စာလုံးအရွယ်အစားကြီးမှ ဖတ်ရတာ အဆင်ပြေတယ်။ ၀တ္ထုဖြစ်ဖြစ် မဂ္ဂဇင်းဖြစ်ဖြစ် ကွန်ပျူတာ စာမျက်နှာပဲဖြစ်ဖြစ်။မင်းဒင်ဘလော့က စာလုံးအရွယ်အစား အခုတော့ အဆင်ပြေသွားပြီ၊ အဲဒီဘလော့ ပေါ်ခါစတုန်းက အင်မတန် ဂွကျတာ။ ဖတ်လို့လည်း ကောင်း၊ စာလုံးပွိုင့်ကလည်း ပိစိ။
စာလုံးပွိုင့်သေးတာ ပြဿနာဆိုပေမယ့် နည်းလမ်း ရှိပါတယ်၊ ကျနော့်အဖိုးကတော့ မှန်ဘီလူးနဲ့ ဖတ်တယ်။
ကျနော်ကတော့ ကွန်ပျူတာရှေ့ အမြဲထိုင်တာဆိုတော့ စာလုံးကို အရွယ်ကြီးအောင်လုပ်ပြီး ကြည့်လိုက်တာပဲ။
( Ctrl ) ခလုတ်ကို နှိပ်ထား၊ ပြီးရင် ( + ) တချက် နှိပ်လိုက်။ စာလုံးတွေ ကြီးလာလိမ့်မယ်။ ထပ်ကြီးချင်ရင် နောက်တချက် ထပ်နှိပ်။
ပြန်သေးချင်ရင်တော့ ( Ctrl ) နဲ့ ( _ ) ကို နှိပ်လိုက်ရုံသာ။
ကော်လံတွေ ခပ်ကျဉ်းကျဉ်းဆို ကောင်းတယ်။ မြန်မာ့အလင်းကြေးမုံ ကော်လံတွေက သိပ်ကောင်း။ မိုးချိုသင်းဘလော့က ကော်လံကျယ်တော့ ဖတ်ရတာ မျက်လုံး ညောင်းတယ်။ တူးတူးသာဘလော့က ကော်လံပိုကျယ်တော့ ပိုဆိုး။ ပို့စ်တခု စာ ၃ကြောင်းလောက်ဆို တော်ပါသေးရဲ့၊ ခုတော့ ဒီဆရာမများက အများကြီးရေးတော့ ဖတ်ရတာ မောသဗျာ။
ဒါကြောင့် ဒီဘလော့မှာ ကိုယ့်အကြိုက် ကိုယ်လုပ်ထားတယ်။ ကော်လံ ကျဉ်းကျဉ်း။
အခုတလော ကျနော့်ဘလော့က စာလုံးအရွယ်အစား ၂ ဆ ကြီးနေတာ သဘောကျစရာ။ ဖတ်လို့ အဆင်ပြေမှာပဲ။ တမင် လုပ်ထားတာတော့ မဟုတ်ဘူး။ သူ့အလိုလို ဖြစ်သွားတာ။
ဒီလိုပါပဲ။ Blogspot က သူ့အလိုအလျောက် လျှောက်လုပ်တတ်တယ်။ တချို့ဘလော့တွေကိုလည်း ရက်ပိုင်းလောက် ၀င်ကြည့်လို့မရအောင် ပိတ်လိုပိတ်။
အင်တာနက်မှာ စာလုံးအရွယ်အစားနဲ့ ပတ်သက်ပြီး ရှာကြည့်တော့ အင်္ဂလိပ် ကောလိပ်ကျောင်းဆရာအများစုက စာလုံးအရွယ် နံပတ် ၁၂ ကို သုံးတာ ကြိုက်ကြတယ် ဆိုပဲ။ စာလုံးအမျိုးအစားကတော့ Times New Roman သို့မဟုတ် Ariel
အဲဒီအရွယ် (နံပတ် ၁၂ )ထက် သေးရင်တော့ ဖတ်ချင်စိတ် မရှိကြတော့ဘူး တဲ့။ သိပ်ကြီးရင်လည်း မကောင်းပါ တဲ့။
ဆေးမင်ကြောင်ထိုးရင်တော့ ခပ်ကြီးကြီးထိုးမှဖြစ်မယ်။ သေးလွန်းရင်တော့ ကိုယ့်အရေပြားပေါ်က စာသားကို တပါးသူ မမြင်ရတော့ဘူး၊ အသား အနာခံရကျိုး မနပ်ဘူး ဖြစ်မယ်။
နိုင်ငံတကာမှာတော့ ဘာစာလုံးတွေ ထိုးကြမှန်း မသိဘူး။ မြန်မာပြည်မှာတော့ အမျိုးသားတွေက သတ္တိ၊ ဇွဲ၊ အချစ် ဆိုတဲ့ စာလုံးတွေကို တော်တော်ထိုးကြတယ်။ ဒီအကြောင်းက စိတ်ဝင်စားစရာပဲ။ နောက်မှ ပြောတာပေါ့။
5 comments:
အခုအနေအထားပြောစရာမရှိ.ကောင်း၏။ ကွန်မက်မှာသာ ဘေခုနသ်ါမနန..abcefregrhhr တွေကိုဖြုတ်ပေးပါ။ လက်ညောင်းတယ။်
အခုတလော မျောက်ကို ဓာတ်ကျနေတယ် ထင်ပါ့။ :)
သူပဲ တို့ template ကို ရွေးပေးပြီးတော့ ဘာအခုမှ ကော်လံကျယ်တယ် ပြောတာတုန်း။ တွေ့ကြသေးတာပေါ့လေ..LA ရောက်ရင်။ :))
ဆရာရယ်... ဘလော့နဲ့ သတင်းစာ ရောနေပြီလား...
size does matter.
သေးလွန်းလျှင်မလှ.. ကြီးလွန်းလျှင် မကြွ-း)
နေအုံး..သတ်ပုံ အရင်ပြင်ပေးရမယ်..သူများတွေ ကော်လံကျယ်တာ ကျဉ်းတာ ဝေဖန်မနေနဲ့။
Arial
:D ဘာရမလဲတွ
အနက်ပေါ်မှာ အဖြူနဲ့ရေးတဲ့စာတွေက လွဲလို့ အကုန် ဖတ်ကောင်း..။
သေးရင် ချဲ့ကြည့်တယ်..။ ခုန အနက်ခံတောင်မှ select မှတ်ပြီး ဖတ်တယ်...။
Post a Comment