သိတဲ့အတိုင်းပဲ လောလောဆယ် ယူအက်စ်မှာ ဘဏ်ကြီးတွေ လူမွဲဖြစ်ကြောင်း ကြေညာကြတယ်၊ ကျုပ်တို့ ပိုက်ဆံမရှိတော့ပါဘူးခင်ဗျ/ရှင့် ဆိုပြီး ကြေညာကြတယ်။ အလုပ်သမားတချို့ အလုပ်ပြုတ်ကြတယ်။ ငွေတွင်းတွေ နက်လာတယ်ဆိုတဲ့ သတင်းတွေ ဖတ်မိ ကြားမိထားတယ် ဆိုရင်တော့ Read More ကို နှိပ်လိုက်ရင် ပေါ်လာမယ့် ကာတွန်းတွေက ဟာသရသတွေအများကြီး ပေးပါလိမ့်မယ်။
ရယ်စေ ပြုံးစေး)
အပေါ်က စာမဲ့ကာတွန်းကတော့ ဒီနေ့ အမေရိကန်ပြည်ထောင်စုမှာရှိနေသူတွေကို ရည်ရွယ်ပါတယ်။
အစိုးရက အခွန်ငွေဆောင်တဲ့ပြည်သူတွေအတွက် ပေးတဲ့ ကုထုံး
ဘဏ်တွေအကြောင်း သရုပ်ဖော်တဲ့အခါ ၀က်ရုပ်ကို ဘာကြောင့်သုံးကြပါလိမ့် ဆိုပြီး ဟိုတုန်းက အံ့သြခဲ့တာ။ (အခုတော့) ငါ နားလည်စ ပြုလာပါပြီ တဲ့။ ၀က် ဆိုတာ သောက်သုံးမကျတဲ့ကောင် လို့ ဘာသာပြန်လို့ ရမယ် ထင်ပါရဲ့။

ဆင်နဲ့မြင်းက အမေရိကန် နိုင်ငံရေးသမားကြီးတွေ နိုင်ငံရေးအဖွဲ့တွေကို ရည်ညွှန်းတယ် ဆိုပါစို့။
စီးပွားပျက်ချိန်မှာ အစုရှယ်ယာ ၀ယ်ထားသူတွေ သေတာပဲ။ တကယ်သေတာတော့ မဟုတ်ပါဘူး၊ သူတို့ဝယ်ထားတဲ့ ရှယ်ယာတွေရဲ့ တန်ဖိုးက စက္ကူစုတ်တန်ဖိုးနဲ့ နင်လားငါလား ဖြစ်သွားပါပြီ။ စီးပွားက ပျက်သွားပြီမဟုတ်လား။
1 comment:
သူများနိုင်ငံက ကာတွန်းဆရာတွေက စီးပွားရေး ကျပ်တည်းတာကို ကာတွန်းဆွဲလို့သူတို့က ပန်းပန်နေကြတယ်.. ကျမတို့နိုင်ငံက ကာတွန်းဆရာတွေကတော့ အဲလိုဆွဲကြည့်ပါလား.. နန်းစံနေရမယ် (ထောင်နန်း).. ကျမတို့နိုင်ငံကကာတွန်းဆရာတွေသာ အဲလိုဆွဲလို့ ချမ်းသာမယ်ဆိုရင် မီလျံနာဖြစ်နေလောက်ပြီနော်..
Post a Comment