Aug 22, 2011

ကြက်ဆူပင်သမားတို့အတွက် ပြဿဒါးနေ့



ကြက်ဆူပင်တွေ လိုက် ခုတ်နေပြီ ဆိုပဲ။ သတင်းကောင်းပေါ့။
ဒီထက်ကောင်းတဲ့ သတင်းက ကြက်ဆူပင်စိုက်ဖို့ လှုံ့ဆော်သူတွေကို လိုက်ခုတ်တယ် ဆိုတဲ့ သတင်း ဖြစ်ပါလိမ့်မယ်း)

ချစ်စရာ ယိင်းလတ်ရှင်နာပ်




ဝန်ကြီးချုပ် ရင်လတ်

အမျိုးသမီးတွေနိုင်ငံရေးလောကထဲ နေရာကောင်းတွေရတာ အရမ်း ဟန်ကျတာပဲ။
သတင်းစာတို့ဘာတို့ ဆိုတာ နိုင်ငံရေးသမားပုံတွေ များတယ်လေ။
ယောက်ကျားပုံကြီးတွေထက် မိန်းမပုံတွေမြင်ရတာ ပိုမကောင်းဘူးလား။



Aug 11, 2011

ဆာတေး

ဆာတေးဆိုင်

"ခပ်သေးသေး၊ ပါးပါး လုပ်ရတယ်။ ဒါမှ မြတ်မှာ"

ဖလစ်ကာမှာ တွေ့တဲ့ပုံပါပဲ။
天煞烏龜

ဆန်ပြုတ် - ဆန်ပြုတ် ---

အီကြာကွေး၊ အသား၊ ကြက်သွန်မိတ်တွေနဲ့ ဆိုတော့ ဆန်ပြုတ်ဆိုင် ဖြစ်မယ် ထင်ပါရဲ့။

စားလို့ ကောင်းမှာပဲ။

ဂလု


photo

ဒီပုံကို ရန်ကုန်မှာရိုက်ပြီး 天煞烏龜 ဆိုသူက ဖလစ်ကာမှာ တင်ထားတာပါ။

Aug 10, 2011

အဖတ်အများဆုံး ၁၀ ခု

ဘလော့မှာ အဖတ်အများဆုံး ၁၀ ခုကို အခုလို တွေ့ရပါတယ်။
အဖတ်အများဆုံး ဆိုလို့ သောင်းဂဏန်း ရှိမယ် မထင်ပါနဲ့။
မြင်တော်မူတဲ့အတိုင်း ၄၀၀ မကျော်သေးပါ။

Jul 27, 2008
397 Pageviews









Aug 1, 2008, 1 comment
369 Pageviews









Jul 25, 2008
355 Pageviews









Feb 16, 2011, 3 comments
207 Pageviews









Nov 25, 2010, 1 comment
185 Pageviews









Apr 12, 2011, 6 comments
181 Pageviews









Dec 3, 2010, 5 comments
174 Pageviews









Jun 14, 2011
153 Pageviews









Jun 10, 2011, 2 comments
149 Pageviews









Sep 28, 2010, 2 comments
115 Pageviews

Aug 8, 2011

ကြော်ငြာခေတ်



Dr. ကျော်ရင်လှိုင်က NDF ပါတီရုံးမှာ သင်တန်းပေးတယ် ဆိုတဲ့ သတင်း ဧရာဝတီဘလော့မှာ တင်လိုက်တယ်။
ထုံးစံအတိုင်း ကြော်ငြာတွေက ၀င်လာတာပေါ့။ ပုံမှာ မြင်တဲ့အတိုင်းပဲ။

နိုင်ငံရေးသင်တန်းဆိုတာ ဂလိုကိုး၊ အင်း - တက်ချင်လိုက်ပါဘိ လို့ တွေးသူလည်း တွေးမိမယ်း)

အင်တာနက်မှာတော့ ဒီလိုပါပဲ - ကြော်ငြာတွေက မြင်ကွင်းထဲ အတင်းအကျပ် ရောက်လာတတ်တယ်။

ကြာရင်တော့ ရိုးသွားမှာပါလေ။

ကြော်ငြာတင်တဲ့ မြန်မာဝက်ဆိုက်တွေကို ခုချိန်မှာ လက်ချိုးရေလို့ ရပါသေးတယ်။ နောင်တော့ များလာဖွယ်ရှိ။

အာဏာပိုင်တို့ တုန့်ပြန်ပုံများလား

Jul 20, 2011

i killed 100 mosquitoes


ကိုယ်တိုင်ဆွဲတဲ့ ပန်းချီကား မရှိတာ နာတာပဲ။
ရှိရင် ပန်းချီကားတွေ နောက်ခံထားပြီး ဓာတ်ပုံအရိုက်ခံလိုက်မယ်း)

ကျနော် ဒီလထဲမှာ ခြင် ၂၄ ကောင် သတ်လိုက်တယ်။
နှိပ်စက်မနေဘူး၊ တခါတည်း သတ်လိုက်တာပဲ။
အင်း - ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း သတ်ခဲ့တဲ့ ခြင် အရေအတွက်က အနည်းဆုံး အကောင် ၁၀၀ တော့ ရှိမယ်။

သြစတေးလျက သတင်းထောက်တွေနဲ့ အဆက်အသွယ် ရှိရင် ဒီအကြောင်း လက်တို့လိုက်ပါအုံး။
ကျနော့်ကို အင်တာဗျူးလှည့်ပါ လို့။

း)

Jul 17, 2011

my baby

မနေ့တုန်းက ကျနော့် ကလေးရဲ့ပုံကို မော်နီတာမှာ မြင်ရတာ။
ဆရာဝန်က Unofficial ultrasound နော် လို့ ပြောပြီး ကျနော့်မိန်းမဗိုက်ကို စမ်းသပ်ပြတယ်။ ကလေး အသက်ရှူသံကိုလည်း ကြားအောင် ဖွင့်ပြတယ်။ လူနာရှင်တွေ စိတ်ချမ်းသာအောင်လုပ်ပြပြီး ငွေရှာနည်းဖြစ်မလား)
ဘောက်ချာမှာတော့ အဲဒီ
diagnostic radiology and radiotherapy ဆိုတာအတွက် ဘတ် ၁၅၀ လို့ ရေးထားတယ်။ ငါးဒေါ်လာ။

ရှေ့လထဲရောက်မှ အာထရာဆောင်း ဆိုတာ ရိုက်မယ် တဲ့။ အဲဒီအခါမှ ထပ် တင်တာပေါ့။
ဒီပုံမှာလည်း မဆိုးပါဘူး။ ကလေးက အလယ်လောက်မှာ တွေ့မှာပေါ့။ ကျနော့်ကို တပတ် ဂျွမ်းထိုးပြသလိုပဲး)

Jul 10, 2011

Myanmar Railways Company: We Will Pick you Up!

this one is from irrawaddy blog



ဘော်လကန်ဒေသ မက်စီဒိုးနီးယား နိုင်ငံက Jonas ဆိုတဲ့ ခရီးသည် ရိုက်ကူးထားတာပါ။ ရန်ကုန်နဲ့ တခြားမြို့တမြို့ကို ပြေးတဲ့ ရထားက ဘူတာ တခုမှာ မရပ်ဘူး။ ဒါပေမယ့် တက်မယ့် ခရီးသည်က ရှိနေတယ်။ အထုပ်အပိုးတွေလည်း ပါပါတယ်။
ရထားပေါ်ကို အဲဒီ အမျိုးသမီး ခရီးသည် ဘယ်လို တက်သွားသလဲ ဆိုတာကို မှတ်တမ်းတင်ထားတာပါ။ ဟုတ်ကဲ့ - အထုပ်အပိုးတွေလည်း ပါသွားပါတယ်။


ဒီ ၅၁ စက္ကန့်ကြာ မှတ်တမ်းကားကို ကြည့်ပြီး -
မယုံနိုင်စရာပဲဟေ့။
မြန်မာပြည်သားတွေဟာ အရမ်း ကူညီတတ်တယ်။
ရထားဝန်ဆောင်မှုက ညံ့လိုက်တာ။
မြန်မာပြည်သားတွေက တကယ် အံ့သြစရာပဲ။
ခြေလှမ်းတချက်မှားပြီး သံလမ်းပေါ်ရောက်သွားရင်တော့ အသားတုံးတွေဖြစ်သွားမှာ။
နင်ဂျာတွေနဲ့ တူလိုက်တာ။
စသဖြင့် စသဖြင့် မှတ်ချက်ပြုကြသလို -

အာဏာရှင်တွေလက်အောက်မှာ နေထိုင်ရသူတွေကို ဘုရားသင် ကြည့်ရှု စောင့်ရှောက်ပါစေ။
ဟုတ်ပ - သူတို့ကတော့ ခပ်ပြုံးပြုံးပဲနော်။
ဒီ ဗီဒီယိုကို လူတွေဘာကြောင့် ဒီလောက်တောင် ကြည့်ကြတာလဲ။
the girl looks really sexy
အာဂျင်တီးနားမှာလည်း တချို့ ရထားတွေ ဒီလိုပါပဲ လို့ ဆိုသူတွေလည်း ရှိပါတယ်။

Myanmar Railways Company: We Will Pick you Up. လို့ ပြောင်ထားတဲ့ မှတ်ချက်ကတော့ သဘောကျစရာပါ။ ဒီလို ပြောင်ထားတာကို နှစ်သက်ကြောင်း တို့ထိထားသူက ၅၆ ယောက် ရှိပါတယ်။



ဒါကတော့ တိုကျိုက ရထား ဖြစ်ပါတယ်။ ရုံးဆင်းရုံးတက်ချိန် လူကျပ်လွန်းရင် ရထားပေါ် ခရီးသည် ပါသွားဖို့ ဘယ်လို ကူညီသလဲ ဆိုတာ တွေ့ရမှာပါ။ ၂၈ စက္ကန့်ပဲ ကြာတဲ့ ရိုက်ချက် ဖြစ်ပါတယ်။

မှတ်သားဖို့ ကောင်းပါတယ်။ မြန်မာပြည်မှာလည်း ဒါမျိုး ရထားတွေ ပေါ်လာနိုင်တာမို့ ဒီလို ကူညီပုံတွေကို အတုယူသင့်ပါတယ်။ ရထားတွဲတခုကို ၀န်ထမ်း တဦးနှုန်း ခန့်ထားပုံ ရပါတယ်။


ဒါလည်း ဂျပန်ရထားဖြစ်ပါတယ်။ ခရီးသည်များလွန်းလို့ တိုးတက်ကြရတဲ့အချိန်မှာ ရထားထွက်ဖြစ်အောင် ဘယ်လို ၀န်ဆောင်မှု ပေးတယ် ဆိုတာ ဒီ တမိနစ်စာ မှတ်တမ်းရုပ်သံမှာ တွေ့ရမှာပါ။

အပေါက်ဝ တွယ်စီးသူတွေကို နောက်ရထားစောင့်ဖို့ နားချပေမယ့် မရပါဘူး။ အမျိုးသမီး အမျိုးသား ၀န်ထမ်းတွေ ပြေးလာပြီး သူတို့ကို ရထားတွဲထဲ ရောက်သွားအောင် ကူညီပုံကတော့ မှတ်ဖွယ်မှတ်ရာပါပဲ။

ဒီမှတ်တမ်းကို ကြည့်မိသူ ဦးရေက မူရင်းစာမျက်နှာမှာတင် ၂ သန်းကျော် ရှိပါတယ်။ မှတ်ချက်ပေးသွားသူ အရေအတွက်က လေးထောင်ကျော်ပါတယ်။

Jul 7, 2011

another 2 dogs?

ပုဂံမှာ တွေ့ရတဲ့ သားအမိ ဘာတွေ ပြောနေကြသလဲ

ဒေါ်အောင်ဆန်းစုကြည် ထိုင်နေတုန်း သားတော်မောင် ရောက်လာတယ်


အမေ ဒီခွေးလေး ပျင်းနေလိမ့်မယ်။
အင်း ဟုတ်တယ်၊ သူ ပျင်းနေရှာမှာပဲ။

ဒါဆို ဇာနည်ဝင်းဆီက ခွေး ၂ ကောင် ကို ယူပြီး ဒီခွေးလေးနဲ့ အတူထားလိုက်ရင် မကောင်းဘူးလား အမေ။

တော်စမ်းပါ သားရယ်၊ ငါ့မှာ ဒီတကောင်ကိုတောင် မနည်း ထိန်းနေရတာ။ ဟော - ပြောရင်းဆိုရင်း ဘယ်သူ့ကို သွားကိုက်မယ် မသိဘူး)

Jul 1, 2011

president of FIFA


ဖီဖာ ဥက္ကဋ္ဌ ဆပ်ဘလက်တာ ရန်ကုန်ရောက်တုန်းကပုံ။ ဒီငနဲ ၀င်ငွေက မဆိုးဘူး။ တနှစ်ကို ဒေါ်လာ တသန်း ဆိုပဲ။ ကျပ်နဲ့ တွက်ရင် သိန်း ရှစ်ထောင်။

ဓာတ်ပုံဆရာ ခင်မောင်ဝင်း အေပီ ရဲ့  ဖေ့စ်ဘုတ်ကနေ အခုပဲ သွားယူလိုက်တဲ့ပုံပါ။ ရိုက်ထားတာတော့ ကြာပြီလေ။

သူ ဓာတ်ပုံရိုက်မယ် ဆိုတော့ ဘလက်တာက လျှာထုတ်ပြတယ်။ မယုံရင် ပုံကို ကြည့်ပါ။
ဘာသဘောလဲတော့ မသိပါ။