ဒီနေ့ မြန်မာ့အလင်းမှာ ပါတဲ့ ဆောင်းပါးတခုထဲက ဓာတ်ပုံပါ။
မော်ကျွန်းမှာ သတင်းစာ နေ့ချင်းပေါက် ဖတ်ရလို့ အရမ်းကြိုက်ကြ ဆိုပဲ။ ဖြစ်နိုင်ပါတယ်။
ဓာတ်ပုံကတော့ အတိဿရ၀ုတ္တိဓာတ်ပုံ ဖြစ်နေတယ်။ ဆိုက်ကားဂိတ်တခုမှာ သတင်းစာက တစောင်ပဲ ၀ယ်ကြတာ။ ပြီးရင် လှည့်ဖတ်ကြမှာ။ လုပ်ကြံပြီးရိုက်ထားတဲ့ဓာတ်ပုံ ဆိုရင် ရေးတဲ့စာကို ထိခိုက်နိုင်တယ်။ ဖော်ပြတဲ့ မီဒီယာလည်း ထိခိုက်တယ်။
ဓာတ်ပုံကို ဖော်ပြချင်ရင် ဆိုက်ကားဆရာတယောက် သတင်းစာဖတ်နေတဲ့ပုံမျိုး ဖြစ်အောင် တည်းလိုက်မှ ပိုအဆင်ပြေမယ်။
ဒီဘလော့လည်း သတင်းစာဝေဖန်ရေးဖြစ်နေပြီ။
း)

No comments:
Post a Comment