(၂၁ ဧပြီ ၂ဝဝ၇ တုန်းက မိုးမခမှာတင်ခဲ့တဲ့လက်ရာ။ ကိုယ်ရေးပြီး ကိုယ်ကြိုက်တဲ့ထဲက တပုဒ်။ ဒီတပုဒ်ရေးမယ်ဆိုတော့ ဘလော့ဂ်တွေကို ပြန်လိုက်ဖတ်ရတာ ဖတ်ဖတ် မောသွားတာပဲ အဲဒီတုန်းက။ ဖတ်ကြည့်ပါဦး ဒါက အပိုင်း ၁ ဖြစ်ပါတယ်။ အပိုင်း ၂ အပိုင်း ၃ လည်း ရှေ့လလယ်မရောက်ခင် တင်ဖြစ်မှာပါ။ )
ရေးလိုက်ကြစို့ သူငယ်ချင်း
မိုးမခ အယ်ဒီတာမင်း တစ်ယောက်က ဘလော့ဂ်တွေအကြောင်း ချဉ်ခြင်းတပ်နေပါတယ်။ ဘလော့ဂ်တွေနဲ့ပတ်သက်လို့ ရေးစမ်းပါ တဲ့။ သို့ပေမယ့် အများကြီး မရေးနဲ့၊ ဘီဘီစီရဲ့ ဘလော့ဂ်တွေအကြောင်း ထုတ်လွှင့်ချက်တချို့ကို ပြန်သုံးမှာဖြစ်လို့ နည်းနည်းနဲ့ ထိထိရောက်ရောက်ရေးဖို့ အမိန့်တော်ချပြန်ပါသေးရဲ့။ နည်းနည်းပဲရေး ဆိုလို့ အခန်းဆက် ဆောင်းပါး ၂ ပုဒ် ရေးပေးလိုက်ပါတယ်။ ဟောဒါက အပိုင်း ၁ ပါ။ ဖတ်ကြည့်ပါဦး။ ဘလော့ဂါတစ်ယောက်ရဲ့ လေနဲ့ ပြောရရင် “သည်းခံပြီး ဖတ်ကြပါ” ပေါ့ ခင်ဗျာ။
ဘလော့ဂ်ဆိုတာ
လူပြောများလာတဲ့ ဘလော့ဂ် (blog)ဆိုတာ web log ရဲ့ အတိုကောက်ဖြစ်ကြောင်း နာမည်ကျော် ‘ရာဟူး’ အင်တာနက်စာမျက်နှာက ရှင်းပြပါတယ်။
ကိုယ်ရဲ့ နေ့စဉ်မှတ်တမ်း ရေးချင်ရာရာ၊
အကြိုက်ဆုံးဟင်းကို ချက်ပြုတ်နည်း၊
နိုင်ငံရေးအမြင်၊
ခရီးသွား အတွေ့အကြုံ၊
နားထောင်နေတဲ့သီချင်း
စသဖြင့် ကြိုက်တဲ့အကြောင်းအရာကို ဖော်ပြနိုင် ရေးနိုင်တာကြောင့် အင်တာနက်ဂျာနယ်လို့ပဲ ဆိုပါစို့ တဲ့။
ဘလော့ဂ် ဆိုတဲ့ စကားလုံးပေါ်လာတာ လွန်ခဲ့တဲ့ ၈ နှစ်ကပါ။ Webster အဘိဓာန်မှာတော့ ဘလော့ဂ် ကို ‘ဒိုင်ယာရီ၊ အင်တာနက်စာမျက်နှာပေါ်တင်ထားတဲ့ ကိုယ်ရေးကိုယ်တာတွေ’ လို့ ဖွင့်ဆိုထားပါတယ်။ ဘလော့ဂ်ဘာလဲဆိုတာ ရှင်းရှင်းလင်းလင်း သိဖို့အတွက် အကောင်းဆုံးနည်းလမ်းကတော့ ဘလော့ဂ်တွေကို လိုက်ကြည့်ရုံပါပဲ။ အင်တာနက်ထဲကို ဒိုးယိုပေါက် မွှေနှောက်သွားကြည့်ပါ၊ တွေ့မှာပါ။
ဘာကြောင့် မှိုလို ပေါများလာရ
ဘလော့ဂ်တွေ ဒလဟော များလာပေမယ့် အင်တာနက်အသုံးပြုသူ ထက်ဝက်ကျော်က ဘလော့ဂ်ဆိုတာ ဘာမှန်းမသိကြသေးဘူးလို့ ဆိုပါတယ်။ ဘလော့ဂ်ရဲဘော်တို့ အားရှိစရာပေပ။ အရေအတွက်များလာတဲ့ အကြောင်းရင်းတွေထဲမှာ ပိုက်ဆံပေးစရာမလို၊ အခမဲ့ ဆိုတဲ့အချက်က ထိပ်ဆုံးနားမှာ ရှိမှာပါ။ စိတ်ထဲရှိတာ အကုန်ရေး၊ မြင်တွေ့ကြားသိသမျှအကုန်ရေး၊ ရေးချင်ရာရေး၊ စိစစ်ရေးအဖွဲ့၊ ဆင်ဆာဘုတ်အဖွဲ့၊ အယ်ဒီတာအဖွဲ့ စသဖြင့်တွေကို တင်ပြစောင့်ဆိုင်းဖို့မလိုဘဲ ကိုယ်အဆင်ပြေတဲ့အချိန်မှာ ရေးသား ဖော်ပြနိုင်တာကလည်း သဘောကျစရာပဲ မဟုတ်ပါလား။ ကိုယ်သာလျှင် စာရေးသူ၊ တည်းဖြတ်တာလည်း ကိုယ်တိုင်၊ ထုတ်ဝေသူဟာလည်း ကိုယ်ပဲဖြစ်နေတယ်။ ကွန်ပျူတာစာရေး၊ ဓာတ်ပုံအယ်ဒီတာ၊ ပန်းချီဒီဇိုင်းအယ်ဒီတာလည်း ကိုယ်ပဲခင်ဗျ။ စာဖတ်သူတွေကတော့ ကိုယ့်သူငယ်ချင်းတွေပေါ့။ “ဟေ့ æ ငါရေးတဲ့စာ ဖတ်ကြည့်ကြစမ်းပါ” ဒီလိုနဲ့ အောင်မြင်တဲ့ဘလော့ဂ်ဖြစ်လာရင်တော့ စာဖတ်သူပရိသတ် ဦးရေ တိုးလာပါတယ်။
ဘလော့ဂ်ရေးနေတဲ့ ကျိုတိုမြို့လက်ဖက်ရည်ဆိုင်တစ်ခုက ၁၈ နှစ်အရွယ် ဂေရှားမယ်ပေါက်စ Ichimaru (ဓာတ်ပုံ -Daniel Rook, Dec 2006)
ဘလော့ဂါများနဲ့ အစိုးရများ သဟဇာတမဖြစ်ပုံ
အုပ်စိုးသူအစိုးရတွေက ဘလော့ဂါတွေကို သိပ်မကြိုက်ပါ။ ယခုချိန်ထိတော့ မြန်မာပြည်က ဘလော့ဂါတွေ အဖမ်းခံရတယ်ဆိုတဲ့ သတင်းဆိုး မကြားမိသေးပါဘူး။ အစိုးရရဲ့ ရန်သူမျိုးငါးပါးစာရင်းထဲမှာ မယ်မင်းကြီးမ၊ မောင်မင်းကြီးသား ဘလော့ဂါများလည်း အကျုံးဝင်သွားပြီလေ။ သူတို့လည်း စာနယ်ဇင်းသမား၊ စာရေးဆရာတွေ မဟုတ်လား။
ဘာသာရေး၊ နိုင်ငံတော်သမ္မတတို့ကို စော်ကားတယ်လို့ စွပ်စွဲခံရပြီး ထောင်ဒဏ် ၄ နှစ် ပေးခံရသူ အီဂျစ်နိုင်ငံက ဘလော့ဂ်ရေးတဲ့ Abdel Karim (ဓာတ်ပုံ AFP, Jan 2007)
အာဏာရှင်အစိုးရများသာမက အမေရိကန်အစိုးရလည်း လက်သံပြောင်တာပါပဲ။ ဆန်ဖရန်စစ္စကိုမြို့က ၂၄ နှစ်အရွယ် Joshua Wolf ကို ၇ လကျော် ထောင်ထဲထည့်ခဲ့ပါတယ်။ သူ့အပြစ်က G-8 summit လို့ခေါ်တဲ့ ညီလာခံကျင်းပချိန်မှာ ဖြစ်ပေါ်ခဲ့တဲ့ အဓိကရုဏ်းမှတ်တမ်း ဗီဒီယိုကို သူ့အင်တာနက်စာမျက်နှာမှာ တင်ထားခဲ့လို့ ဆိုပဲ။ အဲဒီ ဗီဒီယိုပြကွက်တွေကို ဖြုတ်ပေး၊ ဖယ်ပေးဖို့ အမိန့်ကို မလိုက်နာတာကြောင့် သူ့ကို ထောင်ချခဲ့တာပါ။ စာရေးဆရာသမဂ္ဂ (National Writer's Union)က အဲသလို ဖမ်းဆီးအရေးယူတာဟာ သတင်းစီးဆင်းမှုကို ပိတ်ပင်တာဖြစ်တယ် ဆိုပြီး အမေရိကန်အစိုးရကို ကန့်ကွက်ခဲ့ပါတယ်။ အခုတော့ မောင်မင်းကြီးသား ဘလော့ဂါ ပြန်လွတ်လာပါပြီ။ ဖြစ်ခဲ့တဲ့အမှုဟာ သူ့အလွန်လား၊ အစိုးရကပဲ အကဲပိုသလား ဆိုတာတော့ လတ်တလောငြင်းခုံစရာ အကြောင်းအရာတစ်ခု ဖြစ်နေလေရဲ့။
ပြန်လည်လွတ်မြောက်လာသော Joshua Wolf (ဓာတ်ပုံ - AFP, Jan 2007)
မြန်မာပြည်သား လူငယ်များရဲ့ ဘလော့ဂ်စာမျက်နှာတွေ ရာထောင်ချီပြီးရှိပါတယ်။ သို့ပေမယ့် အဲဒီထဲက အရေအတွက် ၁ဝဝ လောက်ပဲ အခါအားလျော်စွာ ဖတ်စရာအသစ်တွေ တင်နိုင်ကြတာပါ။ ပြီးခဲ့တဲ့လအတွင်း အဲဒီစာမျက်နှာ တော်တော်များများကို လေ့လာဖတ်ရှုပြီးသကာလ မိုးမခပရိသတ်အတွက် ကောက်နုတ်ထားပါတယ်။ ကောက်နုတ်ချက်တွေကို ဆောင်းပါးအပိုင်း (၂) မှာ တွေ့ရမှာပါ။ မိုးမခရဲ့ စာကိုးစကားကိုး လစဉ်ကဏ္ဍမှာ ဘလော့ဂါတို့ရဲ့ အရေးအသားများ စိတ်ကူးများကိုလည်း ပါဝင်ထည့်သွင်းတော့မယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့လအထိ ပုံမှန်မွမ်းမံထားတဲ့၊ သွားရောက်လည်ပတ်သင့်တဲ့ စာမျက်နှာတချို့ကိုလည်း အောက်မှာ ဖော်ပြလိုက်ပါတယ်။ ခေတ်လူငယ် စာရေးဆရာတွေရဲ့ လက်ရာကို မြည်းစမ်းဖို့ ကြည့်လိုက်ကြပါဦး။ ဖတ်ပျော်တဲ့၊ အာဝဇ္ဇန်းရွှင်ရွှင် ရေးခြယ်ထားကြတဲ့ စာမျက်နှာတွေပါ။ ။
ငြိမ်းချမ်းရာ DaThaNa.blogspot.com
ဝေဖြိုးကျော် EdwardWitten.blogspot.com
ခံစားမိသမျှ EmotionalCorner.blogspot.com
ဂျစ်တူး GyitTu.blogspot.com
ကဒေါင်းညင်သာ KaDaung.blogspot.com
ကိုဖြိုး KoPhyoe.blogspot.com
ကဗျာသီတဲ့ကြိုး Literaturisms.blogspot.com
မောင်သန့်ဇင် MgThantZin.blogspot.com
SOUL MyDayWalker.blogspot.com
ကျွန်တော်လွတ်ကျခဲ့တဲ့မြို့တော် NayPhoneLatt.blogspot.com
ငွေလမင်း NgweLaMin.blogspot.com
နိုင်းနိုင်းစနေ NineNineSaNay.blogspot.com
ငြိမ်းချမ်းအိမ် NyeinChan.com/wordpress
သူမ၏ကဗျာဆရာ NyiNyiThanLwin.blogspot.com
စစ်အိမ် SisAin.blogspot.com
CLEF SpiritCorner.blogspot.com
Oh … My Blog! TeslaNetBlog.blogspot.com
ရဲမွန် yemon.blogspot.com
ယောဟန်အောင် yaw-han-aung.blogspot.com
မြန်မာအိုအေစစ် myanmaroa6.blogspot.com
ရေးလိုက်ကြစို့ သူငယ်ချင်း
မိုးမခ အယ်ဒီတာမင်း တစ်ယောက်က ဘလော့ဂ်တွေအကြောင်း ချဉ်ခြင်းတပ်နေပါတယ်။ ဘလော့ဂ်တွေနဲ့ပတ်သက်လို့ ရေးစမ်းပါ တဲ့။ သို့ပေမယ့် အများကြီး မရေးနဲ့၊ ဘီဘီစီရဲ့ ဘလော့ဂ်တွေအကြောင်း ထုတ်လွှင့်ချက်တချို့ကို ပြန်သုံးမှာဖြစ်လို့ နည်းနည်းနဲ့ ထိထိရောက်ရောက်ရေးဖို့ အမိန့်တော်ချပြန်ပါသေးရဲ့။ နည်းနည်းပဲရေး ဆိုလို့ အခန်းဆက် ဆောင်းပါး ၂ ပုဒ် ရေးပေးလိုက်ပါတယ်။ ဟောဒါက အပိုင်း ၁ ပါ။ ဖတ်ကြည့်ပါဦး။ ဘလော့ဂါတစ်ယောက်ရဲ့ လေနဲ့ ပြောရရင် “သည်းခံပြီး ဖတ်ကြပါ” ပေါ့ ခင်ဗျာ။
ဘလော့ဂ်ဆိုတာ
လူပြောများလာတဲ့ ဘလော့ဂ် (blog)ဆိုတာ web log ရဲ့ အတိုကောက်ဖြစ်ကြောင်း နာမည်ကျော် ‘ရာဟူး’ အင်တာနက်စာမျက်နှာက ရှင်းပြပါတယ်။
ကိုယ်ရဲ့ နေ့စဉ်မှတ်တမ်း ရေးချင်ရာရာ၊
အကြိုက်ဆုံးဟင်းကို ချက်ပြုတ်နည်း၊
နိုင်ငံရေးအမြင်၊
ခရီးသွား အတွေ့အကြုံ၊
နားထောင်နေတဲ့သီချင်း
စသဖြင့် ကြိုက်တဲ့အကြောင်းအရာကို ဖော်ပြနိုင် ရေးနိုင်တာကြောင့် အင်တာနက်ဂျာနယ်လို့ပဲ ဆိုပါစို့ တဲ့။
ဘလော့ဂ် ဆိုတဲ့ စကားလုံးပေါ်လာတာ လွန်ခဲ့တဲ့ ၈ နှစ်ကပါ။ Webster အဘိဓာန်မှာတော့ ဘလော့ဂ် ကို ‘ဒိုင်ယာရီ၊ အင်တာနက်စာမျက်နှာပေါ်တင်ထားတဲ့ ကိုယ်ရေးကိုယ်တာတွေ’ လို့ ဖွင့်ဆိုထားပါတယ်။ ဘလော့ဂ်ဘာလဲဆိုတာ ရှင်းရှင်းလင်းလင်း သိဖို့အတွက် အကောင်းဆုံးနည်းလမ်းကတော့ ဘလော့ဂ်တွေကို လိုက်ကြည့်ရုံပါပဲ။ အင်တာနက်ထဲကို ဒိုးယိုပေါက် မွှေနှောက်သွားကြည့်ပါ၊ တွေ့မှာပါ။
ဘာကြောင့် မှိုလို ပေါများလာရ
ဘလော့ဂ်တွေ ဒလဟော များလာပေမယ့် အင်တာနက်အသုံးပြုသူ ထက်ဝက်ကျော်က ဘလော့ဂ်ဆိုတာ ဘာမှန်းမသိကြသေးဘူးလို့ ဆိုပါတယ်။ ဘလော့ဂ်ရဲဘော်တို့ အားရှိစရာပေပ။ အရေအတွက်များလာတဲ့ အကြောင်းရင်းတွေထဲမှာ ပိုက်ဆံပေးစရာမလို၊ အခမဲ့ ဆိုတဲ့အချက်က ထိပ်ဆုံးနားမှာ ရှိမှာပါ။ စိတ်ထဲရှိတာ အကုန်ရေး၊ မြင်တွေ့ကြားသိသမျှအကုန်ရေး၊ ရေးချင်ရာရေး၊ စိစစ်ရေးအဖွဲ့၊ ဆင်ဆာဘုတ်အဖွဲ့၊ အယ်ဒီတာအဖွဲ့ စသဖြင့်တွေကို တင်ပြစောင့်ဆိုင်းဖို့မလိုဘဲ ကိုယ်အဆင်ပြေတဲ့အချိန်မှာ ရေးသား ဖော်ပြနိုင်တာကလည်း သဘောကျစရာပဲ မဟုတ်ပါလား။ ကိုယ်သာလျှင် စာရေးသူ၊ တည်းဖြတ်တာလည်း ကိုယ်တိုင်၊ ထုတ်ဝေသူဟာလည်း ကိုယ်ပဲဖြစ်နေတယ်။ ကွန်ပျူတာစာရေး၊ ဓာတ်ပုံအယ်ဒီတာ၊ ပန်းချီဒီဇိုင်းအယ်ဒီတာလည်း ကိုယ်ပဲခင်ဗျ။ စာဖတ်သူတွေကတော့ ကိုယ့်သူငယ်ချင်းတွေပေါ့။ “ဟေ့ æ ငါရေးတဲ့စာ ဖတ်ကြည့်ကြစမ်းပါ” ဒီလိုနဲ့ အောင်မြင်တဲ့ဘလော့ဂ်ဖြစ်လာရင်တော့ စာဖတ်သူပရိသတ် ဦးရေ တိုးလာပါတယ်။
ဘလော့ဂ်ရေးနေတဲ့ ကျိုတိုမြို့လက်ဖက်ရည်ဆိုင်တစ်ခုက ၁၈ နှစ်အရွယ် ဂေရှားမယ်ပေါက်စ Ichimaru (ဓာတ်ပုံ -Daniel Rook, Dec 2006)ဘလော့ဂါများနဲ့ အစိုးရများ သဟဇာတမဖြစ်ပုံ
အုပ်စိုးသူအစိုးရတွေက ဘလော့ဂါတွေကို သိပ်မကြိုက်ပါ။ ယခုချိန်ထိတော့ မြန်မာပြည်က ဘလော့ဂါတွေ အဖမ်းခံရတယ်ဆိုတဲ့ သတင်းဆိုး မကြားမိသေးပါဘူး။ အစိုးရရဲ့ ရန်သူမျိုးငါးပါးစာရင်းထဲမှာ မယ်မင်းကြီးမ၊ မောင်မင်းကြီးသား ဘလော့ဂါများလည်း အကျုံးဝင်သွားပြီလေ။ သူတို့လည်း စာနယ်ဇင်းသမား၊ စာရေးဆရာတွေ မဟုတ်လား။
ဘာသာရေး၊ နိုင်ငံတော်သမ္မတတို့ကို စော်ကားတယ်လို့ စွပ်စွဲခံရပြီး ထောင်ဒဏ် ၄ နှစ် ပေးခံရသူ အီဂျစ်နိုင်ငံက ဘလော့ဂ်ရေးတဲ့ Abdel Karim (ဓာတ်ပုံ AFP, Jan 2007)အာဏာရှင်အစိုးရများသာမက အမေရိကန်အစိုးရလည်း လက်သံပြောင်တာပါပဲ။ ဆန်ဖရန်စစ္စကိုမြို့က ၂၄ နှစ်အရွယ် Joshua Wolf ကို ၇ လကျော် ထောင်ထဲထည့်ခဲ့ပါတယ်။ သူ့အပြစ်က G-8 summit လို့ခေါ်တဲ့ ညီလာခံကျင်းပချိန်မှာ ဖြစ်ပေါ်ခဲ့တဲ့ အဓိကရုဏ်းမှတ်တမ်း ဗီဒီယိုကို သူ့အင်တာနက်စာမျက်နှာမှာ တင်ထားခဲ့လို့ ဆိုပဲ။ အဲဒီ ဗီဒီယိုပြကွက်တွေကို ဖြုတ်ပေး၊ ဖယ်ပေးဖို့ အမိန့်ကို မလိုက်နာတာကြောင့် သူ့ကို ထောင်ချခဲ့တာပါ။ စာရေးဆရာသမဂ္ဂ (National Writer's Union)က အဲသလို ဖမ်းဆီးအရေးယူတာဟာ သတင်းစီးဆင်းမှုကို ပိတ်ပင်တာဖြစ်တယ် ဆိုပြီး အမေရိကန်အစိုးရကို ကန့်ကွက်ခဲ့ပါတယ်။ အခုတော့ မောင်မင်းကြီးသား ဘလော့ဂါ ပြန်လွတ်လာပါပြီ။ ဖြစ်ခဲ့တဲ့အမှုဟာ သူ့အလွန်လား၊ အစိုးရကပဲ အကဲပိုသလား ဆိုတာတော့ လတ်တလောငြင်းခုံစရာ အကြောင်းအရာတစ်ခု ဖြစ်နေလေရဲ့။
ပြန်လည်လွတ်မြောက်လာသော Joshua Wolf (ဓာတ်ပုံ - AFP, Jan 2007)မြန်မာပြည်သား လူငယ်များရဲ့ ဘလော့ဂ်စာမျက်နှာတွေ ရာထောင်ချီပြီးရှိပါတယ်။ သို့ပေမယ့် အဲဒီထဲက အရေအတွက် ၁ဝဝ လောက်ပဲ အခါအားလျော်စွာ ဖတ်စရာအသစ်တွေ တင်နိုင်ကြတာပါ။ ပြီးခဲ့တဲ့လအတွင်း အဲဒီစာမျက်နှာ တော်တော်များများကို လေ့လာဖတ်ရှုပြီးသကာလ မိုးမခပရိသတ်အတွက် ကောက်နုတ်ထားပါတယ်။ ကောက်နုတ်ချက်တွေကို ဆောင်းပါးအပိုင်း (၂) မှာ တွေ့ရမှာပါ။ မိုးမခရဲ့ စာကိုးစကားကိုး လစဉ်ကဏ္ဍမှာ ဘလော့ဂါတို့ရဲ့ အရေးအသားများ စိတ်ကူးများကိုလည်း ပါဝင်ထည့်သွင်းတော့မယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့လအထိ ပုံမှန်မွမ်းမံထားတဲ့၊ သွားရောက်လည်ပတ်သင့်တဲ့ စာမျက်နှာတချို့ကိုလည်း အောက်မှာ ဖော်ပြလိုက်ပါတယ်။ ခေတ်လူငယ် စာရေးဆရာတွေရဲ့ လက်ရာကို မြည်းစမ်းဖို့ ကြည့်လိုက်ကြပါဦး။ ဖတ်ပျော်တဲ့၊ အာဝဇ္ဇန်းရွှင်ရွှင် ရေးခြယ်ထားကြတဲ့ စာမျက်နှာတွေပါ။ ။
ငြိမ်းချမ်းရာ DaThaNa.blogspot.com
ဝေဖြိုးကျော် EdwardWitten.blogspot.com
ခံစားမိသမျှ EmotionalCorner.blogspot.com
ဂျစ်တူး GyitTu.blogspot.com
ကဒေါင်းညင်သာ KaDaung.blogspot.com
ကိုဖြိုး KoPhyoe.blogspot.com
ကဗျာသီတဲ့ကြိုး Literaturisms.blogspot.com
မောင်သန့်ဇင် MgThantZin.blogspot.com
SOUL MyDayWalker.blogspot.com
ကျွန်တော်လွတ်ကျခဲ့တဲ့မြို့တော် NayPhoneLatt.blogspot.com
ငွေလမင်း NgweLaMin.blogspot.com
နိုင်းနိုင်းစနေ NineNineSaNay.blogspot.com
ငြိမ်းချမ်းအိမ် NyeinChan.com/wordpress
သူမ၏ကဗျာဆရာ NyiNyiThanLwin.blogspot.com
စစ်အိမ် SisAin.blogspot.com
CLEF SpiritCorner.blogspot.com
Oh … My Blog! TeslaNetBlog.blogspot.com
ရဲမွန် yemon.blogspot.com
ယောဟန်အောင် yaw-han-aung.blogspot.com
မြန်မာအိုအေစစ် myanmaroa6.blogspot.com
3 comments:
ဒီဆောင်းပါး က..ကျမ တို့အတွက်..ကျေးဇူးကြီးပါပေတယ်။ အဲဒါကြောင့်ပဲ..ဘလော့ ရေးဖြစ်ခဲ့တာ ဆိုပါတော့။ ကျေးဇူးကြီးပေ- မိုးမခ ( အဲ.. ကိုဇာနည်ဝင်း)း)
ဟုတ်တယ်။ ဒီဆောင်းပါးကြောင့် ဘလော့ဂ်ဆိုတာကို စ ကြားဖူးတာ။
ဒါပေမဲ့ အဲဒီတုန်းက မစမ်းရဲသေးဘူး။ ခုတော့ ဆရာသမားတို့ စ ခဲ့တဲ့ ဇာတ်ကို က တော့ ကနေပြီ၊ ဒါပေမဲ့ ခြေလှုပ် လက်လှုပ်ပဲ :)
ရေးချင်တာရေးရတာကောင်းတယ်လို့ ပြောတဲ့ ငါ့ဘလော့ရဲ့ အရှင်သခင်ရှင့်
bloggerတွေအကြောင်းပြောတာထက် blog လုပ်နည်းလေးပါ ပြောစေချင်ပါတယ်
Post a Comment