၁၀ တန်းလောက်ရောက်မှ only အသုံးကို သင်ရတယ်။ ဒိမတိုင်ခင် သင်ခဲ့ဖူးတာလည်း ဖြစ်နိုင်တယ်။ ကိုယ် မမှတ်မိလို့ ဖြစ်မယ်။ အဲ- ၁၀ တန်းဝန်းကျင် ရောက်မှ အဲဒီစကားစုကို ဘယ်လိုဘာသာပြန်ရသလဲ သဘောပေါက်တယ်။ မင့်မျက်လုံးတွေအတွက်ပဲ လို့ ပြန်ရင် မှန်မယ်၊ လျှို့ဝှက် ပေါ့။
ဘာသာပြန်တာ စကားလုံးဖလှယ်တာတွေ အကြောင်းတော့ နောက်ပိုင်း ဆက်ပြောချင်ပါသေးတယ်။ တလွဲတချော် ဖြစ်တဲ့အကြောင်း။း) ဒီပို့စ်ကို သင်၏မျက်ဝန်းများအတွက်သာ လို့ ဘာကြောင့် ခေါင်းစည်းပေးရသလဲ ဆိုတော့ အင်း - အကြောင်း ရှိတာပေါ့။ ပုံ ၃ ပုံ တင်ပေးလိုက်ပါတယ်။ ကြည့်ပါဦး။
ဝမ်တန်ဟင်းရည်ဆိုတာ အပေါ်ကပုံပါ။ ဖက်ထုပ်လို့ ခေါ်တာပဲ ရှမ်းပြည်မှာတော့။ ရန်ကုန်မှာရှိမရှိ မသိ။ စားလို့ ကောင်းသလား ဆိုတော့ အင်း - မမေးနဲ့ဗျာ။ ဒီလက်ရာတွေဖန်တီးသူက နယူးယောက်မှာ နေတယ်။ ကျနော် နယူးယောက်ကို ဖြတ်သွားဖြတ်လာလုပ်မိတဲ့အခါတိုင်း သူ့အိမ်မှာ ၀င်ပြီး အားပေးနေကျ။ ရှမ်းခေါက်ဆွဲ၊ တရုတ်ဟင်းမျိုးစုံ။ အင်း - ရေးရတာ အရသာရှိလိုက်တာ။ လွန်ခဲ့တဲ့ ၂ လလောက်က သူ့ဆီက အီးမေးလ်ထဲမှာ ပါလာတဲ့ပုံတွေကို ဒီပို့စ်မှာ တင်ပေးလိုက်ပါပြီ။ စာထဲ ရေးထားတာကတော့ နယူးယောက်မှာ အကောင်းဆုံး လက်ရာ ဆိုပဲ။ ကျနော် ရာနှုန်းပြည့် အမှန်တကယ် ထောက်ခံပါတယ်ခင်ဗျား။ သူ့မူရင်းစာက ဟောသလို hi..everybody these are the best food i have ever eaten in newyork. why can i say that?? because these are prepared by myself..ha...ha အောက်ကပုံတွေကတော့ ဘာတွေပါလိမ့်။


1 comment:
Post a Comment