လူ - ငါအကြိုက်ဆုံး တီရှပ်နဲ့ ဒီနေ့ ကားရေဆေးလိုက်မိတယ်။တီရှပ်ကို မရိုမသေလုပ် စော်ကားလိုက်မိသလိုဖြစ်သွားပြီကွာ။
တီရှပ်ကို ဘယ်လို တောင်းပန်ရမလဲ မသိဘူးနော်။
ကြောင်- ပုံမှန်အားဖြင့်တော့ စိတ်ရောဂါကု ဆရာဝန်ရှေ့မှာ တောင်းပန်ကြတာပဲ။
ဂါဖီး ကြောင်ကာတွန်း တွေက ကြောင်ကို အဓိကဇာတ်ကောင်အဖြစ် ရေးပြီး ပြောင်လေ့ရှိတယ်။း)
ဒါက ကာတွန်း နေမျိုးအေးရဲ့ လက်ရာ။ ခေတ်ပြိုင်မှာ ပါတယ်။ ခေတ်ပြိုင်ကာတွန်းတွေက အောက်ဆုံးမှာ ရှိတာမို့ ရုတ်တရက် မမြင်ရဘူး။ အောက်ဆုံးအထိ သွားကြည့်ရင်တော့ တွေ့နိုင်မယ်။
မြန်မာပို့စ်ဂျာနယ်မှာ ပါတဲ့ ဆရာ စိုးစံဝင်းရဲ့ လက်ရာတွေလည်း သိပ်ကောင်းတာပဲ။
အမေနဲ့ အိမ်စာလုပ်နေတယ် ဆိုတဲ့ သူ့ကလေး အပြန်အလှန် ပြောတဲ့ထဲက ရယ်စရာလေးပါ။ဒါကတော့ born loser ကာတွန်း Apr 14 ရက်နေ့ ထုတ်ပါ။ ရာဟူး ဒေါ့ကွန်မှာ ရှိတယ်။
Apr 21 ရက်နေ့ထုတ် Beetle Bailey ကာတွန်းပါ။ ဒီကာတွန်းတွေက ရာဟူးကာတွန်းစုစည်းမှုမှာ မရှိဘူး။ ဂူဂဲလ်မှာ သွားရှာရင်တော့ ပြေးမလွတ်ပါဘူး။ကျနော်ကတော့ http://www.arcamax.com/beetlebailey/s-724617-159865 မှာ အခမဲ့ ဖတ်တယ်။
Beetle Bailey က စစ်တပ်အတွင်း ကာတွန်းတွေပါ။ တပ်သားနဲ့ တပ်ကြပ် အကြား ဆက်ဆံရေးကို ပြောင်တာ များတယ်။ ဗိုလ်ချုပ်နဲ့ သူ့ဇနီး၊ သူ့ရုံးခန်းအကြောင်းလည်း ပြောင်တတ်တယ်။
ဇာတ်လိုက် ရဲဘော် - ဘယ်အချိန်ရှိပြီလဲကွရဲဘော် ၁ - သိဘူးလေ။
ဇာတ်လိုက် ရဲဘော် - အင်း ဒါဆို တရေးအိပ်တဲ့အချိန်ပေါ့ကွာ။
ဒါနဲ့ သူတို့ ကျောဆန့်ကြ၊ လေပေါကြပါလေရော။
ရဲဘော် ၁ - တချိန်ချိန်မှာတော့ နေလုံးကြီး မီးလောင်သွားလိမ့်မယ်။ ငါတို့အားလုံးလည်း အေးခဲပြီး သေကြမှာပဲ။
ရဲဘော် ၂ - အဲဒါ မဖြစ်ခင် ကမ္ဘာကြီး ပူနွေးမှုကြောင့် အောက်စီဂျင် အကုန်လုံးကို ပျက်သွားလိမ့်မယ်။ ငါတို့အားလုံးလည်း အသက်ရှူကြပ်သွားလိမ့်မယ်။
ရဲဘော် ၃ - ငါထင်တာကတော့ ဥက္ကာပျံအကြီးကြီးတခုက ကမ္ဘာကို လာမှန်မယ်ကွာ။ ကမ္ဘာကြီး ပျက်စီးသွားမှာကွ။
ရဲဘော် ၄ - ရေကြီးလို့ ဒါမှမဟုတ် ငလျှင်လှုပ်လို့ ဒါမှမဟုတ်ရင်လည်း တခုခုကြောင့် ငါတို့အားလုံး ကြွမှာပဲလို့ ငါ အမြဲတမ်း တွေးနေမိတာပဲ။
ဇာတ်လိုက် ရဲဘော် - တို့အားလုံး အဲဒါတွေ ဖြစ်တဲ့အချိန်အထိ အသက်ရှင်နိုင်မယ်လို့ မထင်ပါဘူးကွာ။
တိုက်ကြက်ကြီး (တပ်ကြပ်ကြီး) က မြောင်းဖောက်တာ အခြေအနေ ဘယ်လိုလဲ ဆိုတာ ကြည့်ဖို့ အချိန်မရွေး ဒီကို ရောက်လာနိုင်တယ်။
ဒါက ဗိုလ်ချုပ်ကြီးရဲ့ ရုံးခန်း ကာတွန်း။ဗိုလ်ချုပ်ကြီးကတော်ကို ပြောင်ထားတာ။ ဒါမှမဟုတ် ဗိုလ်ချုပ်ကြီးကို ကလိထားတာပေါ့။
born loser ကာတွန်း Apr 18 လည်း ကောင်းတာပဲ။ သူတို့မွေးထားတဲ့ခွေး အင်မတန် စမတ်ကျတာကို ကာတွန်းမှာ ပုံဖော်ထားလေရဲ့း)ဒါပါပဲး)
1 comment:
ဒီလူက ရှော်ပါတယ်။ တစ်ကယ်ဆို သူကဘာဆိုင်လို့တောင်းပန်ရမှာတုန်း။ ကားက တီရှပ်ကို တောင်းပန်ရမှာ မဟုတ်ဘူးလား။ ဟွန်း..နေရာချင်းသာလဲလိုက်ချင်တယ်.း)
Post a Comment