နံပါတ် သုညကိုးလွန်ခဲ့တဲ့ ၂ လ လောက်က ဖုန်းပျောက်လို့ sim card အသစ် ဝယ်တယ်။ ၄၅ ဘတ်/တဒေါ်လာခွဲ ပေးရတယ်။
(ဖုန်းတော့ မဝယ်ဘူး။ သိမ်းထားတဲ့အဟောင်းကို ထုတ်သုံးတယ်။)
ကတ်အသစ်ဆိုတော့ နံပတ် အသစ်ပေါ့။ ဝ၉ နဲ့ အစပြုတယ်။
ယိုးဒယား လက်ကိုင်ဖုန်းနံပတ်တွေက ဝ၈ နဲ့ အစပြုကြတယ်။
အခု ဝ၉ တွေ ပေါ်နေပြီ ဆိုတာ လူတိုင်း မသိဘူး။ ဒီဘလော့ လာသူတွေ သိအောင် ရေးလိုက်ပါတယ်။
ယိုးဒယားဖုန်းနံပတ် ဝ၉ နဲ့ အစပြုရင် မအံ့သြဖို့ပါ။
အခုက ဒီနံပတ်ကို အံ့သြနေကြတယ်။ ချင်းမိုင် မဲဆောက် ဘန်ကောက်က မိတ်ဆွေများ ပြောပါတယ် - သူတို့ အံ့သြနေကြတယ်။
ဖုန်းသံကြားလို့ ဝ၉ နဲ့ အစပြုတဲ့ နံပါတ်မြင်ရင် ဘယ်နိုင်ငံက ဆက်လာတာပါလိမ့်လို့ သူတို့ ထင်နေကြတယ်။
နိုင်ငံခြားဖုန်း ထင်ပြီး လက်ခံဖြေသူရှိသလို၊ ပိတ်လိုက်သူတွေလည်း ရှိတယ်။
တချို့ကလည်း ဒီနံပါတ် ပေးလိုက်ရင် တခုခုတော့ မှားနေပြီ ထင်ကြတယ်၊ ဒီကောင် ဖုန်းနံပါတ်တောင် မှားပေးတယ်လို့ ယူဆသူလည်း အများသား။
ကဲ - မှတ်ထားလိုက် - သုညကိုးဟာ ပုံမှန်ဂဏန်း။
ငမိုက်သား
ငမိုက်သား ဆိုတာက တယ်လီဖုန်းကို ပြောတာပါ။
ဈေးကြီးတဲ့ဖုန်းတွေ မော်နီတာကျယ်ကျယ်ကို လက်နဲ့ ပွတ်နေနေကြတဲ့ ဖုန်းတွေကို Smart Phone လို့ ခေါ်ကြတယ်။ တွေ့ဖူးမှာပါ။ စင်္ကာပူ မြို့ပတ်ရထားထဲ ဒါတွေပဲ ပွတ်နေကြတာ။
ကျနော်က ဖုန်း မကြာခဏ မေ့တတ် အထားမှားတတ် ပျောက်တတ်တော့ စမတ်ဖုန်းနဲ့ဆို ဟန်မကျဘူး။ ဒီတော့ သာမန်ဖုန်းပဲ ကိုင်တယ်။ သာမန်ဖုန်း- မူလလက်ဟောင်းဖုန်းတွေက Smart Phone မဟုတ်တော့ Stupid Phone ပေါ့။
ဒါကြောင့် ငမိုက်သား လို့ အခု ကိုင်နေတဲ့ ဖုန်းကို ခေါ်လိုက်တာ။ ကျနော့်မိန်းမ ပေးလိုက်တဲ့ နာမည်လေ။
ငမိုက်သားက ဈေး ပေါတယ် ဆိုရမယ်။ ဘတ် ၇၀၀ ထင်တယ် ၀ယ်တုန်းက။ ဒေါ်လာ ၂၀ စွန်းစွန်း။
ဒါပါပဲ။
2 comments:
အဟုတ်ပဲ.. အီစကိုလည်းခံလိုက်ရသပေါ့..။ ယိုးဒယားရောက်တုန်း.. သူငယ်ချင်းကို ဖုန်းနံပါတ်ပေးတော့ သူက ကိုယ့်ကို ကြောင်တောင်တောင်ပြန်ကြည့်တယ်..။ မိတ်ဆွေက ချင်းမိုင်ကဆိုတာဟုတ်လို့လားတဲ့.. ဟယ်.. သူကိုယ်တိုင်ပေးတာဘဲ .. လိမ်မဲ့သူတော့ ဟုတ်ဘူးဘဲ.. ဆိုတော့မှ မယုံမကြည်နဲ့ဆက်ကြည့်တယ်.. အဟက်.. အမှန်အကန်ပြန်ထူးပေလို့ပေါ့.. နို့မို့ရင်…..
ဖုန်းအမျိုးအစားပြသနာကတော့ မနေ့ကဘဲပေါ်တယ်.. Nokia အကောင်းစားဖုန်းနဲ့ …၃ သိန်းနီးပါးပေးရတာနော်… ခေါ်ကြည့်တယ်။ ဟင့်အင်.. အလုပ်မဖြစ်ဘူး.. ဘေးနားက တယောက်က သူ့ ဖုန်းစုတ်လေးနဲ့ ၇၀၀၀၀ လားပေးရသတဲ့ ခေါ်တော့ လျှောလျှောလျှူလျှူ.. ကိုင်းဖြစ်ပုံက.. ဘယ်လိုနားလည်ရမှန်းကို သိတော့ဝူး…။
နည်းပညာသမား မိတ်ဆွေတဦးက ရှင်းပြဖူးတယ်။ Smart Phone ဆိုတာ Smart မဖြစ်တဲ့သူတွေ သုံးကြတာဆိုပဲ ။ ဒါကြောင့် အီစကိုလည်း အဲဒါကြီး မကိုင်တော့ပါဘူး ။ ပွတ်ဖုန်းမသုံး နှိပ်ဖုန်းသုံးသည် ဒါလည်း အဆင်ပြေသည်တကား ။
Post a Comment