
ဂျာနယ် နာမည်က OPEN တဲ့။ ဒီလ ၈ ရက်နေ့က YANGON အဲ - ရန်ကုန်မှာ ထုတ်တား)
OPEN ဆိုတော့ "ဖွင့်" လို့ ဘာသာပြန်နိုင်မယ် ထင်ပါရဲ့။ ပွင့်ပွင့်လင်းလင်း ဆိုလည်း ရမှာပါ။ ပွင့်လင်းမှုအကြောင်း ပြောလိုတာတော့ မဟုတ်ပါ၊ ရှည်လျားမှုအကြောင်း ပြောလိုတာပါ။ အကြောင်းအရာ တခုကို သို့ကလို အလွန်တရာ ရှည်လျားပေများစွာ ရေးသား သီကုံး ဖွဲ့နွဲ့ တင်ပြ သတင်းပို့ အစီရင်ခံ အကြောင်းကြား တတ်တာလည်း ပညာ တခုလို့ မထင်ကြဘူးလား)
ဒီဝါကျရှည် ဖတ်မိတဲ့ စာဖတ်သူ စိတ်ရှုပ်သွားပြီး ဘာတွေရေးထားမှန်းမသိဘူး ဖြစ်သွားတာကတော့ တပိုင်းပေါ့လေ။ သတင်းမှာ အပိုဒ် ၅ ပိုဒ် ပါတယ်။ ၀ါကျလည်း ၅ ကြောင်းပဲ တွေ့ရတယ်။
တကယ်ဆို သတင်း တပုဒ်လုံးကို ၀ါကျ ၁ ကြောင်းတည်း နဲ့ ရေးသင့်ပေတာပေါ့၊ ဟုတ်ဘူးလား)
4 comments:
အဲလို ရေးဖို့ လွယ်မှတ်လို့.. အင်မတန်ကိုမြန်မာစကားပြေ အရေးအသားကျွမ်းမှဗျ..။ (လူနားမလည်တာတော့ ရှိသပေါ့အေ)။ ဒါမဲ့ Ulysses ၀တ္ထုကြီးမှာလည်း James Joice က ၀ါကျတကြောင်းတည်းနဲ့ စာမျက်နှာ ၄မျက်နှာစာလောက်ရေး.. ဆိုပဲ။ (ကြားဖူးတာ)။ ပညာရှင်တွေပေါ့.. ဂလို ဂလို..။
သတင်းစာတွေကို အမျိုးမျိုးကို ပရိုမိုးရှင်း လုပ်ပေးနေတော့တာကိုးး)
သိသွားရင် ချီးမြှောက်ခံရလိမ့်မယ်။
OMG:-၀ :)
'အဆင့်မြင့်ခေတ်မီမြို့တော်'လို့သုံးထားတာလည်းရီရတယ် ဟားဟား
ဟားဟား… တွေ့လည်း တွေ့တတ်ပါပေ့ဗျာ။
ဆရာကြီးရွှေဥဒေါင်းသာရှိသေးရင် အဲသည် ၀ါကျရေးတဲ့လူကို “ကျွမ်းကျင်သော ၀ါကျလက်သမား” ဆုပေးမလား။ ဒါမှမဟုတ် နင့်မေကလွှားဆိုပြီး ထ ဆဲမလား သိချင်သဗျို့။
ဆရာကြီးပြောခဲ့တာကတော့ ၀ါကျမကျွမ်းကျင်တဲ့လူက ရှည်လျားတဲ့ ၀ါကျကြီးတွေ ရေးတဲ့အခါ ဖတ်ရသူအဖို့ နောက်မှာဖတ်ရင်း ရှေ့ကဖတ်ပြီးသားတွေ မေ့ကုန်ရောတဲ့။း-)
Post a Comment