
သီချင်းရေးဆရာတွေက ဗုဒ္ဓဘာသာ အကြောင်း ရေးဖွဲ့ထားတဲ့ ဘာသာရေး သီချင်းတွေကို ရေးနေပြီ တဲ့။ ဆရာမောင်သစ်မင်းက သတင်းတပုဒ်မှာ ပြောထားတယ် - လူငယ်တွေ ဘာသာရေး ကိုင်းရှိုင်းအောင်၊ ဘာသာရေး ဗဟုသုတနဲ့လည်း ပြည့်စုံအောင် စည်းရုံးတဲ့အနေနဲ့ လုပ်တာပါ ဆိုပဲ။ ဂီတ အဖွဲ့အစည်းနဲ့ အာဏာပိုင်များ ခိုင်းလို့ ရေးကြတော့မယ် လို့ ဆိုတယ်။ ခွေထုတ်မယ် ဖြန့်မယ် တဲ့။
၃၈ ဖြာမင်္ဂလာ တရားတော်များကိုလည်း ခေတ်ပေါ်ဂီတနဲ့ ရောသမမွှေတော့မယ်ပေါ့ဗျာ။ မွှေ ဆိုလို့ ဟစ်ပ်ဟော့တွေ ရီမစ်တွေတော့ ဟုတ်ပါဘူး။ တကယ့် ဓမ္မ သီချင်းတွေပါ။ ဓမ္မသီချင်းကို ရီမစ် လုပ်ပြီး ဖြန့်လို့ကတော့ အင်းစိန်ထောင်ထဲ ထည့်လိမ့်မယ်။ ဗိုလ်ချုပ်များက ဘာသာရေး သိပ်ကိုင်းရှိုင်းတယ် မဟုတ်လား။ ထားပါတော့ သူတို့အကြောင်း)
ခရစ်ယာန်ဘာသာဝင်များက ဓမ္မ သီချင်းတွေနဲ့ အဆင်ပြေနေတာ ကြာလှပေါ့။ လွှမ်းမိုးရဲ့ သီချင်းတပုဒ်ရှိတယ်။ ဓမ္မသီချင်းတော့ မဟုတ်ဘူး၊ သို့ပေမယ့် ဘာသာရေးစကားလုံးတွေ ပါနေတယ်။
ဗုဒ္ဓဘုရား
ဟောလေသည်မှာ
မွန်မြတ်စိတ်ထားကြ
ကူညီခြင်းအလှ လူလူချင်းသွေးဆက်ပါ ဆိုလားပဲ။
တကယ်တော့ ဓမ္မ သီချင်းတွေက ကျနော့်အတွက် ပျင်းစရာပဲ။ မနှစ်တုန်းက ဆုန်းသင်းပါရ် ဇမ်နူး နဲ့ အဆိုတော်တချို့ ချင်းမိုင်ကို လာတယ်။ လက်မှတ် ၀ယ်ကြည့်တယ်။ သူတို့ အားလုံး ဆိုသွားကြတာ ဓမ္မသီချင်းတွေချည်းပဲ။ ပျင်းစရာ ကောင်းလိုက်တာ။
ခရစ်ယာန်များအတွက်တော့ ဓမ္မ သီချင်းတွေက အလုပ်ဖြစ်တယ် - ဘုရားကျောင်းမှာလည်း ဂစ်တာ တဒေါင်ဒေါင်နဲ့ ဟစ်လို့ ရတယ်။ ဗုဒ္ဓဘာသာတွေက ဘုရားသွား ဘုန်းကြီးကျောင်းသွားပြီး သီချင်း ဆိုလို့ကတော့ ခုချိန်မှာ ဟန်မကျသေးဘူး။ နောင်လည်း ကျဖို့ လမ်း ဝေးဦးမယ် ထင်ပါရဲ့။ တချို့ မူကွဲဗုဒ္ဓဘာသာမှာဆို ဘုန်းကြီးတွေ သီလရှင်တွေက ဗုံကို တုတ်တချောင်းနဲ့ တီးတာတွေတော့ ရှိပါရဲ့ အဲဒါက စိတ်ငြိမ်အောင်လုပ်တာ ဖြစ်မယ်။
ထူးအိမ်သင်ရဲ့ မဟာဝီရ အိုဗုဒ္ဓ သီချင်းကို သိပ်ကြိုက်သူတွေ ရှိတယ် တဲ့။ ကျနော်တော့ ခံစားလို့ မရပါဘူး။ အဆို အတီး သီချင်းဖွဲ့စည်းမှု စတာတွေက ထိပ်တန်းအဆင့်မှာ ဖြစ်ရင် ဖြစ်နေလိမ့်မယ်၊ ဘုရားစူး မိုးကြိုးပစ် တကယ်ကို ခံစားလို့ မရဘူး( နားလည်း မထောင်ချင်ဘူး( လိုက်လည်း မဆိုချင်ဘူး(
သတိရလို့ ပြောရရင် ၃၈ ဖြာမင်္ဂလာက သီချင်း ရှိပြီးသားပဲ။ အခု ဘာပုံစံနဲ့ ရေးမှာလဲ၊ slow go go လား) bossanova လား)
ကြုံလို့ ရေးလိုက်တာပါ။ စောင့်နားထောင်ဖြစ်မယ်တော့ မထင်။ ကျနော်က ဘာသာရေး မကိုင်းရှိုင်းသေးဘူး ခုချိန်ထိ။
6 comments:
အဖော်တယောက်တော့ ရပြီ ဆရာ...း))
သုခမိန်လှိုင်၊ ဝင်းမင်းထွေး၊ မင်းချစ်သူ၊ မြင့်မိုးအောင်၊ ဟူးကော်ပီဆရာတွေကြီးဘဲ Metallica တို့ Gun and Rose တို့တေးသွားကို စာသား ထည့်ကြမယ်နဲ့ တူတယ် ဟားဟား
ဘာသာရေးကိုသီချင်းလုပ်တော့ သီချင်းလေးညည်း ရင်းနဲ့၊ ခန္တာကိုယ်လေးတလှုပ်လှုပ်နဲ့ ဘာသာရေး လှုပ်ရှားမှုဖြစ်လာတာပေါ့။
ဘုန်းကြီးတွေ၊ မယ်သီလရှင်တွေပါ သီချင်းဝင်ဆိုသင့် တယ်။ ဒါမှ တရားဟောအဆင့်ကနေ တရားဆို အဆင့်ကိုကူးပြောင်းလာနိုင်မယ်။
သူတို့သာ တရားဆိုဖြစ်လာရင် တရားနာပရိတ် သတ်ကြီးကလည်းတရားလှုပ်ပရိတ်သတ်ဖြစ်လာ
လိမ့်မယ်။ ဒါဆိုရင်တရားပျော်လောကကြီးပေါ်ပေါက် လာလိမ့်မယ်။ သာသနာတော်ကြီးစည်ပင်ထွန်းကားတယ်ဆိုတာ ဒါကိုပြောတာဖြစ်လိမ့်မယ်။ကောင်းလေစွ၊ကောင်းလေစွ၊ သာဓု၊ သာဓု။
ကိုဇာနည်ရေ
"ဗုဒ္ဓဘုရား ဟောလေသည်မှာ
မွန်မြတ်စိတ်ထားကြ " ရဲ့ မူလ သီချင်းရှင်က ပလေးဘွိုင် သန်းနိုင်ပါ။ ဂီတစာဆို ကိုလေးလွင် ရေးခဲ့တာဖြစ်ပြီး သီချင်းခေါင်းစဉ်က "အတ္တသမားကျနော်" ပါ။ လွှမ်းမိုး ပြန်ဆိုခဲ့သလားတော့ မသိ။ ဒါပေမယ့် လွှမ်းမိုးလဲ ဒီသီချင်း သံစဉ်အတိုင်း "ပုထုဇနောဥမ္မတကော" ခေါင်းစဉ်နဲ့ ဆိုခဲ့ဖူး ပါတယ်။ ကိုသန်းနိုင်ထက် ပိုစောပါတယ်။ မူရင်းသီချင်းက မလေးရှားက လို့  အများက သိရှိထားကြပါတယ်။ ၉၅ခုနှစ်လောက်တုန်းက အင်ဒိုနီးရှားက ဘော်ဘော်တွေ ကို ဒီသီချင်းဆိုပြတော့ လိုက်ဆိုကြ တယ်ဗျို့ ။ လူလတ်ပိုင်းတွေပါ။ မူလသီချင်းက
သူတို့ သီချင်းပါ ဆိုပြီး claim လုပ်ရော ဆိုပါတော့။ အင်း- ခင်ဗျားစာဖတ်ပြီး တွေးမိ လွမ်းမိပါတယ်။
K.Moe (L.A)
ဘယ်အချိန် ကိုင်းရှိုင်းမှာလဲ ?
mie nge
ဘာသာရေး မကိုင်းရှိုင်းပေမဲ့ ဘုရားသားတွေကိုတော့ သေနတ်နဲ့ မပစ်တတ်ဘူး မဟုတ်လား။ :))
Post a Comment