရဲ့ စကားနဲ့တင်ကို ဒီကာတွန်းက သိပ်လန်းနေဘီ။
ဒီကာတွန်း၂ခု သိမ်းထားတာ ကြာပြီ။ ခုမှ တင်ဖြစ်တယ်။ ကာတွန်းတွေ ဖတ်အားပါဘူး။ တကယ်တော့ ကာတွန်းတွေက လက်တကမ်းမှာ အမြဲ ရှိနေတာ။ သတင်းစာ ဖွင့်ရင် တွေ့တယ်၊ အင်တာနက်ထဲမှာလည်း တောင်ပုံယာပုံ။
ကာတွန်းဆရာတွေရဲ့ အနံ့အသက်ကလည်း ရယ်စရာ ဖြစ်မယ် ထင်တယ်း)

3 comments:
this blog smells funny . blogger might be riduculous. :D
ditto (အထက်ပါအတိုင်း..)
ကာတွန်းတွေက ရယ်စရာကောင်းပေမယ့် ကာတွန်းဆရာတွေက ရုပ်တည်ကြီးတွေဗျ၊ ကိုဇာနည့်လိုပဲ ..
Post a Comment