ကာတွန်းအကြောင်း ပြောရရင် ခေတ်သုံးခေတ် ၀တ်စားဆင်ယင်ပုံကိုလည်း တွေ့နိုင်တယ်။ ဖိနပ်ပုံစံ၊ ဆာရီ ဒီဇိုင်း စသဖြင့်။ ပထမ အကွက်မှာတော့ ရယ်စရာ မကောင်းဘူး။ နိဒါန်းပျိုးတဲ့အကွက်ပေါ့။ ဇနီးသည် ၄ယောက်က သူတို့လင်တော်မောင်ကို ကြောက်နေတဲ့ပုံ ဆွဲထားတာ။ ခေါင်းစဉ်က ဟိုတုန်းက ဇနီးမယား။
အောက်က ကာတွန်း ၂ကွက်ကိုတော့ ဒီနေ့ကာလ ဇနီးမယား၊ အနာဂတ်ကာလ ဇနီးမယား ဆိုပြီး ခေါင်းစဉ်တပ်ထားတယ်။ အနာဂတ်မှာ အမျိုးသမီးတွေ အပြင်ထွက်အလုပ်လုပ်တဲ့နှုန်း ပိုများလာမှာပဲ။ ဒါကို ကြိုတင်ပြီး ကာတွန်းဆရာက သရုပ်ဖော်ထားတာဖြစ်နိုင်တယ်။ ရယ်ချင်လည်း ရယ်ပါ။ ဆက်တွေးချင်လည်း တွေးကြပါး)
4 comments:
OK! So, if you would have to choose, which type of wife you prefer? :)
ကျနော်က တတိယ အမျိုးအစားကို ပိုနှစ်သက်တယ်။ i want to be a house husband ပေါ့ဗျား) ဇာနည်ဝင်း
တကယ်တမ်းပြောရရင် ဘယ်သူမှ မနစ်နာကြေးသာ ကောင်းတာပါဗျာ၊ မျှမျှတတပေါ့ ကာတွန်းတွေ ချစ်တဲ့ ဒူကဘာ.......။
ကာတွန်းလေး က မိုက်တယ်..
ကျွန်မ Print ထုတ်ပြီး ကျွန်မ ရဲ့ Gender Sessions တွေ မှာ သုံး ဖြစ်လိမ့်မယ်..
ကျေးဇူးပါ...
ကို ဇာနည်ဝင်းရေ..
တတိယ အမျိုးအစား က ကမ္ဘာမှာ
ခုလောလော ဆယ် မှာကိုပဲ ခောတ်စား နေပြီလေ..
"Women are strongly encouraged to apply the post"
ဆိုတဲ့ အလုပ်ခေါ်စာတွေရဲ့ ထိပ်ဆုံးမှာ
စာလုံးမဲတွေနဲ့ ဖေါ်ပြထားတဲ့စာတမ်းလေး ကြောင့် တင် အမျိုးသမီးတွေအများ စု က တတိယအမျိုးအစား ဇနီးမယားတွေ ဖြစ်နေကြပြီ..
အဲဒီဇနီး တွေ ရဲ့ အိမ်ဦးနတ်တွေ ကိုတော့ Houseband ခေါ်နေခဲ့ကြ ပြီးပြီ..
ကဲ...စဉ်းစား....
ဘာဖြစ်ချင်လဲ...
Husband လား...
Houseband..လား....
Post a Comment