ဧရာဝတီ ၀ိုင်းတော်သားတချို့ကို ဗျူးပြီး ဧရာဝတီ ဘလော့မှာ တင်ခဲ့တာ တပတ်ပြည့်သွားပြီ။
ဒီဘလော့က အသစ် မရှိတော့ ရောက်လာတတ်သူတချို့ ကို အားနာတဲ့ အနေနဲ့  ကော်ပီယူပြီး တင်လိုက်ပါတယ်။ ဖတ်ပြီးသား ဆိုရင်တော့ ဆောဒီးပါဘဲ။
မနက်ဖန် သူတို့ပြောတဲ့ အကြိုက်ဆုံး အဆိုတော်၊ သီချင်း တွေအကြောင်း တင်နိုင်မယ်လို့ ထင်တယ်။ သူတို့ ဖေးဘရိတ် အဆိုတော်ပုံတွေတော့ မရှာရသေးဘူး။ ပုံရှာတာက လွယ်ပါတယ်။ တနာရီအတွင်း ပြီးလိမ့်မယ်။
မိတ်ဆွေ ဘလော်ဂါများကိုလည်း မေးခွန်းတွေ ထုတ်ပြီး ဒီလို စုစည်းဖော်ပြဖို့ စိတ်ကူးမိပါရဲ့။ ဘာမေးရမလဲ စဉ်းစားထားတာတွေတော့ ရှိတယ်။ သူတို့ကရော ဖြေချင်ပါအုံးမှ။
ခုခေတ်က အချိန် ဆင်းရဲကြတော့ သူတို့အချိန်ကို လေးငါးမိနစ် ဖဲ့ယူရမှာ အားတော့ နာတယ်။
အားနာနေရင်လည်း ဘလော့နိုင်မယ် မဟုတ်။ ဒီတော့ မကြာခင် မေးခွန်းတွေ လာမည် ပေါ့ဗျာ။ ခုတော့ အိပ်လိုက်အုံးမယ်။ ဒီနေ့တော့ စောစောအိပ်တဲ့နေ့ပဲ။ စောစော ဆိုပေမယ့် မနက် ၁း၃၅ တော့ ရှိပြီ။

မြီးရှည် (photo by Mr. Z)ဇာနည်မာန်၊ သတင်းထောက်
ရန်ပိုင်၊ ခက်ထန်တို့ အကြိုက် (ဓာတ်ပုံ - ဒီကိုလာ)
အုန်းနို့ခေါက်ဆွဲရန်ပိုင်၊ သတင်းထောက်
ခက်ထန်၊ စာတည်း
အများကြိုက် စားစရာ (photo by Ma BayDar)
လက်ဖက်သုပ်
ပီတာအောင်၊ ၀က်မာစတာ
ကျော်စွာမိုး၊ တာဝန်ခံအယ်ဒီတာ
ဘကောင်း၊ သတင်းထောက်
အေးချမ်းမြေ့၊ စာတည်း
“လက်ဖက်ကတော့ သုပ်ထားရင်၊ နှပ်ထားရင် ကြိုက်တယ်။ ဒီတိုင်းတော့ မကြိုက်ပါဘူးဗျာ”
အေးချမ်းမြေ့၊ စာတည်း
အေးချမ်းမြေ့၊ စာတည်း
မုန့်ဟင်းခါး (photo by Mont Hin Gar/FaceBook)
မုန့်ဟင်းခါး“ကမ္ဘာမှာ အရသာ အရှိဆုံး နဲ့ အာဟာရ အင်မတန်ဖြစ်တဲ့ အစားအစာက မုန့်ဟင်းခါး လို့ ထင်ပါတယ်”
ရဲနည်၊ သတင်းအယ်ဒီတာ
ရဲနည်၊ သတင်းအယ်ဒီတာ
လူရွှင်တော်နာမည်နဲ့ တူတဲ့ စားစရာ (photo by a blog)
ငှက်ပျောကြော်
သားကြီး ၂၊ ရုံးအဖွဲ့ဝင်
(photo by servitokss.com)
မြန်မာ အစားအစာက မစားရတာ ကြာပြီဆိုတော့ မေ့သွားပြီ။ကိုထွေး၊ သတင်းထောက်
မိုင်အဲမလီ အကြိုက် (photo by Burmese Food in Picasa)
တို့စရာ နဲ့ ငါးပိရည်
“မြန်မာအစားအစာထဲမှာတော့ ဟင်းသီးဟင်းရွက် ဆိုရင် ဘာဖြစ်ဖြစ် အကုန်ပြုတ်လိုက်မှ ကြိုက်တယ်။ ကြော်တာ၊ ချက်တာ၊ ဟင်းချိုဟင်း၊ ဟင်းရေသောက် ဆိုလို့ကတော့ မစားဘူး..။ ငပိချက်တော့ ကြိုက်တယ်။ ရှူးရှဲ..ရှူးရှဲလေး..”မိုင်အဲမလီ၊ သတင်းထောက်
ကောက်ညှင်းပေါင်း နဲ့ အကြော်
“အကြိုက်ဆုံး မြန်မာ အစားအစာကတော့ ဆီဆမ်းထားတဲ့ ကောက်ညှင်းပေါင်း၊ ပဲပြုတ် နဲ့ အကြော်။ ကျနော်က ရှမ်း ဆိုတော့ ရှမ်း မုန်ညှင်းပေါင်းလည်း ကြိုက်တယ်”
စိုင်းဇွမ်ဆိုင်း၊ သတင်းထောက်

1 comment:
အကုန်ကြိုက်တယ်..
ပေါက်(စာတည်း)
Post a Comment