Jan 30, 2014
Dec 30, 2013
ခရီးသွားဆောင်းပါး
အသွားခရီးမှာ ဓာတ်ပုံဆရာတေဇလှိုင်မောင်းနှင်သောကားဖြင့် လိုက်ပါသွားရသောကြောင့် အကုန်အကျ လွန်စွာ သက်သာသည်ဟု ဆိုနိုင်သည်။ (နေ၀င်ရာအရပ်သို့ မျက်နှာမူနေသူမှာ တေဇလှိုင် ဖြစ်သည်)
အပြန်ခရီးမှာ လေကြောင်းခရီး။ လေယာဉ်လက်မှတ်က ၇၀,၀၀၀ ၀န်းကျင်။
မန္တလေးမြို့တွင်းမှ တံတားဦးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ တက္ကစီငှားခမှာ ၁၀,၀၀၀ ဖြစ်သည်။
ထို့ကြောင့် မန်းအပြန်ခရီးက တသိန်းနီးပါး ကုန်ကျ၏။
နှမျော (နှမြော?)မိပါ၏။
၂၀၁၄ တွင် ချွေတာမှဖြစ်မည်ဟု ဆုံးဖြတ်လိုက်သည်။ ချွေတာသည့်အနေဖြင့် ရန်ကုန်ရောက်လျှင် ဘတ်စ်ကားမစီးဘဲ ခြေလျင်များများလျှောက်မည်ဟု ဆင်ခြင်မိသည်။
ထိုနေ့က ရန်ကုန်သို့ရောက်ပြီးသကာလ လေဆိပ်မှ နတ်ပြည်ငါးထပ်အိမ်ဂေဟာသို့ အပြန်တွင် ကားတစီးနှင့် ကပ်လိုက်ခွင့်ကြုံကြိုက်သဖြင့် တက္ကစီခ မကုန်။ ၀မ်းသာပါ၏။
ရေးလိုသည်က ခရီးစဉ်အကြောင်း။
ရေးဖြစ်သွားသည်က ငွေကုန်များသွားသည့်အကြောင်း။
သည်းခံလော့ ဘလော့ရှုသူ။

ဓာတ်ပုံသမားတွင် ရှားပါးသောပုံမှာ သူ၏ပုံပင်ဖြစ်သည်ဟု ပညာရှင်တို့က သတ်မှတ်ကြဖွယ်ရှိသည်။
ကင်မရာ မရှိသော်လည်း တယ်လီဖုန်းတွင်ပါသောကင်မရာကို အသုံးပြုသူကိုလည်း ဓာတ်ပုံသမားဟုလည်း ပညာရှင်တချို့က သတ်မှတ်ဖွယ်ရှိမည်။
ခပ်ချောချောဓာတ်ပုံသမားတဦးရဲ့ပုံကိုလည်း သည်းခံပြီး ကြည့်ပါဟု မေတ္တာရပ်ပြီး ဤတွင် နိဂုံးချုပ်သည်။
Dec 24, 2013
ဒီမနက် ရန်ကုန်မြို့တော်ခန်းမရှေ့ကမြင်ကွင်း
ဒီမနက် ရန်ကုန်မြို့တော်ခန်းမရှေ့ကမြင်ကွင်း။
ဈေးကားကြီးရှေ့ဘီးနားကပ်ပြီး ဝိတ်လျှော့နေတာကို ရိုက်ထားတာ။
သူက အဲဒီနားမှာ အမြဲတမ်း အလှူခံနေတာပဲ။ ဆူးလေတ၀ိုက် အခပေးအိမ်သာ ဘယ်နားရှိလဲ ဆိုတာ မသိဘူးလား - အင်း.... မသိလို့ ဖြစ်ပါလိမ့်မယ်။
ဈေးကားကြီးကလည်း အဲဒီနား အမြဲတမ်း ဈေးရောင်းနေတာပဲ။
ဘာတွေရောင်းသလဲ ဆိုတော့ စားသောက်ကုန်တွေပါ။ သစ်သီးမျိုးစုံလည်း ရောင်းတယ်။ ဒီမနက်ရောင်းတဲ့ထဲ ကျွဲကောသီး ပါတယ်။ အခွံခွာရမှာ ပျင်းလို့ ၀ယ်မစားခဲ့ဘူး။
ဒါပါပဲ။ဒီမနက် ရန်ကုန်မြို့တော်ခန်းမရှေ့ကမြင်ကွင်းအကြောင်း ပြောပြခြင်းပါ။
Dec 5, 2013
ဒီဇင်ဘာ ၅ နေ့လယ်စာဗျား
-
ဒီကာလအတွင်း မွေးဖွားသူများ တော်လတ္တံ့။
မဆိုင်တာတွေ နိဒါန်းပျိုးပြီး ဒီနေ့ နေ့ခင်း စားဖြစ်တာတွေအကြောင်း ပြောရရင်...

နာရီလက်တံရွေ့တဲ့အတိုင်း လိုက်ကြည့်စေ။
သရက်၊ ပဲစောင်းလျား၊
ပေါက်ပန်းဖြူ၊ ရှောက်
ဖန်ခါး၊ သခွား၊ ပဲပုဇွန်
ပြီးတော့ ငါးပိရည်။
ပဲပုဇွန်တော့ မစားဖြစ်လိုက်ဘူး။
အသီးအရွက်ချည်းပဲ မဟုတ်ပါ။ တခြားဟင်းတွေလည်း ပါပါတယ်။

နာရီလက်တံလမ်းကြောင်းအတိုင်း ထပ်မံ လိုက်ကြည့်စေ။
ဝက်သားဆီပြန်၊ ကျနော့် ထမင်းပန်းကန်
ထမင်းလိုက်ပွဲ၊ ငါးပိရည်
ပဲဟင်းရည်ဆူးပုတ်ရွက်၊ ငါးကျည်း
မှိုကန်စွန်း၊ အလယ်ပန်းကန်က တို့စရာအရွက်စုံ
ငါးကျည်းကိုလည်း မစားဖြစ်။
ကျန်တဲ့ပန်းကန်တွေတော့ စားဖြစ်။
ဝက်သားဟင်းက လေးတယ်။
ဆီမသတ်ခင်ကတည်းက မျှင်ငါးပိနည်းနည်း ထည့်ထား ဆိုပဲ။
ဒါပါပဲဗျာ။
အစာကောင်းကောင်းစားဖြစ်တဲ့အခါ မိတ်ဆွေများကိုလည်း ကြည့်စေချင်တယ်။ ထို့ကြောင့်...တင်ပေးလိုက်ပါတယ်။
camera source: Huawei smart (but a bit stupid) phone
location: Ygn
time: magazine, oops.... today
label: lunch
- (end)
Nov 13, 2013
သူတို့ ၂ ကောင်
ဘယ်ကောင့်လက်ချက်လဲ မသိ။
ဖိနပ်ကတော့ ပုံမှာ မြင်ရတဲ့အတိုင်းပါပဲ။
ဒီကောင်တွေ ဖိနပ်ကိုက်လွန်းလို့ သူတို့ရန် ကာကွယ်နိုင်အောင် တံခါး ဆင်ထားရတယ်။ ဆင်ထာ်းလည်း မျက်နှာမည်းနဲ့ကောင်က အခုန်အပျံ ကျွမ်းကျင်အဆင့်ဖြစ်လို့ ဖိနပ်တွေ ပါသွားတတ်သေးတယ် အဲဒီတုန်းက။
ကိုဟန်လေး ဘွတ်ဖိနပ်လည်း ဒီကောင့်လက်ချက်နဲ့ အတော် ပျက်သွားဖူးတယ်လို့ သိရတယ်။
မျက်နှာမည်းနဲ့ကောင်က အထီး။
အခုတော့ ခွေးပြည်မှာ မရှိတော့ဘူး။
မျက်နှာ ပုံမှန်နဲ့ကောင်က အထီး မဟုတ်ဘူး။
သူကတော့ ခွေးပြည်မှာ ရှိသေးတယ်လို့ ယူဆရတယ်။ လွန်ခဲ့တဲ့ သုံးလေးရက်ကမှ သူ့ကို အိပ်မက်ထဲ တွေ့သေးတယ်။ နေမှကောင်းရဲ့လားမသိဘူး။
သူတို့က ပတ်ဝန်းကျင်နဲ့ (ကျနော့် အိမ်နီးချင်းတွေနဲ့) သဟဇာတ သိပ်မဖြစ်လို့ သူတို့ကို မြို့ပြင်က ခြံတခု သွားပို့ထားရတယ်။ အဲဒီခြံထဲမှာလည်း သူတို့ အစွမ်းပြတာပဲ။ ကြက်ခြံဘက်သွားပြီး အစွမ်းပြခဲ့တာမျိုး၊ ခြံထဲက ကြောင်ကို ရန်မူတာမျိုး လုပ်တာကြောင့် သူတို့ကို ကြိုးချည်ထားရတယ်။ လူတွေနဲ့ ဝေး ဝေး ဝေးတဲ့နယ်မြေ ရောက်ပေမယ့် သူတို့က လူတွေနဲ့ သဟဇာတ ဖြစ်အောင် မနေတတ်ဘူးဆိုတဲ့သဘောပေါ့။
ကျနော်နဲ့တော့ အင်မတန် သဟဇာတ ဖြစ်ပါတယ်။
ခန့်မှန်းချေ သူတို့ အသက် ၁ နှစ်သား အရွယ်အထိ ဖိနပ် ကိုက်ကြတယ်။ အထူးသဖြင့် အထီးကောင်။
အသက် ရလာတော့ ဖိနပ်ကို သူတို့ အာရုံ မစိုက်တော့ဘူး။
မနေနိုင် မထိုင်နိုင် ဖြစ်မှပဲ သူတို့အကြောင်း ဆက်ရေးပါအုံးမယ်။
Aug 26, 2013
နာခြင်း
(ဓာတ်ပုံ - အင်တာနက်း)
သောကြာနေ့က ဝမ်းလျှောတာနဲ့ တုပ်ကွေး ပူးပေါင်းထိုးစစ်ကြောင့် ရုံးစောစော ဆင်းလိုက်ရတယ်။
သန်းခေါင်ကျော်မှ ဝမ်းလျှောခြင်း ရပ်တော်မူတယ်။
တုပ်ကွေးလည်း နောက်တနေ့မနက်မှာ တပ်ဆုပ်သွားတယ်။
ပဋိဇီဝလက်နက် ဓာတုလက်နက်တွေကြောင့် ဒီကောင်တွေ နောက်ဆုတ်သွားတယ်။
မသေမချင်း ဒီကောင်တွေ တကျော့ပြန် လာနေအုံးမယ်လို့ ယူဆရတယ်။
လူဆိုတဲ့သတ္တာတချို့ ကိုယ့်ရောဂါကို ကြွားလုံးထုတ်ရတာလည်း အရသာတမျိုး)
စကားမစပ် ... ကနေ့တော့ တနင်္လာနေ့။ ထူးထူးခြားခြား မိုးမရွာ နေပူတဲ့နေ့။
ဒီမိုးတွင်း ရန်ကုန်မှာ နေရောင်ကို မြင်ရတာ မင်္ဂလာပါ။
နောက်ထပ် စကားမစပ် .... စနေ တနင်္ဂနွေ အိမ်မှာ မနေဘဲ ဟောပြောပွဲတို့ ဘာတို့ လျှောက်သွားဖြစ်တယ်။
အိမ်မှာရှိတုန်း အင်တာနက်သုံးတော့လည်း လည်နေတာကိုပဲထိုင်ကြည့်ရသလို ဖြစ်နေတယ်။
အင်တာနက်နှေးလွန်းလို့ အပေါ်ဘားတန်းမှာပေါ်လာတဲ့ Connecting ဆိုတဲ့ စာလုံးဘေးက အ၀ိုင်းလေး လည်နေတတ်ပါတယ်။ အဲဒါကို ထိုင်ကြည့်တာကို ဆိုလိုတာပါ။
ငါ သမ္မတဖြစ်မှပဲ အင်တာနက်မြန်အောင် လုပ်ပေးနိုင်တော့မယ်ထင်တယ်း)

Jun 24, 2013
အချိန်
Time မဂဇင်းရဲ့ ဦးဝီရသူမျက်နှာဖုံး ဆောင်းပါးကြောင့် အခုတလော ပွက်လောရိုက်နေကြတယ်။
ခင်ဗျားက ...
ဘာသာ သာသနာကို ကာကွယ်တဲ့သူလား။ဘာသာရေးအစွန်းရောက်တဲ့သူလား။
လူကြားကောင်းအောင် လျှောက်အော်တဲ့သူလား။
တခြားဘာသာကို မနှစ်သက်သူလား။
ကျနော်ကတော့ ဘာသာရေးကိုင်းရှိုင်းဖို့၊ ကိုယ့်ဘာသာအကြောင်း ပိုလေ့လာဖို့ အချိန်မပေးနိုင်သေးတဲ့သူပါ။
ကွန်ပြူတာ အချိန်ပြည့်နီးပါးသုံးတဲ့သူမို့ အချိန် ဆင်းရဲခဲ့တယ်။
ကလေးအဖေဖြစ်ပြီ ဆိုတော့ ပိုပြီးတော့ အချိန်ဆင်းရဲလာတယ်။
ငြင်းဖို့လည်း အချိန်မပေးနိုင်ဘူး။
အချိန်ပေးနိုင်လည်း မငြင်းချင်ဘူး။
ဘ၀ကူးကောင်းဖို့နဲ့ သံသရာ ဆိုတာတွေအတွက် အချိန် မပေးနိုင်သေးဘူး။
အနာဂတ်အတွက်လည်း စိတ်ကူးမယဉ်နိုင်သေးဘူး။
အင်း...
မိတ်ဆွေတချို့ အငြင်းအခုန်အတွက် အချိန်ပေးနိုင်ကြလို့ လေးစားမိတယ်။ အားကျမိတယ်။
နိုင်ငံရှေ့ရေးအတွက် စိတ်ပူလို့ ငြင်းခုန်တာလား။ အင်း... ကျနော်လည်း စိတ်ပူချင်ပါတယ်။ သို့သော်လည်း ကိုယ့်နိုင်ငံမှာ စိတ်ပူစရာက များလွန်းနေတယ်။
ကိုယ့်နိုင်ငံအရေးအတွက် ဆက်ပြီး ငြင်းကြ ခုန်ကြပါလေ။
ကိုယ်ထင်ထားတာ အကုန်လုံးကိုတော့ ဟုတ်လှပြီရယ်လို့တော့ မမှတ်လိုက်ကြပါနဲ့။
တော်သေးပြီ။
ပြောချင်တာတွေတော့ အများကြီး ရှိပါတယ်။
ဒီလောက်ပဲ ပြောတော့မယ်။ ကလေးထိန်းရအုံးမယ်။

May 31, 2013
ချပါတီ
တနေ့တနိုင့် (ဟိုနိုင့်က ဘယ်ခလုတ်မှန်း မသိဘူး၊ မေ့နေတော့ အဆင်ပြေသလိုပဲ နိုင့်တော့မယ်)
တနေ့တနိုင့် ကျွန်ုပ်သည် ရန်ကုန်မြို့ အနော်ရထာလမ်းပေါ်က ချစ်တီးဆိုင်တခုတွင် ချပါတီ အမည်ရှိ စားဖွယ်ရာကို သုံးဆောင်ခဲ့သည်။
အရသာ သင့်သည်။
ချပါတီ စားပြီး သကာလ ထမင်းကို ပဲဟင်းရည်၊ အသီးအရွက်ဟင်းတချို့ဖြင့် ဗိုက်ကားအောင် စားခဲ့သေးသည်။
ကောင်းလေစွ။
နေ့လယ်စာသုံးဆောင်ချိန်ဖြစ်သောကြောင့် စားသုံးသူ များလှ စုံလှသည်။ အင်္ဂလိပ်တို့ပင် ပါသေး၏။
မြို့လယ်ဆိုင်ဖြစ်သောကြောင့် ဈေးတော့ များသည်။ မည်မျှ ကျသင့်သည်ကို မမှတ်မိတော့။
အစားအသောက် ဈေးနှုန်းများ မေးမြန်းပြီး အသံသွင်းထားတာတော့ ရှိသည်။
ဒီဆိုင်အကြောင်း နည်းနည်း ရေးရန် စဉ်းစားထားတာ ကြာပြီ။
ဒီထက်ကောင်းတဲ့ ချစ်တီးဆိုင် ရှိသည်၊ တာမွေဈေးနားကဆိုင်ဟု တယောက်က ဆိုသည်။ တနေ့နေ့တော့ သွားရအုံးမည်။
ထိုနေ့က စားခဲ့သော ချပါတီသည် ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာ အမျိုးအစားထဲတွင် သေချာပေါက် ပါဝင်မည်။ မီးဖိုထဲမှ ပြင်ဆင်သူများ သန့်ရှင်းမှု ရှိမရှိ ဆိုသည်မှာမူ ကျွန်ုပ်၏ ကံပင် ဖြစ်တော့သည်။

May 26, 2013
ဦးသိန်းစိန်ကြီး မြောက်ကိုရီးယား၊ တရုတ်တို့ကို သွားရင် ....
အဘ ဦးသိန်းစိန်ကြီး ဝါရှင်တန်သွားတယ်။
တချိန်တည်းမှာပဲ နိုင်ငံရေးအကျဉ်းသားတွေ အများကြီးကို ထပ်လွှတ်ပေးတယ်။
အင်မတန် စိတ်သဘောထားကောင်းတဲ့ ဦးသိန်းစိန်ကြီးပါပဲ။
ဦးသိန်းစိန်ကြီး စိတ်သဘောထားကောင်းနေချိန်မှာပဲ ထွက်လာတဲ့ကာတွန်းတခုကို ဖော်ပြပေးလိုက်ပါတယ်။
ဒီကာတွန်းကို ဘာသာပြန်ရရင် ...
ဦးသိန်းစိန်က ဒီမိုကရေစီတိုင်းပြည်ကို သွားလို့ နိုင်/ကျဉ်းတွေ လွှတ်တယ်ပေါ့လေ။
ဒီအမြင်လည်း မှန်ကောင်း မှန်နိုင်တာပဲ။
တခြားတဘက်က စဉ်းစားကြည့်ရင် ... ဦးသိန်းစိန်ကြီး မြောက်ကိုရီးယား၊ တရုတ်တို့ကို သွားရင် နိုင်ငံရေးသမားတွေကို ထပ်ဖမ်းမယ်ဆိုတဲ့သဘောပေါ့။
ကာတွန်းက ဒီလို ရေးမထားပေမယ့် ဖြန့်ထွက်တွေးကြည့်တာပါ။
ဖြန့်ထွက်တွေးသူတဦးကလည်း ဖေ့ဘုတ်မှာ အခုလို အုပ်ထားပါတယ် ...
ယူတို့... အိုင်တို့ နိုင်ငံကို နှစ်၅ဝ-၆ဝကြာမှ
တခါလာလည်ပြီး...
ဝတို့ လုတို့ နိုင်ငံကိုပဲ ခီနခီန သွားလည်နေရင်
ဘီလိုမှ လွတ်မှာ မဟုတ်တော့ဘူး..
ကဲ ... ဒီလို ဖြန့်ထွက်တွေးရာက ရလာတဲ့ ဖြစ်နိုင်ချေတွေကလည်း ထည့်စဉ်းစားစရာပဲ မဟုတ်လား။
ဦးသိန်းစိန်ကြီး မြောက်ကိုရီးယားက ဟိုသေချင်းဆိုးလေးဆီကို သွားမလည်ပါစေနဲ့လို့ ဆုတောင်းကြပါအုံး)
ဒါပါပဲ။
ဘလော့မှာ မရေးဖြစ်တာ ကြာပြီ။
ခုမှပဲ ရေးမယ် ရေးမယ် ဆိုတဲ့ စိတ်ကူးကို အကောင်အထည် ဖော်ဖြစ်တော့တယ်း)

Apr 15, 2013
i love yooooooooooooooooooooo!
သင်္ကြန်မှာ အထင်ကရ အဆိုတော်တွေ စင်ပေါ်တက်ပြီး သီချင်းတွေဆိုကြ၊ ပရိသတ်နဲ့တွေ့ကြပါတယ်။
တယောက်နဲ့တယောက် အသံ/လေသံတွေ မတူကြပေမယ့် တူတာကတော့ စင်ပေါ်ကနေအော်ပြောတာတွေပါပဲ။
အထူးသဖြင့် တူတာကတော့ ကျေး ဇူး အ များ ကြီး တင် ပါ ဒဲ လို့ လိပ်ခေါင်းပြုတ်ထွက်အောင် အော်ကြရာမှာ တူကြတာပါ။
အိုင်လပ်ယူးးးးး လို့ အော်ရာမှာလည်း တူပါတယ်။
ချစ်သုဝေ၊ ဇော်ပိုင်၊ နေနေ စသဖြင့် စသဖြင့် အထင်ကရများစွာက အိုင် လပ် ယူးးးးး နေကြပါတယ်။
ဒီနေ့ခေတ်ရဲ့ စင်ပေါ်ကနေ နုတ်ဆက်တဲ့နည်းပေါ့လေ။
အိုင် လပ် ယူးးးးး
း
Apr 14, 2013
♩ ♪ ♫ # ♬ နဖူးပေါ်လက်တင် စဉ်းစားလိုက်ရင် ငါလေရင်မောတယ်... ♩ ♪ ♫♬
အခုလေးတင် နေပြည်တော်သင်္ကြန်မှာ သြရသ သီချင်း ၂ ပုဒ် ဆိုသွားတယ်။
တပုဒ်က လမ်းမခွဲကြေး တဲ့။ သူရေးတဲ့သီချင်း သူဆိုသွားတာပါ။ ဒီသီချင်းက အေသင်ချိုဆွေရဲ့စီးရီးထဲက အထင်ကရသီချင်းတပုဒ်ပါ။
အေသင်ချိုဆွေရဲ့ ပွဲဦးထွက်စီးရီး ပေါက်တဲ့အိုးထဲက ဖြစ်ပါတယ်။
နားထောင်လိုသူများ၊ ကြည့်ရှုလိုသူများအတွက် သီချင်းစာသားနဲ့ ယူကျု ကူးပေးလိုက်ပါတယ်။
အပေါ်ဆုံးမှာ တွေ့ရတဲ့ ကြော်ငြာမှာ ပါတဲ့ သီချင်းဟောင်းများလည်း ကောင်းပါတယ်။
ကောင်းမှာပေါ့ .... အကောင်းတွေချည်း စုထားတာလေ။
ကဲ ... ဒီသီချင်းလေး ခံစားလိုက်ပါအုံး....
လမ်းမခွဲကြေး
ဆို - အေသင်ချိုဆွေ + သြရသ
V1. နဖူးပေါ်လက်တင် စဉ်းစားလိုက်ရင် ငါလေရင်မောတယ်... နူးညံ့တဲ့ မင်းနဲ့ ဝေးရင် ငါလေသေလိမ့်မယ်...
ဘာကြောင့်တို့နှစ်ယောက်ကို ဘာလို့ ခွဲကြတယ်... ငါသိလည်း ငါမပြောရက်ဘူး..
မင်းလေးလည်း ၀မ်းနည်းလိမ့်မယ်... ငါလေသိနားလည်.. မိဘနဲ့ ငါ့ရဲ့ကြားမှာ နင်လေစိတ်အားငယ်...
တစ်နေ့တော့ မိဘတွေ နားလည်လာလိမ့်မယ်... ငါ့အတွေးနဲ့ နင်ထပ်တူပဲ...
V2.နှလုံးသားလေးက ထိခိုက်ရုံနဲ့  ပွန်းပဲ့လွယ်တယ်... ဘယ်လိုအကြောင်းမျိုးနဲ့ မှ အဆုံးရှုံးမခံဘူး..
ရင်ခုန်လွန်းရသူမို့  ငါလေရူးသွပ်နေလို့ နောက်ဆုံးထွက်သက်ထိ ချစ်လို့ နေပါရစေ...
CHO:နီးလျက်နဲ့ဝေး... မဆုံနိုင်လို့ ဆွေး... တစ်ကယ်ဆိုချစ်ခဲ့ပြီးမှ လမ်းခွဲဖို့ ကိုလုံးဝမတွေးနဲ့...
အချစ်စစ်ရဲ့လမ်းကလေးဟာမဖြောင့်တန်းဘူး... ရှေးစကားလည်းရှိခဲ့တာပဲ...
ယုံကြည်ထား... ယုံကြည်လိုက်.... ငါတစ်ကယ်ရက်ရက်စက်စက်စကားကြမ်းလေးတွေလုံးဝ မပြောခဲ့...
အချစ်စစ်ရဲ့လမ်းကလေးဟာ ဆူးငြောင့်ခလုတ်လို့  ရှိနေလည်း နောက်မဆုတ်နိုင်ဘူး....
V1.နဖူးပေါ်လက်တင် စဉ်းစားလိုက်ရင် ငါလေရင်မောတယ်... နူးညံ့တဲ့ မင်းနဲ့ ဝေးရင် ငါလေသေလိမ့်မယ်...
ဘာကြောင့်တို့နှစ်ယောက်ကို ဘာလို့ ခွဲကြတယ်... ငါသိလည်း ငါမပြောရက်ဘူး..
မင်းလေးလည်း ၀မ်းနည်းလိမ့်မယ်... ငါလေသိနားလည်.. မိဘနဲ့ ငါ့ရဲ့ကြားမှာ နင်လေစိတ်အားငယ်...
တစ်နေ့တော့ မိဘတွေ နားလည်လာလိမ့်မယ်... ငါ့အတွေးနဲ့ နင်ထပ်တူပဲ...
V2.နှလုံးသားလေးက ထိခိုက်ရုံနဲ့  ပွန်းပဲ့လွယ်တယ်... ဘယ်လိုအကြောင်းမျိုးနဲ့ မှ အဆုံးရှုံးမခံဘူး..
ရင်ခုန်လွန်းရသူမို့  ငါလေရူးသွပ်နေလို့ နောက်ဆုံးထွက်သက်ထိ ချစ်လို့ နေပါရစေ...
CHO:နီးလျက်နဲ့ဝေး... မဆုံနိုင်လို့ ဆွေး... တစ်ကယ်ဆိုချစ်ခဲ့ပြီးမှ လမ်းခွဲဖို့ ကိုလုံးဝမတွေးနဲ့...
အချစ်စစ်ရဲ့လမ်းကလေးဟာမဖြောင့်တန်းဘူး... ရှေးစကားလည်းရှိခဲ့တာပဲ...
ယုံကြည်ထား... ယုံကြည်လိုက်.... ငါတစ်ကယ်ရက်ရက်စက်စက်စကားကြမ်းလေးတွေလုံးဝ မပြောခဲ့...
အချစ်စစ်ရဲ့လမ်းကလေးဟာ ဆူးငြောင့်ခလုတ်လို့  ရှိနေလည်း နောက်မဆုတ်နိုင်ဘူး....
V2.နှလုံးသားလေးက ထိခိုက်ရုံနဲ့  ပွန်းပဲ့လွယ်တယ်... ဘယ်လိုအကြောင်းမျိုးနဲ့ မှ အဆုံးရှုံးမခံဘူး..
ရင်ခုန်လွန်းရသူမို့  ငါလေရူးသွပ်နေလို့ နောက်ဆုံးထွက်သက်ထိ ချစ်လို့ နေပါရစေ...
Subscribe to:
Posts (Atom)

.jpg)
+(Cust+om)+(Custom).jpg)
+(Custom).jpg)

.jpg)