
ပြောင်းဖူးဟင်းရည် တဲ့။ ဟိုတပတ်က တရုတ်ကြီးတယောက် ချက်တာ။ ကျနော် အလုပ်လုပ်တဲ့ ဆိုင်မှာ အလုပ်သမားတွေကို ကျွေးတဲ့ ညစာတမျိုး။ ထမင်းနဲ့ စား။ ဟင်းရည်ထဲ ဘာတွေ ပါသလဲတော့ မသိဘူး။ မေ့ပြီ။
အိမ်မှာတော့ ပြောင်းဖူးစေ့နဲ့ ချက်တဲ့ ဟင်းရည် ပျစ်ပျစ်ပဲ သောက်ဖူးတယ်။ ဒါနဲ့ သူငယ်ချင်းတယောက်ရဲ့ တယ်လီဖုန်း ခဏငှားပြီး ရိုက်ထားလိုက်တာ အမှတ်တရ။
ဘလော့တခုမှာလည်း ဒီလို ဟင်းရည် ရှိပ။
စားစရာတွေဖြစ်ဖြစ် စိတ်ဝင်စားဖွယ်တွေကို ဓာတ်ပုံရိုက်ဖို့ ကင်မရာ ခပ်သေးသေးတလုံး ၀ယ်ဦးမှပဲ။
ဒီနေ့အဖို့ ပို့စ် ခပ်တိုတို နဲ့ ပုံတပုံ တင်နိုင်တယ် ဆိုတော့ ကဲ - - - တော်သေးပြီ။
း)
4 comments:
S'pore က ကြက်ဆီထမင်းရောင်းတဲ့ ဆိုင်တစ်ဆိုင်မှာ အဲလို ပြောင်းဖူးစင်းရိုးရောထည့်ပြုတ်တဲ့ ဟင်းရည်ပေးတာသောက်ဖူးတယ်.. တော်တော်ကောင်းတယ်... (ဆိုင်တိုင်း မပေးပါ)
s
ဘယ်လိုလုပ်ကောင်းနိုင်မှာတုန်းနော်။ ပြောင်းဖူးရိုးဆိုတာ တို့ဆီမှာတော့ နွားကျွေးတာရှင်။
ကေ ဧရာဝတီ
း)
ငယ်ငယ်က ဖတ်ခဲ့ဘူးတယ်.. လူဖြူတွေက ဗမာတွေကို မြက်တွေ ပေါင်းပင်တွေ စားတဲ့လူမျိုးတ.ဲ့.. စာတွေထဲမှာလေ။ ကိုယ်တို့က ကောက်ရိုးနွယ်လို တို့စရာမျိုးကို အပင်လိုက် လက်နဲ့အသာရစ်ပတ် ပြီး ထမင်းစားရာမှာ ငါးပိရည်နဲ့ အတို့အမြုပ် လုပ်စားတတ်တဲ့အလေ့ကို သူတို့မြင်သွားခဲ့ သကိုး။ ကိုင်း..အခု ပြောင်းဖူးရိုးကို ဟင်းရည်ခတ် လုပ်စားတဲ့ သူတွေကို ဘယ်လိုလူမျိုး လို့ ကင်ပွန်းတပ်ကြမှာလဲဟင်..။ ပြုံးနေမိပါတယ်။
kay irrawaddy
း)
တိုက်ဆိုင်လိုက်တာ ... ဂေဟာမှာ အငတ်လောင်းစာရင်း ကောက်နေတယ် ဝန်၈ျီးဂျုပ် ... တချက်လောက် ကြွစမ်းပါဦး။
Post a Comment