Sep 25, 2009

my problem

ပန်းချီကားထဲက လူတယောက်ထွက်ပြီး ဆေးလိပ်သောက် အနားယူနေတဲ့ပုံလို့ ယူဆရပါတယ်။ ပန်းချီအကြောင်း မသိ (မသိ) တဲ့အတွက် အတိအကျတော့ မပြောနိုင်ပါ။ ယူဆရကြောင်းလို့သာ ပြောနိုင်ပါမယ်။

ပန်းချီကားတွေ ပိုစတာတွေထဲကလူတွေဟာ ဒီလိုပဲလုပ်တတ်ကြသလား။ ဒီလိုဖြစ်ရပ်မျိုး ရှိအောင်လို့ တတ်စွမ်းနိုင်တဲ့ ပညာမျိုး ရှိသလား ပြောကြပါဦး။ ရှိရင်တော့ သင်ဇာဝင့်ကျော်၊ မိုးဟေကို၊ စန္ဒီမြင့်လွင်၊ ပပ၀င်းခင်၊ သက်မွန်မြင့် စသဖြင့်တို့ရဲ့ ပုံကြီးကြီးတွေ အိမ်မှာ ကပ်ထားဦးမှပဲ။ သူတို့အားလုံးလည်း တပြိုက်နက် အသက်မ၀င်စေဖို့တော့ လိုမယ်။

အဲ - အိမ်မှာ ကပ်ထားလို့လည်း မဖြစ်သေးဘူး။ ကျနော့်မဟေသီ ရှိတယ်။ အင်း - အလုပ်ထဲမှာ ကပ်ထားလို့လည်း မဖြစ်ဘူး။ အလုပ်ထဲမှာဆို စိတ်မချရဘူး။ အလုပ်ထဲက သတင်းထောက် လူပျိုကြီး လူပျိုလေးတွေ ရှိနေတယ်။

အင်း - ဘယ်မှာ ထားရပါ့။ ကားထဲ ထားရအောင် ကားလည်း မရှိဘူး။ သွားလေရာ ကိုင်သွားလို့လည်း မဖြစ်။
စဉ်းစားရ ခက်လိုက်တာ။ အဆင်မပြေတာတွေ သိပ်များတာပဲး)

14 comments:

ATN said...

ကိုယ့်ဆရာ ရှည်ရှည်ဝေးဝေးတွေ လျှောက်စဉ်းစားနေတာကိုး...
ပါးစပ်ထဲ ငုံထားလိုက် ပြီးတာပဲဟာ... ကွမ်းယာကမှ ကြီးနေဦးမယ်... အဲဒါလေးတွေက သိပ်မှ မကြီးတာ... အနေတော်လေးတွေပဲ... အဲ ငှဲငှဲ...း)

ATN said...

ဟို တာနောယက္ခ ဆိုတဲ့ ဘီလူးကြီးလဲ ဟိုကောင်မလေးကို အဲလိုပဲ ငုံထားဖူးတယ် မဟုတ်လား... အားငှားငှား...း)

ATN said...

စိတ်ညစ်ညစ်နဲ့ လျှောက်နောက်သွားတယ်... အဲငှယ်...း)

khin oo may said...

beach သွားပါလား။

Moe Cho Thinn said...

;D
သူမို့ ကြံကြံဖန်ဖန်..

စန္ဒကူး said...

~ စိတ်ကူးနဲ့ရူးတဲ့ဇတ်လမ်းအဆုံး..
သိပ်မထူးဘူးငါ့ကိုဟားတိုက်အုံး... ~

(သီချင်းလာဆိုတာနော်.. ဟီး)

သက်ဝေ said...

မနက် စောစောစီးစီး ကြံကြံဖန်ဖန် တွေးတတ်သူနဲ့ လာတွေ့နေပါ့လား...
အဖြေရရင် ဝေမျှပါအုံး...း))

မျှော်လင့်ခြင်း said...

ဒီလောက်တောင် ရိုးသားတယ်
ကောင်မလေးတွေ ထွက်လာရင်တောင်
ဘယ်နားထားရမှန်းမသိဘူး ???
မဖြစ်နိုင်တဲ့  ပုံပြင်တွေ

Anonymous said...

စဉ်းစားပေးရတာ သိပ်ခေါင်းရှုပ်တာပဲ...။


SDL

Anonymous said...

ဘယ်နားကပ်သင့်တယ် အဖြေရရင် ပြောအုံးနော်


SDL

ဖြိုးအောင် said...

သြော်အကိုရယ်
မော်ဒယ်တွေပုံထားစရာမရှိလို့များ စိတ်ရှုပ်ခံစဉ်းစားနေရသေးတယ်။
မထားနဲ့လေ.........
ဘဘသန်းရွှေပုံလေးပဲထားလိုက်ပေါ့......
မိန်းမနဲ့လဲပြသနာမတက်တော့ဘူး၊ တပုံထဲရယ်
ုခုတင်ခေါင်းရင်းလေးနားချိတ်ထား။ ညညထွက်လာပြီးးးးးးးးး အဟီးးးးးးးးး

Anonymous said...

အိမ်သာထဲကပ်ထားပေါ့

Anonymous said...

ကိုဇာနည်ဝင်းရေ
ကျွန်တော့်ကို ပေးလိုက်ပါ။ ကျွန်တော့် အခန်းထဲ ကပ်ထားလိုက်မယ်။
ကျွန်တော် အနစ်နာခံလိုက်ပါ့မယ်။
ဟီးဟီး

အောင်နိုင်လင်း

K Myo said...

သနားပါဘိ မောင်ဇာနည်ဝင်း

တံဆိပ်ရိုက်ဆိုင်တစ်ဆိုင်ကို သွားပါနော်။ အဲဒီ ဆယ်လစ်ဘရစ်တီ ၅ဦး ၁၀ဦးလောက်ရဲ့  ပုံတွေကို တီရှပ်မှာ တံဆိပ်ရိုက်ခိုင်းလိုက်ပါနော်။
ဒါဆို တစ်ရက်ကို တစ်ယောက် အဲလေ ယောင်လို့  တစ်ရက်ကို တစ်ထည် ၀တ်ရုံသာ။ (မောင်ဇာနည်ဝင်းလေနဲ့  ပေါကြည့် အဲ ပြောကြည့်တာ။)

လမ်းကြုံလို့  မှာလိုက်ဦးမယ်နော်။ သက်မွန်မြင့်ပုံ တီရှပ်တထည်လောက် ကျွန်တော့်အတွက် ပိုရိုက်ခဲ့ပေးပါနော်။

လာဖတ်ဖြစ်တဲ့
ကေမျိုး