မြို့မေတ္တာခံယူမယ့် လူကြီးကို စတိုင်သစ်နဲ့ တွေ့ရတယ်။ ဘယ်လိုထူးခြားတဲ့ စတိုင်လဲ၊ ဘယ်မှာတွေ့ရတာလဲ ဆိုတော့
ဒီနေ့ သတင်းစာထဲမှာပါ။ ဘုန်းကြီးခေါင်းရိုက် အဲ - ဘုန်းကြီးဆွမ်းကပ်တဲ့ သတင်းနဲ့  ဓာတ်ပုံဗရပွကို ဒီနေ့ သတင်းစာမှာ မျက်နှာဖုံး ရှေ့ရော နောက်ရော ပြီးတော့ အတွင်းစာမျက်နှာမှာရော တင်ထားတယ်။ သတင်းစာမှာ ရေးထားတာတွေအရတော့ ဗိုလ်ချုပ်ကြီးအေးချမ်းသာယာရေးတို့ အရမ်း အရမ်းကို အလှူအတန်း လုပ်ကြတာပဲ။ ဘာသာရေး အင်မတန် ကိုင်းရှိုင်းပုံရတယ်။
စတိုင်က ဘာထူးလို့ လဲ ဆိုတော့ သန်းရွှေကြီး ထိုင်နေတဲ့ပုံပေါ့။ သူတယောက်ပဲ တင်ပလ္လင်ခွေ ထိုင်တယ်။ သက်တောင့်သက်သာဖြစ်သလို ထိုင်ပါစေလေ။ အသက်အရွယ်အရ တာဝန်က အနားယူသင့် အဲ - ဒူးတုပ်ထိုင်လို့မှ မရတာ။ ထူးတာက သူတယောက်ပဲ အောက်ပိုင်း အဖြူ ၀တ်ထား အုပ်ထားတယ်။ ကျန်တဲ့ အေးချမ်းသာယာရေးတွေက စစ်ဘောင်းဘီပေါ် ဘာမှ မအုပ်ကြ။ ဒါဆို သန်းရွှေကြီးက တလုံးပိုရှူ အဲ - မှားပြန်ပြီ - တမျိုးတဘာသာ ဖြစ် စတိုင်သစ်ထွင်နေတာ ဘာကြောင့်လဲ။ ယတြာ ခြေတာလား၊ သေးပေါက်ချ အဲ ဘောင်းဘီ ရေစိုနေလို့လား၊ ဘောင်းဘီ တနေရာရာမှာများ ပြဲသွားသလား၊ ဒါလည်း မဖြစ်နိုင်ဘူး လူတွေက ဘောင်းဘီ အပေါက်အပြဲ ဈေးကြီးပေးပြီးတောင် ၀ယ်ဝတ်ကြတာပဲ။ သူ ဘယ်လိုထိုင်တယ်ဆိုတာ လူ သိမှာစိုးလို့ ဖြစ်နိုင်တယ်လို့ ဧရာဝတီသတင်းထောက် အေးလဲ့က ခန့်မှန်းတယ်း) စဉ်းစားစရာပဲ။ သူ့ဘေးက ဆရာမောင်အေးကတော့ သာမန်။
သန်းရွှေကြီးက သူ့ဘော်ဘော်တွေထက် အရိုအသေ ပိုပေးနေပုံရတယ်။ လက်ဆယ်ဖြာ ထိပ်မှာ မိုးလို့ပေါ့။ သူ့ဘော်ဘော်များကတော့ ၀တ္တရားကျေ ကန်တော့နေပုံရ။
ဒီစတိုင် မတော်တဆ ခေတ်စားလာနိုင်တယ်၊ အေးချမ်းသာယာရေး စတိုင် ဆိုပါစို့။
4 comments:
အဖြူဝတ်နဲ့ တကိုယ်လုံးသာ အုပ်လိုက်ပါတော့။
ပြီးရင် ဆန့်ဆန့်ကြီး လှဲနေ..
မေတ္တာပို့တာ များလို့လားမသိဘူး ကြွကိုမကြွနိုင်ဘူး...ငရဲကို...
mie nge
မချိုသင်းရေးတာ ရီရတယ်...
းဝ)
ဟား ဟား.....အစ်မမိုးချိုသင်းရေးတာဖတ်ပြီး ရယ်လိုက်ရတာ....။ မေတ္တာထားတယ်လားးးးးး
Post a Comment