-
ဒီကာလအတွင်း မွေးဖွားသူများ တော်လတ္တံ့။
မဆိုင်တာတွေ နိဒါန်းပျိုးပြီး ဒီနေ့ နေ့ခင်း စားဖြစ်တာတွေအကြောင်း ပြောရရင်...

နာရီလက်တံရွေ့တဲ့အတိုင်း လိုက်ကြည့်စေ။
သရက်၊ ပဲစောင်းလျား၊
ပေါက်ပန်းဖြူ၊ ရှောက်
ဖန်ခါး၊ သခွား၊ ပဲပုဇွန်
ပြီးတော့ ငါးပိရည်။
ပဲပုဇွန်တော့ မစားဖြစ်လိုက်ဘူး။
အသီးအရွက်ချည်းပဲ မဟုတ်ပါ။ တခြားဟင်းတွေလည်း ပါပါတယ်။

နာရီလက်တံလမ်းကြောင်းအတိုင်း ထပ်မံ လိုက်ကြည့်စေ။
ဝက်သားဆီပြန်၊ ကျနော့် ထမင်းပန်းကန်
ထမင်းလိုက်ပွဲ၊ ငါးပိရည်
ပဲဟင်းရည်ဆူးပုတ်ရွက်၊ ငါးကျည်း
မှိုကန်စွန်း၊ အလယ်ပန်းကန်က တို့စရာအရွက်စုံ
ငါးကျည်းကိုလည်း မစားဖြစ်။
ကျန်တဲ့ပန်းကန်တွေတော့ စားဖြစ်။
ဝက်သားဟင်းက လေးတယ်။
ဆီမသတ်ခင်ကတည်းက မျှင်ငါးပိနည်းနည်း ထည့်ထား ဆိုပဲ။
ဒါပါပဲဗျာ။
အစာကောင်းကောင်းစားဖြစ်တဲ့အခါ မိတ်ဆွေများကိုလည်း ကြည့်စေချင်တယ်။ ထို့ကြောင့်...တင်ပေးလိုက်ပါတယ်။
camera source: Huawei smart (but a bit stupid) phone
location: Ygn
time: magazine, oops.... today
label: lunch
- (end)
2 comments:
စားချင်လိုက်တာ.... ငါးကျည်းနဲ့ တို့စရာနဲ့တင် အိုကေနေပြီ။
အစားပုတ်..
တစ်နေ့တစ်နေ့ စားစရာပေါင်းစုံ ဓါတ်ပုံရိုက်ရတာနဲ့ အလုပ်ရှုပ်...
ပြီးရင်တော့ စားပွဲရှေ့ ငုတ်တုတ်..
နှိပ်လိုက်ရတဲ့ ကွန်ပြူတာ ကီးဘုတ်..
အယ်ဒီတာ အစုတ်ပလုတ်..
ဒါဘဲ.. ဟုတ်... ???
:D :D
Post a Comment