ဒီနေ့ မြန်မာ့အလင်း (လား ကြေးမုံလား မသိ၊ မေ့ပြီ) သတင်းစာမှာ ပါတဲ့သတင်းဗျာ။ ကော်ပီကူးထားတာ မနက်ကတည်းက ဆိုတော့။ယောဂီမယ်တော်ကြီးဘွားအိမ်ပြည့်၏
(၁ဝ၅)နှစ်မြောက် မွေးနေ့မင်္ဂလာကျင်းပ
ရန်ကုန် ဒီဇင်ဘာ ၁
မန္တလေးတိုင်း မြင်းခြံခရိုင် တောင်သာမြို့နယ် ဝဲလောင်ကျောက္ကာကျေးရွာ ဇာတိ ဘွားအိမ်ပြည့်၏ (၁ဝ၅)နှစ်မြောက် မေွး နေ့မဂင်္လာအခမ်း အနားကို ယနေ့ နနံ က် ၉နာရီတွင် ရန်ကုန်မြို့ ရန်ကင်းမြို့နယ် ကျောက်ကုန်းကျောင်းကြီး ပရိယတ္တိစာသင်တိုက်၌ ကျင်းပရာ မွေးနေ့အထိမ်းအမှတ် အလှူအဖြစ် ကျေးရွာခြောက်ရွာကို အိမ်ထောင်စုတစ်စုလျှင် ဆန် တစ်အိတ်နှုန်း ဖြင့် ကျောက္ကာကျေးရွာ အတွက် ၁၈၉ အိတ၊် တောင်ကုန်း ကျေးရွာ အတွက် ၅၅အိတ်၊ ထန်းတောကြီး ကျေးရွာအတွက် ၆၄အိတ်၊ အောင်ချမ်းသာကျေးရွာအတွက် ၅၆အိတ်၊မြို့ ဘကျေးရွာ အတကွ် ၄၉၃အိတ်၊ကံအေးကျေးရွာ အတွက် ၁၁ အိတ်ဖြင့် ငွေကျပ်၁၂၁ သိန်းကျော်တန်ဖိုးရှိ ဆန်အိတ် ၈၆၈ အိတ်ကို ပေးအပ်လှူဒါန်းပြီး သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြောင်း သိရသည်။
(သတင်းစဉ်) သတင်းလေးကတော့ ဒါပါပဲ။
ပြောစရာ ၂ ခုတွေ့တယ်း)
အိမ်ထောင်စု တစုလျှင် ဆန်တအိတ်နှုန်း ဆိုတော့
၁။ ဘွားဘွားက တအိမ် တအိတ်နှုန်း ဝေတာလား
၂။ ဘွားဘွားကို ပေးကြတာလား
၃။ ဘုန်းကြီးကျောင်းကို လှူကြတာလား
၎။ အိမ်အရေအတွက်အလိုက် ဘွားဘွားက ဘုန်းကြီးကျောင်းကို လှူတာလား ဆိုတဲ့ မေးခွန်းတွေ ပေါ်လာတယ်။
အလုပ်ထဲမှာ ဖတ်ကြည့်ရင်း မေးမိတာပါ။ အိမ်ပြန်ရောက်တော့ ထပ်ဖတ်ကြည့်မှ ဘွားဘွားက လှူတာဖြစ်နေတယ်။ ဝါကျက အရှည်ကြီး ရေးထားတာဆိုတော့ တခေါက်ဖတ်ရုံနဲ့ သဘောမပေါက်ဘူး။ ဝါကျရှည်ရှည်တွေ သိပ်ခေတ်စားတာပဲ။ သတင်းတပုဒ်လုံးကို ဝါကျတကြောင်းတည်းမှာ ပြွတ်သိပ်ပြီး ရေးတာနော်း(
ဝါကျတကြောင်းစာနယ်ဇင်းပညာ one sentence journalism ဆိုတာ ရှိတယ် ထင်ပါရဲ့။ ရှိတယ်ဆိုရင်တော့ အဲဒီအရေးအသားကို သပွတ်အူရေးနည်းလို့ နာမည်ပေးရမယ်း)
နောက်ထပ် တွေးမိတာ တခုက ဘွားဘွားရဲ့ အသက်။ အသက် အဲသလောက်ရှည်အောင် ဘာတွေ စားသလဲ၊ မစားဘူးလဲ မသိ။ ရန်ကင်းက ဘုန်းကြီးကျောင်းမှာ မွေးနေ့လုပ်တယ် ဆိုတော့ သူက ရန်ကုန်မှာ နေပုံရတယ်။ အသက်ကြီးသူတွေက ဇာတိမြေကို ချစ်ပုံရတယ်၊ အလှူလုပ်တာတောင် အရင် နေခဲ့တဲ့နေရာကို ရွေးပြီး လှူတယ်။
ဒါပါပဲ။ ရေးချင်တာက ဒီလောက်ပါပဲ။ သိပ်လည်း အရှည်ကြီး မရေးချင်ဘူး။ တမျက်နှာကျော်ရင် မဖတ်မှာစိုးလို့။ ။