
ရန်ကုန် မင်္ဂလာပွဲတခုအပြီး
တွေ့ရတဲ့ အမှိုက်ခြင်းတွေပါ
ရွှေပွဲလာတွေ
ဖက်ပေါ် ထမင်း ဟင်း ပုံကျွေးဟန်တယ်။
မစားခင် ဖက်ကိုသန့်ရှင်းရေးလုပ်မယ်၊
စားပြီးရင်တော့ အဲဒီဖက် တောင်းထဲပစ်ရုံသာ။
ဖက်တွေကြားထဲ
အများအပြားတွေ့ရတာက ရေပုလင်းများပါ။ ရွှေပွဲလာ ဧည့်ပရိတ်သတ်ကို ရေပုလင်းနဲ့ဧည့်ခံပုံရပါတယ်။
သာပွဲ နာပွဲ
ဆွေးနွေးပွဲမျိုးစုံမှာ ရေပုလင်း ပါဝင်မှုက မနည်းမနောပါပဲ။
ကမ္ဘာတဝန်းမှာ
တရက်ကို ရေပုလင်း အသုံးပြု လွှင့်ပစ်မှု သန်းတရာလောက်တော့ ရှိမယ် ထင်တယ်။
ရေပုလင်းစက်ရုံတည်ခြင်းဟာ
အမြတ်သေချာတဲ့လုပ်ငန်း ဖြစ်ပါလိမ့်မယ်။
ဒီခေတ် အသုံးများ
ရေပုလင်းက ဧည့်ခံရေးအတွက် သက်တောင့်သက်သာဖြစ် လွယ်ကူပါတယ်။ သို့သော်.. မြေကမ္ဘာနဲ့ သတ္တဝါတွေအတွက်တော့
ဒီပုလင်းတွေက ဒုက္ခပေးပါလိမ့်မယ်။
တခါသုံး ပလပ်စတစ်ပုလင်းသုံးကြမယ့်အစား
တခါသုံးစက္ကူခွက် သုံးသင့်တယ်။
သုံးဖို့
တိုက်တွန်းသူတွေ လိုမယ်။ အသုံး တွင်ကျယ်အောင် လုပ်ငန်းရှင်၊ အာဏာပိုင်၊ ပညာပေးသူ၊ မီဒီယာ
စသဖြင့် စသဖြင့်တို့က ဝိုင်းလုပ်သင့်ပါကြောင်း။
No comments:
Post a Comment