
ဒီနေ့ ချင်းမိုင်မြို့ထဲ ဆိုင်ကယ်မောင်းတုန်း မြန်မာပြည်ကို လွမ်းသွားတယ်။ န၀ရတ် တံတားနားမှာ အနံ့တခု ထူးထူးခြားခြား ရတော့ ဒီအနံ့ ငါသိပါတယ်လို့ စဉ်းစားမိတယ်။ လက်စသတ်တော့ ပိတောက်ရနံ့ ဗျာ။
ချင်းမိုင် (ရှေးအခေါ် ဇင်းမယ်) မြို့မှာ ပိတောက်ပန်းတွေ သိပ်ပေါဗျာ။ မြန်မာကျောင်းသားတွေ ရှိတဲ့ ဖရပ် တက္ကသိုလ်ဝင်းထဲက ပိတောက်ပင်ဆို လမ်းဘေးပလက်ဖောင်းအထိ အကိုင်းတွေ ညွတ်ကျနေလို့ သွားခူးလို့ ရမယ်လို့ စဉ်းစားမိတယ်။ နေသိပ်ပူ အလှမ်းက ဝေးလွန်းလို့ သွားမခူးဖြစ်ပါဘူး)
ချင်းမိုင်မှာ ငု ပင်လည်း ပေါသဗျ။ ငယ်တုန်းကတော့ သွားကိုက်တဲ့အခါ ငုခေါက် ပြုတ်သောက်တယ်။ ခုတော့ ငုပင်ရဲ့ အလှကို ခံစားတယ်။ အပေါ်ကပုံကို လွန်ခဲ့တဲ့ ၄ နှစ်တုန်းက ရိုက်ထားတာပါ။ အဝေးပြေးကားဂိတ်နဲ့ သိပ်မဝေးတဲ့ လမ်းတခုမှာ ရှိတဲ့ ငုပင်တွေပေါ့။
ပိတောက်ပင်ကိုတော့ ဒီကနေ့ ဓာတ်ပုံ မရိုက်ဖြစ်လိုက်ဘူး။ နေ့ခင်း ထမင်းစားနားချိန် လူရွှင်တော် ပန်းသီးရဲ့ ၇ ရက်သား သားလေးရဲ့ မွေးနေ့ကို သွားအားပေးနေရလို့။ ပြီးတော့ ဦးဝင်းတင်စာအုပ်လည်း ဖြန့်ချိရေး လုပ်နေလို့။
ဒါပါပဲ။ ဒါ ကျနော့်ရဲ့ ဒိုင်ယာရီပဲ။း)
2 comments:
ပန်းပိတောက်ရဲ့ အလွမ်းခြေရာတွေဟာ
ပန်းသီးသားလေးရဲ့ ဝါးဒီးနဲ့တွေ့မှဘဲ
ပြေသွားသကိုး......း)
Yeah, this is our country's invaluable scent. One of our country's symbols!
Post a Comment